ဖိလစ်ပိုင်၌ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွား လူလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

News Image

ဖိလစ်ပိုင်၌ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွား လူလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ ကာဗိုက်ပြည်နယ်၌ မေလ ၂၆ ရက်နံနက်ပိုင်းတွင် သေနတ်ပစ် ခတ်မှုတစ်ခုဖြစ်ပွားရာ ပစ်ခတ်သူ သေနတ်သမားအပါအဝင် လူလေးဦး သေဆုံးပြီး တစ်ဦးမှာဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ဒက်စမာရီနာမြို့ရှိ ကျေးရွာခန်းမတစ်ခု၌ အလံတင်အခမ်းအနားကျင်းပနေစဉ် နံနက် ၈ နာရီတွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာ သို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိသွားစဉ်ရရှိထားသော သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသူ အမျိုးသားလေးဦးနှင့်ဒဏ်ရာ ပြင်းထန်စွာရရှိထားသူ အမျိုးသမီးတစ်ဦး တို့ကိုတွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောသည်။

ကုန်တင်သင်္ဘောနစ်မြုပ်မှုကြောင့် ကီရာလာပြည်နယ်က အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်

News Image

ကုန်တင်သင်္ဘောနစ်မြုပ်မှုကြောင့် ကီရာလာပြည်နယ်က အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်

အန္တရာယ်ရှိသော ကုန်ပစ္စည်းများတင်ဆောင်လာသည့် လိုက်ဘေးရီးယားနိုင်ငံမှကုန်တင်သင်္ဘောတစ်စင်းသည် အိန္ဒိယနိုင်ငံ ကီရာလာကမ်းရိုးတန်းအလွန်၌ နစ်မြုပ်ကာ ကုန်သေတ္တာရာပေါင်းများစွာမှာ ပင်လယ်ထဲပြုတ်ကျပြီးနောက် ရေနံဆီများ·ယိုဖိတ်ပျံ့နှံ့လာမှုအတွက် မေလ ၂၆ ရက်တွင်အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။

ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောနှစ်စင်းကိုအသုံးပြုကာ ရေနံများယိုဖိတ်ပျံ့နှံ့လာမှုကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေကြောင်း၊ တစ်ချိန်တည်းမှာပင် လေယာဉ်တစ်စင်းကလည်း ရေနံဆီများကိုပြိုကွဲ ပျက်စီးစေမည့် ပေါင်ဒါအမှုန့်များဖြူးနေကြောင်းတာဝန်ရှိသူများ၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ပါရှန်းပင်လယ်ကွေ့ကို အမည်ပြောင်းမည့် အမေရိကန်အစိုးရကို အီရန်အပြစ်တင်ဝေဖန်

News Image

ပါရှန်းပင်လယ်ကွေ့ကို အမည်ပြောင်းမည့် အမေရိကန်အစိုးရကို အီရန်အပြစ်တင်ဝေဖန်

ပါရှန်းပင်လယ်ကွေ့ကို အမည်ပြောင်းလဲသတ်မှတ်မည့် အမေရိကန်အစိုးရ၏ လုပ်ရပ်ကို အီရန်နိုင်ငံက အပြစ်တင်ဝေဖန်လိုက်ကြောင်းသိရသည်။

ထရမ့်၏အမေရိကန်အစိုးရအဖွဲ့သည် ပါရှန်းပင်လယ်ကွေ့ကို အာရေဗျပင်လယ်ကွေ့ သို့မဟုတ် အာရေဘီယံပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲသတ်မှတ်ရန်ပြင်ဆင်နေခြင်းဖြစ်ပြီး ထိုလုပ်ဆောင်ချက်သည် နိုင်ငံတကာသတ်မှတ်ချက်များကိုချိုးဖောက်ကာ အီရန်ပြည်သူများ ၏သမိုင်းဝင်လက္ခဏာကို စော်ကားမှုဟု အီရန်ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံတကာရေးရာဒုတိယဝန်ကြီး နာဆာဆီရာ့က ပြင်းပြင်းထန်ထန် ဝေဖန်ထားခြင်း ဖြစ်သည်။