ထိပ်တန်း ရုရှားလွှတ်တော်အမတ်က Telegram တည်ထောင်သူ Durov အား ပြင်သစ်နိုင်ငံမှ ထွက်ခွာရန် အကြံပြု

News Image

ထိပ်တန်း ရုရှားလွှတ်တော်အမတ်က Telegram တည်ထောင်သူ Durov အား ပြင်သစ်နိုင်ငံမှ ထွက်ခွာရန် အကြံပြု

ရုရှားလွှတ်တော်ကာကွယ်ရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Aleksey Zhuravlev က Telegram ပလက်ဖောင်း၏ တည်ထောင်သူ Pavel Durov အား ပြင်သစ်နိုင်ငံမှ အမြန်ဆုံးထွက်ခွာရန် အကြံပြုလိုက်သည်။ Durov က ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ (DGSE) မှ ၎င်း၏ပလက်ဖောင်းပေါ်ရှိ ရှေးရိုးစွဲအမြင်ရှိသူများ၏ ပို့စ်များကို စိစစ် ဖြတ်တောက်ရန် ဖိအားပေးခဲ့သည်ဟု စွပ်စွဲထားသည်။

ထရမ့်က ပူတင်သည် “လုံးဝကို ရူးသွပ်သွားပြီ” ဟုဆို

News Image

ထရမ့်က ပူတင်သည် “လုံးဝကို ရူးသွပ်သွားပြီ” ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသည် အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲယူကရိန်းကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု ကိယက်ဗ် နှင့် အခြားဒေသများရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မှုများ စတင် ပြီးနောက် ပြောဆိုခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောသီတင်းပတ်အတွင်းက ယူကရိန်းဘက်မှ UAV ဒရုန်းအစင်းရေ ရာချီ၍ ရုရှားနယ်နိမိတ်အတွင်းသို့ တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

လီဂျေးမြောင်က မြောက်ကိုရီးယားနှင့်ဆက်ဆံရေး ပြန်တည်ဆောက်မည်ဟုဆို

News Image

လီဂျေးမြောင်က မြောက်ကိုရီးယားနှင့်ဆက်ဆံရေး ပြန်တည်ဆောက်မည်ဟုဆို

တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နေသည့် လီဂျေးမြောင်က ၎င်းအနေဖြင့်သမ္မတအဖြစ် ရွေးကောက်ခံရပါက မြောက်ကိုရီးယား နိုင်ငံနှင့်ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ကာ စစ်ဘက်ဆက်သွယ်ရေးလိုင်းများကိုလည်း ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင်ပြော သည်။

ဥရောပက ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဟု ဂျာမနီ ဝန်ကြီးချုပ်ဟောင်း မာကယ်လ်ပြောဆို

News Image

ဥရောပက ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဟု ဂျာမနီ ဝန်ကြီးချုပ်ဟောင်း မာကယ်လ်ပြောဆို

ဥရောပသမဂ္ဂအတွက် ပျက်စီးခြင်းကိုဖြစ်စေနိုင်သည့် ပိုမိုတင်းကြပ်သော နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုနှင့် နယ်စပ်ထိန်းချုပ်ရေး မူဝါဒများ အကြောင်း ဂျာမနီ၏ ဝန်ကြီးချုပ်ဟောင်း အန်ဂျလာ မာကယ်က သတိပေးလိုက်သည်။ ထိုသတိပေးချက်မှာ ခိုလှုံခွင့်တောင်းခံသူများ ဝင်ရောက်မှုကို ကန့်သတ်သည့် ဂျာမနီ၏ လတ်တလော အစီအမံများနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မာကယ်က လွန်ခဲ့သော သီတင်းပတ်က Neu-Ulm မြို့၌ ကျင်းပသည့် 'Southwestern Press Forum' အခမ်းအနားတွင် သူမ၏ "Freedom" စာအုပ်ကို မိတ်ဆက်စဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။