ဖိလစ်ပိုင်၌ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွား လူလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

News Image

  • ဖိလစ်ပိုင်၌ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွား လူလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ ကာဗိုက်ပြည်နယ်၌ မေလ ၂၆ ရက်နံနက်ပိုင်းတွင် သေနတ်ပစ် ခတ်မှုတစ်ခုဖြစ်ပွားရာ ပစ်ခတ်သူ သေနတ်သမားအပါအဝင် လူလေးဦး သေဆုံးပြီး တစ်ဦးမှာဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ဒက်စမာရီနာမြို့ရှိ ကျေးရွာခန်းမတစ်ခု၌ အလံတင်အခမ်းအနားကျင်းပနေစဉ် နံနက် ၈ နာရီတွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာ သို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိသွားစဉ်ရရှိထားသော သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသူ အမျိုးသားလေးဦးနှင့်ဒဏ်ရာ ပြင်းထန်စွာရရှိထားသူ အမျိုးသမီးတစ်ဦး တို့ကိုတွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူသုံးဦးမှာ ကျေးရွာတာဝန်ရှိသူများဖြစ်ကြောင်း၊ ကျေးရွာလုံခြုံရေးတာဝန်ယူဖူးသူ ယင်းသေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခြင်းဖြစ်ကြောင်းသိရသည်။

Ref: Xinhua

Photo- Rappler

Source: Myawady Daily Newspaper