ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

အကျိုးစီးပွားချင်းထပ် ကောင်းမြတ်ခဲ့ပြီ
-

ယနေ့ကမ္ဘာ့အခြေအနေကို ပြန်တွေးဆကြည့်မယ်ဆိုရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုတိုးမြှင့်တည်ဆောက် လာခဲ့ကြတာတွေ့ရမှာပါ။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအားလုံးက ချစ်ကြည်ရင်းနှီးမှုတွေတည်ဆောက်နေကြတာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ဧကဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေနဲ့ အခြားတစ်ဖက်မှာကျတော့ ဗဟုဝင်ရိုးကိုလိုလားတဲ့ နိုင်ငံတွေဆိုပြီး ဖြစ်တည်လာကြတာပါ။

ဒီနေရာမှာ ဧကဝင်ရိုးနဲ့ ဗဟုဝင်ရိုးဆိုတာကို အနည်းငယ်ရှင်းပြချင် ပါသေးတယ်။ ဧကဝင်ရိုးကမ္ဘာကြီးဆိုတာက တစ်ကမ္ဘာလုံးရဲ့အခင်း အကျင်းအဖြစ်အပျက်အားလုံးက အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အင်အားကြီးအုပ်စုတစ်ခုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိ သွားတာမျိုး ဖြစ်ပါတယ်။ ဗဟုဝင်ရိုးကမ္ဘာဆိုတာ ကမ္ဘာ့နိုင်ငံအားလုံးက ဧကဝင်ရိုးလိုမျိုး ဗဟိုထိန်းချုပ်မှုကနေလွတ်ကင်းပြီး အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံများအဖြစ်သို့ ဦးတည်လျှောက်လှမ်းနေတဲ့ အခြေအနေဖြစ်ပါတယ်။

ဗဟုဝင်ရိုးကမ္ဘာကြီးကို တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာ

ဒီတော့ ဧကဝင်ရိုးနဲ့ဗဟုဝင်ရိုးမှာဆိုရင် သွားတဲ့ပုံစံချင်းလည်းမတူသလိုရရှိလာတဲ့ အကျိုးကျေးဇူးချင်းလည်းမတူပါဘူး။ ဧကဝင်ရိုးကနေရရှိလာတဲ့အကျိုးကျေးဇူးက တစ်ဦးကောင်း၊ တစ်အုပ်စုကောင်းအတွက်သာဖြစ်ပေမယ့် ဗဟုဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးကျတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်အတွက်ကျန်မှာ ဖြစ်သလို အဲဒီအကျိုးရလဒ်ကိုလည်း ဘယ်သူ့ကိုမှပြန်ခွဲပေးစရာမလိုပါဘူး။ ဒါကြောင့် ကမ္ဘာ့နိုင်ငံများက ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာနေကြတာဖြစ်ပါတယ်။

ဒီလိုမျိုး ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်နိုင်ဖို့အတွက် ရုရှား၊ တရုတ်၊ ဘရာဇီးတို့လိုမျိုး အင်အားကြီးနိုင်ငံများက ဦးဆောင်လျက်ရှိပါတယ်။ ဥပမာ BRICS ဆိုတဲ့အဖွဲ့အစည်းကို ကြည့်လိုက်ရင်တွေ့ရမှာပါ။ အဲဒီအဖွဲ့အစည်းကြီးက သူတို့ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို သူတို့နဲ့လက်တွဲပါဝင်လိုတဲ့ အင်အားနည်းနိုင်ငံများကိုလည်း အတူတကွဆွဲခေါ်နေတာတွေ့ရပါတယ်။

ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့

နိုင်ငံရေးဆိုတာ အင်မတန်မှပါးနပ်ဖို့လိုပါတယ်။ ဒီအရေးက ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်လာပြီဆိုရင်တော့ အလွန်ကိုကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်မှသာ ကိုယ့်အတွက်အကျိုးကျေးဇူးများစွာ ရရှိစေမှာပါ။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံ့တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက် နေရတယ်ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်ပြီး လုပ်ဆောင်ရမယ့် အရေးကိစ္စတွေမှာဆိုရင် လိမ္မာပါးနပ်လွန်းစွာ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင်တည်ဆောက်ခဲ့ရုံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်များကို ယူထားရတဲ့ကာလတစ်လျှောက်လုံးမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရုရှားနိုင်ငံကို လေးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ကာ ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နဲ့ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံကြားအကျိုးရှိစေမယ့် စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက်သာမက မြန်မာနိုင်ငံအတွက် အကျိုးများမယ့်ကူညီမှုများပေးအပ်ရေးအတွက်လည်း သဘောတူညီခဲ့ကြပါတယ်။ အခုဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ငါးကြိမ်မြောက် ချစ်ကြည်ရေးခရီးသွားရောက်ရာကနေ ပြန်လည်ရောက်ရှိလာပါပြီ။

တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်

ယခုတစ်ခေါက် ချစ်ကြည်ရေးခရီးစဉ်က ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့အတူ ဆက်စပ်အခမ်း အနားတွေကို တက်ရောက်ဖို့အတွက်သွားခြင်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကို လာဖို့ကိုလည်း ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ကိုယ်တိုင်က ပြီးခဲ့တဲ့တစ်ခေါက်တွေ့ဆုံမှုမှာ ဖိတ်ကြားလိုက်တာပါ။ ထူးခြားတာက ဒီတစ်ခေါက်ခရီးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးကိုယ်တိုင်ကလည်း နိုင်ငံတကာနဲ့မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးရေးရာကိစ္စတွေမှာပါ။

အခွင့်အလမ်းတွေ ပေါ်ထွန်းလာ

နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မေလ ၈ ရက်နံနက်ပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ ဗယ်လက် တီနာမတ်ဗီယန်ကိုနဲ့ တွေ့ဆုံပြီး ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ပညာရေး၊ စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာဥက္ကဋ္ဌ အန်နာနက်စတီရိုဗာနဲ့တွေ့ဆုံပြီး အမျိုးသမီးရေးရာအခန်းကဏ္ဍအားပေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ တာတွေ့ရပါတယ်။ ဒီလိုမျိုးတွေဆွေးနွေးနိုင်ခြင်းဟာ သိပ်ကို ကောင်းမွန်တဲ့လက္ခဏာတစ်ခုလို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကျား၊ မ ခွဲခြားခြင်းမရှိတဲ့ အားလုံးကိုတစ်ပြေးညီဆက်ဆံနေတဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာသာမကကမ္ဘာမှာပါ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှုကို အားပေးမြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေပေါ်ထွန်းလာလို့ ဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုသွားခဲ့တဲ့ရုရှားခရီးစဉ်မှာ နောက်ထပ်ထူးခြားမှုတစ်ခု ရှိပါသေးတယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရုရှားနိုင်ငံကကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ထူးခြားမှုကတော့ အဲဒီစစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲက ရင်ပြင်နီမှာပါဝင် တက်ရောက်စစ်ရေးပြခွင့်ရရှိခဲ့တာပါ။ ဒီလိုမျိုးပါဝင်ခွင့်ရခြင်းဟာ သမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲက တရုတ်၊ ဗီယက်နမ်၊ လာအို အစရှိတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့အတူ စစ်ရေးပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်စစ်ရေးပြခွင့်ရရှိခြင်းက မြန်မာ့တပ်မတော်ကို ကမ္ဘာ့အသိုင်း အဝိုင်းမှာ ပိုမိုထင်ရှားလာစေပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံအကျိုးအတွက် ဖော်ဆောင်ရတဲ့ ပြည်ပခရီးစဉ်တွေမှာ အမြဲတမ်းတက်တက်ကြွကြွရှိလှတဲ့ ပုံစံအတိုင်းပဲ အခုတစ်ခေါက်မှာလည်း နိုင်ငံအတွက်အကျိုးရှိမယ့်တွေ့ဆုံမှုတွေကို တက်ကြွစွာဆောင်ရွက်ခဲ့ တာတွေ့ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိပြီး နောက်တစ်ရက်နံနက်ပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ နာမည်ကျော်သတင်း ဌာနတွေဖြစ်တဲ့ RT TV Channel နဲ့ Krasnaya Zvezda သတင်းစာတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါတယ်။ ဒီသတင်းဌာနတွေရဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ပြန်လည်ဖြေကြားမှုတွေက မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရေးကို ခိုင်မာစေရုံသာမက မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်များကိုလည်း ကမ္ဘာကသိရှိခွင့်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၈ ရက် ညနေပိုင်းမှာတော့ ကာဇက်စတန်နိုင်ငံသမ္မတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲအခမ်းအနားသို့ အခြားသောနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ တက်ရောက်ပြီး ရုရှားသမ္မတနဲ့တွေ့ဆုံကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့တာလည်းတွေ့ရပါတယ်။ မေလ ၉ ရက် နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရင်ပြင်နီမှာကျင်းပတဲ့ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားသို့တက်ရောက်ပါတယ်။ ပြီးတဲ့အခါ အခြားနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ အညတရစစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချ အလေးပြုပါတယ်။ ပြီးနောက် ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင် ရဲ့ရုံးခန်းမှာ နေ့လယ်စာသုံးဆောင်ပါတယ်။

တကယ်တော့ မေလ ၉ ရက်ဆိုတာ နိုင်ငံတော်ဝန်ကြီးချုပ်အတွက် အလုပ်အများဆုံးသောနေ့တစ်နေ့ဖြစ်သလို အကျိုးအများဆုံးသောနေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အတွက် နိုင်ငံတကာမှခေါင်းဆောင်များနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့အတွက်ကို ဆွေးနွေးနိုင်ခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်ရေးအမြင်ချင်းဖလှယ်ဆွေးနွေး

နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မေလ ၉ ရက်ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံစဉ်မှာ နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးက ဒီနှစ် မှာ စိန်ရတုတိုင်ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီမှုတွေပေးခဲ့သလို မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ် ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတကာခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာ အမြဲမပြတ်ပြောနေကျ စကားတစ်ခု ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီရွေးကောက်ပွဲကိုလည်း နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်က အခုလို တရုတ်နိုင်ငံသမ္မတနဲ့တွေ့ဆုံစဉ်မှာ ဒီအကြောင်းကိုလည်း ထပ်လောင်းပြောခဲ့တာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေနဲ့ ကမ္ဘာသိအသိပေးခြင်း ဖြစ်တာကြောင့် နိုင်ငံတကာစာမျက်နှာမှာလည်း မြန်မာနိုင်ငံရဲ့ပုံရိပ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဖော်ဆောင်နေတဲ့ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းဆိုတဲ့စီမံကိန်းကြီးအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်မယ် ဆိုတဲ့အကြောင်း၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မြှင့်တင်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ဖွံ့ဖြိုးတိုးတက် မှုတွေကိုဖြစ်ပေါ်လာစေမှာပါ။

မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံ

နောက်တစ်ခုက တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ထောက်ခံကြောင်း၊ နိုင်ငံတည်ငြိမ်ရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အစိုးရရဲ့ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အကြောင်းတွေ ပြောခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကတိပြုမှုတွေလို့ပြောရင် လည်းမမှားပါဘူး။

မေလ ၁၀ ရက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုအောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာပါပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက်များလှစွာသော အကျိုးကျေးဇူးများကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ဆိုရပါမယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်မယ့်အခြေအနေသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင်တဲ့ အခွင့်အရေးရရှိခဲ့ပါတယ်။ နောက်ထပ် မြန်မာနိုင်ငံအတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အမျိုးသမီး ရေးရာအခန်းကဏ္ဍကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်မယ့်အခွင့်အရေး၊ မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံများရဲ့ တပ်မတော်များနဲ့ ရင်ပေါင်တန်းနိုင်မယ့်အခွင့်အရေး၊ မြန်မာနိုင်ငံရဲ့အနာဂတ် ပိုမိုတောက်ပလာမယ့် အခွင့်အရေးတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယနေ့ကမ္ဘာ့နိုင်ငံတချို့ဟာ ဧကဝင်ရိုးနဲ့အသားကျနေကြတာများ ပါတယ်။ အဓိကကတော့ ဧကဝင်ရိုးကနေ အကျိုးအမြတ်ကြီးစွာရရှိနေတဲ့ လက်တစ်ဆုပ်မျှသောနိုင်ငံများက ဒီအခြေအနေကနေ တခြား အခြေအနေတစ်ခုကို ပြောင်းလဲသွားမှာမလိုလားကြပါဘူး။ ဒါကြောင့်လည်း ဧကဝင်ရိုးကမ္ဘာကြီးကို ဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြချိန်မှာ ကျန်ရှိတဲ့နိုင်ငံတွေကတော့ နိုင်ငံများအတွက် ကိုယ်စီအကျိုးကျေးဇူးရရှိစေမယ့် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင် အထည်ဖော်လာနေပြီဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဗဟုဝင်ရိုးကမ္ဘာကြီးကို အကောင်အထည်ဖော်နေကြသူများမှာ တူညီသော အကျိုးစီးပွားပန်းတိုင်ရှိပါတယ်။ အဲဒီပန်းတိုင်ကတော့ မျှဝေသောအနာဂတ်နဲ့ အေးအတူပူအမျှရှိတဲ့ အသိုက်အဝန်းကိုတည်ထောင်သွားဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်ဟာ အကျိုးစီးပွားချင်းထပ်လို့ ကောင်းမြတ်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

Source: MOI

ထက်မြတ်

ဖွံ့ဖြိုးတိုးတက်ဖို့ စာပေဖတ်ကြစို့
-

လူတစ်ဦးတစ်ယောက်ချင်းစီမှာ  ကိုယ်ခန္ဓာကြံ့ခိုင်ထွားကျိုင်းဖို့လိုသလို သန်စွမ်းကျန်းမာဖို့လည်းလိုအပ်ပါတယ်။  ဒါကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်ထွားကျိုင်းပြီး သန်စွမ်းကျန်းမာဖို့အတွက် အာဟာရဖြစ်စေတဲ့အစားအစာတွေကိုစားသုံးကြရတယ်။ ဒါကလည်း တစ်ရက်တလေစားသုံးကြရတာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်းစားသုံးနေကြရတဲ့  နိစ္စဓူဝကိစ္စပါ။ စားသုံးနေကြရတဲ့ အစားအစာတွေထဲမှာရှိနေတဲ့ အရသာကလည်းအမျိုးမျိုးပါပဲ။ အချို၊ အချဉ်၊ အငန်၊ အစပ်၊ အဖန်၊ အခါးစတဲ့အရသာတွေပါ။ အဲဒီအရသာတွေကိုလျှာကပဲသိပါတယ်။  အဲဒီအရသာတွေက ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့ကို   ဖြည့်ဆည်းပေးနေတာပါ။ ကိုယ်ခန္ဓာဖွံ့ဖြိုးလာတ

လူတစ်ဦးတစ်ယောက်ချင်းစီမှာ  ကိုယ်ခန္ဓာကြံ့ခိုင်ထွားကျိုင်းဖို့လိုသလို သန်စွမ်းကျန်းမာဖို့လည်းလိုအပ်ပါတယ်။  ဒါကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်ထွားကျိုင်းပြီး သန်စွမ်းကျန်းမာဖို့အတွက် အာဟာရဖြစ်စေတဲ့အစားအစာတွေကိုစားသုံးကြရတယ်။ ဒါကလည်း တစ်ရက်တလေစားသုံးကြရတာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်းစားသုံးနေကြရတဲ့  နိစ္စဓူဝကိစ္စပါ။ စားသုံးနေကြရတဲ့ အစားအစာတွေထဲမှာရှိနေတဲ့ အရသာကလည်းအမျိုးမျိုးပါပဲ။ အချို၊ အချဉ်၊ အငန်၊ အစပ်၊ အဖန်၊ အခါးစတဲ့အရသာတွေပါ။ အဲဒီအရသာတွေကိုလျှာကပဲသိပါတယ်။  အဲဒီအရသာတွေက ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့ကို   ဖြည့်ဆည်းပေးနေတာပါ။ ကိုယ်ခန္ဓာဖွံ့ဖြိုးလာတာနဲ့အမျှ  ကြံ့ခိုင်ထွားကျိုင်းလာသလို သန်စွမ်းကျန်းမာလာတော့တာပါပဲ။

အရသာရှိတဲ့အစားအစာတွေထဲမှာ ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ပေးတဲ့စားစရာအစားအစာတွေ၊ အင်အားဖြစ်စေတဲ့စားစရာအစားအစာတွေ၊ ခန္ဓာကိုယ်ကြီးထွားစေတဲ့စားစရာအစားအစာတွေဆိုပြီးအမျိုးမျိုးရှိတယ်။ ဒန့်သလွန်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်းရွက်၊ ကန်စွန်းရွက်၊ ဘူးညွန့်၊ ဟင်းနုနယ်၊ ပဲပင်ပေါက်၊ ပဲတောင့်ရှည်၊ မုန်လာဥနီ၊ သံပရာသီး၊ ပဲစောင်းလျားသီး၊ ရွှေဖရုံသီး၊   ကြက်ဟင်းခါးသီး၊ ခရမ်းချဉ်သီး၊ ဆီးဖြူသီး၊ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ မာလကာသီးစတာတွေက ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ပေးတဲ့ စားစရာအစားအစာတွေပါပဲ။ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ခေါက်ဆွဲ၊ ပြောင်းဖူး၊ မုန့်ဖက်ထုပ်၊ ကောက်ညှင်းထုပ်၊  ပေါင်မုန့်၊ နံပြား၊ ထောပတ်၊ သကြား၊ ဆီ၊ ကြံသကာ၊ ထန်းလျက်၊ ဘီစကွတ်စတာတွေကတော့အင်အားဖြစ်စေတဲ့စားစရာအစားအစာတွေပါ။ အသား၊ ငါး၊ အသည်း၊ ပုစွန်ခြောက်၊ ငါးကလေး၊ပုစွန်တုပ်၊ ပုစွန်ဆိတ်၊ ငါးကလေးခြောက်၊ ပဲပြား၊ တိုဟူး၊ ဘဲသွေး၊ ဘဲဥ၊ ကြက်ဥ၊ ငုံးဥ၊ ပဲလွမ်း၊ မြေပဲ၊ကုလားပဲ၊ ပဲနီလေး၊ ပဲကြီး၊ ပဲပုပ်စတဲ့အစားအစာတွေကတော့ ခန္ဓာကိုယ်ကြီးထွားစေတဲ့စားစရာအစားအစာတွေပဲဖြစ်ပါတယ်။

ကြံ့ခိုင်ထွားကျိုင်းပြီးသန်စွမ်းကျန်းမာဖို့အတွက် ကိုယ်ခန္ဓာဖွံ့ဖြိုးစေတဲ့အာဟာရဖြစ်အစားအစာတွေက အရေးကြီးလှသလို အတွေးအခေါ်မြင့်မားပြီး အမြော်အမြင်ကျယ်ပြန့်ဖို့၊ အသိနဲ့သတိတွဲယှဉ်ပြီးဆင်ခြင်တုံတရားရှိဖို့၊    အကြောင်းနဲ့အကျိုး၊ အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်ကိုကွဲကွဲပြားပြားခွဲခြားနိုင်ပြီး အမှားကိုရှောင်ဖို့၊ အမှန်ကိုဆောင်ဖို့၊ စာရိတ္တသီလနဲ့ဝါရိတ္တသီလကို လုံခြုံအောင်စောင့်ထိန်းပြီး ကိုယ်ကျင့်တရားကောင်းမွန်ဖို့၊ မိမိဘဝကိုမိမိကိုယ်တိုင်တည်ဆောက်နိုင်ပြီး ဘဝလမ်းကြောင်းမတိမ်းစောင်းအောင်ထိန်းကျောင်းနိုင်ဖို့အတွက် နှလုံးသားနဲ့ဦးနှောက်ကိုအာဟာရဖြစ်စေမယ့် အစာကလည်းအရေးကြီးလှပါတယ်။နှလုံးသားနဲ့ဦးနှောက်ကိုအာဟာရဖြစ်စေတဲ့  အစာကတော့ “စာပေ”ပါပဲ။

