ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ရေနံကဲ့သို့ အလေးထားရတော့မည့် “ရေ”
-

သောက်သုံးရေရှားပါးမှု၊ ရေနံဈေးနှုန်းများ မြင့်တက်မှုများနှင့်ပတ်သက်၍ သတင်းများကို မကြာခဏကြားလာရသောအခါ အနာဂတ်ကာလများတွင် “ရေ” သည်လည်း လူသားတို့ စိုးရိမ်ပူပန်ရသည့် အရေးကြီးကုန်စည် သို့မဟုတ် ရှားပါးအရင်းအမြစ် ဖြစ်လာတော့မည်၊ ရေရှားပါးမှု အခက်အခဲများ ကျယ်ပြန့် လာတော့မည်ဟု ကြိုတင်တွေးပူနေကြလိမ့်မည်။

ကမ္ဘာ့လူသားများ အသက်ရှင်သန်နေထိုင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရှင်သန်လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ် အရေးကြီးသည့် ရေသည် ကမ္ဘာ့လူဦးရေတိုးပွားမှု၊ သဘာဝပတ်ဝန်းကျင်များ ပျက်သုဉ်းမှု၊ ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် တဖြည်းဖြည်း ပိုမိုရှားပါး လာနေပြီဟု သုတေသီများက ထောက်ပြကြသည်။ ဤသို့ဆိုလျှင် ကမ္ဘာ့စီးပွားရေး ပုံမှန်လည်ပတ်နိုင်ရေးအတွက် အရေးကြီးသော လောင်စာအရင်းအမြစ် ရေနံကဲ့သို့ ယခုအခါ “ရေ”သည် ကမ္ဘာကြီးအတွက် အရေးကြီးသယံဇာတ အရင်းအမြစ်ဖြစ်လာနေပြီလော။

တဖြည်းဖြည်း တန်ဖိုးမြင့်လာသည့်ရေ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသောကဏ္ဍများတွင် မရှိမဖြစ်လိုအပ်နေသည့်ရေနံကဲ့သို့ပင် “ရေ” သည် လူသားဘဝ ရှင်သန်ရေးအတွက် အရေးကြီးအရင်းအမြစ်ဖြစ်လာလျက်ရှိရာ “ရေသယံဇာတ” သည် ယခင်ကထက် တန်ဖိုးပိုမြင့်လာသည်။ ရေသယံဇာတစီမံခန့်ခွဲမှုသည်လည်း ယခင်ကာလများကထက် ပို၍အရေးပါလာ၏။ သေချာသည်မှာ အသုံးဝင်သည့် ရေသယံဇာတသည် လူသားများ၏မသိမှု အဝိဇ္ဇာတို့နှင့်အတူ ဆက်လက်၍ ရှားပါးလာနိုင်သည့် အလားအလာရှိနေခြင်းဖြစ်သည်။ အကျိုးဆက်အားဖြင့် အနာဂတ်ကာလများတွင် ရေ၏တန်ဖိုး သည် တဖြည်းဖြည်း ပို၍ကြီးမားလာပေလိမ့်မည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူ အိတ်ချ်အို)၏အဆိုအရ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၂ ဘီလီယံခန့်သည် သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးမထိခိုက်စေရန် ပြုပြင်စီမံထားသော သောက်ရေကို မရရှိနိုင်ကြဟုဆိုထားသည်။ အမှန်တကယ်ပင် ကမ္ဘာ့နေရာတိုင်း၌ လုံလောက်သောသောက်ရေ၊ သုံးရေထောက်ပံ့ပေးနိုင်ရန်မှာ ခက်ခဲလျက်ရှိနေသည်။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရေရှားပါးမှုအခြေအနေကို ပိုမိုတွေ့မြင် လာကြသည်။ လူဦးရေတိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု အားကောင်းလာခြင်း၊ ရာသီဥတုပြောင်းလဲမှုများနှင့် အမျိုးမျိုးသော ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းမှာ အဓိကအကြောင်းတရားများဖြစ်နေသည်။

ပိုမိုပီပြင်လာသော ရှားပါးမှု

ပေါပေါများများရှိနေချိန်တွင် မရှိမဖြစ်အရေးကြီးကြောင်း လေးလေးနက်နက် သတိမထားမိသည့် ရေသယံဇာတအရင်းအမြစ်သည် ယခုအချိန်တွင် ကမ္ဘာကြီး၏ နေရာအချို့၌ သိသိသာသာ လိုအပ်ချက်ကြီးမားလာနေသည်ကို တွေ့ရသည်။ လူဦးရေတိုးတက်များပြားလာမှု၊ ရေအသုံးအစွဲ ပိုမိုလာမှုနှင့်အတူ ရေအရင်းအမြစ်လျော့နည်းလာမှုတို့ အကြောင်းဆုံလာသောအခါ ရေသယံဇာတရှားပါးမှုမှာ ကမ္ဘာ့လူသားများအားလုံးအတွက် အရေးတကြီးဖြေရှင်းရမည့် ပြဿနာကြီးတစ်ရပ် ဖြစ်လာနေတော့သည်။

