ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းမကြီးပေါ်ရှိ ပေ ၈၀ သံကူကွန် ကရစ်တံတား အမှတ်(၃/၁၇) အား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

News Image

ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းမကြီးပေါ်ရှိ ပေ ၈၀ သံကူကွန် ကရစ်တံတား အမှတ်(၃/၁၇) အား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်    မေ    ၂၆

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်ဒေသအတွင်းလမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရေး၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်အေး ချမ်းသာစွာ ခရီးသွားလာနေမှု များကိုမလိုလား၍ လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်းနှင့် အကြမ်းဖက် လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင် လျက်ရှိသည်။

ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်

News Image

ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်

နယူးယောက်  မေ ၂၆

ဗီတာမင်ဒီဓာတ် စားသုံးခြင်းဖြင့် ဇရာဝင်လာမှုအရှိန်ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက မေ ၂၅ ရက်တွင်ပြောကြားသည်။

အမေရိကန်နိုင်ငံ ဘီဒဗလျူအိတ်ချ် ဆေးရုံမှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီဖြည့်စွက်ဆေး နေ့စဉ်သုံးစွဲသူများ၌ မျိုးဗီဇ အခြေခံ မော်လီကျူး (DNA) ပျက်စီးမှု ပုံမှန်ထက် နည်းပါးကြောင်း သိရသည်။

သတိပြုဆင်ခြင်ဖွယ်Aflatoxin မှိုဆိပ်အန္တရာယ်

ယနေ့ကမ္ဘာတွင် နည်းပညာများဖွံ့ဖြိုးတိုးတက်မှုများကြောင့် ရွာကြီးတစ်ရွာကဲ့သို့ပင် ဖြစ်နေပေသည်။ ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အသိပညာများလည်း  ပိုမိုကျယ်ပြန့်လာပြီး ကုန်ပစ္စည်းများနှင့် အစားအစာများ ရွေးချယ်ဝယ်ယူရာတွင် ကုန်ပစ္စည်း၏ Brand Name၊ ထုတ်ပိုးမှုဒီဇိုင်း၊ ကုန်ပစ္စည်း၏ အညွှန်းအမှတ်အသား၊ ထုတ်လုပ်မှုကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုလက်မှတ်၊ နိုင်ငံတကာမှ ချမှတ်ထားသော စံချိန်စံညွှန်များနှင့်အညီ ထုတ်လုပ်ထားကြောင်း ထောက်ခံချက်လက်မှတ်၊ သက်တမ်းမကုန်မီ အသုံးပြုသင့်သည့် အကောင်းဆုံးအခြေနေစသည့်တို့ ဖော်ပြထားခြင်း ရှိမရှိကိုကြည