ကြံ့ခိုင်ထွားကျိုင်းပြီးသန်စွမ်းကျန်းမာဖို့အတွက် ကိုယ်ခန္ဓာဖွံ့ဖြိုးစေတဲ့အာဟာရဖြစ်အစားအစာတွေထဲမှာအရသာတွေရှိနေသလို နှလုံးသားနဲ့ဦးနှောက်ကိုအာဟာရဖြစ်စေတဲ့ “စာပေ”တွေထဲမှာလည်းအရသာတွေရှိနေပါတယ်။ “စာပေ”တွေထဲမှာရှိနေတဲ့အရသာတွေကကိုးမျိုးတောင်ရှိပါတယ်။ အဲဒီအရသာကိုးမျိုးကိုတော့ “ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩနောအရသာ၊ ကျမ်းဂန်လာ”လို့ ရှေးစာဆိုမြန်မာပညာရှိတွေက ဆိုထုံးပြုခဲ့ကြပါတယ်။

“ချစ်”ဆိုတာက ချစ်ခင်မြတ်နိုးစိတ်ဖြစ်ပေါ်လာပြီး ခံစားလိုက်ရတဲ့ “သိင်္ဂါရရသ”၊ “ရွှင်”ဆိုတာကစိတ်ရွှင်ကိုယ်လန်းလာကာ  ရယ်ရွှင်ချင်စိတ်ဖြစ်ပေါ်လာပြီး ခံစားလိုက်ရတဲ့ “ဟဿရသ”၊ “သနား”ဆိုတာက ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသနားကြင်နာစိတ်တွေဖြစ်ပေါ်လာပြီးခံစားလိုက်ရတဲ့ “ကရုဏာရသ”၊“တည်ကြား” ဆိုတာကတည်ကြည်ငြိမ်းအေးစိတ်ဖြစ်ပေါ်လာပြီး   ခံစားရတဲ့“သန္တရသ”၊ “ကြမ်းကြုတ်”ဆိုတာက ရုန့်ရင်းရက်စက်ခက်ထန်တာတွေကိုတွေ့ပြီး ခံစားရတဲ့“ရုဒ္ဒရသ”၊ “စက်ဆုပ်”ဆိုတာကစက်ဆုပ်ရွံရှာလာကာ အော့နှလုံးနာရအောင်ခံစားရတဲ့ “ဝီဘစ္ဆရသ”၊ “ကြောက်ရွံ့” ဆိုတာက ထိတ်လန့်ကြောက်ရွံ့လာအောင်ခံစားရတဲ့ “ဘယာနကရသ”၊ “ရဲဝံ့”ဆိုတာကရဲသွေးရဲမာန်တွေနိုးကြားတက်ကြွလာပြီး အားထုတ်ကြိုးစားလိုစိတ်တွေထက်သန်လာအောင်ခံစားရတဲ့ “ဝီရရသ”၊ “အံ့ဩ”ဆိုတာက ဖြစ်တန်ကောင်းတယ်လို့ ထင်မှတ်မထားဘဲ ထူးဆန်းအံ့ဩစရာတွေကိုတွေ့ရပြီးခံစားရတဲ့ “အဗ္ဘုတရသ”ဆိုတဲ့ရသကိုးမျိုးပါ။ အဲဒီရသကိုးမျိုးက “စာပေ”တွေထဲမှာပဲရှိပါတယ်။

“စာပေ”ထဲမှာပဲရှိတဲ့ ရသကိုးမျိုးက  နှလုံးသားနဲ့ဦးနှောက်ကိုခွန်အားဖြစ်စေတဲ့ အာဟာရတွေပါပဲ။စာပေတွေထဲမှာရှိနေတဲ့ရသကိုးမျိုးက ကိုယ့်ဆီကိုအလိုလိုရောက်မလာပါဘူး။ စာပေထဲမှာရှိနေတဲ့ ရသကိုးမျိုးကို ကိုယ်ကိုယ်တိုင်တွေ့အောင်ရှာဖွေရမှာပါ။ ဘယ်လိုရှာဖွေရမလဲဆိုရင်တော့စာပေတွေကိုဖတ်မှတ်လေ့လာပြီး ရှာဖွေရမှာပဲဖြစ်ပါတယ်။ စာတစ်အုပ်ကိုပဲဖတ်ဖတ်၊ ကဗျာတစ်အုပ်ကိုပဲဖတ်ဖတ်၊ စာတစ်ပုဒ်ကိုပဲဖတ်ဖတ်၊ ကဗျာတစ်ပုဒ်ကိုပဲဖတ်ဖတ် ဖတ်ပြီးတာနဲ့အနည်းဆုံးရသတစ်မျိုးမျိုးကိုတော့ခံစားရမှာမလွဲပါဘူး။သိင်္ဂါရရသကိုခံစားရတော့ချစ်ခင်မြတ်နိုးတန်ဖိုးထားတဲ့စိတ်ဖြစ်ပေါ်လာတယ်။ အဲဒီစိတ်ဖြစ်ပေါ်လာတော့မုန်းတီးတဲ့စိတ်၊ ဝန်တိုတဲ့စိတ်၊ ရန်လိုတဲ့စိတ်ဖြစ်ပေါ်မလာတော့ဘူး။ သိင်္ဂါရရသက မုန်းတီးတဲ့စိတ်၊ ဝန်တိုတဲ့စိတ်၊ ရန်လိုတဲ့စိတ်ကိုတားဆီးနိုင်တယ်။ ဟဿရသကိုခံစားလိုက်ရတော့ညစ်ညူးနောက်ကျုနေတဲ့စိတ်ကကြည်လင်လန်းဆန်းလာတယ်။

တင်းမာနေတဲ့အကြောအခြင်တွေကလည်းပျော့ပျောင်းလာတယ်။ မျက်နှာပြင်မှာ  ပြုံးရိပ်သန်းလာတယ်။ ပြုံးရိပ်သန်းလာရာကနေရယ်ချင်လာတယ်။ ရယ်ချင်လာလို့ရယ်လိုက်ရတော့ ပေါ့ပါးသွက်လက်လာတယ်။ “ရယ်သောသူအသက်ရှည်၏” လို့ဆိုတဲ့အတိုင်း ဟဿရသကရလာတဲ့အသက်ရှည်ဆေးပါပဲ။ ကရုဏာရသကိုခံစားလိုက်ရတော့ သနားကြင်နာတတ်တဲ့စိတ်၊ ထောက်ထားငဲ့ညှာတဲ့စိတ်၊ ကိုယ်ချင်းစာနာတဲ့စိတ်တွေဖြစ်ပေါ်လာတယ်။ အဲဒီစိတ်တွေဖြစ်ပေါ်လာတော့ တစ်ဖက်သားနစ်နာပျက်စီးတာတွေကိုမလိုလားဘူး။ တစ်ဖက်သားရဲ့ကောင်းကျိုးချမ်းသာကိုပဲလိုလားလာတယ်။ထောင်လွှားမောက်မာစိတ်မရှိတော့ဘူး။ စိတ်ကနူးညံပျော့ပျောင်းလာတယ်။

ယဉ်ကျေးသိမ်မွေ့လာတယ်။ အဲဒါကရုဏာရသကရလာတဲ့ကောင်းကျိုးပါပဲ။သန္တရသကိုခံစားလိုက်ရတော့ အေးငြိမ်းတည်ကြည်တဲ့အရသာကိုတွေ့လာတယ်။ အေးငြိမ်းတည်ကြည်တဲ့အရသာကစိတ်ကို ကြည်လင်လန်းဆန်းစေတယ်။စိတ်ပျိုကိုယ်နုဖြစ်လာတော့တာပါပဲ။ ဒီတော့ သန္တရသကို စွဲမက်နှစ်သက်လာတာပေါ့။  သန္တရသကို စွဲမက်နှစ်သက်လာတာနဲ့အမျှဆူဆူညံညံပွက်လောရိုက်နေတာတွေ၊ ကယောက်ကယက်ဖြစ်နေတာတွေကိုကြားလည်းမကြားချင်၊မြင်လည်း  မမြင်ချင်တော့ဘူး။ တည်ငြိမ်အေးချမ်းတာတွေကိုပဲ မြင်ချင်ကြားချင်နေတယ်။ ကိုယ်ကိုယ်တိုင်ကလည်း တည်ငြိမ်အေးချမ်းတာကိုလိုလားလာသလို သူတစ်ပါးကိုလည်း တည်ငြိမ်အေးချမ်းစေချင်လာတယ်။ အဲဒါသန္တရသကပေးတဲ့ငြိမ်းချမ်းရေးလမ်းစပါပဲ။

စာပေရေးသားပြုစုကြရတဲ့စာရေးဆရာတွေက ဇာတ်ကောင်တွေရဲ့စရိုက်လက္ခဏာတွေကိုပီပြင်အောင်ရေးဖွဲ့ကြရတယ်။ အချို့ဇာတ်ကောင်တွေရဲ့စရိုက်လက္ခဏာကကြမ်းကြုတ်တယ်။  နှစ်သက်စရာမကောင်းဘူး။ မုန်းတီးဖို့ကောင်းတယ်။ အဲဒါကရုဒ္ဒရသကနေရလာတဲ့ခံစားမှု အသိပါပဲ။  အချို့ဇာတ်ကောင်တွေရဲ့ စရိုက်လက္ခဏာတွေကစက်ဆုပ်ရွံရှာဖို့ကောင်းတယ်။ အဲဒါက ဝီဘစ္ဆရသကပေးလို့ရလာတဲ့ခံစားမှုအသိပဲပေါ့။ အချို့ဇာတ်ကောင်တွေရဲ့စရိုက်လက္ခဏာကျတော့ ကြောက်ရွံ့ထိတ်လန့်စရာကောင်းတယ်။ ဘယာနကရသကနေပေးလို့ရလာတဲ့ခံစားမှုအသိပါပဲ။ အဲဒီအသိတွေရလာတော့ကြမ်းကြုတ်တာတွေ၊ စက်ဆုပ်စရာတွေ၊ ထိတ်လန့်ကြောက်ရွံ့စရာတွေကိုမကျူးလွန်တော့ဘူး။ မကျူးလွန်မိအောင်ရှောင်ကြဉ်ရမယ်ဆိုတဲ့အသိက စိုးမိုးနေလို့ပါပဲ။ဘဝခရီးလမ်းဆိုတာက   ဖြောင့်တန်းမနေဘူး။ အကွေ့အကောက်တွေရှိတယ်။ အတက်အဆင်းတွေရှိတယ်။ ပြေပြစ်ချောမွေ့မနေဘူး။ ကြမ်းတမ်းတဲ့အခက်အခဲတွေရှိတယ်။ ပိတ်ဆို့ကာဆီးဟန့်တားနေတဲ့ဆူးငြောင့်ခလုတ်တံသင်းတွေရှိတယ်။ ဒါတွေကို  ဘယ်သူမှရှောင်လွှဲလို့မရပါဘူး။ ဘယ်သူမဆိုတွေ့ကြုံကြရမှာပါ။ ရင်ဆိုင်ကျော်လွှားဖြတ်သန်းကြရမှာပါပဲ။ ဒီအခါမှာ နိုးကြားတက်ကြွဖို့လိုတယ်၊ ဇွဲထက်သန်ဖို့လိုတယ်၊ စိတ်ဓာတ်ခိုင်မာဖို့လိုတယ်၊ လုံ့လဝီရိယရှိဖို့လိုတယ်၊ဖြောင့်မတ်တည်ကြည်ဖို့လိုတယ်၊ ရဲရင့်တဲ့သတ္တိရှိဖို့လိုတယ်။ အဲဒီလိုအပ်ချက်တွေကိုတော့  စာပေတွေထဲမှာရှိနေတဲ့ ဝီရရသရဲ့အရသာကဖြည့်ဆည်းပေးနိုင်ပါတယ်။

မဖြစ်နိုင်လောက်ဘူးလို့ထင်ထားတာတွေက အံ့ဩစရာကောင်းအောင်ဖြစ်လာတယ်။ အံ့ဩစရာကောင်းအောင်ဖြစ်ပေါ်လာတာကိုမြင်ပြီး အားကျတဲ့စိတ်၊ ကြိုးစားချင်တဲ့စိတ်ဖြစ်ပေါ်လာတယ်။ အဲဒီစိတ်တွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးနေတာကတော့စာပေထဲမှာရှိနေတဲ့ အဗ္ဘုတရသပါပဲ။ စာပေထဲမှာရှိနေတဲ့အရသာတွေကိုနှစ်သက်မြတ်နိုးလာတာနဲ့အမျှ ကောင်းတာတွေကိုဆောင်ဖို့၊ မကောင်းတာတွေကိုရှောင်ဖို့၊ စိတ်ထားဖြူစင်ဖို့အသိတွေရရှိလာတာပေါ့။ အဲဒီအသိတွေကိုစာပေထဲကရရှိနိုင်ပါတယ်။

စာပေဆိုတဲ့ဝေါဟာရကို “ အကြောင်းအရာ၊ အဖြစ်အပျက်၊ အတွေးအခေါ်တို့ကို ရသမြောက်အောင်၊ သုတပွားအောင်ရေးဖွဲ့ထားသည့်စာ”လို့ မြန်မာအဘိဓာန်ထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါတယ်။ ရသမြောက်အောင်ရေးဖွဲ့ထားတဲ့စာပေကို ရသစာပေလို့ခေါ်ဆိုပါတယ်။ ရသပေါ်အောင်ဖွဲ့နွဲ့ရေးသားထားတဲ့ကဗျာလင်္ကာ၊ စကားပြေစတာတွေက ရသစာပေအမျိုးအစားထဲမှာပါတာပါ။ သုတပွားအောင်ရေးဖွဲ့ထားတဲ့စာပေကိုတော့ သုတစာပေလို့အမည်တွင်ပါတယ်။ ဗဟုသုတဖြစ်ဖွယ်ရေးသားထားတဲ့စာတွေက သုတစာပေအမျိုးအစားထဲမှာပါတာပါပဲ။

သုတစာပေထဲမှာကနည်းပညာရပ်ဆိုင်ရာ အတတ်ပညာတွေစုံနေတာပဲ။ ကိုယ်နှစ်သက်တဲ့နည်းပညာရပ်တွေကို ရှာဖွေစုဆောင်းလို့ရတယ်။ရှာဖွေစုဆောင်းလို့ရတဲ့နည်းပညာရပ်ဆိုင်ရာအတတ်ပညာတွေက အသက်မွေးဝမ်းကျောင်းပြုလို့ရတယ်။ ကြီးပွားတိုးတက်အောင်လုပ်ဆောင်နိုင်တယ်။ အဲဒါသုတစာပေတွေကိုဖတ်မှတ်ရာကနေရလာတဲ့ အကျိုးကျေးဇူးတွေပါပဲ။ ရသစာပေအမျိုးအစားကိုပဲဖတ်ဖတ်၊ သုတစာပေအမျိုးအစားကိုပဲဖတ်ဖတ် ဖတ်တဲ့စာပေတွေကအကျိုးပြုတာချည်းပါပဲ။ ဖတ်တဲ့အခါမှာ  ဖတ်ရုံနဲ့မပြီးဘူး။  ဖတ်သမျှကိုမှတ်ထားရမယ်။ ဖတ်ပြီးမှတ်ထားတာတွေကိုလည်းအသုံးချရဦးမှာပါ။

ရသစာပေကိုဖတ်ပြီးမှတ်တော့ “အသိပညာ”တွေ  ကြွယ်ဝတိုးပွားလာတယ်။ သုတစာပေကိုဖတ်ပြီးမှတ်တော့  “အတတ်ပညာ” တွေ ကြွယ်ဝတိုးပွားလာတယ်။ ဖတ်ပြီးမှတ်ထားတဲ့ “အသိပညာ”တွေနဲ့ “အတတ်ပညာ”တွေကိုအလဟဿမဖြစ်စေရဘူး။ အဲဒါတွေက ဘဝတစ်သက်တာလုံးအတွက်အသုံးကျတယ်၊ အသုံးဝင်နေတယ်။ ဒါကြောင့်ဖတ်ရာမှတ်ရာကနေ ကြွယ်ဝတိုးပွားလာတဲ့ “အသိပညာ”နဲ့ “အတတ်ပညာ”တွေကိုအကျိုးရှိအောင်အသုံးချပေးရမယ်။ အသုံးမချရင်တော့အလဟဿဖြစ်သွားမှာပေါ့။ အသုံးချရင်တော့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး    ကြီးပွားချမ်းသာနေမှာဖြစ်သလို လူနေမှုအဆင့်အတန်းကလည်း ဖွံ့ဖြိုးပြီးတိုးတက်မြင့်မားနေမှာပါ။ လူနေမှုဘဝနဲ့ လူနေမှုအဆင့်အတန်းကို ကြီးပွားဖွံ့ဖြိုးပြီး  တိုးတက်မြင့်မားအောင် စွမ်းဆောင်နိုင်တဲ့သူတွေကတော့  လူကောင်းလူတော်၊ လူတော်လူကောင်းတွေပါပဲ။

ကိုယ့်ကိုယ်ကိုယ်လူကောင်းဖြစ်အောင်ကြိုးစားကြရမှာဖြစ်သလို လူတော်ဖြစ်အောင်လည်းကြိုးစားကြရမှာပါ။ ရသစာပေကိုဖတ်မှတ်လေ့လာဆည်းပူးရင်လူကောင်းဖြစ်လာနိုင်သလို သုတစာပေကိုဖတ်မှတ်လေ့လာဆည်းပူးရင်လူတော်ဖြစ်လာနိုင်ပါတယ်။

လူကောင်းဆိုတာက    စိတ်ရင်းဖြူစင်တဲ့လူ၊ ဖြောင့်မတ်တည်ကြည်တဲ့လူ၊ရိုးသားတဲ့လူကိုခေါ်တာ။  အဲဒီလူကောင်းတွေက  သာယာငြိမ်းအေးအောင်   ဆောင်နှင်းပေးနိုင်တယ်။ ဉာဏ်ရည်ထက်မြက်တဲ့လူ၊  တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူ၊ အတွေးအခေါ်မြင့်မားတဲ့လူကိုတော့  လူတော်လို့ခေါ်တာပေါ့။ လူတော်လို့ခေါ်ရတဲ့ တော်တဲ့လူကဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်ပေးနိုင်တယ်။

