ဇီလန်စကီးက ရုရှားကို ခြိမ်းခြောက်မှုအသစ်များ ပြုလုပ်

News Image

  • ဇီလန်စကီးက ရုရှားကို ခြိမ်းခြောက်မှုအသစ်များ ပြုလုပ်

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ရုရှားနယ်နိမိတ် အတွင်းပိုင်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို တာဝေးပစ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်လိုက်ပါသည်။

ပဋိပက္ခကို အဆုံးသတ်ရန် သံတမန်ဆွေးနွေးမှုများ ရှိနေသော်လည်း ယူကရိန်းဘက်က မကြာသေးမီသီတင်းပတ်များအတွင်း ရုရှားနယ်အတွင်းပိုင်းသို့ ဒရုန်းတိုက်ခိုက်မှုများကို သိသိသာသာ တိုးမြှင့် လုပ်ဆောင် လျက်ရှိသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့က အဆိုပါ လုပ်ရပ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှု တစ်ခုဟု ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ (ဇွန် ၂၂) က ၎င်း၏ Telegram လူမှုကွန်ရက် စာမျက်နှာ တွင် ဇီလန်စကီးက ယူကရိန်းစစ်ရေးထောက်လှမ်းရေးအကြီးအကဲ ကီရီး ဘူဒါနော့ဗ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ရုရှား၏ အဓိက အထိနာစေမည့် နေရာ များကို ထောက်လှမ်းနေကြောင်း ရေးသားခဲ့သည်။ ၎င်းက မော်စကို၏ စစ်ရေးစွမ်းရည်ကို သိသိသာသာလျှော့ချရန် ရည်ရွယ်ချက်ဖြင့် သင့်လျော်သော တိုက်ခိုက်မှုများပြုလုပ်မည်ဟု ကတိပြုခဲ့သည်။

ဇီလန်စကီးက ယူကရိန်း၏ အနောက်တိုင်း ပံ့ပိုးသူများနှင့် ရုရှားဆိုင်ရာ ထောက်လှမ်းရေးအချက်အလက်များကို မျှဝေနေပြီး ပူးပေါင်း စစ်ဆင်ရေး စီမံချက်များအတွက် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ယူကရိန်းစစ်ဦးစီးချုပ် အလက်ဇန်းဒါ ဆာစကီးက ရုရှား နယ်အတွင်းပိုင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ထိရောက် ပြင်းထန်စွာ တိုက်ခိုက်မည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် ကိသ်ကဲလ်လော့ဂ် က ပြိုင်ဘက် ရုရှား၏ အမျိုးသားရှင်သန်မှုစနစ် အစိတ်အပိုင်းဖြစ်သည့် နျူကလီးယား တြိဂံစွမ်းရည် (ကြည်း၊ လေ၊ ရေတပ် နျူကလီးယားတိုက်ခိုက်ရေးစနစ်) ကို တိုက်ခိုက်မည်ဆိုပါက ယူကရိန်း၏ အန္တရာယ် အဆင့်မြင့်တက်လာမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရုရှား ဘက်က မည်သို့တုံ့ပြန်လာမည်ကို မသိရှိနိုင်ခြင်းကြောင့်ဖြစ်သည် ဟု သတိပေးပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