အမေရိကန်အစိုးရ၏ ချစ်ပ်ပစ္စည်းတင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုကို “တစ်ဖက်သတ်အနိုင်ကျင့်မှု” အဖြစ် တရုတ် ပြင်းပြင်းထန်ထန် ဝေဖန်
အမေရိကန်နိုင်ငံအနေဖြင့် ကွန်ပျူတာချစ်ပ်ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတစ်ရပ်ကို ထုတ်ပြန်လိုက်ခြင်းမှာ တရုတ်နိုင်ငံအပေါ် "တစ်ဖက်သတ်အနိုင်ကျင့်မှု” ဖြစ်ကြောင်း မေလ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်းကို ဟန့်တားရန် ရည်ရွယ်သည့် အမေရိကန်၏ လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ တုံ့ပြန်မည်ဟု သတိပေးလိုက်သည်။
အမေရိကန်နိုင်ငံအနေဖြင့် “တရုတ်နိုင်ငံအား ဖိနှိပ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ချစ်ပ်ပစ္စည်း တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်သည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်း” ဟု တရုတ်အစိုးရက စွပ်စွဲခဲ့သည်။
“ယခုလို အမေရိကန်၏ အရေးယူဆောင်ရွက်မှုများသည် တစ်ဖက်သတ်အနိုင်ကျင့်မှုနှင့် အကာအကွယ်ပေးရေးဝါဒလုပ်ရပ်ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေသည်” ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား -CNA
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