ရေရှားပါးလာခြင်းဆိုသည်မှာ လူသားတို့ အမှန်တကယ်အသုံးပြုနိုင်သည့် ရေရရှိနိုင်မှုပမာဏ လျော့ကျလာခြင်းဖြစ်သည်။ ရေသည်ကမ္ဘာမြေကြီး၏ ၇၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားသော်လည်း ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ သောက်သုံးနိုင်သော အခြေအနေတွင်ရှိနေသည်ဟု သိရသည်။ ထို့အပြင်ရေချိုအများစုသည် ရေခဲမြစ်များ သို့မဟုတ် မြေအောက်လွှာများတွင် ပိတ်လှောင်ထားသကဲ့သို့ ဖြစ်နေခြင်းနှင့်အချို့မှာ ညစ်ညမ်းလျက်လူသားတို့ အသုံးမပြုနိုင်သည့် အခြေအနေတွင်ဖြစ်နေခြင်းစသည့် အခြေအနေများကြောင့် လူသားတို့ ရေသယံဇာတရရှိရေးမှာ အဟန့်အတား များ ပိုမိုဖြစ်လာနေသည်ဟု လေ့လာမှုများအရ သိရသည်။

လူသားတို့ လက်ရှိဘဝအသက်ရှင် ရပ်တည်နိုင်မှုနှင့် အနာဂတ်မျိုးဆက်များ တည်မြဲနိုင်မှုအတွက်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်း များအတွက်လည်းကောင်း မရှိမဖြစ်လိုအပ်သည့်ရေချိုမှာ ပို၍ရှားပါးလာပါက လူသားအနာဂတ် မည်သို့ဖြစ်လာနိုင် သနည်း။

ရေသယံဇာတ၏ အရေးပါမှုကို ယခင်ကလျှော့တွက်ခဲ့ကြ၏။ ယခုတော့ ထိုအခြေအနေ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နိုင်ငံတစ်နိုင်င်၏ စီးပွားရေးတွင် ရေသယံဇာတသည် မည်ကဲ့သို့ အသုံးဝင်သည်၊ မည်ကဲ့သို့ အသုံးပြုနေကြသည်၊ မည်မျှပါဝင်သည် စသဖြင့် ရေသယံဇာတနှင့်ပတ်သက်၍ ယခင်ကထက် ပိုမိုစိတ်ဝင်တစားရှိလာနေကြ၏။ သုတေသန စာတမ်းတစ်ခုတွင် တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှု ဂျီဒီပီတွင်ရေနှင့် သက်ဆိုင်သော လုပ်ငန်းသည် ၁၀ ရာခိုင် နှုန်းရှိကြောင်း၊ စိုက်ပျိုးရေး၊ စွမ်းအင် ထုတ်လုပ်ရေးနှင့် စက်မှုကုန်ထုတ် လုပ်ငန်းအပါအဝင် အခြားသောစီးပွား ရေးလုပ်ငန်းများစွာသည် သန့်ရှင်းသော ရေရရှိမှုအပေါ်တွင် အဓိကအားထား မှီခိုမှုပြုနေရကြောင်း ဖော်ပြထားသည်။

အသုံးဝင်သော ရေသယံဇာတ၏ ရှားပါးမှုအခြေအနေ ပိုမိုကြီးမားလာ သောအခါ ရေရရှိမှုအတွက် နိုင်ငံများ၊ လူ့အဖွဲ့အစည်းများအကြား အပြိုင်အဆိုင် အားထုတ်လာကြသည်။ အကန့်အသတ် ဖြင့်တည်ရှိပြီး ရှားပါးလာသည့် သယံဇာတဈေးနှုန်းသည် အခြေအနေအရ မြင့်တက်လာနိုင်ဖွယ်ရှိသည်။ ဤသို့ဆိုလျှင်အနာဂတ်ကမ္ဘာ့စီးပွားရေး အခြေအနေအပေါ် မည်သို့သက်ရောက် လာနိုင်မည်နည်း။

အလေးထားရတော့မည့် ရေစီမံခန့်ခွဲမှု

ကမ္ဘာတစ်ဝန်းရှိ လူသားများ ရေသယံဇာတ လုံလောက်စွာရရှိစေရေး၊ မျှတစွာသုံးစွဲနိုင်ရေးအတွက် ရေသယံဇာတစီမံခန့်ခွဲမှု အရေးတကြီး လိုအပ်လာသည်ကို သုတေသီများက ထောက်ပြနေကြပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ရေသယံဇာတကုန်ခန်းမှု ဖြစ်လာခဲ့ သည့်အချိန်၌ နိုင်ငံများအကြား “ရေ” ရရှိရေး အပြိုင်အဆိုင်အားထုတ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတကာ ပဋိပက္ခများအထိ ဦးတည်သွားနိုင်သည်ဟုလည်း သုံးသပ်ထားကြသည်။ ထို့ကြောင့် ရေသယံဇာတနှင့်ပတ်သက်၍ နိုင်ငံအစိုးရများသာမက ပုဂ္ဂလိကကဏ္ဍကပါ စိတ်ဝင်တစား ပါဝင်လုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများသည်လည်း ၎င်းတို့ရရှိထားသော အောင်မြင်မှုများ ဆက်လက်ခိုင်မြဲစေရေးအတွက် ရေစီမံခန့်ခွဲမှု အလေ့အကျင့်များ၏ အရေးပါမှုကို ပိုမိုသိရှိကာ ဆက်လက်တန်ဖိုးထား လုပ်ဆောင်သင့်သည်။ ရေအရင်းအမြစ်များကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေသန့်စင်မှုနည်းပညာနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရေးစသည်ဖြင့် ရေသယံဇာတ စီမံခန့်ခွဲမှုကို ထိထိရောက်ရောက် လုပ်ဆောင်ကြရန် ပြင်ဆင်ရမည့်အချိန် ရောက်ရှိနေပြီဖြစ်သည်။