ကောင်းလည်းကောင်း၊တော်လည်းတော်တဲ့  လူကောင်းလူတော်တွေကသာ သာယာငြိမ်းအေးဖို့နဲ့ဖွံ့ဖြိုးတိုးတက်ဖို့  နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်းဆောင်ရွက်ပေးနိုင်တာပါ။ အဲဒီနှစ်မျိုးလုံးဖြစ်ပေါ်လာအောင်တစ်ပြိုင်နက်တည်း စွမ်းဆောင်ပေးနိုင်တဲ့လူကောင်းလူတော်၊ လူတော်လူကောင်းတွေကို “ပညာပြည့်ဝနှလုံးလှ” သူတွေလို့  ချီးမွမ်းဂုဏ်ယူထောမနာပြုကြတယ်။ “ပညာပြည့်ဝနှလုံးလှ”သူက အသိပညာနဲ့အတတ်ပညာနှစ်မျိုးလုံးကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တယ်။ ဒါ့အပြင် စိတ်ရင်းကောင်းရှိပြီး  စိတ်ထားဖြူစင်တယ်။ ရသစာပေနဲ့သုတစာပေကိုဖတ်ရာမှတ်ရာကနေရရှိလာတဲ့ “ပညာပြည့်ဝနှလုံးလှ”သူရဲ့အရည်အသွေးတွေပါပဲ။ ပညာပြည့်ဝနှလုံးလှတဲ့သူတွေကတော့  သီလနဲ့ပညာပြည့်ဝကြသူများလည်းပဲဖြစ်ပါတယ်။

လူတစ်ယောက်မှာမရှိမဖြစ်ရှိနေရမှာက “သီလ”နဲ့ “ပညာ”ပါ။   သီလလုံပြီးပညာပြည့်စုံတဲ့လူက  အမြတ်ဆုံးလူသားပါလို့ဗုဒ္ဓရှင်တော်ဘုရားက “သောဏဒဏ္ဍသုတ္တန်တော်”ထဲမှာ မိန့်ဖော်မြွက်ကြားတော်မူခဲ့ပါတယ်။ အမြတ်ဆုံးလူသားဖြစ်ချင်ရင်တော့ သီလကိုလုံခြုံအောင်စောင့်ထိန်းဆောက်တည်ရမှာဖြစ်သလိုယနေ့ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့နည်းပညာအရပ်ရပ်ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင်သင်ယူလေ့လာဆည်းပူးကြရမှာပဲဖြစ်ပါတယ်။ သင်ယူလေ့လာဆည်းပူးနည်းတွေကလည်းအများကြီးပါ။စာပေဖတ်ရှုလေ့လာဆည်းပူးမှတ်သားတာကလည်း သင်ယူလေ့လာဆည်းပူးနည်းတစ်မျိုးပါပဲ။လူတကာနှစ်မြို့သဘောကျတဲ့နှလုံးလှသူဖြစ်ရုံနဲ့တော့ ကောင်းကျိုးချမ်းသာမရနိုင်သေးပါဘူး။

မကြီးပွား၊မတိုးတက်နိုင်သေးပါဘူး။ အသက်မွေးဝမ်းကျောင်းပြုလို့ရနိုင်တဲ့အတတ်ပညာတစ်ရပ်ရပ်ကို ကျွမ်းကျင်တတ်မြောက်ထားရဦးမှာပါ။ ကျွမ်းကျင်တတ်မြောက်ထားတဲ့အသက်မွေးဝမ်းကျောင်းပညာနဲ့ မိမိဘဝကိုတည်ဆောက်နိုင်ပါတယ်။ ကျွမ်းကျင်တတ်မြောက်ထားတဲ့အတတ်ပညာကိုအမှီသဟဲပြုပြီး အသက်မွေးဝမ်းကျောင်းပြုရင် ကောင်းကျိုးချမ်းသာရရှိလာမှာဖြစ်သလို ကြီးပွားတိုးတက်လာမှာလည်း အသေအချာပါပဲ။ အတတ်ပညာဟူသမျှက သေးငယ်တယ်၊ ကြီးမားတယ်လို့ပြောမရပါဘူး။ အမှန်တကယ်ကျွမ်းကျင်တတ်မြောက်ထားရင် ကောင်းကျိုးပြုတာချည်းပါပဲ။ ဒါပေမဲ့  ကောင်းတဲ့အတတ်ပညာဖြစ်ဖို့တော့လိုတာပေါ့။ ကောင်းတဲ့အတတ်ပညာကသာ ကောင်းတဲ့အသက်မွေးဝမ်းကျောင်းပြုနိုင်တာပါ။

ကောင်းတဲ့အတတ်ပညာလား၊မကောင်းတဲ့အတတ်ပညာလားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်စဉ်းစားချင့်ချိန်ရမှာပါ။   စဉ်းစားချင့်ချိန်နိုင်ဖို့ကိုတော့ အသိပညာလိုပါတယ်။

“ကြားမြင်ရာမှဖြစ်စေ၊ ဖတ်ရှုလေ့လာရာမှဖြစ်စေ ရသောပညာ”ကို အသိပညာလို့ခေါ်ပါတယ်။အဲဒီအသိပညာက  အမှားနဲ့အမှန်၊  အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ခွဲခွဲခြားခြား၊ ကွဲကွဲပြားပြားသိမြင်နိုင်စွမ်းရှိပါတယ်။ နာယူမှတ်သားလေ့လာခြင်း၊ ဖတ်ရှုမှတ်သားလေ့လာခြင်းကနေ  အသိပညာကိုရယူနိုင်ပါတယ်။ အသိပညာကြွယ်ဝလာတာနဲ့အမျှ ကောင်းတဲ့အတတ်ပညာလား၊ မကောင်းတဲ့အတတ်ပညာလားဆိုတာကို သိမြင်နိုင်ပါတယ်။ ကောင်းတဲ့အတတ်ပညာကိုသင်ယူနိုင်ဖို့အတွက် အသိပညာကြွယ်ဝအောင် လေ့လာဆည်းပူးပြီးဖြည့်ဆည်းနေကြရမှာပါပဲ။ အသိပညာကြွယ်ဝပြီး ကောင်းတဲ့အတတ်ပညာကျွမ်းကျင်တတ်မြောက်တဲ့သူကို ပညာပြည့်ဝတဲ့သူလို့ခေါ်ပါတယ်။

နှလုံးသားဖြူစင်လှပနေလင့်ကစား ကောင်းကျိုးပြုနိုင်တဲ့အတတ်ပညာမတတ်မြောက်ရင် အသုံးမတည့်နိုင်ပါဘူး။    အလားတူပါပဲ။   အတတ်ပညာကို ကမ်းကုန်အောင်တတ်မြောက်ကျွမ်းကျင်နေလင့်ကစား နှလုံးသားကမဖြူစင်၊ မလှပရင်လည်း အသုံးမတည့်နိုင်ပါဘူး။    ဖြူစင်လှပတဲ့နှလုံးသားနဲ့အတူ  ကျွမ်းကျင်တတ်မြောက်နေတဲ့   အတတ်ပညာက ဒွန်တွဲနေမှသာအသုံးတည့်ပါတယ်။ ပညာပြည့်ဝပြီးနှလုံးသားလှဖို့နဲ့   နှလုံးသားလှပြီးပညာပြည့်ဝဖို့က အရေးကြီးလွန်းလှပါတယ်။ “ပညာပြည့်ဝနှလုံးလှ”တဲ့သူတွေဖြစ်အောင် ကြိုးစားကြရပါမယ်။

ရသစာပေနဲ့သုတစာပေကိုဟန်ချက်ညီအောင်ဖတ်မှတ်လေ့လာဆည်းပူးထားတဲ့သူက “ပညာပြည့်ဝနှလုံးလှ”တဲ့သူတွေဖြစ်လာတာပါပဲ။ “ပညာပြည့်ဝနှလုံးလှ”တဲ့သူတွေကသာ မိမိအတွက်ရောအများတကာအတွက်ပါကောင်းကျိုးချမ်းသာရရှိအောင်၊ ကြီးပွားတိုးတက်အောင်ဆောင်ရွက်နိုင်ကြပါတယ်။ပညာပြည့်ဝနှလုံးလှသူတွေဖြစ်ဖို့အတွက်   ရသစာပေနဲ့သုတစာပေကိုဟန်ချက်ညီအောင်  ဖတ်မှတ်လေ့လာဆည်းပူးကြရမှာပဲမဟုတ်ပါလား။       ။

Source: https://myawady.net.mm/stories

Photo - ICS career GPS

ရေနံ့သာမောင်ကျော်ညွှန့်

ရေဆန်လှည့်ပါ (မာတာပိတု ဥပဌာနံ)  (၃၈)ဖြာမင်္ဂလာ
-

ပိတ်ရက် တနင်္ဂနွေနေ့မှာ  စိုးသူတို့သူငယ်ချင်းတစ်သိုက် ဂွကန်ဘုန်းကြီးကျောင်းသို့သွားကြသည်။ သူတို့တတ်နိုင်သမျှ ကျောင်းဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ပြီး ချုံနွယ်များကို ရှင်းလင်းပေးကြသည်။ ထိုပွဲသို့ လေးလေးဦးချစ်တိုးလည်းလိုက်လာကာ စိုးသူတို့ကို ဝိုင်းကူပေးသည်။ ကျောင်းထိုင်ဆရာတော်က ခြံဝင်းအတွင်း ရှင်းလင်းလိုသည်များကို ပြောပြလေသည်။

“မောင်အေးပါလား၊ ဆွမ်းချိုင့်လာပို့တာလား”

“တင်ပါ့”

ကျောင်းထိုင်ဆရာတော်က    ဦးချလာသောမောင်အေးကို လှမ်းမေးလိုက်သည်။

“မင်းအမေရော  နေကောင်းလား”

“တင်ပါ့၊ ကောင်းပါတယ်ဘုရား”

“အေး...အေး၊ ဆွမ်းချိုင့်ကို ကျောင်းထဲသွားပို့လိုက်”

မောင်အေးက ဆရာတော်ကို ဦးချပြီးနောက်ဆွမ်းချိုင့်ကိုဆွဲကာ ကျောင်းထဲသို့ ဝင်သွားလေသည်။

“အဲဒါ စိုးလေးတို့နောက်ဘက်ခြံက မဟုတ်လား”“ဟုတ်တယ် လေးလေး၊ သူ့အမေက မျက်စိကွယ်နေတယ်”

“ဟုတ်လား၊ လေးလေး ထင်တော့ထင်သားကွ၊ဒီလူက လိမ္မာသားပဲ၊ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်တယ်”“လေးလေးကလည်း၊ နေ့တိုင်းမြင်နေရတာ အဆန်းလုပ်လို့”စိုးသူက လေးလေးစကားကို ပြန်ချေပလိုက်မိသည်။ လေးလေးက“နေ့တိုင်းမြင်နေရတော့လည်း အဆန်းမဟုတ်ဘူးပေါ့ စိုးသူလေးရာ၊ သေချာကြည့်ရင်တော့ ဆန်းတာပေါ့၊ မိခင်ရဲ့ကျေးဇူးဟာ ဘယ်လောက်အထိကြီးမားတယ်ဆိုတာ စိုးလေးတို့ကျောင်းမှာ မသင်ရဘူးလား”“ဆရာပြောပြပါတယ်လေးလေး”လေးလေးက ခုတ်ထွင်ပြီးသော ချုံနွယ်များကိုစုပုံနေရင်း“မိခင်ဆိုတာ သားသန္ဓေလွယ်ကတည်းက ရင်ထဲက သန္ဓေသားကို ကျန်းမာသူလေးဖြစ်ပါစေ၊ချမ်းသာသူလေးဖြစ်ပါစေ၊ ကိုယ်လက်အင်္ဂါပြည့်စုံပါစေလို့ ရင်ထဲက ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာနဲ့ သူ့သန္ဓေသားလေးကို စချစ်ခဲ့တာ”စိုးသူက လေးလေးစုပုံပေးသော အမှိုက်များကိုသိမ်းကျုံးကာ ကျောင်းထောင့်ကို နှစ်ယောက်သားသွားပုံလိုက်သည်။

“ဒီကနေ့ တိုးတက်နေတဲ့ ခေတ်မို့သာပေါ့၊ ဟိုးရှေးတုန်းကဆိုရင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ဘဝဟာ သိပ်ပင်ပန်းကြရတာ၊ ဒါကြောင့် မိခင်ရဲ့ကျေးဇူးဟာ သိပ်ကြီးမားတယ်၊ ဆပ်လို့မကုန်နိုင်ဘူးလို့ ဘိုးဘေးတွေက မိန့်မှာခဲ့ကြတာပေါ့”“ဒီကနေ့အချိန်မှာ မိခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့အမေများနေ့လို့ တချို့ကရက်သတ်မှတ်ပြီး အမေတွေကို ဂုဏ်ပြုဦးညွှတ်ဝပ်တွားကန်တော့ကြတယ်၊ဘုရားရှင်ကလည်း မိခင်ရဲ့ဂုဏ်ပုဒ်ကို ချီးကျူးထုတ်ဖော်ဟောပြဖူးတယ်။ အမေတိုင်းဟာ သူတို့ရဲ့သွေးနို့ရည်ကို တိုက်ပြီး လေးလေးတို့ စိုးလေးတို့ကို ကြီးထွားအောင်၊ လောကကြီးအလယ်မှာ မတ်တတ်ရပ်နိုင်အောင်၊ လောကကြီးကိုရှုမြင်နိုင်အောင်  သွန်သင်ဆုံးမခဲ့ကြတာ။ ကဲ စိုးလေးရော အမေ့ကိုချစ်လား၊အမေ့ကျေးဇူးကို  သိရဲ့လား”လေးလေးဦးချစ်တိုး၏    အမေးကို   စိုးသူကခေါင်းညိတ်၍  အဖြေပြန်ပေးလိုက်မိသည်။

မိခင်ဖခင်၏ ကျေးဇူးကိုသိ၍ မိခင်ဖခင်တို့အားကျွေးမွေးစောင့်ရှောက်တတ်သော သားသမီးတို့သည် ယခုဘဝနောက်ဘဝ နှစ်ဌာနလုံး၌ နတ်တို့၏ ချီးကျူးပူဇော်မှုကို ခံယူရရှိကြသည်။ လေးလေးစကားသည်စိုးသူနှလုံးသားထဲ၌ သံမှိုစွဲသလို စွဲထင်သွားသည့်နည်းတူ  မိခင်ဖခင်ကို  လုပ်ကျွေးပြုစုနိုင်သောသားရတနာဖြစ်အောင်ကြိုးစားသွားမည်ဟုလည်း ဆုံးဖြတ်လိုက်မိပါတော့သည်။

Source: https://myawady.net.mm/stories

ကိုဇော်ဌေး(ယဉ်ကျေးမှု)

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် သဘာဝဘေးအန္တရာယ်များ
-

သဘာဝဘေးအန္တရာယ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် သိသာထင်ရှားသော သက်ရောက်မှုများရှိသည်။ ငလျင်၊ မုန်တိုင်း၊ ရေကြီးရေလျှံမှုနှင့်မိုးခေါင်ရေရှားမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် အခြေခံအဆောက်အအုံများ၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို ပျက်စီးစေပြီး စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ္ဍာရေးအရင်းအမြစ်နည်းပါးမှုကြောင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည်နှေးကွေးတတ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များသည် လူသေဆုံးမှု၊ ဒဏ်ရာရမှုနှင့်အိုးမဲ့အိမ်မဲ့ဖြစ်မှုများကိုဖြစ်ပေါ်စေပြီးဆင်းရဲမှုနှင့်မညီမျှမှုကို ပိုမိုဆိုးရွားစေသည်။

သဘာဝဘေးအန္တရာယ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် သိသာထင်ရှားသော သက်ရောက်မှုများရှိသည်။ ငလျင်၊ မုန်တိုင်း၊ ရေကြီးရေလျှံမှုနှင့်မိုးခေါင်ရေရှားမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် အခြေခံအဆောက်အအုံများ၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို ပျက်စီးစေပြီး စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ္ဍာရေးအရင်းအမြစ်နည်းပါးမှုကြောင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည်နှေးကွေးတတ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များသည် လူသေဆုံးမှု၊ ဒဏ်ရာရမှုနှင့်အိုးမဲ့အိမ်မဲ့ဖြစ်မှုများကိုဖြစ်ပေါ်စေပြီးဆင်းရဲမှုနှင့်မညီမျှမှုကို ပိုမိုဆိုးရွားစေသည်။ သောက်သုံးရေပြတ်လပ်မှု၊ ကူးစက်ရောဂါများဖြစ်ပွားမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ထိခိုက်ခြင်းစသည်တို့ကြောင့် ပြည်သူများ၏ကျန်းမာရေးကိုထိခိုက်စေသည်။ ကျောင်းများနှင့် ပညာရေးအဆောက်အအုံများပျက်စီးခြင်းကြောင့် ကလေးများ၏ပညာသင်ကြားမှု ရပ်တန့်သွားတတ်ကာ အကျိုးဆက်အားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုကိုဦးတည်ပြီး ရေရှည်ဖွံ့ဖြိုးမှုကိုထိခိုက်စေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဝိသေသများ

ဖွံ့ဖြိုးဆဲနိုင်ငံများသည် GDP နှင့် စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျကာ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများထက် စိုက်ပျိုးရေးကို အဓိကမှီခိုနေရသည်။ လူမှုဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index)ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် သက်တမ်းရှည် နေထိုင်နိုင်မှုတို့တွင် အဆင့်နိမ့်ကျကာ စာတတ်မြောက်မှုနှုန်းနည်းပါးပြီး  ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း  အားနည်းနေတတ်သည်။ အခြေခံအဆောက်အအုံများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးစနစ်များတွင် အကန့်အသတ်ရှိကာ မြို့ပြဖွံ့ဖြိုးမှုနှုန်းလည်း နှေးကွေးသည်။ မွေးဖွားနှုန်းမြင့်မားပြီး သေဆုံးနှုန်းလည်း မြင့်မားနိုင်သည်။ ချမ်းသာသူနှင့် ဆင်းရဲသူအကြား ကွာဟချက် ကြီးမားသည်။  အလုပ်အကိုင်အခွင့်အလမ်း အကန့်အသတ်ရှိပြီး အလုပ်လက်မဲ့နှုန်းမြင့်မားနိုင်သည်။  သုတေသနနှင့် ဖွံ့ဖြိုးရေးတွင်  ရင်းနှီးမြှုပ်နှံမှုနည်းပါးကာ  နည်းပညာတိုးတက်မှု နှေးကွေးသည်။  ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးသည် သဘာဝသယံဇာတများ (ဥပမာ- သတ္တုတွင်း၊ စိုက်ပျိုးရေး)ကို အဓိကမှီခိုနေရသည်။  ပို့ကုန်မှာလည်း အဓိကအားဖြင့် ကုန်ကြမ်းများသာဖြစ်တတ်သည်။ ကျား၊ မ တန်းတူညီမျှမှု သို့မဟုတ် လူ့အခွင့်အရေးဆိုင်ရာများတွင်လည်း စိန်ခေါ်မှုများရှိနိုင်သည်။

သဘာဝဘေးအန္တရာယ်များ၏အတိုင်းအဆ

သဘာဝဘေးအန္တရာယ်များသည် လူတစ်ဦးချင်းစီအပေါ်တွင် ကြီးမားသည့်သက်ရောက်မှုများရှိသလို နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအပေါ်တွင်လည်း သက်ရောက်မှု အတိုင်းအဆကြီးမားတတ်သည်။

