လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ်လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

News Image

လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ်လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

ရုရှားနိုင်ငံသည်   လာမည့်ခြောက်နှစ်အတွင်း  ပြည်တွင်းဖြစ်လေယာဉ်အစင်း ၆၀၀ ကိုထုတ်လုပ်နိုင်ရန်   စီစဉ်လျက်ရှိ ကြောင်း ရုရှားဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၅ ရက်တွင်ပြောသည်။

ထို့ပြင် လေယာဉ်ထုတ်လုပ်သူများအနေဖြင့် ၎င်တို့၏ထုတ်လုပ်မှုနှုန်းထားကို မြှင့်တင်နိုင်ရေးအတွက်  အစိုးရကငွေကြေးထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မြောက်ကိုရီးယားနှင့်နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရန် ရုရှားရည်မှန်း

News Image

မြောက်ကိုရီးယားနှင့်နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရန် ရုရှားရည်မှန်း

ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်   နယ်ပယ်ပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်မှန်းထားကြောင်း   ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့က ဇန်နဝါရီ လ ၁၅ ရက်တွင်ပြောသည်။

မြောက်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်းဟွေ     ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က   ရုရှားနိုင်ငံသို့ ဇန်နဝါရီလ ၁၅ ရက်မှ ၁၇ ရက်အထိ ချစ်ကြည်ရေးခရီးလာရောက်စဉ် ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီသီးနှံကို ယခုနှစ်တွင် ဧက ၁ဝဝဝ တိုးချဲ့စိုက်ပျိုးသွားမည်

News Image

 တနင်္သာရီတိုင်းဒေသကြီးအတွင်း ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီသီးနှံကို ယခုနှစ်တွင် ဧက ၁ဝဝဝ တိုးချဲ့စိုက်ပျိုးသွားမည်

မြိတ် ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဈေးကွက်ဝင်အမယ်သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီသီးနှံပင်များကို ယခု၂၀၂၅ -၂ဝ၂၆ ခုနှစ်တွင် ဧကပေါင်း ၁၀၀၀ တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဏ္ဏဝါရေပြင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစဉ်အလေးထားပေး

Posted_Date

Image

 အဏ္ဏဝါရေပြင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစဉ်အလေးထားပေး

Body

ကမ္ဘာ့ဒေသအသီးသီးရှိ အဏ္ဏဝါရေပြင်များသည် ပြင်းထန်သောပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ညစ်ညမ်းမှုများရှိ​နေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် တဖြည်းဖြည်း ကြီးထွားလျက်ရှိပါသည်။ အဏ္ဏဝါရေပြင် ညစ်ညမ်းမှုကြောင့် စီးပွားရေးအရေးပါမှုရလဒ်များ လျော့နည်းလာနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြီးမားစွာဆုံးရှုံးခြင်း၊ ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲမှု စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

ညစ်ညမ်းပစ္စည်းများဖြစ်သော သတ္တုများ၊ စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်များသည် ဇီဝမျိုးစုံ၊ မျိုးကွဲများ၏ အစားအစာကွင်းဆက်တွင် တဖြည်းဖြည်း စုပြုံလာပြီး များပြားလာခြင်း၊ ကမ်းရိုးတန်းဒေသရှိ သဘာဝရေပြင်များတွင် ဗက်တီးရီးယား အမြောက်အမြားရှိနေခြင်းကြောင့် သန်းပေါင်းများစွာသော လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ မြို့ပြစွန့်ပစ်အညစ်အကြေးများသည် ထိတ်လန့်စရာ ကောင်းသော အချက်တစ်ခုအထိ ဖြစ်လာခဲ့ပါသည်။

ကျွန်ုပ်တို့ ကမ္ဘာကြီး၏ လေထုနှင့် သမုဒ္ဒရာတို့သည် ယခုအခါ သိသာစွာ ပြောင်းလဲနေပါသည်။ ယခုကဲ့သို့ဖြစ်ရခြင်းမှာ ကမ္ဘာကြီးပူနွေးလာခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲခြင်း စသည်တို့ ကြောင့် အချိန်တိုင်း လျင်မြန်စွာ ပြောင်းလဲနေသည် ကို တွေ့ရှိနေရပါသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ယင်းအကျိုးဆက်အဖြစ် ရင်ဆိုင်နေရပြီး အဆိုပါ ဖြစ်ရပ်များအနက် အချို့သိသိသာသာ မြင့်တက်လာသော အခြေအနေများမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဆိုးရွားသော ရာသီဥတုအခြေအနေဖြစ်ပေါ်ခြင်း၊ သမုဒ္ဒရာတွင် အက်ဆစ်ဓာတ် လွန်ကဲခြင်း၊ တခြား ကျူးကျော်ဝင်ရောက်လာနိုင်သော မျိုးစိတ်များရောက်ရှိလာခြင်းတို့ဖြစ်ပါသည်။

အဆိုပါ သက်ရောက်ပြောင်းလဲခြင်းများက ကမ်းရိုးတန်းဒေသတွင် နေထိုင်သော လူ့အဖွဲ့အစည်းတို့ကို များစွာဆိုးကျိုးပေးနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ပင်လယ်ကမ်းရိုးတန်းဒေသများအတွင်းရှိ မီတာရာ နှင့်ချီသော မြေပြင်များ နိမ့်ဆင်းလာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းနှင့် ဆိုးရွားသော ရာသီဥတု အခြေအနေများကြောင့် ကြီးမားသော ကပ်ဆိုက်မှုဖြစ်ပေါ်လာနိုင်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ရိုးရာအသက်မွေးဝမ်း​ကျောင်းလုပ်ငန်းတို့ကို များစွာ ထိခိုက်စေနိုင်ပါသည်။ သေးငယ်သော ကျွန်းနိုင်ငံများအနေဖြင့် ထိုအန္တရာယ်များနှင့် ကြုံတွေ့လာပါက စီးပွားရေးထိခိုက်စေနိုင်ခြင်း၊ ကုန်သွယ်မှု ပြုလုပ်နေသည့် ကမ်းရိုးတန်း မြေနိမ့်ဒေသများနှင့် ကမ္ဘာ့လူဦးရေအများဆုံးရှိသည့် ကမ္ဘာ့နိုင်ငံများမှ ချမ်းသာကြွယ်ဝသော နိုင်ငံများအထိကိုပါ ထိခိုက်စေနိုင်ပါသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/my/annnnwrepngnng-pttwnkngthinsimre-acnyalethaape