ထရမ့်က ဥရောပသမဂ္ဂသို့ ၅၀ ရာခိုင်နှုန်း အကောက်ခွန် တင်သွင်းမည့် အစီအစဉ်ကို ဇူလိုင် ၉ ရက်အထိ ရွှေ့ဆိုင်း

News Image

ထရမ့်က ဥရောပသမဂ္ဂသို့ ၅၀ ရာခိုင်နှုန်း အကောက်ခွန် တင်သွင်းမည့် အစီအစဉ်ကို ဇူလိုင် ၉ ရက်အထိ ရွှေ့ဆိုင်း

သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ (မေ ၂၅) တွင် ဥရောပသမဂ္ဂမှ တင်သွင်းကုန်ပစ္စည်းများအပေါ် ၅၀% အကောက်ခွန် စည်းကြပ်မှုကို ဇူလိုင် ၉ ရက်အထိ ရွှေ့ဆိုင်းရန် သဘောတူညီခဲ့ကြောင်း ပြောကြား ခဲ့သည်။ ထရမ့်သည် မကြာခဏဆိုသလို အကောက်ခွန်များ စည်းကြပ်မည် ဟု ကြေညာကာ စျေးကွက်များကို ရှုပ်ထွေးစေပြီးနောက် ခြိမ်းခြောက်မှု များကို နောက်ဆုတ်လေ့ရှိသည်။

ထရမ့်က ၎င်းနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် တို့သည် အလွန်ကောင်းမွန်သောဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယင်းမှတစ်ဆင့် အကောက်ခွန်ရွှေ့ဆိုင်းမှုကို သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

OpenAI နှင့် Nvidia အပါအဝင် ကုမ္ပဏီများက UAE တွင် Stargate AI အခြေခံအဆောက်အအုံကို တည်ဆောက်မည်

News Image

OpenAI နှင့် Nvidia အပါအဝင် ကုမ္ပဏီများက UAE တွင် Stargate AI အခြေခံအဆောက်အအုံကို တည်ဆောက်မည်

OpenAI နှင့် Nvidia တို့သည် အခြားကုမ္ပဏီများနှင့်ပူးပေါင်း၍ Stargate UAE အမည်ရှိ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အအုံတစ်ခုကို တည်ဆောက်မည်ဖြစ်သည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် AI အခြေခံအဆောက်အအုံချဲ့ထွင်ရန် မကြာသေးမီကမိတ်ဆက်ခဲ့သည့် စီမံကိန်း၏ အလားတူညီအစ်ကိုစီမံကိန်းတစ်ခုဖြစ်သည်။

တိုကျိုမှ ပျံသန်းလာသော လေယာဉ်တစ်စင်းသည် ခရီးသည်တစ်ဦး၏ အရေးပေါ်ထွက်ပေါက်တံခါးများကို ဖွင့်ရန် ကြိုးစားမှုကြောင့် ဆီယက်တဲ သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရ

News Image

တိုကျိုမှ ပျံသန်းလာသော လေယာဉ်တစ်စင်းသည် ခရီးသည်တစ်ဦး၏ အရေးပေါ်ထွက်ပေါက်တံခါးများကို ဖွင့်ရန် ကြိုးစားမှုကြောင့် ဆီယက်တဲ သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရ

အမေရိကန် FBI နှင့် ဆီယက်တဲဆိပ်ကမ်း ပြောရေးဆိုခွင့်ရှိသူတို့၏ ထုတ်ပြန်ချက်အရ စနေနေ့ (မေ ၂၄) က တိုကျိုမှ ဟူစတန်သို့ ပျံသန်းမည့် လေယာဉ်တစ်စင်းသည် ခရီးသည်တစ်ဦး၏ လေယာဉ် အရေးပေါ် ထွက်ပေါက် တံခါးနှစ်ခုကို ဖွင့်ရန် ကြိုးစားမှုကြောင့် ဆီယက်တဲသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်။

FBI ၏ ထုတ်ပြန်ချက်တွင် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များက ထိုပုဂ္ဂိုလ်ကို ထိန်းသိမ်းခဲ့ပြီး လေယာဉ်ဆင်းသက်ပြီးနောက် ကျန်းမာရေး စစ်ဆေးမှုအတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

SpaceX သည် ပျက်စီးမှုနှစ်ကြိမ်ဖြစ်ပြီးနောက် Starship စမ်းသပ် ပျံသန်းမှုကို လွှတ်တင်ရန် ခွင့်ပြုချက်ရရှိခဲ့

News Image

SpaceX သည် ပျက်စီးမှုနှစ်ကြိမ်ဖြစ်ပြီးနောက် Starship စမ်းသပ် ပျံသန်းမှုကို လွှတ်တင်ရန် ခွင့်ပြုချက်ရရှိခဲ့

ဖက်ဒရယ်စည်းမျဉ်းစောင့်ကြည့်ရေးအဖွဲ့က SpaceX အား အစောပိုင်း လများက ကာရီဘီယံနှင့် အတ္တလန္တိတ်သမုဒ္ဒရာရှိ ကျွန်းများအနီးတွင် အမှုန်အမွှားများ ပျံ့နှံ့ခဲ့သည့် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် ယခုအခါ Starship ၏ နောက်ထပ်စမ်းသပ်ပျံသန်းမှုကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

FAA (Federal Aviation Administration) က CNN အား အတည်ပြုချက်အရ SpaceX သည် ဘဟားမားကျွန်းအနီးတွင် ပေါက်ကွဲခဲ့သည့် နောက်ဆုံးအကြိမ် ပျက်စီးမှုအား စုံစမ်းစစ်ဆေးနေဆဲအတွင်း နောက်ထပ် ပစ်လွှတ်မှုကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။