လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ်လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

News Image

  • လာမည့်ခြောက်နှစ်အတွင်း ပြည်တွင်းဖြစ်လေယာဉ်အစင်း ၆၀၀ ထုတ်လုပ်ရန် ရုရှားစီစဉ်

ရုရှားနိုင်ငံသည်   လာမည့်ခြောက်နှစ်အတွင်း  ပြည်တွင်းဖြစ်လေယာဉ်အစင်း ၆၀၀ ကိုထုတ်လုပ်နိုင်ရန်   စီစဉ်လျက်ရှိ ကြောင်း ရုရှားဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၅ ရက်တွင်ပြောသည်။

ထို့ပြင် လေယာဉ်ထုတ်လုပ်သူများအနေဖြင့် ၎င်တို့၏ထုတ်လုပ်မှုနှုန်းထားကို မြှင့်တင်နိုင်ရေးအတွက်  အစိုးရကငွေကြေးထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုကဲ့သို့ ခေတ်မီလေယာဉ်များကိုပိုင်ဆိုင်နိုင်ခြင်းသည် ကျယ်ပြောလှသော ရုရှားနိုင်ငံအတွင်း ကူးလူးဆက်သွယ်သွားလာမှုအတွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်က အစည်းအဝေးတွင်    ဒုတိယဝန်ကြီးချုပ်များကို ပြောခြင်းဖြစ်သည်။

ပြည်တွင်းဖြစ်လေယာဉ်များ အမြောက်အမြားထုတ်လုပ်နိုင်ရေးအတွက်  ရုရှားအစိုးရက ငွေကြေးထောက်ပံ့မှုအဖြစ် ရူဘယ်ဘီလီယံ ၂၈၀ ကိုချေးငွေအဖြစ် ထုတ်ချေးပေးသွားမည်ဖြစ်သည်။

အလားတူလာမည့်နှစ်များအတွင်း ပြည်တွင်းဖြစ်အိမ်စီးကားများနှင့် ဘတ်စကားများထုတ်လုပ်မှုကို တိုးမြှင့်သွားရန်လည်း တိုက်တွန်းထားကြောင်းသိရသည်။

Ref: Spuntilk

Source: MWD Web Portal