အီရန်မီဒီယာများက အမေရိကန်တို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်လျက်ရှိ
News Image

အီရန်၏ Fordow နျူကလီးယားစင်တာသည် အမေရိကန်တို့၏ တိုက်ခိုက်မှုတွင် ကြီးမားသော ပျက်စီးမှုမရှိကြောင်း Qom ပြည်နယ် ကိုယ်စားလှယ် Mohammad Manan Raisi ကို ကိုးကားပြီး Fars သတင်းဌာနက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ Donald Trump က Fordow ၊ Natanz နှင့် Esfahan နျူကလီးယားစင်တာများသည် အမေရိကန်တို့၏ တိုက်ခိုက်မှုဖြင့် လုံးဝ ပျက်စီးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။