ဦးစားပေးရေး အားပြိုင်လာသည့် ရေနှင့်ရေနံ

ရေနံသည် ကမ္ဘာ့အရေးအကြီးဆုံး ကုန်ပစ္စည်းဖြစ်ကြောင်း အားလုံးသိပြီး ဖြစ်သည်။ ကမ္ဘာကြီးက အကန့်အသတ်ဖြင့်သာ ထောက်ပံ့နိုင်သည့် ရေနံ၏အခြေအနေနှင့်အတူ အရေးပါမှုမြင့်တက် လာသော ရေ၏ပုံရိပ်တို့ကို နှိုင်းယှဉ် စဉ်းစားလာနေကြပြီဖြစ်သည်။ သုတေသနလေ့လာမှုများဖြင့် အကဲဖြတ်နေကြ ပြီ။ လန်ဒန်အခြေစိုက် Schroders သုတေသနအဖွဲ့၏ အကဲဖြတ်အကြံပြုချက်အရ ကမ္ဘာ့လူဦးရေ ပိုမိုတိုးပွားလာပါက ရေသယံဇာတသည် ရေနံစိမ်းထက် ပိုမိုတန်ဖိုးရှိလာနိုင်မည်ဟု ကြိုတင် သုံးသပ်နေကြသည်။ မိုးခေါင်မှုများ၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲမှုများသည် ကမ္ဘာ့စီးပွားရေးကို သက်ရောက်စေသည့် ရာသီဥတုပြောင်းလဲမှု အခြေအနေနှစ်ရပ်ဖြစ်ပြီး ရေစီမံခန့်ခွဲမှု ပိုမိုစနစ်တကျနှင့် ထိထိရောက်ရောက်ပြုလုပ်ရန်လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေပြီ ဟုလည်း ဆိုရပေမည်။

အရေးကြီးကုန်စည်တစ်ခု

စွမ်းအင်လောင်စာအတွက် ရေနံသည် အရေးကြီးကြောင်း တွင်တွင်ရေးသား၊ ဆွေးနွေးနေကြဆဲအချိန်တွင် “ရေသယံဇာတ”ကိုလည်း အလေးထားရကောင်းမှန်း ကမ္ဘာ့လူသားတို့ ပိုမိုသဘောပေါက်လာနေကြပြီ။ စီးပွားရေးရှုထောင့်မှ ကုန်စည်တစ်ခုအနေဖြင့် ဆိုရလျှင် လူသားတို့စိုးရိမ်ပူပန်ရမည့် အရေးကြီးကုန်စည်တစ်ခု တိုးလာခဲ့ပြီဟု ကောက်ချက်ချရမည်။ “ရေနှင့်ရေနံ မည်သည့်အရာကို အရေးတကြီး သဘောထား၍ ဦးစားပေးကြမည်နည်း”။

အစိုးရများသာမက၊ ကော်ပိုရေးရှင်းများ၊ စီးပွားရေးလုပ်ငန်းနှင့် ပြည်သူများသည်လည်း စဉ်ဆက်မပြတ်လုပ်ဆောင် နိုင်သည့်ရေစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်များကို ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်သည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်း ရေသယံဇာတအညီအမျှ ရရှိစေရေး အာမခံနိုင်ရန်အလို့ငှာ၊ ရေသယံဇာတဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လျက် အားလုံးပူးပေါင်းအားထုတ်လုပ်ဆောင်ကြရမည်။ သန့်ရှင်းသောရေ ရရှိနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အလုပ်ဖြစ်မည်၊ သေချာသော ရလဒ်တစ်ခုကို ရရှိနိုင်ပေလိမ့်မည်။ ။

ကိုးကား - https://www.eurasiareview.com/

MOI

ရွှေသင်(MPP)

ကျေးလက်ဒေသဖွံ့ဖြိုးရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးရေးဆီသို့
-

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။ နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကို ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (A/78/L.84/Rev2) ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ၄၃ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၃ ဒသမ ၄၄၆ သန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဥစ္စာဓနကြွယ်ဝချမ်းသာရေးနှင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် နိုင်ငံအသီးသီးရှိ အစိုးရအဆက်ဆက်က ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရန်၊ ခွန်အားအပြည့်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ ဖြစ်ပေါ်ရေး CIRDAP အဖွဲ့က နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် အခြေစိုက်သော အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center on Integrated Rural Development for Asia and the Pacific - CIRDAP)သည် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံအလိုက်ဆောင်ရွက်နေသော ကျေးလက်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ ယင်းအဖွဲ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ ပင်မဆက်သွယ်ရာဌာနအဖြစ် တာဝန်ယူ၍ နိုင်ငံတကာမျက်နှာစာတွင် တက်ကြွပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ပထမဆုံးအကြိမ်အဖြစ် “တို့ကမ္ဘာမြေတိုးတက်ပြောင်းလဲဖို့ ကျေးလက်စွမ်းအားမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ပြန်တွေးကြည့်ပါက ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်များကို ရေရှည်တည်တံ့ခိုင်မြဲစေရေးရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ပင်မမဏ္ဍိုင်တစ်ရပ်အနေဖြင့် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်မှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။

နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ကျေးလက်ဒေသများ၌ နေထိုင်ကြသူများဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ကျေးလက်ဒေသများကိုအခြေခံထားပြီးဖော်ဆောင်ကြရခြင်းပင်ဖြစ်သည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်မှာ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်စီးပွားမြင့်မားရေးနည်းပညာနှင့် စွမ်းဆောင်ရည်များဖွံ့ဖြိုးတိုးတက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်။

ထို့ကြောင့် နိုင်ငံတော်အမျိုးသားရေးရည်မှန်းချက်များ၊ မူဝါဒများနှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ ရည်မှန်းချက်များအောင်မြင်စေရန် မူဝါဒကောင်းများရှိရန် လိုအပ်သည့်အတွက် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs)၊ အာဆီယံကျေးလက်ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုလျှော့ချရေးပင်မစီမံချက်၊ မြန်မာနိုင်ငံ၏ ဘက်စုံရေရှည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MCSDP)များနှင့် ချိတ်ဆက်၍ တိကျခိုင်မာအားကောင်းသော ဖွံ့ဖြိုးရေးမူဝါဒများချမှတ်ကာ ပြည်သူ့အကျိုးပြု ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများ၊ လုပ်ငန်းများကို ပြည်သူလူထုအပါအဝင် သက်ဆိုင်သူအားလုံးနှင့် လက်တွဲပူးပေါင်းကာ ဟန်ချက်ညီညီ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန်မှာ မရှိမဖြစ်လိုအပ်လှသည်။ ကျေးလက်ဒေသအတွက် လမ်း၊ တံတား၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့သည် ကျေးလက်ဒေသအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက်လမ်းမိုင်ပေါင်း ၂၀၁၉၆ ဒသမ ၂၉ မိုင်၊ ကုန်ထုတ် လမ်းမိုင်ပေါင်း ၄၀၁၂ မိုင်၊ တံတား ၂၀၉၂၉ စင်း ဆောက်လုပ်ပေးနိုင်ခဲ့သဖြင့် ကျေးရွာ ၅၀ ရာခိုင်နှုန်း၊ လူဦးရေ ၅၈ ရာခိုင်နှုန်းအတွက် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ ဖောက်လုပ်ပေးနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်ကြားသိရသည်။

ထို့ပြင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ရေကြည်ရေသန့်ရရှိသော စက်ရေတွင်းများ၊ သန့်စင်မှုစနစ်ပါဝင်သော စိမ့်စမ်းရေသွယ်လုပ်ငန်းများဖြင့် အိမ်တိုင်ရာရောက် ရေကောင်းရေသန့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကျေးလက်နေပြည်သူများ၏ ရေရှားပါးမှုပြဿနာများကို ဖြေရှင်းနိုင်စေရန် ရေရရှိရေးလုပ်ငန်းပေါင်း ၄၄၂၁၀ အား ကျေးရွာပေါင်း ၃၂၃၂၅ ရွာတွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၈၄ ဒသမ ၅ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တောင်ပေါ်၊ မြေပြန့် နယ်စပ်ဒေသပါမကျန် ဖွံ့ဖြိုးစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပြင် ကျေးလက် လမ်းဦးစီးဌာနကလည်း ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းတံတားများအဖြစ် ဖော်ဆောင် ပေးလျက်ရှိသလို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်းနယ်စပ်ဒေသရှိ ကျေးလက်နေပြည်သူများပါမကျန် ဖွံ့ဖြိုးမှုအခြေခံကောင်းများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသည်မှာ ကျေးလက်နေပြည်သူများအတွက် အားတက်ဖွယ်ဖြစ်သည်။

စွမ်းအင်ဖွံ့ဖြိုးရေးကဏ္ဍ

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးသည် လူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်သည့် အခြေခံစွမ်းအင်တစ်ခုဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်း (On-Grid) မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးလက်ဒေသများတွင် မဟာဓာတ်အားလိုင်း ပြင်ပ (Off-Grid) မီးလင်းရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် ကျေးရွာပေါင်း ၄၂၇၂၃ ရွာ မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရောင်ဖြင့် ထိန်ထိန်လင်းသည့် ကျေးရွာညများ ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်သည်။ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ

ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးလက်စီးပွားမြင့်မားရေး လုပ်ငန်း ဆောင်ရွက်ပေးရာတွင် အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေးကို အဓိက ဖော်ဆောင်ပေးသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (SMART Village)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work)နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများသည် ပြည်သူများအကြား ပြည်သူ့အကျိုးပြုဖွံ့ဖြိုးမှု စီမံကိန်းများပင်ဖြစ်သည်။ ယင်းစီမံကိန်းများသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖော်ဆောင်ပေးနေသည့် ပြည်သူအခြေပြုဖွံ့ဖြိုးရေး စီမံကိန်းများပင်ဖြစ်သည်။

ယနေ့အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၅၁၇၆ ရွာ၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်း ၁၂၈ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ၁၅၆ ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ၁၉၄၁၇ ရွာ၊ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work)၂၈၂၃ ရွာနှင့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုသင်တန်း ၅၉၆၆ ကြိမ်တို့ကို နိုင်ငံအနှံ့ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပြီး ဆက်လက်၍လည်း အားမာန်အပြည့်ဖြင့် ဖော်ဆောင် လျက်ရှိသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာဖွံ့ဖြိုးရေးကဏ္ဍ

