ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်အား ၎င်း၏မွေးနေ့အတွက် ဂုဏ်ပြု စကားပြောကြား

News Image

ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်အား ၎င်း၏မွေးနေ့အတွက် ဂုဏ်ပြု စကားပြောကြား

သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို၏ မွေးနေ့ဆုတောင်းလွှာတွင် “ချစ်ခင်ရပါသော မိတ်ဆွေခင်ဗျာ။ အဆွေတော်၏ မွေးနေ့ အထိမ်းအမှတ် ပွဲ၌ မိမိ၏ အနွေးထွေးဆုံး မင်္ဂလာစကားကိုပြောကြားလိုပါကြောင်း၊ အဆွေတော်၏ နူးညံ့သိမ်မွေ့သော ခေါင်းဆောင်မှုအောက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသည် နိုင်ငံတကာနယ်ပယ်၌ အဓိကကျသော အခန်း ကဏ္ဍမှပါဝင်ခဲ့ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အကြီးဆုံး စက်မှု နိုင်ငံများအကြား ထိပ်တန်းနေရာကို ရယူထားနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံ တွင် ကြီးမားသော နိုင်ငံခြားငွေအရံငွေများစွာရှိပြီး၊  ကြီးကျယ်ခမ်းနားသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ အလားအလာများလည်းရှိပါကြောင်း၊အဆွေတော်၏ မဟာဗျ

Abdominal Pain

Posted_Date

Image

 Abdominal Pain

Body

ငြုပ်သီးနဲနဲစားမိရင် ချက်ပတ်လည်က အူတွေလေထိုးသလိုထိုးပြီးအောင့်တာဘာကြောင့်ပါလဲဆရာ

 Abdominal Pain
ငရုတ်သီး ထဲမှာ ပူတာ စပ်တာ အတွက် capsaicin ဆိုတဲ့ ဓာတ်ပစ္စည်းပါဝင်ပါတယ်။
Capsaicin နဲ့ ထိမိတဲ့ အခါ 
👉 အရေပြားဆိုရင် ပူလောင်မှုခံစားရသလို
👉 အစာအိမ်နှင့် အူလမ်းကြောင်း ကိုလည်း ထို နည်းတူတူ ခံစားရစေပါတယ်

ခန္ဓာကိုယ်အရေပြားက မလှုပ်ရှားနိုင်ပေမယ့် အစာအိမ်နှင့် အူလမ်းကြောင်း က လှုပ်ရှားနိုင်တဲ့အတွက် သူကိုလာပြီး ပူလောင်စေတဲ့အရာကို ဖယ်ထုတ်ခါချဖို့ကြိုးစားပါတယ် (မြင်သာအောင် ပြောရရင် တီကောင် ဆား ထိသလို လူးခါနေတာပေါ့)
👉 အဲ့တော့ အထဲကနေ ရစ် ရစ်ပြီးနာပါတယ် 
ငရုတ်သီး စားရင် ပါးစပ်ထဲ သွားရည်တွေထွက်လာသလို အူလမ်းကြောင်းကလည်း အရည်တွေထုတ်ပါတယ်
👉ဝမ်းသွားတော့တာပေါ့

အဲ့လောက် ဒုက္ခပေးတဲ့ ငရုတ်သီး 
- ပူတာ စပ်တာ ကလည်း အလွန်အကျွံ
- ချွေးတွေလည်းပျံ
- ဗိုက်တွေနာ
-ဝမ်းသွား တာ ဘာလို့ ထပ်ထပ်စားချင်နေရတာလည်း ❓
ဒီ သီချင်းလေး သိကြမှာပေါ့
“ငရုတ်သီး လိုမျိုး…. ငရုတ်သီးလိုမျိုး….. မင်းရဲ့အချစ်ကို မရှောင်နိုင်တာ ခက်လှတယ်-- ကိုယ့်နှလုံးသား….. ဒီ ငရုတ်သီးလေး စားမိပြီ 
ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမယ့်လို့ ရှောင်ဖို့ခက်”

ငရုတ်သီး ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ပူလောင်စပ်နေပါပြီ ဒုက္ခရောက်နေပါပြီ ဆိုပြီး ဦးနှောက်ကို သတင်းပို့ပါတယ်
ဦးနှောက်က အူထဲက နာကျင်နေတာကို ပျောက်ကင်းသက်သာအောင်လုပ်မပေးနိုင်ပါဘူး အဲ့တော့ သူ့ဆီမှာရှိတဲ့ အနာသက်သာစေတဲ့ အရာကို ထုတ်ပေးပါတယ် 
👉 Endorphins ဆိုတဲ့ ဓာတ်ပစ္စည်းပါ
Endorphins ကို Feeling Good Hormone လို့ ခေါ်တာ သိကြမယ်ထင်ပါတယ်။  ကျေနပ်သဘောကျပီတိဖြစ်ရင် ထွက်တာပါ။ သမီးရည်းစား စကြိုက်ခါစမှာ Endorphins ထွက်ပါတယ်။ ကျေနပ်သဘောကျမှုကိုဖြစ်စေပါတယ်။

အဲ့တော့ ဘာဖြစ်လဲ ဆိုတော့ ငရုတ်သီးစားရင် ပူတာ စပ်တာ ဗိုက်အောင့်တာဝမ်းသွားတာဖြစ်ပေမယ့် Endorphins ကြောင့် လူကနေလို့ကောင်းတယ်လေ
အဲ့ဒါကြောင့် ကျွန်တော်တို့ အစပ်ကို ကြိုက်ကြတာပါ။

ချစ်တယ်ဆိုတဲ့ အရာကလည်း ကိုယ့်ကို ဒုက္ခပေးမယ်မှန်းသိသိကြီးနဲ့ Endorphins ကြောင့် နာကျင်နေရပေမယ့် မဖြတ်နိုင်တာပါပဲဗျာ

(Photo credit; Medindia)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ                                          

မှတ်ချက် ။ Dr ဘုန်းစည်သူလွင် ၏ Facebook Page မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 

တံတားဦးမြို့နယ်တွင် Pfizer COVID-19 JN 1 ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

News Image

တံတားဦးမြို့နယ်တွင် Pfizer COVID-19 JN 1 ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

တံတားဦး ၊ ဇွန် - ၁၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၉) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် မြို့နယ်ခန်းမတွင် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။