အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွင် ခိုလှုံနေသူ ၃၃ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၅၂ ဦးသေဆုံး

News Image

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွင် ခိုလှုံနေသူ ၃၃ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၅၂ ဦးသေဆုံး

အစ္စရေးတို့၏ မေလ ၂၆ ရက်တိုက်ခိုက်မှုတွင် စာသင်ကျောင်းတစ်ကျောင်း၌ ခိုလှုံနေရသူ ၃၃ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၅၂ ဦးသေဆုံးရကြောင်း ဂါဇာရှိ ကယ်ဆယ်ရေးသမားများက ပြောသည်။

အဆိုပါတိုက်ခိုက်မှု လုပ်ဆောင်သည့် နေရာသည် အကြမ်းဖက်သမားများ ပုန်းခိုနေသည့် နေရာဖြစ်ကြောင်း အစ္စရေးက ပြောထားသော်လည်း ယခုတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူအများစုသည် ကလေးငယ်များသာ ဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန် ထားသည်။

ဂါဇာကိုဝင်ရောက်ခွင့်ပြုခဲ့သော အကူအညီများ နည်းပါးလွန်းသည်ဟု ဂျာမနီအစိုးရပြော

News Image

ဂါဇာကိုဝင်ရောက်ခွင့်ပြုခဲ့သော အကူအညီများ နည်းပါးလွန်းသည်ဟု ဂျာမနီအစိုးရပြော

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ ယခုသီတင်းပတ်အတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည့် အကူအညီပေးရေး ထရပ်ကားများသည် နည်းပါးလွန်းပြီး အချိန်နောက်ကျခဲ့သည်ဟု ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။ ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအတွင်းကို ဝင်ရောက် ခွင့်ပြုခဲ့သည့် အကူအညီပေးရေးထရပ်ကားများသည် အလွန်နည်းပြီး အချိန်လည်း နောက်ကျခဲ့ပါသည်။ လက်ရှိအချိန်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေသည့် ဆင်းရဲဒုက္ခများ အဆုံးသတ်သွားစေရန်အတွက် အဆိုပါ အကူအညီတွေက ပါလက်စတိုင်းပြည်သူများဆီကို ရောက်ရှိသွားကြောင်း သေချာအောင်လုပ်ဆောင်ရန်သာ လိုအပ်ပါတေ

မော်စကိုတွင် ကျင်းပခဲ့သော Hack Fest သည် BRICS နိုင်ငံများ၏ ဆိုက်ဘာဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြနေ

News Image

မော်စကိုတွင် ကျင်းပခဲ့သော Hack Fest သည် BRICS နိုင်ငံများ၏ ဆိုက်ဘာဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြနေ

ရုရှား ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများသည် အဆိုပါနယ်ပယ်တွင် အထူးချွန်ဆုံးဖြစ်သည်ဟု BRICS နိုင်ငံများက ယုံကြည်ကြောင်းPositive Technologies Global Educational ဒါရိုက်တာ Yulia Danchina မှ ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းမှ အသေခံဒရုန်း အစင်းရေ ၁၅၀ ကျော်ကို တစ်ရက်အတွင်း ပစ်ချရဟုဆို

News Image

ရုရှားက ယူကရိန်းမှ အသေခံဒရုန်း အစင်းရေ ၁၅၀ ကျော်ကို တစ်ရက်အတွင်း ပစ်ချရဟုဆို

ရုရှားနိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့သည် ပြီးခဲ့သည့် တစ်ရက်တာ ကာလအတွင်း ယူကရိန်းမှလာရောက် တိုက်ခိုက်သည့် အသေခံဒရုန်းအစင်းရေ ၁၅၀ ကျော်ကိုပစ်ချလိုက်ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

မေလ ၂၅ ရက် နံနက် ၁၀ နာရီမှ  ၂၆ ရက်နံနက် ၈ နာရီအထိ  ဒရုန်းအစင်းရေ ၁၄၈ စင်းကိုပစ်ချနိုင်ကာ ယင်းနောက်ပိုင်းတွင် ဒရုန်းငါးစင်းကို ထပ်မံပစ်ချနိုင်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။