ကျေးလက်ဒေသအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအားထား ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများပေးအပ်ခြင်း၊ ငွေကြေးအရင်းအနှီးများ ဆောင်ရွက်ပေးခြင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးသီးနှံများ ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရေးဆောင်ရွက်ပေးခြင်းတို့အပြင် နိုင်ငံတော်စီမံကိန်းဝင်သီးနှံများဖြစ်သော ဝါနှင့် နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေအပါအဝင် ငွေကြေးနှင့် သွင်းအားစုများ ကူညီဆောင်ရွက်ပေးခြင်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပါအဝင် ဆက်စပ်ဦးစီးဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသလို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

နို့စားနွားမွေးမြူရေးလုပ်ငန်းကို သမဝါယမစနစ်၊ အစုအဖွဲ့စနစ်ဖြင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှစတင်၍ မိတ္ထီလာခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သမဝါယမဦးစီးဌာနကလည်း သမဝါယမစနစ်ဖြင့် ဖော်ဆောင်ပေးလျက်ရှိသည့်အတွက် နို့စားနွားမွေးမြူသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီး နေ့စဉ်ဝင်ငွေများရရှိ၍ မိသားစုဝင်ငွေ တိုးပွားလျက်ရှိသည်။

ကျေးလက်ဒေသများတွင် သမဝါယမစနစ် ထွန်းကားတိုးတက်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခိုင်မာစွာဆောင်ရွက်လာနိုင်စေရန် ဖော်ဆောင်ပေးလျက်ရှိသလို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် တောင်သူများသီးနှံအထွက်တိုးစေရေး၊ ဈေးကွက်ခိုင်မာမှုရှိစေရေးတို့အတွက် ကုမ္ပဏီများနှင့် ချိတ်ဆက်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ ပံ့ပိုးငွေရယူ၍လည်းကောင်း၊ အသင်းပိုင်ငွေဖြင့်လည်းကောင်း သမဝါယမကန်ထရိုက် လယ်ယာလုပ်ငန်း (Cooperative Contract Farm-ing)ကို သမဝါယမဦးစီးဌာနက ဖော်ဆောင်ပေး လျက်ရှိပေသည်။

စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ

ယနေ့ခေတ်တွင် တောင်သူများအတွက် ထုတ်လုပ်မှုမြှင့်တင်ခြင်း၊ အလုပ်ချိန်လျှော့ချပေးခြင်း၊ အထွက်နှုန်းတိုးတက်စေခြင်းတို့သည် စက်မှုလယ်ယာဖွံ့ဖြိုးမှုအပေါ် မှီခိုလျက်ရှိသည်။ ထို့ကြောင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်မည့် စနစ်ကျလယ်ယာမြေကွက်များ ပေါ်ထွန်းစေရန် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို စက်မှုလယ်ယာဦးစီးဌာနမှ ဖော်ဆောင်ပေးလျက်ရှိရာ ဧကပေါင်း ၁ ဒသမ ၃၁၄ သိန်းအား စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေအဖြစ် ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ

ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးမြှင့်စေရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးတွင် ငွေကြေးအရင်း အနှီးနှင့်နည်းပညာများကို ပံ့ပိုးကူညီပေးခြင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိရေး၊ ရောင်းချနိုင်ရေးနှင့် လုပ်ငန်းရှင်များအချင်းချင်း ကွန်ရက်ထူထောင်နိုင်ရေး အရောင်း ပြပွဲများ စီစဉ်ကျင်းပပေးခြင်း၊ E-market place တည်ထောင်၍ ဈေးကွက်ရရှိရေးစီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အစီအစဉ်များကိုလည်း အားပေးမြှင့်တင်လျက်ရှိသည်။ ယခုလို MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့က အဓိကတာဝန်ယူဆောင်ရွက်နေသလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်းကျေးရွာ ဖွံ့ဖြိုးရေးကဏ္ဍ

ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ လူထုအခြေပြုခရီးသွား လုပ်ငန်းကျေးရွာများကို ဖော်ဆောင်ပေးလျက်ရှိသည့်အတွက် ယနေ့အထိ Community Base Tourism ဆောင်ရွက်ပြီး ကျေးရွာ ၃၇ ရွာနှင့် ဆောင်ရွက်ဆဲကျေးရွာနှစ်ရွာ ဖော်ဆောင်ပေးလျက်ရှိသည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအနေဖြင့် မူလတန်းမှ အထက်တန်းအထိ အခြေခံပညာကျောင်းများ တည်ဆောက်ခြင်း၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံရေး ဆောင်ရွက်ခြင်းအပြင် ကျောင်းနေရာခိုင်နှုန်း မြင့်မားလာရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ကျေးလက်ဒေသများတွင် အထက်တန်းကျောင်း ၅၂၀၅ ကျောင်း၊ အလယ်တန်းကျောင်း ၁၆၃၇၂ ကျောင်း၊ မူလတန်းကျောင်း ၂၅၁၉၉ ကျောင်း၊ စုစုပေါင်း ၄၆၇၆၆ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူစုစုပေါင်း ၄၃ ဒသမ ၄၄၈ သိန်း ပညာသင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများတွင် သင်ကြားပေးမည့် ဆရာ ဆရာမပေါင်း ၂၃၀၀၀၀ ကျော်ကိုလည်း ခန့်အပ်ပေးနိုင်ခဲ့ပါသည်။