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက  သက်ရောက်မှုပမာဏအလွန်များပြားတတ်သည်။ အခြေခံအဆောက်အအုံများ(လမ်းများ၊ တံတားများ၊ စက်ရုံများ)ပျက်စီးမှုကြောင့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုရပ်တန့်သွားနိုင်သည်။ လယ်ယာမြေများ ပျက်စီးခြင်းနှင့် သီးနှံဆုံးရှုံးမှုသည် စားနပ်ရိက္ခာဖူလုံမှုနှင့် ပို့ကုန်ဝင်ငွေကို ထိခိုက်စေသည်။ ပြန်လည်ထူထောင်ရေးအတွက် ကြီးမားသော ဘဏ္ဍာရေး အရင်းအမြစ် လိုအပ်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ရန်ပုံငွေကို လမ်းကြောင်းပြောင်းသွားစေသည်။ သဘာဝဘေးအန္တရာယ်များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် ဆင်းရဲမှုတိုးပွားခြင်းသည် လူမှုတည်ငြိမ်မှုကို ထိခိုက်စေသည်။ ကျောင်းများနှင့် ဆေးရုံများ ပျက်စီးခြင်းကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြတ်တောက်စေကာ အကျိုးဆက်အားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည်။ လူထုအတွင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများသည် ရေရှည်တွင် လူမှုဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်သည်။ ရေကြီးမှု၊ မြေပြိုမှုနှင့် မိုးခေါင်မှုကဲ့သို့သော ဘေးအန္တရာယ်များသည် သဘာဝအရင်းအမြစ်များ(မြေဆီလွှာ၊ ရေအရင်းအမြစ်၊ သစ်တောများ)ကို ပျက်စီးစေပြီး ရေရှည်တည်တံ့သော  ဖွံ့ဖြိုးမှုကိုထိခိုက်စေသည်။  ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုပြင်းထန်လာစေကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်   ရင်းနှီးမြှုပ်နှံရန်လိုအပ်မှုတိုးလာသည်။ သဘာဝဘေးအန္တရာယ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးစနစ်များအတွက် ကြီးမားသောစိန်ခေါ်ချက်များကို ဖြစ်စေနိုင်သည်။  ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရင်းအမြစ်များ  ဦးစားပေးအသုံးပြုရသဖြင့် အခြားဖွံ့ဖြိုးရေးမူဝါဒများ နှောင့်နှေးနိုင်သည်။ သဘာဝဘေးအန္တရာယ်များသည် အားနည်းသော လူထုအပေါ် ပိုမိုသက်ရောက်မှုရှိပြီး ဆင်းရဲမှုသံသရာကို ပိုမိုဆိုးရွားစေသည်။ သဘာဝဘေးကြောင့်  အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ဝင်ငွေနည်းပါးမှုမှတစ်ဆင့် လူမှုအဖွဲ့အစည်းအတွင်း မညီမျှမှုကို ပိုမိုဖြစ်ပေါ်စေသည်။

လျော့ပါးသက်သာစေရေးနည်းအသွယ်သွယ်

သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစီအမံများ၊ နည်းလမ်းများကို အကောင်အထည်ဖော်ထားရှိရန်  လိုအပ်သည်။ ဘေးအန္တရာယ်စောင့်ကြည့်ရေးနှင့် ကြိုတင်သတိပေးစနစ်များ (ဥပမာ- မုန်တိုင်းသတိပေးချက်၊ ငလျင်စောင့်ကြည့်ရေးစနစ်) တည်ဆောက်ရန်၊ ဒေသခံလူထုအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရန်နှင့် ကယ်ဆယ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်၊ ငလျင်၊ ရေကြီးမှု၊ မုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အအုံများ (ဥပမာ- ခိုင်ခံ့သောနေအိမ်၊ တံတားများ) တည်ဆောက်ရန်၊ ရေရှည်တည်တံ့သော မြို့ပြစီမံကိန်းများဖြင့် အန္တရာယ်ဖြစ်ပေါ်နိုင်သည့်နေရာများကို ရှောင်ရှားရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းများ (ဥပမာ- မိုးခေါင်ဒဏ်ခံသီးနှံများ) နှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုကိုမြှင့်တင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ဥပမာ- နေစွမ်းအင်၊ လေစွမ်းအင်)အသုံးပြုမှုကိုတိုးမြှင့်ရန်၊ အမျိုးသားအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်းပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေစုဆောင်းရန်၊ ဘေးအန္တရာယ်အာမခံအစီအစဉ်များကို အကောင်အထည်ဖော်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဘဏ္ဍာရေး၊ နည်းပညာနှင့် လေ့ကျင့်ရေးအကူအညီများရယူရန်၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများဖြင့် အရင်းအမြစ်များနှင့် အသိပညာမျှဝေရန်၊ အမျိုးသမီးများ၊ ကလေးများနှင့်  အားနည်းသောအုပ်စုများအတွက် အထူးအကာအကွယ်နှင့်ပံ့ပိုးမှုများပေးရန် စသည့်အချက်များ အလေးထားဆောင်ရွက်ခြင်းဖြင့်   ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျော့ပါးသက်သာစေနိုင်သည်။

အကျိုးကျေးဇူးများ

ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးရမှုလျော့နည်းစေရေးနှင့် ခံနိုင်ရည်ရှိစေရေး စီမံဆောင်ရွက်မှုများမှတစ်ဆင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအနေဖြင့် စီးပွားရေးတည်ငြိမ်မှုရရှိပြီး ပြန်လည်ထူထောင်ရေးကုန်ကျစရိတ်များ လျော့နည်းနိုင်သည်။ လူမှုဖွံ့ဖြိုးမှုအားကောင်းလာပြီး ဆင်းရဲမှုနှင့် မညီမျှမှုများ လျော့နည်းနိုင်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ပိုမိုကောင်းမွန်လာပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိလာနိုင်သည်။ သဘာဝဘေးကြိုတင်ခန့်မှန်းနိုင်ပြီး   အရေးပေါ်အခြေအနေတုံ့ပြန်မှုစနစ်များ ကောင်းမွန်လာခြင်းကြောင့် သေဆုံးမှုနှုန်းလျော့ကျစေသည်။ ပြည်သူများအား ဘေးအန္တရာယ်သတိပေးစနစ်များ၊ ပညာပေးလုပ်ငန်းများဖြင့် ကြိုတင်ပြင်ဆင်နိုင်စွမ်း တိုးမြင့်လာစေသည်။ ကြိုတင်ကာကွယ်မှုများအစီအစဉ်တကျ ဆောင်ရွက်ထားရှိခြင်းအားဖြင့် လူနေအဆောက်အအုံများ၊ အခြေခံအဆောက်အအုံများ (လမ်း၊ တံတား၊ ဆည်များ) ပျက်စီးမှုကို လျှော့ချနိုင်သည်။  စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ပိုမိုတည်ငြိမ်စေသည်။ သဘာဝဘေးကြောင့် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရသူများ (Displaced Persons) နည်းပါးလာပြီး ဒုက္ခသည်ပြဿနာ လျော့ကျစေသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာကာ ကပ်ဘေးကြောင့်ဖြစ်ပွားသောရောဂါများ (ဥပမာ - ရေကြီးပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါ)ကို ကာကွယ်နိုင်သည်။  သစ်တောပြုန်းတီးမှုကို ကာကွယ်ခြင်း၊ ရေရှည်တည်တံ့သော  စိုက်ပျိုးရေးနည်းလမ်းများ ကျင့်သုံးခြင်းဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည် (Climate Resilience)တိုးမြင့်လာစေသည်။  ရေဝေရေလဲနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများက ရေကြီး/မိုးခေါင်မှုကို လျော့ပါးစေသည်။ သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ငွေကြေး၊   နည်းပညာပံ့ပိုးမှုများ  ပိုမိုရရှိနိုင်သည်။ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ   အသိပညာပေးခြင်း၊   လေ့ကျင့်သင်ကြားခြင်းများဖြင့် ပြည်သူများ၏ဘေးဒဏ်ခံနိုင်ရည် (Resilience) တိုးတက်လာစေသည်။ 

နိဂုံး

သဘာဝဘေးအန္တရာယ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးမှုအလားအလာများကို သိသာစွာထိခိုက်စေသည်။ သို့သော် ကြိုတင်ပြင်ဆင်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများဖြင့် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုကို လျော့ပါးစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်သည်။ ဤဗျူဟာများကို ဒေသအလိုက် လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်အကောင်အထည်ဖော်ရန်လိုအပ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်  သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက်     ကြိုတင်ကာကွယ်မှုမူဝါဒများ၊ အခြေခံအဆောက်အအုံခိုင်မာရေးများအပြင်  ပြည်သူများအနေဖြင့်လည်း  ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

ဒေါက်တာဇေယျာဝင်း

 သစ်ပင်စိုက်လျှင် ရှင်သန်ချင် လိုက်နာကြဖို့ အသိယှဉ်
-

သစ်ပင်တစ်ပင် ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်ပေသည်။ သစ်မျိုးအလိုက် ရှင်သန်အောင်မြင်ဖြစ်ထွန်းသည့် ရပ်ဝန်းရှိကြပါသည်။ မြန်မာတို့၏ ရှေးကဘိုးဘွားတို့ အစဉ်အဆက်စိုက်ပျိုးခဲ့သော သစ်ပင်များမှာ လက်ရှိ လူသားမျိုးဆက်တို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့ လက်ရှိမျိုးဆက်တို့ကလည်း နောင်လာမည့် မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေရရှိခြင်း၊ သစ်ပင်ရှင်သန်နေစဉ် အသီးအပွင့်အရွက်စသည်တို့ ခံစားရရှိခြင်း၊ နေစရာအတွက် သစ်၊ တိုင်၊ မျော အလွယ်တကူရရှိပြီး ပိုလျှံက ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် အစာရေစာနှင့် နားနေရာရရှိခြင်းစသည့် လက်ငင်းအကျိုးကျေးဇူးများရရှိပါမည်။

 မြန်မာလူမျိုးတို့သည် ကိုးကွယ်သည့်ဘာသာတရား၏ အဆုံးအမအရသော်လည်းကောင်း၊ မိရိုးဖလာအစဉ်အလာအရသော်လည်းကောင်း ဟိုးပဝေသဏီကပင် မိုးကြို၊ မိုးဦးကာလမှသည် မိုးကာလ မြေဆီစိုခိုက်အချိန်တွင် သစ်ပင်စိုက်ခြင်းကိုဆောင်ရွက်ကြပါသည်။

ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြ

သစ်ပင်စိုက်ခြင်းကို ပသာဒဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်လာစေရန်၊ သဘာဝတောများမှ ထုတ်ယူသုံးစွဲမှုလျှော့ချရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ သစ်တောများရေရှည်တည်တံ့စေပြီး စဉ်ဆက်မပြတ် အကျိုးရရှိစေရေးအတွက် ပြုစုထိန်းသိမ်းရေးနှင့် စနစ်တကျထုတ်ယူသုံးစွဲရေးဆိုင်ရာ အသိအမြင်များတိုးပွားပြီး သိရှိလိုက်နာစေရန်၊ ဒေသခံများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် သစ်ပင်များကို တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ၊ အစုအဝေးလိုက်  ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြပါသည်။ နိုင်ငံတစ်ဝန်းတွင် နေရာဒေသအလိုက် ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက်နှင့် အထိမ်းအမှတ်နေ့များ စသည်ဖြင့် လူစုလူဝေး အင်အားသုံး မိုးရာသီသစ်ပင်စိုက်ပွဲများလည်း နှစ်စဉ်ပြုလုပ်ကြပါသည်။ အားရစရာကြီးပင်။ သစ်ပင်စိုက်ခြင်းကို ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများကလည်း အားပေးအားမြှောက်ပြုခဲ့ကြပါသည်။

သစ်ပင်စိုက်တိုင်း မိမိတို့၏ရည်ရွယ်ရင်းအတိုင်း အကျိုးများသည့် သစ်ပင်များအဖြစ် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါရဲ့လား။ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ အပြည့်အဝဖြစ်ပါရဲ့လား။ သစ်ပင်စိုက်လျှင် ရှင်သန်ချင်လိုက်နာကြဖို့ အသိယှဉ်စေချင်ပါသည်။

ဥပမာ ကျွန်းဆိုပါစို့၊ မိုးရေချိန်လက်မ ၆၀ မှ ၈၀ ကြား၊ ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန်သည့် မြေအမျိုးအစားတွင် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ဒေသတွင် ကျွန်းပင်စိုက်သော် ရှင်နိုင်သော်လည်း မဖြစ်ထွန်း မအောင်မြင်နိုင်ပါ။ ထိုအပင်မျိုးက အောင်လုံကောင်းမွန်သော ကျွန်းမျိုးဆက်များကို ပေးနိုင်စွမ်းမည်လည်းမဟုတ်ပါ။ ကျွန်း၏မျိုးရိုးဗီဇအရည်အသွေးကိုပင် ယုတ်လျော့ကျဆင်းစေနိုင်ပါသည်။ အလားတူ ဒီရေတောသစ်မျိုးများကို တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသ သစ်မျိုးများကို အပူပိုင်းဒေသတို့တွင်စိုက်က ရှင်သန်အောင်လုံမှု မရှိနိုင်ပါ။ သစ်မျိုးရွေးချယ်ရာတွင် ဒေသ၏ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့်  ဒေသသစ်မျိုးများကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ပြီး  စိုက်သည့်ရည်ရွယ်ချက်မှာ လောင်စာအတွက် ဖြစ်ပါက အကြီးမြန်သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း၊ စီးပွားဖြစ် သစ်တိုင်မျောအတွက်ဆိုပါက စျေးကွက်မှတောင်းဆိုသည့် အဖိုးတန် သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း စိုက်ရမည်ဖြစ်သည်၊၊

မြေရှိလျှင် သစ်ပင်စိုက်၍ ရပါသည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်မည်။ မြေဆီမြေနှစ် မြေသြဇာကင်းမဲ့ သောမြေ၊ အပင်အတွက်လိုအပ်သော အစိုဓာတ်မထိန်းသောမြေမှာ သစ်ပင်စိုက်က ရှင်သန်ရန်ခဲယဉ်းပါသည်။ အပင်ရှင်သန်ရန် ရေလို သလို လိုသည်ထက်ပိုသောရေဝပ်နေရာများ၊ ရေစီးရေလာမကောင်း သောနေရာများတွင် အပင်စိုက်ပါကလည်း မဖြစ်ထွန်းနိုင်ပါ။ အလားတူ ရာသီဥတုကိုလည်း သတိပြုရပါမည်။ ပူပြင်းသော၊ အေးသော၊ မိုးနည်းသော၊ မိုးများသောဒေသအလိုက် ရှင်သန်ဖြစ်ထွန်းမည့် သစ်မျိုး ကိုသာ စိုက်ရမည်ဖြစ်သည်။ စိုက်ပင်တိုင်း ရှင်သန်အောင်မြင်ဖြစ်ထွန်းရေး သစ်မျိုးကို ဦးစားပေးလိုက သစ်မျိုးနှင့် သဟဇာတဖြစ်မည့် မြေနေရာရွေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မြေနေရာ ဦးစားပေးလိုက မြေနေရာနှင့် လိုက်လျောညီထွေဖြစ်မည့် သစ်မျိုးကို ရွေးစိုက်ရမည်ဖြစ်ပါသည်။

ရှောင်ရှားရမည့်နေရာ

သစ်ပင်စိုက်မည့်မြေနေရာသည် လျှပ်စစ်ဓာတ်အားလိုင်းများ၊ သွယ်တန်းထားသည့် ဓာတ်ကြိုးများအောက်၊ နဂိုရှင်သန်ကြီးထွားပြီး အပင်ကြီးများအောက်၊ လမ်းဘေးဝဲယာဖြစ်က တိုးချဲ့မည့်လမ်း  အဆင့်မြှင့်တင်မည့်လမ်းဧရိယာနှင့် လမ်းနယ်နိမိတ်များ၊ အဆောက် အအုံဆောက်မည့်နေရာ၊ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည့် နေရာ၊ ရေဝပ်သည့်နေရာတို့ဖြစ်ပါက ရှောင်ရှားရပါမည်။ ဓာတ်ကြိုးများ အောက်ခြေမှ ပေ ၅၀ ခွာရပါမည်။ ရေဝပ်နေရာဖြစ်ပါက လုံလောက် သောမြေစာဖို့ရပါမည်။ အမြန်လမ်း၊ ဒွေးလမ်းကြီးများ၏ လမ်းလယ်ကျွန်းအပင်စိုက်က အပင်ကြီးသစ်မျိုးအစား အပင်ငယ် သို့မဟုတ် ပသာဒဖြစ်မည့်သစ်မျိုးကို ရွေးရပါမည်။
သစ်ပင်စိုက်ရန် သစ်မျိုး၊ စိုက်မည့်နေရာရွေးချယ်ခြင်း( Choice of species & Site selection)ပြီးနောက် ပျိုးဥယျာဉ်ရှိ ပျိုးပင်များကို ဒဏ်ခံနိုင်စေရန် တစ်နည်းအားဖြင့် အောင်လုံသန်စွမ်းသော ပျိုးပင်ဖြစ်စေရန် ဧပြီလနောက်ဆုံးရက်သတ္တပတ်လောက်မှစ၍ မြေချမစိုက် မီ အချိန်အတွင်း ရေလျှော့လောင်းခြင်း၊ အလင်းဖွင့်ခြင်း (Hard-ening process) စသည့်လုပ်ငန်းများ ဆောင်ရွက်ရပါမည်။ (သစ်တောဦးစီးဌာနသည် သစ်ပင်စိုက်ပြီးရှင်သန်ကြီးထွားမှုကောင်းစေရန် ဒဏ်ခံနိုင်သော၊ အောင်လုံသန်စွမ်းသော အမြင့်နှစ်ပေနှင့်အထက်ရှိ ပျိုးပင်များကို မိုးကာလတွင် ပြည်သူလူထုသို့ အခမဲ့ ဖြန့်ဝေလျက်ရှိပါသည်) စိုက်မည့်အကွာအဝေးအလိုက် ပန္နက်ရိုက်ခြင်း၊ မြေပြုပြင်ခြင်း ဆောင်ရွက်ရပါမည်။

မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသများတွင် ရေစုစည်း သိုမှီးနိုင်သည့် အရွယ်အစားရှိ ကျင်းတူးရမည်။ အများအားဖြင့် ၄'x၄'x ၁'/ ၃'x၃'x၁'/၄'x၁'x၁' အရွယ်အစားရှိ ကျင်းအတွင်းအလယ်တွင် တစ်ပေပတ်လည် ချက်ကျင်းတူးရပါမည်။ အပူပိုင်းဒေသမှအပ ကျန် ဒေသများတွင် နှစ်ပေပတ်လည် တစ်ပေအနက်ကျင်း သို့မဟုတ် ပျိုးအိတ်အရွယ်အစားပေါ်မူတည်၍ လိုအပ်သည့်အရွယ်အစား ကျင်းတူးရပါမည်၊ ကျင်းများအတွင်း ရောစပ်ထားသည့်မြေဆွေးများ အလုံအလောက်ထည့်ရပါမည်။ 

မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်

ရေလောင်းပေးနိုင်ပါက မိုးကြိုသစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ရန် လုံလောက်သည့် မြေအစိုဓာတ်ရရှိသည့် မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်နိုင်ပါပြီ။ ပျိုးဥယျာဉ်တွင် ဒဏ်ခံနိုင်အောင် ပြုစုထားသည့် အောင်လုံသောပျိုးပင်တို့ သယ်ယူချိန်တွင် ပျိုးပင်များ မကျိုးမပျက်စေရန် ပျိုးအိတ်မြေလုံးမကွဲစေရန်သယ်ရပါမည်။

