ဆန်ကို အလကားရနေသဖြင့် ဘယ်တော့မှ ဝယ်မစားရကြောင်း ပြောကြားခဲ့သူ ဂျပန်စိုက်ပျိုးရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

ဂျပန်စိုက်ပျိုးရေးဝန်ကြီး Taku Etō သည် မိမိအနေဖြင့် ဆန်ကို အခမဲ့ ရရှိသောကြောင့် မည်သည့်အခါမျှ မဝယ်ယူရကြောင်း ပြောဆိုမှုနှင့်ပတ်သက်၍ အများပြည်သူ၏ အမျက်ဒေါသကို ခံခဲ့ရပြီးနောက် နုတ်ထွက်လိုက်ပြီဖြစ်ပါသည်။ 

ပြီးခဲ့သည့် ရန်ပုံငွေ ရှာဖွေရေးအခမ်းအနားတစ်ခုတွင် စိုက်ပျိုးရေးဝန်ကြီး က ယင်းသို့ ပြောကြားလိုက်မှုကြောင့် စားနပ်ရိက္ခာမြင့်တက်မှုဒဏ်ကိုခံစားနေရသော ပြည်သူများ အမျက်ဒေါသထွက်ကြရာမှ ယခုအခါ ၎င်း၏ နုတ်ထွက်စာအား ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပြီးပြီဖြစ်ပါသည်။

Taku Etō ၏ နုတ်ထွက်မှုသည် ဇူလိုင်လတွင် ကျင်းပမည့် အထက် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒရှင်များ၏ အမျက်ဒေါသကို ဖြစ်စေသည့် ဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်ရန် ပျက်ကွက်နေခြင်းနှင့် လူနေမှုစရိတ်အကျပ်အတည်းကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့် ဝန်ကြီးချုပ် Shigeru Ishiba အတွက် ဖိအားတစ်ရပ် ဖြစ်စေခဲ့ပါသည်။

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

Subject-Image

  • ဆန်ကို အလကားရနေသဖြင့် ဘယ်တော့မှ ဝယ်မစားရကြောင်း ပြောကြားခဲ့သူ ဂျပန်စိုက်ပျိုးရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

Posted-Date