အခြေခံစာတတ်မြောက်ရေးကဏ္ဍတွင် စာဖတ် ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း ကျေးရွာနေပြည်သူများ စာဖတ် သည့် အလေ့အထရရှိစေရေး၊ စာပေများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရေးအတွက် ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် ၃၅၀၈ လုံး ဖွင့်လှစ် ပေးနိုင်ခဲ့ပြီဖြစ်သည်။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့်လည်း နယ်စပ်ဒေသရှိ တိုင်းရင်း သားပြည်သူများ၏ ပညာရည်မြင့်မားရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။

ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကျေးလက်ကျန်းမာရေးဌာန ၁၉၀၄ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၉၀၇၇ ခု တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ကျေးလက် ဒေသများတွင် ဆရာဝန် ၃၇၀၊ သားဖွားဆရာမ ၇၉၉၃ ဦးနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ၁၂၆၉ ဦး၊ ကျန်းမာရေးမှူး ၉၃၃၀ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေး အသိပညာပေးလုပ်ငန်း အကြိမ် ၁၄၂၃၀၆၀ နှင့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ

ကျေးလက်ဒေသများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၁ ကျောင်း ဖွင့်လှစ်ထားရှိခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့အထိ သက်ကြီးပုဂ္ဂိုလ် ၁၁၃၆၈၈ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ် ၁၆၉၅၄၇ ဦးအား ငွေကြေးထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကဏ္ဍ

ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဝင် ကျေးရွာများနှင့် အခြားကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာများ၌ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲရေး လုပ်ငန်းများ၊ အိမ်တွင်းလေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ၊ ကျေးရွာပိုင်ထင်းစိုက်ခင်း၊ အစုအဖွဲ့ပိုင်သစ်တောများ ထူထောင်ခြင်းလုပ်ငန်းများ၊ ကျေးရွာတွင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဖော်ဆောင်ပေးလျက်ရှိပါသည်။

ဆက်လက်ကြိုးပမ်းဆောင်ရွက်

ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ လူ့ဘဝအရည်အသွေးမြှင့်တင်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ တစ်ခုတည်းမဟုတ်ဘဲ ဒေသခံပြည်သူများ အပါ အဝင် သက်ဆိုင်သူအားလုံးပါဝင်ပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှသာ ရည်မှန်းချက်များ ထိရောက်အောင်မြင်မည် ဖြစ်ပါသည်။ ထို့ပြင် မကြာခဏ ကျရောက်တတ်သော သဘာဝဘေးအန္တရာယ်များကြောင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပျက်စီးမှု၊ အနာဂတ်အစီအစဉ်များ နှောင့်နှေးမှုစသည့် အဟန့်အတားများကို ဖြေရှင်းမည့်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေသလို ဒေသခံပြည်သူ များကလည်း မိမိရပ်ရွာဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးမှသည် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ဆီသို့ တက်လှမ်းဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” ကို ဂုဏ်ပြုတင်ပြလိုက်ရပါသည်။  ။

MOI

ဇာနည်(ကျေးလက်)

ကမ္ဘာ့ငြိမ်းချမ်းရေး … မျှော်လင့်ရင်း ဝေးသည်ထက်ဝေး
-

အစဉ်အလိုက်လော တစ်ခုမဟုတ်တစ်ခုလော

အစဉ်အလိုက်လော တစ်ခုမဟုတ်တစ်ခုလော

နှစ်ပေါင်းထောင်ချီဖြတ်သန်းခဲ့သော ကမ္ဘာကြီး၏သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် ရုပ်ပိုင်းဝတ္ထုဆိုင်ရာ ဖွံ့ဖြိုးမှုများတိုးတက်မှုသည် ဖြည်းဖြည်းခြင်းဖြင့်လည်းကောင်း၊ လျင်မြန်သော အရှိန်အဟုန်ဖြင့်လည်းကောင်း အံ့မခန်းဖြစ်ပေါ်နေခဲ့သည်ကို မျက်မြင်ထင်ရှားတွေ့ရှိကြရသည်။ တစ်ချိန်တည်းမှာပင် စိတ်ပိုင်းဆိုင်ရာကို အခြေခံဖြစ်ပေါ်လာသော အနိဋ္ဌာရုံများ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပင် ဖြစ်ပျက်နေကြသည်ကိုလည်း တွေ့ကြရလိမ့်မည်။ မနာလိုဝန်တိုမှုနှင့် လွန်ကဲသော လောဘ၊ ဒေါသကို သရုပ်ဖော်နေသောအပြုအမူများ၊ စစ်ပွဲများ၊ ပဋိပက္ခများ၊ အဖြစ်အပျက်ဆိုးများသည် တစ်ခုပြီးတစ်ခု အစဉ်အလိုက်ဖြစ်နေသကဲ့သို့လည်းကောင်း၊ တစ်ခုမဟုတ်တစ်ခုဖြစ်နေသကဲ့သို့ လည်းကောင်း တွေ့နေရသည်။

အတိတ်သမိုင်းနှင့် ပစ္စုပ္ပန်အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု

မိတ်ဆွေတစ်ယောက်၏ ပြောစကားကို အမှတ်ရသည်။ အိန္ဒိယဂန္ထဝင်စာပေတွင် ရာမယဏ (Ramayana) နှင့် မဟာဘာရတ္တ (Mahabharata) ဇာတ်လမ်းများရှိပြီး မော်ကွန်းတင်ကဗျာရှည်ကြီးများအဖြစ် ဖွဲ့ဆိုထားကြသည်။ မော်ကွန်းတင် ကဗျာရှည်ကြီးများအဖြစ် ဖွဲ့ဆိုရလောက်သည့် အဆိုပါဇာတ်လမ်းများထဲ၌ ဇာတ်ကောင်များ၏ ကြမ်းတမ်းသော၊ ကျင့်ဝတ်သိက္ခာမဲ့သော၊ ခိုက်ရန်ဖြစ်ပွားသော စရိုက်လက္ခဏာများ၊ ငြိမ်းချမ်းလိုသည့် ဆန္ဒရှိသော၊ စိတ်ကောင်းစေတနာရှိသော စရိုက်လက္ခဏာများ၊ မြင့်မြတ်သောအပြုအမူများကို လုပ်ဆောင်သည့်အမျိုးသားများ၊ အမျိုးသမီးများနှင့် သူတော်ကောင်း၊ သူတော်စင်များ၏ အပြုအမူများစသဖြင့် အကောင်းအဆိုးအခြေအနေများကို ဖော်ညွှန်းရေးသားထားသည်။

ဇာတ်လမ်းဇာတ်ကွက်များသည် အတိတ်သမိုင်းယဉ်ကျေးမှုကို သရုပ်ဖော်ထင်ဟပ်နေသကဲ့သို့ အမှန်တရားနှင့် ငြိမ်းချမ်းရေးတို့ကြား သဟဇာတဖြစ်မှု၊ လူသားတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးအတွက် မှတ်သားလိုက်နာသင့်သည့် လမ်းညွှန်မှုတို့ကို သင်ခန်းစာယူ၊ မှတ်သားဖွယ်ရာ ဖော်ပြထား သည်။ လူသားဝါဒတို့နှင့်ဆက်စပ်သော မြင့်မြတ်သည့်အတွေးအခေါ်များ၊ ဘာသာအယူဝါဒအပေါ် သက်ဝင်ယုံကြည်မှုအပါအဝင် ကောင်းမွန်သောအကျင့်စရိုက်များ၊ အပြုအမူများကိုလည်း သရုပ်ဖော်ထား၏။ ကမ္ဘာကြီးနှင့် လူသားတို့ အပြန်အလှန်မှီခိုရှင်သန်နေနိုင်ရေး၊ လူသားများအချင်းချင်းကြား သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးနှင့် မကောင်းမှုများသည် ကမ္ဘာကြီးနှင့်လူသားတို့ကို ပျက်စီးစေသည်ဟူသော သတိချပ်စရာ၊ မှတ်သားလိုက်နာ စရာများလည်းပါဝင်သည်။

နှောင်းခေတ်လူသားတို့မှတ်သား၊ လိုက်နာ၊ ကျင့်ကြံနိုင်ခြင်းရှိပါသလော။ ပစ္စုပ္ပန်အခြေအနေများဖြင့် သက်သေထူနိုင်ပါသည်။ ယနေ့ကမ္ဘာတွင် မကောင်းမှုများသည် အတိတ်ကာလများထက်ပင် ပို၍ဖြစ်ပေါ်လာနေတော့၏။

ထိုဇာတ်လမ်းများထဲတွင် ဖော်ပြထားသော ဇာတ်ကောင်များ၏ စရိုက်လက္ခဏာများနှင့် ယနေ့ခေတ်အခြေအနေတို့ကို နှိုင်းယှဉ်ကြည့်မိသည်။ လက်ရှိအချိန်ကာလတွင် နေထိုင်ကြသော လူအများစု၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ၊ အပြုအမူများနှင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာက နေထိုင်ခဲ့သော လူတို့စရိုက်လက္ခဏာ၊ အပြုအမူများသည်များစွာ ကွာခြားမှုမရှိသည်ကို ရှင်းရှင်းလင်းလင်းသိမြင်နေရ၏။ ထိုအချိန်ထိုအခါက အခြေအနေများကို ထင်ဟပ်စေသော အကောင်းအဆိုး၊ ဇာတ်လမ်း ဇာတ်ကွက်များသည် ယနေ့ခေတ်တွင် ဖြစ်ပျက်နေသောအခြေအနေများနှင့် များစွာကွာခြားမှုမရှိပေ။ သိသာထင်ရှားသောအချက်မှာ သိပ္ပံနှင့်နည်းပညာများ သိသိသာသာဖွံ့ဖြိုးတိုးတက်လျက်၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ အားကောင်းလာခဲ့သော်လည်း လူသားတို့၏ စိတ်သဘောထားသည် နှစ်ပေါင်းများစွာအတွင်း ပိုမိုကောင်းမွန်သည့် အပြောင်းအလဲများစွာ ဖြစ်မလာခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့နေရခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ အခြေခံအမူအကျင့်များသည် ယခင်အချိန်များက လူသားများ ကဲ့သို့ပင်ရှိနေသည်။ ယဉ်ကျေးမှုရှုထောင့်မှဆိုရလျှင် ကျောက်ခေတ်ကာလများမှသည် ယနေ့အချိန် ကာလအထိ လူသားတို့၏နေထိုင်မှုများမှာ တဖြည်းဖြည်းချင်းတိုးတက်လာခဲ့သော်လည်း လူသားတို့၏ စိတ်ထားနှလုံးသားတို့သည် ကောင်းစွာမတိုးတက်သေး၊ စိတ်ပျက်ဖွယ်ကောင်းနေတော့သည်ဟု သုတေသီအချို့ကထောက်ပြသည်။ အဘယ်ကြောင့်ဆိုသော် သတ္တဝါများထဲတွင် အသိဉာဏ်အရှိဆုံး ဖြစ်သည့် လူသားများသာကြီးစိုးသော ယနေ့ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ယခုအချိန်အထိ ပြည့်ပြည့်ဝဝမရရှိသေးသော ကြောင့်ဖြစ်သည်။