သစ်ပင်စိုက်ကြပါစို့၊ ပျိုးအိတ်မြေလုံးမကွဲစေရန် သတိနှင့်ကိုင်တွယ်ပါ။ ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ညှစ်ရပါမည်။ သစ်ပင်စိုက်မည့်ကျင်းအနီး ပျိုးအိတ်ပလတ်စတစ်ကို လက်သည်း သို့မဟုတ် အသွားထက်ဓားသေးသေးဖြင့် ခွဲထုတ်ရပါမည်။ စိုက်ပင်ကို တည့်တည့်မတ်မတ်ထား၍ မြေလုံးကို သတိဖြင့် ကျင်းအတွင်း အသာထည့်ပြီး စိုက်ပင်ဘေးပတ်လည် လေဟာမှုမဖြစ်စေရန် ဖို့မြေကို ဖိသိပ်ပေးရပါမည်။ အပင်အခြေ ရေဝပ်မှုမရှိစေရေး မို့မောက်သည်အထိ ရောစပ်ထားသည့်မြေဆွေးပုံပေးရပါမည်။

စိုက်ပင်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် အိမ်မွေးတိရစ္ဆာန်များ၊ အခြားဖျက်ဆီးမှုများမရှိစေရန် အကာအရံ၊ အရံအတားများ စနစ်တကျ ပြုလုပ်ပေးရပါမည်။ လိုအပ်သလို ရေလောင်းပေးခြင်း၊ အရိပ်ပေးခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်းသင်ရှင်းလင်း၊ မြေတောင်မြှောက် ခါးဆွခြင်းများ ဆောင်ရွက်ခြင်းဖြင့် ပြုစုထိန်းသိမ်းမှုပြုရပါမည်။

သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ရန် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲယာများကို အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း မိုးကြို/မိုးကာလသစ်ပင်စိုက်ပွဲတော်များကျင်းပခြင်း၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ ဖြန့်ဝေခြင်းတို့အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံ ပျိုးပင် ၂၁ သန်းနီးပါး ပျိုးထောင်ထားရှိပေသည်။ ထို့ပြင် သစ်ပင်ပျိုးထောင် မှုနှင့်ပတ်သက်၍ သစ်တောသစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တစ်သီးပုဂ္ဂလ တစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ ဆောင်ရွက်မှုများပါဝင်ပါက နှစ်စဉ် မြန်မာနိုင်ငံတွင် ပျိုးပင်များ သန်းဆယ်ချီများသော အရေအတွက်ပမာဏဖြင့် ပျိုးထောင်ကြပါသည်။ ထိုအတွက် အချိန်၊ လုပ်အား၊ ငွေကြေး၊ နည်းပညာအရင်းအနှီးများ၏တန်ဖိုးကား အနမတဂ္ဂပါ။ သစ်ပင်စိုက်ရာတွင် ရှင်သန်အောင်မစိုက်ပါက အကြောင်းမျိုးမျိုးကြောင့် စိုက်ပင်များပျက်စီးပြီး တန်ဖိုးတွက်ချက်ရသည်ရော၊ မရသည်ရော ဆုံးရှုံးမှုများကား မနည်းမနော ရှိပေချိမ့်။ 

မြေဆီစိုခိုက် သစ်ပင်စိုက်ကြရာဝယ် စိုက်ပင်များကို

- ရှင်အောင်စိုက်၊

- ကြီးအောင်ပြုစု

-မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှ တစ်တောဖြစ်အောင် စွမ်းဆောင်ရင်း သစ်ပင်များ စိုက်ကြပါစို့၊

သစ်ပင် သစ်တောများသည်-

အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလတွင် အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်းများပင်။နောင် လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်စေရေး၊ စိမ်းလန်းစိုပြည်သည့်မြေကြီးမှ ရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အကျိုးရှိစေရေးအတွက် မိုးကာလ မြေဆီစိုခိုက် သစ်ပင်များများ စိုက်ကြပါစို့။    ။

Source: Myanmar Digital News

အုန်းလွင်လေး

လူသားချင်းစာနာမှုဖြင့် စောက်ရှောက်ပေးနေသောကြက်ခြေနီအသင်းကြီး
-

လူသားတို့ ဘေးအန္တရာယ်များကျရောက်သောအခါ အသက်အန္တရာယ်မထိခိုက်စေရန် တတ်စွမ်းသမျှ ပြုစုမှု အသိပညာ၊ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ပေးနေသော    ပရဟိတအဖွဲ့ကို ပြပါဆိုလျှင်    ကြက်ခြေနီအဖွဲ့ကိုပြရပါလိမ့်မည်။ အရေးပေါ်လူနာတစ်ဦးကို   ဆေးရုံ၊   ဆေးခန်းသို့ ချက်ချင်း (သတ်မှတ်ချိန်အတွင်း) မပို့ဆောင်နိုင်သေးသောအခြေအနေတွင် လူနာ၏အသက်အန္တရာယ်ကို  ကြက်ခြေနီဝန်ထမ်းများက အတတ်နိုင်ဆုံးနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ကယ်တင်ပေးကြသည်။   ကြက်ခြေနီဝန်ထမ်း၏အလုပ်ကား အလွန်သန့်စင်မွန်မြတ်သည့်   စေတနာ့ဝန်ထမ်းအလု

လူသားတို့ ဘေးအန္တရာယ်များကျရောက်သောအခါ အသက်အန္တရာယ်မထိခိုက်စေရန် တတ်စွမ်းသမျှ ပြုစုမှု အသိပညာ၊ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ပေးနေသော    ပရဟိတအဖွဲ့ကို ပြပါဆိုလျှင်    ကြက်ခြေနီအဖွဲ့ကိုပြရပါလိမ့်မည်။ အရေးပေါ်လူနာတစ်ဦးကို   ဆေးရုံ၊   ဆေးခန်းသို့ ချက်ချင်း (သတ်မှတ်ချိန်အတွင်း) မပို့ဆောင်နိုင်သေးသောအခြေအနေတွင် လူနာ၏အသက်အန္တရာယ်ကို  ကြက်ခြေနီဝန်ထမ်းများက အတတ်နိုင်ဆုံးနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ကယ်တင်ပေးကြသည်။   ကြက်ခြေနီဝန်ထမ်း၏အလုပ်ကား အလွန်သန့်စင်မွန်မြတ်သည့်   စေတနာ့ဝန်ထမ်းအလုပ်ဖြစ်သည်။

ကြက်ခြေနီအသင်းကြီးသည်လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော်က သန္ဓေတည်စတင်ခဲ့လေသည်။  ၁၈၅၉ ခုနှစ်က အီတလီနိုင်ငံတွင်ဖြစ်ပွားသော  ဆိုဖာရီနိုစစ်မြေပြင်၌    ထိခိုက်ဒဏ်ရာရသော စစ်သားများအား ကူညီပြုစုပေးမည့်သူမရှိဘဲ အတိဒုက္ခရောက်ခဲ့သည်။  ဤစစ်မြေပြင်သို့ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့် ရောက်ရှိသွားသောအခါ ကူညီသူမဲ့၍ ညည်းညူနေသော ဒဏ်ရာရစစ်သားများကို အနီးဝန်းကျင်ရွာ၌စုဝေး၍ ကူညီပြုစုပေးခဲ့သည်။ ဟင်နရီဒူးနန့် မိမိနေရပ်ပြန်ရောက်သောအခါ ဆိုဖာရီနိုစစ်မြေပြင်တွင် ကြုံတွေ့ခဲ့ရသောအကြောင်းအရာများကို စာအုပ်ရေးသားပြုစုခဲ့သည်။

ထိုစာအုပ်ကို မမေ့နိုင်သောဆိုဖာရီနို ( A Memory of Soferino )ဟု အမည်ပေးထုတ်ဝေခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များထံဖြန့်ဝေခဲ့သည်။   ထိုစာအုပ်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည် လုပ်သင့်လုပ်ထိုက်သော အသိအမြင်နှင့် သတိယှဉ်နိုင်ခဲ့ကာ စစ်မြေပြင်မှဒုက္ခသည်များအားကူညီရန်    လူမှုရေးအသင်းကြီးတစ်သင်းဖွဲ့စည်းရန် နည်းလမ်းရှာကြသည်။  သို့နှင့် ၁၈၆၃ ခုနှစ် မေလ ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross - ICRC ) ကို စတင်တည်ထောင်နိုင်ခဲ့ကြသည်။   ဟင်နရီဒူးနန့်၏  စတင်ကြိုးပမ်းစွမ်းဆောင်မှုဖြင့် အသင်းကြီးပေါ်ပေါက်လာခဲ့သောကြောင့် ၁၉၀၁ ခုနှစ်တွင် ဟင်နရီဒူးနန့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပေးခဲ့ပြီး သူ့ကိုမွေးဖွားခဲ့သည်မှာ ၁၈၂၈ ခုနှစ် မေလ ၈ ရက်ဖြစ်၍ ယင်းကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သဘောတူသတ်မှတ်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ အမှတ်တံဆိပ်နှင့်   ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ရာ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အမှတ်အသားမဟုတ်ဘဲ    အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC )၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊   အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုကရုဏာလုပ်ငန်းများတွင်အသုံးပြုသော အမှတ်အသားကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။၁၈၆၄ ခုနှစ် ဂျီနီဗာမြို့၌ကျင်းပသော ပထမအကြိမ် သံတမန်များညီလာခံက     ယင်းကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။  ကြက်ခြေနီအမှတ်အသားအဖြစ်   ဆွစ်ဇာလန်နိုင်ငံအလံကို အရောင်ပြောင်းပြန်လုပ်ပြီး   နောက်ခံအဖြူရောင်ပေါ်တွင် အနီရောင်ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေးအသင်းများထူထောင်ရေးနှင့် ပထမအကြိမ် ဂျီနီဗာညီလာခံကျင်းပရာ၌လည်း    အဓိကပါဝင်ကူညီခဲ့သော ဆွစ်ဇာလန်နိုင်ငံနှင့်   ကြက်ခြေနီအသင်းဖခင်ကြီး ဟင်နရီဒူးနန့်တို့ကို ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။နောက်ပိုင်းတွင် ဤကြက်ခြေနီအမှတ်အသားကို ဆက်လက်အသုံးပြုရန် ၁၉၄၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ  လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာဥပဒေ၏အခြေခံဖြစ်သော ဂျီနီဗာသဘောတူညီချက်ဖြင့်ဆုံးဖြတ်ခဲ့ကြသည်။   ထို့ပြင် နောက်ထပ်အမှတ်အသားများဖြစ်သော အဖြူရောင်နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီအမှတ်အသားတို့ကိုလည်း အသိအမှတ်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံတွင်ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်များကျရောက်တိုင်းပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်မှကူညီရေးတို့ကို သက်တမ်းရှည်ကြာစွာဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်မှစတင်၍ အိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် ခံယူကာ ကြက်ခြေနီလုပ်ငန်းများကို စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ၁၉၃၇ ခုနှစ်တွင် ဗမာကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်လာနိုင်အောင်ကြိုးစားနိုင်ခဲ့သည်။  ၁၉၃၉  ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အသိအမှတ်ပြုလက်ခံခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတွင်မြန်မာကြက်ခြေနီအသင်းက အသင်းဝင်အဖြစ်ပါဝင်လာနိုင်ခဲ့သည်။

ကြက်ခြေနီအသင်း၏  မူလရည်မှန်းချက်မှာ  စစ်မြေပြင်တွင်ဒဏ်ရာရသော လူနာများကို ကူညီကယ်ဆယ်ပြုစုရန်ဖြစ်သော်လည်း နောက်ပိုင်း ပိုမိုကျယ်ပြန့်လာကာ သာမန်အချိန်များတွင် ရုတ်တရက်ဖြစ်ပေါ်လာသော မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးများကြုံသောအခါတွင်လည်း ကြက်ခြေနီအသင်းက  ပါဝင်ကူညီခဲ့ကြသည်။   မီးတောက်မီးလျှံတို့ကို ကျောချင်းကပ်ရင်ချင်းအပ်ကာ ငြှိမ်းသတ်ခဲ့ကြသည်။  ရေလှိုင်းတံပိုးတို့ကို လက်ချင်းတွဲယှက်ရင်ကော့လျက်ဖြင့် တာတမံလုပ်ပေးခဲ့သည်။  နေပူကျဲကျဲ   မိုးသည်းသည်းတွင်ခရီးပြင်းနှင်ကာ ဒုက္ခရောက်သူများအရေးအတွက် လက်မနှေးတမ်းပါဝင်ကူညီခဲ့ကြသည်။   မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးတို့သာမက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။  မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မေတ္တာကို အခြေခံ၊ စေတနာ၊ အနစ်နာနှင့် ကျားကန်၍   အကြင်နာတရားကိုမဏ္ဍိုင်ပြုဆောင်ရွက်သော ပရဟိတအကျိုးဆောင်အဖွဲ့စစ်စစ်ဖြစ်သည်။  

မြန်မာကြက်ခြေနီအသင်း၏ဆောင်ရွက်ချက်သည် အပြောသက်သက်မဟုတ် အလုပ်နှင့် သက်သေပြကာ ဆောင်ရွက်ခဲ့မှုကြောင့် ကမ္ဘာကပင် အသိအမှတ်ပြုခံခဲ့ရဖူးသည်။  ကြက်ခြေနီလူငယ် စိုင်းအောင်လှိုင်မြင့်သည် ရေထဲသို့ထိုးကျသွားသောကားထဲတွင် သေအံ့ဆဲဆဲလူနာကို အသက်စွန့်၍ ကယ်တင်ပေးခဲ့သည်။  ထို့ကြောင့်  ကမ္ဘာ့ကြက်ခြေနီအဖွဲ့ စွမ်းဆောင်မှုအမြင့်မားဆုံးဆုဖြစ်သော ဟင်နရီဒူးနန့်ဆုကို စိုင်းအောင်လှိုင်မြင့်အား ၁၉၇၇ ခုနှစ်တွင် ချီးမြှင့်ပေးခဲ့သည်။အလားတူပင် သူနာပြုအုပ်ဆရာမကြီး ဒေါ်ခင်အုန်းမြ၊   သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယောနမ်၊ သားဖွားဆရာမ ဒေါ်သိန်းရီတို့ကိုလည်း အမြင့်မားဆုံးကြက်ခြေနီဆုတံဆိပ်ဖြစ်သော ဖလောရင့်နိုက်တင်ဂေးဆုများချီးမြှင့်ခဲ့သည်။

နိုင်ငံတော်အစိုးရသည် ၁၉၅၉ ခုနှစ်တွင်   ကြက်ခြေနီအသင်းအက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ဆောင်ရွက်ခဲ့သည်။   ၁၉၈၉ ခုနှစ် နိုင်ငံတော်အက်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။  ကြက်ခြေနီအသင်း၏အခြေခံမူများအဖြစ်အောက်ပါအတိုင်းသတ်မှတ်ခဲ့သည်။ ယင်းအခြေခံမူများမှာ-

(၁) လူသားချင်းစာနာထောက်ထားခြင်း (Humanity)

(၂)ခွဲခြားမှုမရှိခြင်း (Impartiality)

(၃)ကြားနေခြင်း (Neutrality)

(၄)လွတ်လပ်ခြင်း (Independence)

(၅) စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း (Voluntary Service)

(၆)စည်းလုံးညီညွတ်ခြင်း (Unity)

(၇) ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းတို့ဖြစ်သည်။ထိုအခြေခံမူများတွင် လူသားချင်းစာနာထောက်ထားခြင်းသည် ကြက်ခြေနီအသင်း၏အဓိကရည်ရွယ်ချက်ပန်းတိုင်ပင်ဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တွင်ကိုဗစ် - ၁၉ ရောဂါကဲ့သို့သော ကူးစက်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်နေသည့်   သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြရသည့်အခါ ကြက်ခြေနီအသင်းသားများသည် အရေးပေါ်အခြေအနေများတွင် အင်တိုက်အားတိုက်ကူညီနိုင်စေရန် ကြက်ခြေနီအခြေခံသင်တန်းများ၊ အရေးပေါ်အသက်ကယ်နည်းများကို   စနစ်တကျ သင်ကြားလေ့ကျင့်ထားရပေသည်။  အရေးပေါ်အခြေအနေများကြုံရသည့်အခါတွင်လည်း  ကြီးသည်ဖြစ်စေ၊  ငယ်သည်ဖြစ်စေ၊ ဆင်းရဲချမ်းသာ ကျား မ မရွေး အကြင်နာ၊ မေတ္တာဖြင့် ကူညီစောင့်ရှောက်မှုများ လုပ်ကိုင်ဆောင်ရွက်ပေးကြသည်။   ကြက်ခြေနီဟူသည်မှာ စေတနာ့၀န်ထမ်းအကျိုးဆောင်သူများဖြစ်ရာ    လူသားအားလုံးအပေါ် မေတ္တာတရားကိုအခြေခံ၍    လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီဖေးမသောအဖွဲ့အစည်းအဖြစ် အမြဲရပ်တည်နေမည်ဖြစ်သည်။  ယခု မကြာမီကကြုံတွေ့ခဲ့ရသော မန္တလေးငလျင်ကြီးတွင် ကြက်ခြေနီမောင်မယ်များက အစုစုသော ပရဟိတအကျိုးဆောင်အဖွဲ့များနှင့်ပူးပေါင်းလျက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို     တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့သည်။နောက်နောင်တွင် မည်သို့သော သဘာဝဘေးအန္တရာယ်များကြုံလာပါစေ    ကြက်ခြေနီများက ရင်မှဖြစ်တည်သော အဖြူရောင်စိတ်ထား၊ စေတနာ၊ ကိုယ်ချင်းစာတရားတို့ဖြင့်    ပြည်သူမှန်သမျှကို ရန်သူ၊  မိတ်ဆွေ၊ အသင်းအဖွဲ့၊   ဂိုဏ်းဂဏမခွဲခြားဘဲ ကူညီဖေးမကြမည်ဖြစ်သည်။   ထိုသို့သော စိတ်ထားစေတနာမြတ်နှင့် ကူညီဖေးမဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း   ကြက်ခြေနီမောင်မယ်များကို စာနာနားလည်မှု၊ လက်ကမ်းကြိုဆိုမှုနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးသည်လောကကြီးကို တည်တံ့အောင် ၊  ငြိမ်းချမ်းသာယာအောင်စောင့်ရှောက်ပေးသောတရားများဖြစ်၍    လောကပါလတရားဟုခေါ်ဆိုသည်။ ကြက်ခြေနီစေတနာ့ဝန်ထမ်းများသည် ထိုဗြဟ္မစိုရ်တရားလောကပါလတရားများကိုလက်ကိုင်ပြု၍ လူသားအားလုံးအပေါ်တွင် ကိုယ်ချင်းစာတရားနှင့်   အမြဲကူညီစောင့်ရှောက်ပေးနေသော အဖိုးတန်လူသားများဖြစ်သည်။   သူတို့၏ မေတ္တာ၊ စေတနာအရင်းခံသော ကူညီဖေးမမှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဒုက္ခသောကဝေဒနာရှင်များအငိုတိတ်၍   စိတ္တသုခ၊ ကာယသုခများ ပွားများခံစားနေကြရပေရာ လူသားအကျိုးပြု ကြက်ခြေနီအသင်းကြီး ကမ္ဘာတည်သရွေ့ ထာဝရတည်တံ့ပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၅ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပေသည်။    ။

