ဟူသီတို့က အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် စစ်ကြေညာ

News Image

ဟူသီတို့က အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် စစ်ကြေညာ

ယီမင်နိုင်ငံမှ ဟူသီတပ်ဖွဲ့များသည် အီရန်ဘက်မှ အမေရိကန်နှင့် အစ္စရေးကို ဒေသတွင်းတွင် တိုက်ခိုက်မှုများ စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

“ယီမင်နိုင်ငံသည် အမေရိကန်နှင့် အစ္စရေးကို တရားဝင်စစ် ကြေညာ လိုက်ပြီဖြစ်သည်။ သင်တို့၏ သင်္ဘောများကို မိမိတို့၏ရေပိုင်နက်မှ ဝေးရာသို့ ရွှေ့ပါ” ဟု ယီမင်ရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ယာဟယာ ဆာရီး က ဇွန် ၂၂ ရက်တွင် ကြေညာခဲ့သည်။

Deepfake နည်းပညာဖြင့် ဖန်တီးထားသော သတင်းအချက်အလက် လှည့်စားမှု အန္တရာယ်ကို မော်စကိုက သတိပေး

News Image

Deepfake နည်းပညာဖြင့် ဖန်တီးထားသော သတင်းအချက်အလက် လှည့်စားမှု အန္တရာယ်ကို မော်စကိုက သတိပေး

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အတုအယောင် ဖန်တီးမှု (deepfake) နည်းပညာ တိုးတက်လာမှုကြောင့် ကမ္ဘာသည် “သတင်း အချက်အလက် လှည့်စားမှု” (informational barbarism) ဘက်သို့ ဦးတည်နေကြောင်း သတိပေးခဲ့ပြီး သတင်းဌာနများအနေဖြင့် အချက်အလက်စစ်ဆေးခြင်း (fact-checking) နှင့် ဗီဒီယိုအတုအစစ် စိစစ်ခြင်းတို့ အတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “အမေရိကန်က အီရန်ကို တိုက်ခိုက်မှုသည် သမိုင်းကို ပြောင်းလဲသွားစေမည်” ဟု ပြောကြား

News Image

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “အမေရိကန်က အီရန်ကို တိုက်ခိုက်မှုသည် သမိုင်းကို ပြောင်းလဲသွားစေမည်” ဟု ပြောကြား

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် “ရဲရင့်သောဆုံးဖြတ်ချက်” ချမှတ်ခဲ့သည့်အတွက် ချီးကျူး ဂုဏ်ပြုလိုက် ပါသည်။

စနေနေ့ (ဇွန် ၂၁) ညပိုင်းတွင် အမေရိကန်က အီရန်၏ Fordow ၊ Natanz နှင့် Esfahan ရှိ စက်ရုံများကို တိုက်ခိုက်ခဲ့ရာ တီဟီရန်က ယင်းလုပ်ရပ်အား အပြည်ပြည်ဆိုင်ရာဥပဒေနှင့် နျူကလီးယား လက်နက်မပြန့်ပွားရေး စာချုပ် (NPT) ၏ “ပြင်းထန်သောချိုးဖောက်မှု” အဖြစ် ရှုတ်ချခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် အော်သိုဒေါက်ခရစ်ယာန်ဘုရားကျောင်း၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

News Image

ဆီးရီးယားနိုင်ငံတွင် အော်သိုဒေါက်ခရစ်ယာန်ဘုရားကျောင်း၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

ဆီးရီးယားမီဒီယာများက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ထုတ်ပြန်သည့် သတင်းအရ ဆီးရီးယားမြို့တော် ဒမက်စကပ်ရှိ Mar Elias ခရစ်ယာန် ဘုရားကျောင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ အော်သိုဒေါက် ခရစ်ယာန် ဘုရားကျောင်းတွင် တနင်္ဂနွေ ဝတ်ပြုဆုတောင်းမှုပြုနေစဉ် အသေခံဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက SANA သတင်းဌာနသို့ ထုတ်ပြန်ချက်တွင် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။