အရှေ့တရုတ်ပင်လယ်အတွင်း ပြည်ပရေတပ်တစ်ခုနှင့် ထိတွေ့မှုများရှိဟု တရုတ်တပ်မတော်ထုတ်ပြန်

News Image

အရှေ့တရုတ်ပင်လယ်အတွင်း ပြည်ပရေတပ်တစ်ခုနှင့် ထိတွေ့မှုများရှိဟု တရုတ်တပ်မတော်ထုတ်ပြန်

အရှေ့တရုတ်ပင်လယ်အတွင်း ပြည်ပ ရေတပ်တစ်ခုနှင့် ထိတွေ့မှုများရှိသည်ဟု တရုတ်တပ်မတော်က ထုတ်ပြန်သည်။ ထိုထိတွေ့မှုများတွင် ရဟတ်ယာဉ်နှစ်စင်း မှာ တစ်စင်းနှင့်တစ်စင်း ၁၀ မီတာအကွာ မှပျံသန်းရသည့်ဖြစ်စဉ်ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်ပတပ်ဖွဲ့နှင့်ထိတွေ့မှုသည် ၁၀ ရက်တာကာလအတွင်း အကြိမ်ရေ ၁၁ ကြိမ်အထိဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း CCTV သတင်းဌာနက မေလ ၂၁ ရက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ထိတွေ့မှု ဖြစ်ပွားသည့်နေရာနှင့်အချိန်တို့ကို တိတိကျကျဖော်ပြထားခြင်းမရှိသည့်အပြင် ပြည်ပတပ်ဖွဲ့ဆိုသည်မှာလည်း မည်သည့် တပ်ဖွဲ့ဖြစ်သည်ကို ဖော်ပြထားခြင်းမရှိကြောင်း သတင်းဌာနကပြောသည်။

ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အခြေအနေများကို နေတန်ယာဟုထုတ်ဖော်ပြောလာ

News Image

ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အခြေအနေများကို နေတန်ယာဟုထုတ်ဖော်ပြောလာ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသောစစ်ပွဲ အဆုံးသတ်ရေးအတွက် လိုအပ်သည့်အခြေအနေများကို ထုတ်ဖော်ပြောဆိုလာကြောင်းသိရသည်။

ထိုအခြေအနေများတွင် ဟားမတ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများအားလုံး ကိုပြန်လွှတ်ပေးရေး၊ ဂါဇာဒေသကို စစ်ပုံဖော်နေမှုရပ်တန့်ရေးနှင့် ဟားမတ် အဖွဲ့ခေါင်းဆောင်ကို ထိုဒေသမှနှင်ထုတ်ရေးတို့ပါဝင်ကြောင်းနှင့် ယင်းအချက်များအားလုံးသည် အစ္စရေးနိုင်ငံ၏လုံခြုံရေးကိုအာမခံနိုင်မည့်အချက်များပင်ဖြစ် ကြောင်း နေတန်ယာဟုကပြောသည်။

ထရမ့်က ၎င်း၏အစိုးရသက်တမ်းကာလအတွင်း မျိုးဆက်သစ်ဒုံးလက်နက် ကာကွယ်ရေးစနစ်သစ် ထုတ်လုပ်မည်

News Image

ထရမ့်က ၎င်း၏အစိုးရသက်တမ်းကာလအတွင်း မျိုးဆက်သစ်ဒုံးလက်နက် ကာကွယ်ရေးစနစ်သစ် ထုတ်လုပ်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရသက်တမ်းကာလ ကုန်ဆုံးမည့် ၂၀၂၉ ခုနှစ်၊ ဇန်နဝါရီလ၌ မျိုးဆက်သစ်ဒုံးလက်နက်ကာကွယ်ရေးစနစ်သစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုထုတ်လုပ်မည့် Golden Dome စနစ်သည် အာကာသမှ ပစ်လွှတ်တိုက်ခိုက်သည့် ဒုံးလက်နက် များကိုပင် ဟန့်တားကာကွယ်နိုင်စွမ်းရှိကြောင်း၊ Golden Dome တည်ဆောက်မည့်အစီအစဉ်ကို အာကာသတပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး မိုက်ကယ်ဂတ်လိုင်းအား ကြီးကြပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ Golden Dome စနစ်ကို မြေပြင်၊ ရေပြင်တွင်သာမက အာကာသတွင်လည်း ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း သတင်းထောက်များအား ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အမေရိကန်၏ ကုန်သွယ်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အကြီးအကဲများ တွေ့ဆုံဆွေးနွေးမည်

News Image

အမေရိကန်၏ ကုန်သွယ်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အကြီးအကဲများ တွေ့ဆုံဆွေးနွေးမည်

အမေရိကန်က ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအပေါ် လွှမ်းမိုးချုပ်ကိုင် လာနိုင်ဖွယ်နှင့် ကုန်သွယ်စည်းကြပ်ခွန်ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးရန် စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဘဏ္ဍာရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိသည်။

ကမ္ဘာ့စက်မှုထိပ်သီး (၇) နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများသည် ကနေဒါနိုင်ငံ၊ Banff မြို့တွင် မေလ (၂၁) ရက်မှစ၍ (၂) ရက်ကြာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသည်။