Source: https://myawady.net.mm/stories

ညွန့်ဝင်း (နတ်တလင်း)

ပလတ်စတစ်အမှိုက်အန္တရာယ်ကင်းစင်ဖို့  သုံးစွဲမှုကိုလျှော့ကြစို့
-

မကြာသေးတဲ့နေ့ရက်တုန်းက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။  ပလတ်စတစ်နဲ့သက်ဆိုင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်တစ်ခုမှာပါ။ မြို့နယ်တွင်းကပြည်သူတွေလိုက်နာဆောင်ရွက်မှုရှိစေဖို့ဖြစ်ပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေနဲ့  ပြည်သူတွေ  ကြွပ်ကြွပ်အိတ်၊   တစ်ခါသုံး ပလတ်စတစ်အိတ်တွေ လျော့နည်းသုံးစွဲကြစေဖို့အတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေဘဲ  ပလတ်စတစ်အစားထိုးပစ္စည်းတွေသုံးစွဲ‌ကြစေရေး   လိုက်နာဆောင်ရွက်မှုရှိစေဖို့ အသိပညာပေးကြပ်မတ်စစ်ဆေးတာတွေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးအတွင်းမှာ ဆောင်ရွက်တယ်ဆိုတဲ့သတင

မကြာသေးတဲ့နေ့ရက်တုန်းက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။  ပလတ်စတစ်နဲ့သက်ဆိုင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်တစ်ခုမှာပါ။ မြို့နယ်တွင်းကပြည်သူတွေလိုက်နာဆောင်ရွက်မှုရှိစေဖို့ဖြစ်ပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေနဲ့  ပြည်သူတွေ  ကြွပ်ကြွပ်အိတ်၊   တစ်ခါသုံး ပလတ်စတစ်အိတ်တွေ လျော့နည်းသုံးစွဲကြစေဖို့အတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေဘဲ  ပလတ်စတစ်အစားထိုးပစ္စည်းတွေသုံးစွဲ‌ကြစေရေး   လိုက်နာဆောင်ရွက်မှုရှိစေဖို့ အသိပညာပေးကြပ်မတ်စစ်ဆေးတာတွေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးအတွင်းမှာ ဆောင်ရွက်တယ်ဆိုတဲ့သတင်းပါပဲ။   မှန်ကန်ပြီး   လုပ်သင့်တဲ့ ဆောင်ရွက်မှုတစ်ခုပါ။ ဒီလိုလုပ်ဆောင်ပေးတာဟာမြို့နယ်တွင်းက  ပြည်သူတွေအတွက်  ကောင်းကျိုး များစွာဖြစ်စေပါတယ်။ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအတွင်းက‌ ဈေးသွားဈေးလာသူတွေအတွက် သာမက မြို့နယ်တွင်းနေပြည်သူတွေကိုပါ ပလတ်စတစ်အိတ်သုံးစွဲမှုကနေ စွန့်ပစ်လိုက်တဲ့ပလတ်စတစ်အမှိုက်ဟာ အန္တရာယ်ကြီးမားလှတယ်ဆိုတာကိုပါအသိပညာပေးနိုင်အောင်  တိုးပြီးလုပ်ဆောင်သင့်ပါတယ်။

အကြောင်းကတော့  လက်ရှိအနေအထားမှာပလတ်စတစ်အမှိုက်အန္တရာယ်ဟာ   ကြီးမားလွန်းနေတာကြောင့်ပါပဲ။ ရပ်ကွက်နဲ့မြို့နယ်အတွင်းကထွက်ရှိတဲ့အမှိုက်တွေကိုကြည့်လိုက်ရင် အများစုကပလတ်စတစ်အမှိုက်တွေဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်။ စည်းကမ်းမဲ့စွာ မဆင်မခြင်စွန့်ပစ်ထားကြတာပါ။ အလွယ်သုံးပြီး  ခပ်လွယ်လွယ်  ကြုံသလိုဖြစ်သလို တွေ့တဲ့နေရာမှာစွန့်ပစ်ကြတာဖြစ်တယ်။

အအေးဘူး၊   ရေသန့်ဘူးအရွယ်စုံ၊   တစ်ခါသုံး‌ကော်ဘူး(ဖော့ဘူး၊   ဖော့ခွက်) နဲ့  ပလတ်စတစ်အိတ်ခွံတွေ၊ ကြွပ်ကြွပ်အိတ်စုတ်တွေဖြစ်ပါတယ်။ အဲဒီပလတ်စတစ်အမှိုက်တွေဟာ စက္ကူ၊   သစ်ရွက်မှိုက်၊   သစ်၊   ဝါး စတဲ့အော်ဂဲနစ်ပစ္စည်းအမှိုက်တွေလို မြေကြီးမှာရောနှောမြေဩဇာဖြစ်သွားတာမျိုးမရှိဘူး။ ဆွေးမြည့် ကွယ်ပျောက်တာမျိုးလည်းမရှိဘဲ နှစ်ပေါင်းများစွာမပျက်မစီးတည်မြဲနေပါတယ်။  ဒီလိုပလတ်စတစ်အမှိုက်  စည်းကမ်းမဲ့စွာ မဆင်မခြင်စွန့်ပစ်တာဟာ သဘာ၀ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တဖြည်းဖြည်းယိုယွင်းပျက်စီး‌စေပါတယ်။

ပလတ်စတစ်အမှိုက်(ကော်ဘူး၊  ဖော့ဘူး၊  ဖော့ခွက်၊  ပလတ်စတစ်အိတ်ခွံနဲ့  ကြွပ်ကြွပ်အိတ်ခွံ)တွေဟာ မြေကြီးထဲမှာ နှစ်ပေါင်း ၅၀၀ ကနေ ၁၀၀၀ ခန့် ကြာမှသာ ပျက်စီးနိုင်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း ထိခိုက်မှုများစေပါတယ်။  မြေကြီးထဲကို ရောက်သွားတဲ့ ကြွပ်ကြွပ်အိတ်တွေကြောင့် မြေဆီလွှာအတွင်းက အပင်မျိုးစေ့၊   သစ်စေ့တွေဟာ အညှောက် မထွက်နိုင်တော့ဘဲ သေကျေပျက်စီးသွားကြပါတယ်။  မီးရှို့ဖျက်ဆီးရင်လည်း ထွက်ရှိလာတဲ့ အီသိုင်းလင်းအောက်ဆိုဒ်နဲ့  ဒိုင်အောက်စင်တွေက လေထုညစ်ညမ်းမှုဖြစ်ပေါ်စေတယ်။   အဲဒီအငွေ့တွေကို ရှူရှိုက်မိရင် ကင်ဆာရောဂါဖြစ်ပွားစေနိုင်ပါတယ်။

ဒါဟာ မြေပြင်မှာပလတ်စတစ်အမှိုက်စည်းမဲ့ကမ်းမဲ့ မဆင်မခြင်စွန့်ပစ်တာကြောင့်ဖြစ်ပါတယ်။ မြေပြင်မှာ စွန့်ပစ်တဲ့ပလတ်စတစ်အမှိုက်ရဲ့အန္တရာယ်က ကြီးမားသလို ချောင်း၊  မြောင်း၊  မြစ်နဲ့ပင်လယ်ရေပြင်တွေမှာ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်တွေရဲ့ အန္တရာယ်ကလည်း လျှော့တွက်ထားလို့မရတဲ့အနေအထားကိုရောက်နေတယ်လို့‌ ပြောနိုင်ပါတယ်။ ပလတ်စတစ်အမှိုက်တွေဟာ  ချောင်းငယ်မြောင်းငယ်တွေကနေစပြီးမျောပါလာကာ မြစ်တွေဆီကိုရောက်တယ်၊မြစ်တွေကနေ   ပင်လယ်သမုဒ္ဒရာရေပြင်အထိရောက်သွားမှာဖြစ်ပါတယ်။

အခုဆိုရင် ပလတ်စတစ်အမှိုက်ထုကြီး တန်ချိန်သန်းနဲ့ချီပြီး ရေပြင်ထဲ ရောက်နေတယ်ဆိုတာကိုမှတ်တမ်း‌တွေမှာ တွေ့ရတယ်။ အဲဒီပလတ်စတစ် အမှိုက်ထုကြီးက ပင်လယ်ငှက်တွေအပြင် ငါးတို့၊လိပ်တို့လို ပင်လယ်မှာကျက်စားတဲ့သတ္တဝါမျိုးစိတ်ပေါင်း ၂၅၀ လောက်ကိုပါ  ထိခိုက်စေပါတယ်။ ပိုဆိုးတာက သန္တာကျောက်တန်းတွေကိုပါ ပျက်စီးစေတာပါ။

ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်အမှိုက်တွေရောက်ရှိသွားတာကို ကမ္ဘာ့တစ်ဝန်းလုံးကနိုင်ငံတွေအနေနဲ့ ထိန်းချုပ်ဖို့လိုနေပြီလို့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားပြီဖြစ်ပါတယ်။  မထိန်းချုပ်နိုင်ရင် ၂၀၅၀ ပြည့်နှစ် အရောက်မှာ ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများလိမ့် မယ်လို့ ထုတ်ဖော်ပြောဆိုကြပါတယ်။

ပလတ်စတစ်အမှိုက်တွေထဲက အန္တရာယ်ကြီးပြီးအဆိုးရွားဆုံးဖြစ်တဲ့ ကြွပ်ကြွပ်အိတ်နဲ့ပတ်သက်ပြီး အသုံးပြုတာကို ငြင်းပယ်ဖို့၊ လျှော့ချဖို့ အိတ်အဟောင်း တွေကိုပြန်ပြီးအသုံးပြုတာ၊ ကုန်ကြမ်းအဖြစ်သုံးပြီး အသစ်ပြန်လည်ထုတ်လုပ်တာ၊   ပြန်လည်အသုံးပြုနိုင်တဲ့နေရာကို ပြန်ပေးပို့တာ‌တွေလုပ်ဆောင်ကြကာဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပါမယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်  လေးခုခန့်လောက်တုန်းကဆိုရင် နိုင်ငံတွင်းက ဘယ်နေရာ‌ဘယ်ဒေသမှာဖြစ်ဖြစ် ပစ္စည်းဝယ်ယူရင်   ပစ္စည်းအမျိုးအစားအလိုက် အသားစိမ်း၊   ငါးစိမ်း၊   အသီး၊   အရွက်တွေဆိုရင် အင်ဖက်၊   ဗာဒံရွက်၊   ဖက်တွေနဲ့၊   စားသောက်စရာ တွေကို ဘူး၊   ချိုင့် စတာ‌တွေ၊   ကျန်တဲ့အသုံးအဆောင် ပစ္စည်းတွေကို   စက္ကူအိတ်၊   သတင်းစာစက္ကူ၊   ပလတ်စတစ်အိတ်ပျော့တွေနဲ့ပဲ  ထုပ်ပိုးပေးခဲ့ကြတာပါ။  နောက်ပိုင်းမှသာ နည်းပညာတိုးတက်လာလို့အရင်ကသုံးစွဲခဲ့တဲ့  ထုပ်ပိုးပစ္စည်းတွေ၊   အိတ်တွေထက် ပိုမိုခိုင်ခံ့ပြီး တာရှည်ခံတဲ့ ရောင်စုံကြွပ်ကြွပ်အိတ်တွေကို သုံးလာခဲ့ကြတာဖြစ်တယ်။

တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြပြီး စွန့်ပစ်ကြတဲ့အခါမှာ တွေ့ရာနေရာတိုင်းမှာစည်းကမ်းမဲ့စွာပြုမူလာကြတယ်။  ပလတ်စတစ်အမှိုက်တွေနေရာတိုင်းမှာဖြစ်လာတယ်။  အဲဒီကနေ ပလတ်စတစ်အမှိုက်အန္တရာယ်ကြီးမားလာတာပါပဲ။  ဒီလိုပလတ်စတစ်အမှိုက်  စည်းကမ်းမဲ့စွာ   မဆင်မခြင်စွန့်ပစ်တာကလည်း   သဘာ၀ပတ်ဝန်းကျင်နှင့်  ဂေဟစနစ် တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့အ‌ကြောင်းရင်းတွေထဲက  တစ်ခုဖြစ်လာလို့  ပလတ်စတစ်အမှိုက်(ကြွပ်ကြွပ်အိတ်အမှိုက်)ပြဿနာကမ္ဘာ့နိုင်ငံအားလုံးနဲ့သက်ဆိုင်လာခဲ့ရပါတယ်။

ကြွပ်ကြွပ်အိတ်ပြဿနာဟာ  တစ်နေ့တခြားကြီးထွားလာတာကြောင့် ဘင်္ဂလားဒေ့ရှ်၊   အစ္စရေး၊   ကနေဒါ၊   ကင်ညာ၊   စင်ကာပူ စတဲ့နိုင်ငံတွေမှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို တားမြစ်ထားတယ်လို့ သိရှိရပါတယ်။   တရုတ်နိုင်ငံရဲ့  ကုန်တိုက်ကြီး တွေမှာ  ကြွပ်ကြွပ်အိတ်တွေ   အခမဲ့ပေးတာကိုတားမြစ်ပြီး  သုံးစွဲမှုကို  လျှော့ချလျက်ရှိပါတယ်။  အမေရိကန်ပြည်ထောင်စု   လော့အိန်ဂျလိမြို့ မြို့တော်ကောင်စီက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစပြီး   စတိုးဆိုင်ကြီးတွေမှာ ပလတ်စတစ်အိတ်သုံးစွဲမှုကိုတားမြစ်ခဲ့ပါတယ်။  မြန်မာနိုင်ငံမှာလည်း ပလတ်စတစ်အိတ်အထူးသဖြင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို လျှော့ချနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေ ရှာဖွေကာ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ပလတ်စတစ်အမှိုက်ဖြစ်လာမယ့် ပလတ်စတစ်ထုတ်ကုန်‌တွေထုတ်လုပ်မှုကိုထိန်းချုပ်တာ၊  သုံးစွဲမှု တားမြစ်လျှော့ချ‌တာ၊   ပလတ်စတစ်အိတ်(ကြွပ်ကြွပ်အိတ်)  များကို အသုံးပြုဖို့မလိုအပ်ရင် သုံးစွဲမှုကို ငြင်းပယ်(Reject)တာနဲ့  မဖြစ်မနေသုံးရရင်လည်းစနစ်တကျစွန့်ပစ်ဖို့၊  စည်းကမ်းမဲ့စွာ မဆင်မခြင် စွန့်ပစ်တာမျိုးမလုပ်ကြဖို့ ပြည်သူများကိုအသိပညာပေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ပြည်သူတွေ ကြွပ်ကြွပ်အိတ်၊  တစ်ခါသုံးပလတ်စတစ်အိတ်တွေ လျော့နည်းသုံးစွဲကြစေဖို့အတွက် နည်းလမ်းကောင်းတွေ ပြောဆိုဟောပြောအသိပညာပေး ကြပ်မတ်စစ်ဆေးဆောင်ရွက်မှုပြုတဲ့မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့   လုပ်ဆောင်မှုမျိုးကိုဆောင်ရွက်နေတဲ့မြို့နယ်တွေလည်းရှိသလို ကျန်တဲ့မြို့နယ်တွေမှာလည်းလုပ်ဖို့လိုပါတယ်။ တစ်ပတ်တစ်ရက်ကနေ  နှစ်ရက်  ဒါမှမဟုတ်သုံးရက်အထိ ဆောင်ရွက်နိုင်အောင်ကြိုးစားကြရပါမယ်။

ဦးဆောင်ဦးရွက်ပြုတဲ့အဖွဲ့အစည်းအပြင် လိုက်နာပြုကျင့်ရမယ့်   မြို့နယ်တွင်းက  ပြည်သူအားလုံးအသိတရားရှိရှိနဲ့ ဝိုင်းဝန်းပူး‌ပေါင်းကူညီကြမယ်ဆိုရင်ကြွပ်ကြွပ်အိတ်၊  တစ်ခါသုံးပလတ်စတစ်အိတ်တွေသုံးစွဲမှု  မလျော့နည်းသွားစရာမရှိပါဘူး။ အနည်းနဲ့အများသာကွာနိုင်ပါတယ်။ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်ရဲ့အန္တရာယ်ကြီးမားတယ်ဆိုတာကို အပတ်စဉ်တိုင်း  အမြဲအသိပေးတာကိုတော့ ပုံမှန်လုပ်ဆောင်ပေးဖို့လိုပါတယ်။

ဝတ်ကျေတမ်းကျေတာဝန်ဝတ္တရားတစ်ခုကြောင့်ပြောဆိုဟောပြောအသိပညာပေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်မှုပြုတာထက်   စွန့်ပစ်တဲ့ပလတ်စတစ်အမှိုက်ရဲ့အန္တရာယ်ကြီးမားတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်လည်း သိရှိနားလည်သဘောပေါက်ပြီးစည်းကမ်းတကျ   သုံးစွဲစွန့်ပစ်မယ်ဆိုတဲ့   အသိစိတ်ဓာတ်ထားရှိ  လိုက်နာကျင့်သုံးလုပ်ဆောင်ဖို့လိုသလို အများပြည်သူကိုလည်းလိုက်နာဆောင်ရွက်ကြဖို့ စည်းရုံးပြောဆိုအသိပညာမျှဝေပေးကြရမှာ ဖြစ်ပါတယ်။

ကလေးကစလို့ လူကြီးတွေအထိပါ အသိပညာပေးဟောပြောစည်းရုံးကြရပါမယ်။ ကောင်းကျိုးထက်ဆိုးကျိုးတွေပိုဖြစ်လာနိုင်တဲ့အကြောင်းအရာတွေကို သိသာအောင်ရှင်းပြပေးရပါမယ်။ ပလတ်စတစ်အန္တရာယ်အကြောင်းကို တစ်ဦးနဲ့တစ်ဦးလက်ဆင့်ကမ်းပြီး အသိပေးပြောဆိုရှင်းပြပေးကြရပါမယ်။

နောက်ဆုံးပြည်သူအားလုံးပလတ်စတစ်အန္တရာယ်အကြောင်းကိုသိရှိနားလည်ပြီးပလတ်စတစ်ကုန်ပစ္စည်းတွေကိုစည်းကမ်းတကျအသုံးပြုကြမယ်၊အသုံးပြုပြီးစွန့်ပစ်ရာမှာလည်း စနစ်တကျလုပ်ဆောင်ကြမယ်၊ပလပ်စတစ်အိတ်(ကြွပ်ကြွပ်အိတ်) များကို အသုံးပြုဖို့မလိုအပ်ရင် သုံးစွဲမှုကို ငြင်းပယ် (Reject)ကြမယ်၊မဖြစ်မနေသုံးရရင်တောင် အရေအတွက်လျှော့ပြီးသုံးကြမယ်ဆိုရင် ပလတ်စတစ်အမှိုက်ထွက်ရှိမှုလည်းနည်းသွားမယ်  နည်းရာက‌နေ တဖြည်းဖြည်းကင်းစင်သွားမှာဖြစ်ပါတယ်။ ပလတ်စတစ်အမှိုက်အန္တရာယ်လည်းကင်းဝေးသွားဖို့ ရာနှုန်းပြည့်နီးနီးသေချာပါတယ်လို့ပြောလိုက်ပါရစေ။   ။

