ယူကေတွင် တစ်ခါသုံးအီးစီးကရက်များ ရောင်းချမှုကို တားမြစ်မည်

News Image

ယူကေတွင် တစ်ခါသုံးအီးစီးကရက်များ ရောင်းချမှုကို တားမြစ်မည်

ယူကေတွင် တနင်္ဂနွေနေ့ (ဇွန် ၁) မှစ၍ တစ်ခါသုံးအီးစီးကရက်များ ရောင်းချမှုကို တားမြစ်သွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် “ပတ်ဝန်းကျင် အိပ်မက်ဆိုး” ဟုခေါ်ဆိုနိုင်သော တစ်ခါသုံးပစ္စည်းများကို ကိုင်တွယ် ဖြေရှင်းသည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခြင်းခံရမည်ဖြစ်သည်။

သို့သော် အချို့သော တက်ကြွလှုပ်ရှားသူများက အဆိုပါ ကန့်သတ်မှု အသစ်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို တိုက်ဖျက်ရာတွင် “သမုဒ္ဒရာထဲက ရေတစ်စက်” သာဖြစ်ကြောင်း သတိပေးထားသည်။

ထရမ့်၏ အေဂျင်စီအချို့တွင် ဝန်ထမ်းအများအပြားအား အလုပ် ထုတ်ပယ်မှုများကို ဆိုင်းငံ့ထားရန် အယူခံတရားရုံးက ဆုံးဖြတ်

News Image

ထရမ့်၏ အေဂျင်စီအချို့တွင် ဝန်ထမ်းအများအပြားအား အလုပ် ထုတ်ပယ်မှုများကို ဆိုင်းငံ့ထားရန် အယူခံတရားရုံးက ဆုံးဖြတ်

သမ္မတ ဒေါ်နယ်ထရမ့်၏ အေဂျင်စီများစွာတွင် အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပယ်မှုဆိုင်ရာ ညွှန်ကြားချက်များကို ဆိုင်းငံ့ထားရန် အယူခံ တရားရုံးက သောကြာနေ့ (မေ ၃၀) ညနေပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

ဒေါ်နယ်ထရမ့်အစိုးရသည် အေဂျင်စီပေါင်း ဒါဇင်ကျော်တွင် အလုပ် ထုတ်ပယ်မှုများကို ရပ်တန့်ထားသည့် အောက်တရားရုံး၏ အမိန့်ကို ဆိုင်းငံ့ပေးရန် US 9th Circuit Court of Appeals သို့ တောင်းဆိုခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ Mokwa မြို့တွင် ရေကြီးမှုများဖြစ်ပွားပြီး လူအနည်းဆုံး ၁၅၀ သေဆုံး

News Image

နိုင်ဂျီးရီးယားနိုင်ငံ Mokwa မြို့တွင် ရေကြီးမှုများဖြစ်ပွားပြီး လူအနည်းဆုံး ၁၅၀ သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Niger ပြည်နယ်အာဏာပိုင်များက နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကထွန်းကားသော ပြည်နယ်အတွင်းရှိ စျေးကွက်ဖွံ့ဖြိုးသည့် Mokwa မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားပြီး လူအနည်းဆုံး ၁၅၀ သေဆုံးကြောင်း ထုတ်ပြန် ခဲ့သည်။

ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Ibrahim Hussaini က CNN သို့ စနေနေ့ (မေ ၃၁) နံနက် ၉ နာရီ (အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မနက် ၄ နာရီ) အထိ “ကလေးငယ်များအပါအဝင်” ရုပ်အလောင်း ၁၅၁ ဦး ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်နှစ်ဦး ကိယက်ဗ်တွင် ဇီလန်စကီးနှင့် တွေ့ဆုံ၊ ရုရှားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်မှုများ တောင်းဆို

News Image

အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်နှစ်ဦး ကိယက်ဗ်တွင် ဇီလန်စကီးနှင့် တွေ့ဆုံ၊ ရုရှားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်မှုများ တောင်းဆို

ပါတီနှစ်ရပ်မှ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်နှစ်ဦးသည် သောကြာ နေ့ (မေ ၃၀) တွင် ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် ကိယက်ဗ်၌ တွေ့ဆုံပြီး ရုရှားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်မှုများ ချမှတ်ရန် တိုက်တွန်းခဲ့ပြီး လာမည့်ရက်အနည်းငယ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထပ်မံကျင်းပမည့်အခြေအနေနှင့်ပတ်သက်၍လည်း မရေရာမှုများ ရှိနေသည်။