ဂြိုလ်တုဓာတ်ပုံများအရ မြောက်ကိုရီးယားသည် ပျက်စီးနေသော စစ်သင်္ဘောဆီသို့ လေထီးကဲ့သို့ ထူးဆန်းသည့်အရာများ တပ်ဆင်နေသည်ကို တွေ့ရှိရ
News Image

ဂြိုလ်တုဓာတ်ပုံအသစ်များအရ မြောက်ကိုရီးယားသည် လွန်ခဲ့သော သီတင်းပတ်က မအောင်မြင်ခဲ့သော ရေချမှုကြောင့် ဘေးစောင်းအနေအထားဖြင့် ရေထဲတွင် တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေသည့် တန် ၅၀၀၀ အလေးချိန်ရှိ ပျက်စီးနေသော စစ်သင်္ဘောနှင့်အတူ လေထီးကဲ့သို့သော အရာများကို တပ်ဆင်ထားကြောင်း တွေ့ရှိရသည်။
ထိုအရာများ၏ ရည်ရွယ်ချက်ကို အတိအကျမသိရသေးသော်လည်း ကျွမ်းကျင်သူများက CNN သို့ ပြောကြားချက်အရ ၎င်းတို့သည် သင်္ဘောကို တည့်မတ်သည့်အနေအထားပြန်ရောက်စေရေး ကူညီရန် သို့မဟုတ် ဒရုန်းများ၏ စောင့်ကြည့်မှုမှ ကာကွယ်ရန် အသုံးပြုနိုင်သည်ဟု ဆိုသည်။