Source: https://myawady.net.mm/stories

ဝင်းထွဋ်ဦး

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး

ရှေးခေတ်နှောင်းခေတ်မဟူ  ခေတ်အဆက်ဆက်တွင်နေထိုင်လာခဲ့ကြသော လူတို့သည် ဘေးအန္တရာယ်အမျိုးမျိုးကို ကြောက်ရွံ့ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။    ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မီးဘေးသည် တစ်ပါးအပါအဝင်ဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ငြှိမ်းသတ်နိုင်ရန် သက်ဦးစံပိုင်ဘုရင်များလက်ထက်ကပင် စီမံဆောင်ရွက်လာခဲ့ကြသည်။ မီးသတ်လုပ်ငန်း၏ သဘောသဘာဝအရ တစ်ဦးတစ်ယောက်တည်းလုပ်၍မရဘဲ လူအများပေါင်းစပ်ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ရာ အုပ်ချုပ်သူ ဘုရင်များ၊  ရဲမက်များ၊    ပြည်သူများ၏ စုပေါင်းစွမ်းအားဖြင့်သာ မီးဘေးအန္တရာယ်ကို ထိရောက်စွာကာကွယ်နိုင်ကြောင်း  ရှေးကပင်  သိရှိလာခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာဘုရင်များလက်ထက်ကပင် မီးဘေးလုံခြုံရေးအတွက် အထူး အလေးထားဆောင်ရွက်ခဲ့ကြသည်။ ပုဂံမင်းဆက် ၄၃ ဆက်မြောက်မင်းဖြစ်သော အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်တွင် ပုဂံမင်းနေပြည်တော်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးကပ်သား(မီးသတ်သမား) ၆၆၃ ဦးကိုခန့်ထား၍ နေ့စဉ်ပင် မီးကို အချိန်အကန့်အသတ်ဖြင့် အသုံးပြုရန်  မောင်းကြေးနင်းခတ်၍ နှိုးဆော်သတိပေးစေခဲ့ကြောင်း၊ ပုဂံမင်းနေပြည်တော်၏ မီးဘေးကာကွယ်ရေးအတွက်ထားရှိသည့် မီးကပ်သားအရေအတွက်နှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များကို အစွဲပြု၍“သောသောညံ ပုဂံမီးဆော်မောင်း” ဟူ၍ အတိုကောက်လင်္ကာဖြင့် အစဉ်အဆက်မှတ်သားခဲ့ကြသည်။

၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံး နယ်ချဲ့အင်္ဂလိပ်၏ လက်အောက်သို့ကျရောက်ခဲ့ရသည်။ ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စီးပွားရေး၊ စစ်ရေးအရ အဓိကအချက်အချာကျသောမြို့များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေမြို့တို့၏  မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အတွေ့အကြုံရှိသော အင်္ဂလိပ်များ၊ ကပြားများ၊ စစ်တကောင်းကုလားများပါသော မီးသတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ မြို့ကြီးများမှ ကျန်မြို့ငယ်ရွာငယ်များ၏ မီးဘေးအန္တရာယ်ကာကွယ်မှုအားလျစ်လျူရှုထားသဖြင့် မြန်မာနိုင်ငံအနှံ့အပြားမြို့ရွာများတွင် အမျိုးသားရေးစိတ်ဓာတ်ရှိသော ဩဇာအာဏာနှင့် စည်းရုံးရေးကောင်းသော ရပ်ရွာမျက်နှာဖုံးပုဂ္ဂိုလ်များက ဦးစီးဦးဆောင်ပြုလျက် မိမိတို့မြို့ရွာမီးဘေးကာကွယ်ရေးအတွက် အမျိုးကိုစောင့်ရှောက်သည့် မျိုးချစ်အပျော်တမ်း   မီးသတ်အဖွဲ့အစည်းများကို ဒေသအလိုက်ထူထောင်လာခဲ့ကြသည်။

ထိုသို့ မီးသတ်တပ်ဖွဲ့အမျိုးမျိုးရှိသော်လည်းပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားသော စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့များ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ကိုယ့်အဖွဲ့နှင့်ကိုယ်  ရပ်တည်နေခဲ့ကြရာမှ အမြော်အမြင်ရှိသော မီးသတ်တပ်ဖွဲ့ခေါင်းဆောင်များက တစ်နိုင်ငံလုံးစုစည်းညီညွတ်သော အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ပေါ်လာအောင် စတင်ကြိုးပမ်းလာခဲ့သည်။

ပထမအကြိမ် မီးသတ်ညီလာခံ

စေတနာ့ဝန်ထမ်း အစည်းအရုံးများစုစည်းရန်အတွက် ဗမာပြည်လုံးဆိုင်ရာမီးသတ်အစည်း အရုံး ပထမအကြိမ်ညီလာခံကို ၁၉၄၆ ခုနှစ် မေလ ၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကလေး ဇိနတ် (ဇိနတ္တူ) အစ္စလာမ် မိန်းကလေးကျောင်းခန်းမ၌ ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ   စေတနာ့ဝန်ထမ်းမီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပခဲ့သည်။ ညီလာခံကို တစ်ပြည်လုံးရှိ ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး တက်ရောက်ခဲ့ကြသည်။

ညီလာခံပထမနေ့တွင် သခင်မြ၊  ဒီးဒုတ်ဦးဘချို၊  ဦးဘဆွေနှင့်  ဗိုလ်ချုပ်အောင်ဆန်းတို့ တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက မီးသတ်လုပ်ငန်းနှင့်ပတ်သက်၍ မိန့်ခွန်းတွင်‘‘မီးသတ်အဖွဲ့သားများ၏တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင် သူရဲကောင်းများပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းမှာ သူတစ်ပါးတိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများဖြစ်သဖြင့်  အထူးမြင့်မြတ်သော   သူရဲကောင်းများဖြစ်ကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။      

မြန်မာ့နိုင်ငံရေးနှင့် မီးသတ်တပ်ဖွဲ့အခြေအနေ

မြန်မာနိုင်ငံ၏အခြေအနေသည်  ထိုကာလများဆီကအစစအရာရာ လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကိုခံခဲ့ရသည့်အပြင် လွတ်လပ်ရေးရလုရခင် နိုင်ငံ့ခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရခြင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း နိုင်ငံရေးမတည်ငြိမ်မှုများရှိနေခြင်း၊ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု၊  ဘေးဒဏ်အမျိုးမျိုးခံရခြင်းတို့ကို   ရင်ဆိုင်ခံစားခဲ့ရသည်။ အဆိုပါအခြေအနေများကြောင့် လူထုအနေဖြင့် စစ်ဘေးစစ်ဒဏ်၊ မီးဘေးမီးဒဏ်ကို ဆိုးရွားစွာခံစားခဲ့ကြရသည်။

တစ်ဖက်တွင်လည်းမီးသတ်အဖွဲ့အစည်းများအနေဖြင့် တစုတစည်းတည်း စုရုံးထားနိုင်သေးသည့် အခြေအနေတွင်သာရှိသေးပြီး တပ်ဖွဲ့အဖြစ် စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ဖွဲ့စည်းထားနိုင်ခြင်းမဟုတ်သလို တစ်နိုင်ငံလုံးရှိ မီးသတ်တပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်များအားလုံးအတွက် ပြဋ္ဌာန်းထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများလည်း ထုတ်ပြန်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော အခြေအနေတွင်ရှိနေသည်။ ထို့ပြင် လွတ်လပ်ရေး ရပြီးခါစ အုပ်ချုပ်ရေးစနစ်ကလည်း စပ်ကူးမပ်ကူးကာလဖြစ်နေသည့်အလျောက် မီးသတ်အဖွဲ့အစည်းများတွင် နိုင်ငံခြားသားအုပ်ချုပ်မှုများက ရှိနေသေးသည်။ စနစ်ကအခြေမခိုင်ခင် အပြောင်းအလဲလည်း များခဲ့သည်။ သို့သော် မီးသတ်တပ်ဖွဲ့၏ဖွဲ့စည်းမှုပုံသဏ္ဌာန်က ပီပြင်မှုရှိလာသည်။

မီးသတ်အစည်းအရုံးကြီး၏ မျှော်မှန်းချက်များဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး ဖွဲ့စည်းပြီးသည့်အခါ မီးသတ်အစည်းအရုံးကြီးက အဖွဲ့အစည်း၏ ရည်မှန်းလုပ်ဆောင်ရန်အချက်များကို ထုတ်ပြန်ခဲ့သည်။ ထိုခေတ်က မီးသတ်တပ်ဖွဲ့ကို ဦးစီးဦးဆောင်ပြုခဲ့သူများ၏အမြော်အမြင်နှင့်    ဦးတည်ချက်ကိုတွေ့မြင်ရသည်။ အဖွဲ့ကြီး၏ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များကိုလေ့လာကြည့်လျှင်   ၎င်းတို့က မီးသတ်အစည်းအရုံးကြီးကို မီးငြှိမ်းသတ်ရန်တစ်ခုတည်းရည်ရွယ်ပြီး    ဖွဲ့စည်းခဲ့ခြင်းမဟုတ်ကြောင်း တွေ့ရမည်ဖြစ်သည်။ မီးသတ်အစည်းအရုံးကြီး၏လုပ်ငန်းစဉ်ကို သုံးပိုင်းခွဲထားသည်။

ပထမပိုင်းတွင် ပြည်သူ့အန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွင် မီးဘေးကာကွယ်ရေး၊ သူနာပြုခြင်း၊ ရောဂါဆိုးနှင့် လူဆိုးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဟူ၍   လုပ်ငန်းအဆင့်များခွဲခြားထားသည်။

လုပ်ငန်းအဆင့်တစ်ခုချင်းစီ၏ အမည်ကိုမြင်လိုက်သည်နှင့်လုပ်ဆောင်သည့်အကြောင်းအရာကို တန်းခနဲမြင်နိုင်သည်။ စိတ်ဝင်စားဖို့ကောင်းသည်မှာ လူဆိုးဘေးမှ မြို့ရွာလူထုအေးငြိမ်းအောင် ကာကွယ်စောင့်ရှောက်ခြင်းနှင့် မီးဘေးဒုက္ခသည်များသာမက ရေဘေး၊ လေဘေး  ဘေးဒုက္ခရောက်နေသူများကို ကယ်ဆယ်၍နေရာချပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။

ဒုတိယပိုင်း၌ စေတနာ့ဝန်ထမ်းလုပ်ငန်းရပ်များတွင် အိမ်တွင်းအရေးများသာမက ရပ်ရွာအရေး ကိစ္စများကိုပါ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လုပ်ငန်းစဉ်ချမှတ်ထားခြင်းဖြစ်သည်။  ကျေးလက်နေပြည်သူလူထု၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အထိ ရည်မှန်းထားသည်။ တတိယပိုင်းက ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့ကိုပါ ဦးတည်လုပ်ဆောင်ရန် ပစ်မှတ်တည်ထားခဲ့ခြင်းဖြစ်သည်။

သမိုင်းမှတ်တမ်းတင်ရမည့်နေ့

ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်နိုင်လိုက်ခြင်းသည်   အပျော်တမ်းမီးသတ်တပ်ဖွဲ့များအနေဖြင့် သူ့နယ်ကိုယ့်နယ်၊ သူ့ဝါဒကိုယ့်ဝါဒဖြင့် စီမံဆောင်ရွက်နေရာမှ အားလုံးတစ်ပြေးညီ တစ်မိုးအောက်တွင် အတူတကွပူးပေါင်းဆောင်ရွက်လာနိုင်ကြသည်။ တစ်ချိန်က ဝါသနာပါရာအလုပ်တစ်ခုအဖြစ်    အပျော်တမ်းမီးသတ်တပ်ဖွဲ့ကိုဝင်ရောက်လုပ်ကိုင်ခဲ့ကြသော်လည်း ထိုသို့ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် မည်သည်က မည်သို့ဂုဏ်ယူရမည်ဆိုသည့်အချက်ကို မသိခဲ့ကြချေ။ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သောမိန့်ခွန်းပါအချက်အလက်များသည် အပျော်တမ်းမီးသတ်တပ်ဖွဲ့ဝင်များကို အားတက်စေခဲ့သည်။ မီးသတ်လုပ်ငန်းသည် လူငယ်လူရွယ်များကို မွန်မြတ်သော ပရဟိတလုပ်ငန်းဖြစ်ကြောင်း ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာမီးသတ်အစည်းအရုံး ပထမအကြိမ်ညီလာခံကြီး၏ဆုံးဖြတ်ချက်အရ ၁၉၄၆ ခုနှစ် မေလ ၅ ရက်  “အစည်းအရုံးကြီးတည်ထောင်သောနေ့ကို မီးသတ်နေ့ (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့)(BurmaFire Services Day-B.F.S Day)” ဟု တညီတညွတ်တည်းသတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၉) နှစ်မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်းဂုဏ်ပြုတင်ပြလိုက်ရပါသည်။  ။

Source: https://myawady.net.mm/stories

ဆောင်းပါးရှင်-အာနိုး(ကလေး)

ငလျင်ဘေးအန္တရာယ်နှင့် မီးသတ်တပ်ဖွဲ့၏အခန်းကဏ္ဍ
-

ယနေ့ကာလတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သဘာဝဘေးအန္တရာယ်၏ ဆိုးကျိုးသက်ရောက်မှုများကို  ခံစားလျက်ရှိရာ   မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ နိုင်ငံ၏ ပထဝီအနေအထားအရ အယ်လ်ပိုဒ် (Alpide) ငလျင်ရပ်ဝန်းအတွင်းတည်ရှိနေပြီး  အဆိုပါငလျင်ရပ်ဝန်းသည်   ကမ္ဘာပေါ်တွင် ငလျင်အများဆုံးဖြစ်ပေါ်စေသည့်   ဇုန်တစ်ခုဖြစ်သည်။ ထို့ပြင်  နိုင်ငံအတွင်း ပြတ်ရွေ့များစွာရှိပြီး အဆိုပါပြတ်ရွေ့များထဲတွင်   စစ်ကိုင်းပြတ်ရွေ့သည်  အရှည်လျားဆုံးဖြစ်ပြီး  နိုင်ငံ၏အလယ်ကိုဖြတ်ကာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။

ဘေးအန္တရာယ်အမျိုးမျိုးရှိသည့်အနက် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ငလျင်လှုပ်ခတ်ခြင်းများသည်   အပျက်အစီးအများဆုံးဖြစ်စေနိုင်သော ဘေးအန္တရာယ်များဖြစ်သည်။  ငလျင်မှလွဲ၍ ကျန်ရှိသောဘေးအန္တရာယ်များသည်   ကြိုတင်ခန့်မှန်းနိုင်သည့်အတွက် ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်သည်။ ငလျင်ဘေးအန္တရာယ်မှာမူ ခန့်မှန်းမှုများ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြင်းထန်သော ငလျင်လှုပ်မည်ဆိုပါက   တုံ့ပြန်နိုင်မှုစွမ်းရည်နည်းပါးခြင်း၊ အသက်အိုးအိမ်စည်းစိမ်များ  ထိခိုက်ဆုံးရှုံးနိုင်ခြင်းနှင့် ငလျင်လှုပ်မည်ကို ကြိုတင်သတိပေးမည့် စနစ်များမရှိသေးခြင်းကြောင့် ငလျင်ဘေးအန္တရာယ်မှာ    အဖျက်စွမ်းအားအကြီးမားဆုံးသော  ဘေးအန္တရာယ်အဖြစ်ဆက်လက်တည်ရှိနေသည်။

မြန်မာနိုင်ငံ၏သမိုင်းတစ်လျှောက်တွင် အင်အားအလွန်ပြင်းထန်သည့်ငလျင်များလှုပ်ခတ်ခဲ့သည်။ မှတ်တမ်းများအရ ၁၈၃၉ ခုနှစ် မတ်လ ၂၃ ရက် အင်းဝဒေသ၌လှုပ်ခဲ့သော ငလျင်မှာ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၅ အထက်ရှိသည်ဟု မှတ်တမ်းများအရသိရသည်။ အချို့မှတ်တမ်းများအရ ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၉ ရှိသည်ဟုလည်း  ဆိုသည်။  ငလျင်ကြောင့် လူ ၅ဝဝ ကျော်ခန့်သေဆုံးခဲ့ပြီး စေတီပုထိုးများစွာ ထိခိုက်ပျက်စီးခဲ့သည်ဟု မှတ်တမ်းရှိကြောင်းတွေ့ရသည်။

၁၉၃ဝ ပြည့်နှစ် မေလ ၅ ရက် ပဲခူးဒေသ၌ လှုပ်ခဲ့သော ပြင်းအားပမာဏ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၃ အထက်ရှိသည့်ငလျင်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၅၅ဝ ခန့်သေဆုံးခဲ့ကာ  နေအိမ်များနှင့် ရှေးဟောင်းသမိုင်းဝင်   အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါငလျင်သည် ပြင်းထန်စွာ နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး တစ်ကြိမ်နှင့်တစ်ကြိမ်အကြား အနည်းငယ်သာကွာခြားသည်ဟု သိရသည်။    

ငလျင်လှုပ်ခတ်မှုမှတ်တမ်းများအရ ၂၀၁၅ ခုနှစ်တွင် ၂၄ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၃၉ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၆၆ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၄၇ ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ၁၆၉ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၁၀ ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် ၁၀၈ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၉ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၇၀ ကြိမ်၊ ၂၀၂၄ ခုနှစ်တွင် ၃၇ ကြိမ် စသည်ဖြင့် လှုပ်ခတ်ခဲ့ပြီး အကြမ်းအားဖြင့် အကြိမ်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်လာသည်။

တစ်နှစ်ထက်တစ်နှစ် ပိုမိုလှုပ်ခတ်မှုများနှင့်အတူ ၁၉၃၀ ပြည့်နှစ် အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးသည်မှာလည်း နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဖြစ်သည်။ အင်အားပြင်းထန်သည့် ငလျင်ကြီးများသည် နှစ်ပေါင်း ၁၀၀ ခန့်လျှင် တစ်ကြိမ်လှုပ်ခတ်ကြောင်း အရပ်စကားလည်းရှိသည်။ အထက်ပါအကြောင်းအရာများနှင့် ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များအရ စစ်ကိုင်းငလျင်ကြောကြီးသည်   နောက်ထပ်တစ်ဖန် ပြန်လည်လှုပ်ခတ်ရန်အချိန်သို့ များစွာကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်များက ထင်မြင်ယူဆခဲ့ကြဟန်ရှိသည်။   ဆိုလိုသည်မှာ ငလျင်ကြီးတစ်ခု   အချိန်မရွေးလှုပ်ခတ်နိုင်သည့် သဘောဖြစ်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အဆောက်အအုံများပြိုကျပျက်စီးခြင်းကြောင့် သေကျေပျက်စီးမှုကြီးမားနိုင်ခြင်း၊ မီးလောင်ကျွမ်းနိုင်ခြင်း၊ တာတမံများကျိုးပေါက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပြိုခြင်း၊ ရေတွင်းများပျက်စီးခြင်း၊  တယ်လီဖုန်းတိုင်များ၊  လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ မြို့ရေပေးဝေရေးစနစ်များ၊   မြို့ပြစက်မှုလုပ်ငန်းများ စသည့်   နိုင်ငံ၏ အရေးပါသောအသက်သွေးကြောလုပ်ငန်းစနစ်များ ပြတ်တောက်ခြင်းများဖြစ်ပွားလာနိုင်သည်။

နိုင်ငံတော်၏   မူဝါဒ/လမ်းညွှန်ချက်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုနှင့် အညီ မီးသတ်ဦးစီးဌာနမှ  ဌာနအကြီးအကဲနှင့် အရာရှိကြီးများသည်   ငလျင်လှုပ်ခတ်မှုဖြစ်ပွားလာပါက   များပြားလှသော အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို  ဆောင်ရွက်နိုင်ရန် မျှော်မှန်း၍ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ကြသည်။ လိုအပ်သည့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ဝယ်ယူဖြည့်တင်းခဲ့သည်။

ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊  လုပ်ငန်းသုံးပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်အတွက် မီးသတ်စခန်းအလိုက် လေ့ကျင့်ခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။   ထို့ပြင်  မေလ  ၅  ရက်တွင်  နှစ်စဉ်ကျရောက်သည့်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင်လည်း ရှာဖွေကယ်ဆယ်ရေးတပ်ခွဲအဆင့် အင်အား ၁၁၆ ဦးဖြင့် နိုင်ငံတကာအဆင့်မီ ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခန်းအစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် နှစ်စဉ်နီးပါး အခါအားလျော်စွာ ထည့်သွင်းပြုလုပ်မှုများက သက်သေဖြစ်ပေသည်။

မတ်လ  ၂၈  ရက်တွင်   အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇  အဆင့်ရှိ   မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံရှိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ နေရာဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည်။ယင်းငလျင်သည် အနက်တိမ်သောကြောင့်  (အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သောကြောင့်) သေဆုံးထိခိုက်ပျက်စီးမှုများပြားခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့်ဒေသများဖြစ်သော နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်    ရှမ်းပြည်နယ်တို့တွင် ဒေသခံရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍   အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ကနဦးဆောင်ရွက်ခဲ့ကြသည်။  အဆိုပါနေ့တွင်ပင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးသောဒေသများမှ   ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များထပ်မံစုဖွဲ့၍ ငလျင်ဘေးဒဏ်သင့်ဒေသများသို့  အင်အားများဖြန့်ခွဲစေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ   အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

မတ်လ ၂၉ ရက်မှစတင်၍  အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊  စင်ကာပူနိုင်ငံ၊  ထိုင်းနိုင်ငံ၊     ဗီယက်နမ်နိုင်ငံ၊   လာအိုနိုင်ငံ၊ တရုတ်နိုင်ငံမှ China Search and Rescue Team၊ China International Search and Rescue Team၊ Yunnan Rescue and Medical Team  နှင့် Hong Kong Search and Rescue Team၊ အိန္ဒိယနိုင်ငံ၊    ဘင်္ဂလားဒေရှ့်နိုင်ငံ၊   UAE နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ တူကီယဲနိုင်ငံ စသည့်နိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးဆိုင်ရာအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့များသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး မီးသတ်ဦးစီးဌာနမှ  ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။       

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သည့်ဒေသများတွင်   ယင်းဒေသရှိ   ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များအပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ  အသင့်လေ့ကျင့်စုဖွဲ့ထားသည့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များကို ဖြန့်ခွဲစေလွှတ်ခဲ့ရာ နေပြည်တော်သို့ ၃၆၈ ဦး၊ မန္တလေးမြို့သို့ ၂၁၇ ဦး၊ စစ်ကိုင်းမြို့သို့ ၃၈ ဦးအား မတ်လ ၂၈ ရက်ညနေ ၃ နာရီတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်အတူ စေလွှတ်၍  လုပ်ငန်းများကို   ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည်   နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ   မရောက်ရှိမီ ငလျင်လှုပ်ခတ်ပြီး ၁၂ နာရီအတွင်း အသက်ရှင်လျက် ၃၉၁ ဦး၊ သေဆုံးသူ ၁၄၅ ဦး၊ ၃၆ နာရီအတွင်း အသက်ရှင်လျက် ၆၀၄ ဦး၊ သေဆုံးသူ ၃၄၈ ဦးတို့၏ ရုပ်အလောင်းများအား ကယ်ဆယ်ထုတ်ယူပေးနိုင်ခဲ့သည်။ မော်ကွန်းတင်ထားထိုက်သောမှတ်တမ်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့၏ စွမ်းဆောင်နိုင်မှုမှာလည်း ကျေနပ်အားရစရာဖြစ်သည်။ စုဖွဲ့လေ့ကျင့်ပြင်ဆင်မှုများ၏ ရလဒ်ဖြစ်သည်။

နိုင်ငံတကာ  ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍  အသက်ရှင်သူ  ရှစ်ဦးနှင့်  သေဆုံးသူ ၁၉၉ ဦးတို့အား ကယ်ဆယ်ထုတ်ယူပေးနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့အနေဖြင့်    ဖြစ်စဉ်တစ်ခုလုံးတွင် အသက်ရှင်သူ ၆၅၃ ဦးနှင့် သေဆုံးသူ ၇၈၈ ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့စာရင်းများအရသိရသည်။    ယနေ့ မီးသတ်တပ်ဖွဲ့သည် တကယ်လုပ်လျှင် တကယ်ဖြစ်တဲ့အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။

မီးသတ်တပ်ဖွဲ့အဖြစ်   ပေါ်ပေါက်လာသည့်အချိန်မှစ၍   ယနေ့အချိန်အထိ   နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသားပြည်သူများ၏   အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး မည်သို့သောအခြေအနေ မျိုးတွင်မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနဲ့   ပြည်သူ့အကျိုးပြု တပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်တွင် ပြည်သူလူထုတစ်ရပ်လုံးက မီးသတ်တပ်ဖွဲ့ကို အလေးထားအားကိုးကြသည်မှာ လွဲမည်မထင်ပါကြောင်းနှင့် မြန်မာ့လူ့ဘောင်အတွက်လည်း မရှိမဖြစ်အရေးပါသော တပ်ဖွဲ့ကြီးတစ်ခုဖြစ်သည်ဟု  ယုံကြည်ပါကြောင်း  (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုလျက်တင်ပြလိုက်ရပါသည်။  ။

Source: https://myawady.net.mm/stories

ဖိုးသာထူး(ကလေး)

ထုတ်ကုန်နှစ်ဆဖြစ်ပေါ်ရေး အလုပ်သမားအခွင့်အရေးမြှင့်တင်ပေး
-

ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှပြောင်းလဲနေပြီး ပြောင်းလဲမှုတိုင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဟူသော လုပ်သားအင်အားမပါမဖြစ်ပါဝင်နေသည်ကိုတွေ့ရသည်။    လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊  အခြေခံလူမှုစီးပွားဘဝပြည့်စုံရေး ဦးတည်ဆောင်ရွက်ရာတွင် လုပ်သားစွမ်းရည်မြှင့်တင်ပေးခြင်း၊ အသိဉာဏ်ပညာနှင့် ကြိုးစားဆောင်ရွက်မှုကိုဖြစ်စေသော လေ့ကျင့်သင်ကြားပေးမှုကို အခြေခံလျက်ရှိသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ်တိုင်းတွင် လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချရေးမှာ လွန်စွာအရေးကြီးသည်။ ထို့အတူ ကုန်ထုတ်လုပ်မှုကဏ္ဍများကိုဦးဆောင်နေသည့် အလုပ်သမားများ၏လူမှုဘဝ

ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှပြောင်းလဲနေပြီး ပြောင်းလဲမှုတိုင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဟူသော လုပ်သားအင်အားမပါမဖြစ်ပါဝင်နေသည်ကိုတွေ့ရသည်။    လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊  အခြေခံလူမှုစီးပွားဘဝပြည့်စုံရေး ဦးတည်ဆောင်ရွက်ရာတွင် လုပ်သားစွမ်းရည်မြှင့်တင်ပေးခြင်း၊ အသိဉာဏ်ပညာနှင့် ကြိုးစားဆောင်ရွက်မှုကိုဖြစ်စေသော လေ့ကျင့်သင်ကြားပေးမှုကို အခြေခံလျက်ရှိသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနယ်ပယ်တိုင်းတွင် လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချရေးမှာ လွန်စွာအရေးကြီးသည်။ ထို့အတူ ကုန်ထုတ်လုပ်မှုကဏ္ဍများကိုဦးဆောင်နေသည့် အလုပ်သမားများ၏လူမှုဘဝဖူလုံမှုသည် ဘဝအနာဂတ်လင်းရောင်ခြည်ပင်ဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းလိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ်ဆားတစ်ပွင့်ပမာတူညီသည်။    ပြည်ပနိုင်ငံအသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရခြင်းစျေးကွက်များဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားအချို့သည် အိမ်တွင်းမှုအထောက်အကူပြုအလုပ်နေရာများဖြစ်သည့် အိမ်တွင်းဧည့်ကြိုများ၊ သန့်ရှင်းရေးအလုပ်သမားများ၊ ယာဉ်မောင်းများ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ်စောင့်ရှောက်ပေးရသူများ၊  သက်ကြီးရွယ်အိုစောင့်ရှောက်ပေးရသူများ၊    လုံခြုံရေးဝန်ထမ်းများအစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင်လုပ်ကိုင်လာကြသည်ကိုတွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လေ့လာဆန်းစစ်ကြည့်လျှင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊      လုပ်ခလစာနည်းပါးခြင်းတို့ကြောင့်    လုပ်ခလစာပိုမိုရရှိသည့်နိုင်ငံများကို ရွေးချယ်သွားလာနေကြခြင်းဖြစ်သည်။

အလုပ်သမားအများစုသည်    လုပ်ခလစာကိုအခြေခံပြီး လုပ်ခလစာတိုးမြှင့်ရရှိရေး၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး တောင်းဆိုသံများပေါ်ထွက်စမြဲဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် မိသားစုဘ၀ စားဝတ်နေရေးဖြေရှင်းနိုင်သည့် အနိမ့်ဆုံးလုပ်ခကို ဆိုလိုခြင်းဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည်      ပုံမှန်အလုပ်ချိန်အပေါ်မူတည်သတ်မှတ်ထားသော နှုန်းထားလည်းဖြစ်သည်။ အလုပ်ရှင်နှင့်အလုပ်သမားတို့သည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်သဘောမှီခိုလျက်ရှိပြီး တစ်ဦးအကျိုးစီးပွားကို တစ်ဦးက   အထောက်အကူပြုပေးသည့်ပုံစံနှင့်တူသည်။ ယင်းတို့အကြား အပြန်အလှန် ကိုယ်ချင်းစာနာစိတ်ဖြင့်    လုပ်ခလစာနှင့် စေတနာလဲလှယ်သော လုပ်ငန်းခွင်မပျက်ညှိနှိုင်းဆွေးနွေးခြင်းများသည် နှစ်ဦးနှစ်ဖက်အတွက် ငြိမ်းချမ်းရေးအသွင်ဆောင်သော ဆက်ဆံရေးတစ်ရပ်ထူထောင်ခြင်းဖြစ်သည်။

တန်ဖိုးရှိလှသော     လူ့စွမ်းအားအရင်းအမြစ် ရေရှည်တည်တံ့ရေးအတွက် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များ ဖန်တီးကြရမည်။ အလုပ်ရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အသိအမြင်များသည် အရေးကြီးလွန်းလှသည်။ နှစ်ဦးနှစ်ဖက် ချင့်ချိန်တွက်ဆမှုသည် အကျိုးမမဲ့ အကျိုးဖြစ်ထွန်းသောလုပ်ရပ်များဖြစ်သည်။ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များဖန်တီးကြရာတွင် ပုံမှန်အလုပ်လုပ်ခွင့်ရှိသည့် အသက်အရွယ်ကို သတိပြုရမည်။ ဥပဒေအရသတ်မှတ်ထားသည့် အသက်ပြည့်မီမှသာ  အလုပ်ခွင်ဝင်ရောက်ရန်ဖြစ်သည်။ သတ်မှတ်ထားသည့် အသက်အောက်ရောက်ရှိနေသည့် ငယ်ရွယ်သူများကို အလုပ်လုပ်ခွင့်မပေးဘဲ အလုပ်ခွင်စည်းကမ်းအတိုင်း တိတိကျကျလိုက်နာရမည်ဖြစ်သည်။ လူငယ်များသည် မိသားစုစားဝတ်နေရေးကြောင့် အလုပ်ခွင်အတွင်း ၀င်ရောက်နေကြရသော်လည်း   လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ အန္တရာယ်ဖြစ်နိုင်သည့်   အခြေအနေများနှင့်ပတ်သက်သော အသိပညာဗဟုသုတအားနည်းခြင်း၊ လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့် အခွင့်အရေးများနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများမရှိခြင်းတို့ကြောင့် လုပ်အားခေါင်းပုံဖြတ်ခံရနိုင်မှုနှင့်အတူ လူငယ်များ၏စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အချိန်မတိုင်မီသေဆုံးခြင်း၊  မသန်စွမ်းဖြစ်ခြင်း၊ ရောဂါ တစ်မျိုးမျိုးခံစားခြင်းများမဖြစ်စေရန် လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ရပိုင်ခွင့်များကို  အလုပ်ရှင်ဘက်မှစီစဉ်ဆောင်ရွက်ပေးရပြီး  လုပ်သားများဘက်မှလည်း လုပ်ငန်းခွင်ဘေးကင်းရေး၊  အလုပ်သမားများ၏ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်သည်။ လုပ်ငန်းခွင် မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှုလျှော့ချရေးဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှ မှန်ကန်သောအသိအမြင်၊    အတွေးအခေါ်ဖြင့်    ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်သည်။ ထို့အတူပင် အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၏   လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိအမြင်များမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို    အခါအားလျော်စွာ  ကျင်းပပေးခြင်းဖြင့် ဘေးကင်းလုံခြုံသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကလိုအပ်လျက်ရှိသည့် ကျွမ်းကျင်အလုပ်သမားများ၏ အခန်းကဏ္ဍသည် ထိပ်ဆုံးက အရေးပါလာခဲ့သည်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရရှိရန်လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်သမားလိုအပ်ချက်ပြည့်မီရေး ရွှေ့ပြောင်းအလုပ်သမားလိုအပ်မှုအရေအတွက်မှာ    စဉ်ဆက်မပြတ်တိုးပွားလာဖွယ်သာရှိသည်။ နိုင်ငံတစ်ခုမှတစ်ခုသို့   ရွှေ့ပြောင်းအလုပ်လုပ်ကြသဖြင့်   အလုပ်သမား၊ အလုပ်ရှင်နှစ်ဖက်စလုံးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသော အကျိုးအမြတ်များရရှိစေနိုင်သည်။   ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်းမြင်သာရှိသည့် ခေတ်ကို အမီလိုက်လျက် တစ်ဟုန်ထိုးတိုးတက်နေသော အလုပ်သမားများ၏ စီးပွားရေးအရွေ့ပင်ဖြစ်သည်။ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်ခြင်းဖြင့် စက်မှုနည်းပညာနယ်ပယ်အသီးသီးကို ကျော်လွှားရောက်ရှိသည့်တိုင် အသိဉာဏ်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အသုံးပြုနေရဆဲဖြစ်သည်။

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများ   တိုးတက်လာခြင်းကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာပမာတည်ရှိလာခဲ့သည်။နည်းပညာနယ်ပယ်အသီးသီးတွင်လည်း စက်ကိုထိန်းချုပ်နိုင်သည့် လူသားအကူအညီများ၊ ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများမှာ လိုအပ်နေဆဲဖြစ်သည်။

သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ရေး သတင်းအချက်အလက်၊ အသိပညာများ ကျယ်ပြန့်စွာသိရှိနားလည်ရန်လိုအပ်လှသည်။    အလုပ်သမား များသည် မသိနားမလည်ဖြင့် တရားမဝင်အလုပ်သမားစေလွှတ်ရေးအေဂျင်စီများနှင့် အလုပ်ပွဲစားများကို ဆက်သွယ်ကြလေ့ရှိသဖြင့် အလိမ်ခံရနိုင်ဖွယ်ရှိကြောင်း သတိပြုကြရမည်။ အလုပ်သမား စေလွှတ်ရေးအေဂျင်စီများမှလည်း လူစုဆောင်းမှုအစီအစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရမည်။ သို့မှသာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခေါင်းပုံဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ်အနည်းဆုံးဖြစ်ခြင်းအစရှိသော တရားမျှတမှုများရရှိစေမည်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ရွှေ့ပြောင်း သွားလာမှုလုံခြုံရေး၊ အလုပ်သမားဥပဒေပါအတိုင်း ခံစားခွင့်များရရှိရေးမှာ လွန်စွာအရေးကြီးလှသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယားကဲ့သို့နိုင်ငံကြီးများတွင် အလုပ်သမားအရေးဖြေရှင်းပေးနိုင်မည့် အလုပ်သမားသံတမန်အရာရှိများ စေလွှတ်ထားရှိပေးခြင်း၊ နိုင်ငံတကာအလုပ်သမားရေးရာစံသတ်မှတ်ချက်များကို အလေးထားရှိခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီအလုပ်သမားများအရေး  ကူညီဖြေရှင်းပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏  ဘာသာစကားအခက်အခဲ၊ လုပ်ငန်းခွင်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် စကားပြန်များထားရှိပေးခြင်းနှင့် သက်ဆိုင်ရာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်လေ့လာသိရှိရသည်။

မြန်မာနိုင်ငံအပါအဝင်  ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်တိုးမြှင့်ရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိကြသည်။ အမှန်တကယ် အလုပ် လိုအပ်နေသူများကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများစု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးကို အလေးထားခြင်းဖြစ်သည်။ အလားတူ ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်မှုများသည်   လွန်စွာအရေးပါသကဲ့သို့နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း၊နည်းပညာ၊ အရင်းအနှီးများ ပိုမိုရရှိစေရေး အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူများစွာကို ဖိတ်ခေါ်လျက် ကုန်ထုတ်လုပ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး  အလေးထားဆောင်ရွက်လျက်ရှိသည်။ 

 နိုင်ငံတော်မှ   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးချလျက်ရှိရာ အဓိကအင်အားတစ်ရပ်ဖြစ်သည့် အလုပ်သမားများ၏အခွင့်အရေး အပြည့်အဝရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရေး၊     လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ပေးရေး၊ တတ်မြောက်ထားသည့် အတတ်ပညာ၊ အတွေ့အကြုံများကို ပြည်တွင်းပြည်ပလုပ်ငန်းခွင် များတွင်အသုံးချနိုင်ရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အလုပ်သမား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အတွင်း   ဘေးကင်းလုံခြုံရေးနှင့်  ကျန်းမာရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးရေး၊ လူမှုဖူလုံရေးစနစ် အပြည့်အဝရရှိရေးစသော ကောင်းမြတ် သော   ဦးတည်ချက်များဖော်ဆောင်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့်စံချိန်မီထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မည့်အပြင် နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောလုပ်ငန်းခွင်အဖြစ် ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း ယုံကြည်လျက် မေလ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။      ။

Source: https://myawady.net.mm/stories

ထက်ဝေအောင် (စစ်ကိုင်း)