အဆိုးသင်ခန်းစာများထပ်ရနေသော ကမ္ဘာ

ကမ္ဘာကြီးတွင် အတိတ်ကာလများက စစ်ပွဲများစွာဖြစ်ပွားခဲ့၏။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့သည် အကြီးမားဆုံး၊ အပျက်စီးဆုံးနှင့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့သည့် အနိဋ္ဌာရုံကြီးများဖြစ်သည်။ လေးနှစ်ကျော်ကြာမြင့်ခဲ့သည့် ပထမကမ္ဘာစစ်အပြီးတွင် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း အသိရလာခဲ့ကြပြီး ငြိမ်းချမ်းမှုကို နှလုံးသွင်းလျက် နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့စည်းခဲ့ကြသည်။ တဒင်္ဂသာခံ၏။ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့ရာ အချိန်ကာလခြောက်နှစ်ကြာမြင့်ခဲ့၏။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးခဲ့သောအခါ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ တစ်ကျော့ပြန် စတင်ခဲ့ပြီး စစ်ပွဲမရှိသော ကမ္ဘာကြီးကို မျှော်လင့်ခဲ့ကြပြန်သည်။ ပို၍သေချာမှုရှိစေရန် ရည်ရွယ်လျက် ကုလသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ယခု ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့သည်မှာ ခုနစ်ဆယ့်ငါးနှစ်ပင်ကျော်ခဲ့ပြီ။ ကုလသမဂ္ဂအဖွဲ့ကြီးသည် ခံ့ခံ့ထည်ထည်ရှိနေဆဲ။ ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နေဆဲမှာပင် ငြိမ်းချမ်းရေးဆိုသည်ကို နိဒါန်းပင်မပျိုးနိုင်သေးပေ။ စစ်ပွဲကြီးငယ်များသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲ။ ယူကရိန်းစစ်ပွဲ အဆုံးမသတ်နိုင်သေး။ ၂၀၂၃ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အရပ်သားပြည်သူများစွာ သေကျေခဲ့ရသည့် အစ္စရေးနှင့်ဟားမာ့စ်တို့၏ စစ်ပွဲများဖြစ်ပွားခဲ့သည်။ နိုင်ငံအတော်များများတွင် ဒေသတွင်းစစ်ပွဲများ၊ နယ်စပ်ပဋိပက္ခများ တစ်နေ့ တခြားတိုးလာနေ၏။ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အီရန်-အစ္စရေး နှစ်နိုင်ငံ စစ်ပွဲမီး စတင်ခဲ့ပြန်သည်။

စစ်ပွဲဖန်တီးဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအကြီး၊ အငယ်များအပေါ် demonstration effect ဖြစ်ပေါ်လျက် အတုမြင်အတတ်သင် အဆိုးသင်ခန်းစာကို ထပ်မံပေးနေခြင်းလော။

မြင့်မြတ်သောနှလုံးသားများရှိနေသည့်တိုင်

ဤသို့ဆိုလျှင် စစ်ပွဲများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခေါင်းဆောင်များ ငြိမ်းချမ်းရေးကို မည်သူကမျှ နှစ်နှစ်ကာကာ စိတ်ဝင်စားမှုမရှိခြင်း သဘောပေလော။ ထိုကဲ့သို့မဟုတ်ပေ။ အတိတ် ကာလများကတည်းက ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးလျက် ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့သူများရှိခဲ့၏။ မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်း၊ နယ်လ်ဆင်မင်ဒဲလားအပါအဝင် ခေါင်းဆောင်အချို့သည် စစ်ပွဲတိမ်တိုက်မည်းကြီးများ လွင့်စဉ်ပျောက်ကွယ်၍ ကောင်းကင်ပြာပြာတွင် ငြိမ်ချမ်းရေးချိုးငှက်များ လွတ်လပ်စွာ ပျံသန်းနိုင်ရေးအတွက် ၎င်းတို့၏ဘဝကိုမြှုပ်နှံ၍ ရုန်းကန်လှုပ်ရှားပင်ပန်းခဲ့ကြသည်။ ထိုကဲ့သို့ စွန့်လွှတ်အနစ်နာခံတတ်သော နှလုံးသားများ၏ မြင့်မြတ်သောအားထုတ်မှုများရှိခဲ့သည့်တိုင် စစ်ပွဲဖန်တီးရေး နှလုံးသားများသည် ဟန်ဆောင်မှုများကိုသာ အထင်းသားပြ၍ အတွင်းစိတ်သဘောကမူ တုတ်တုတ်မျှမလှုပ်ခဲ့ချေ။ အခြေအနေများသည် အရင်အတိုင်းရန်လိုမုန်းထားမှုများ ကြီးစိုးနေဆဲ။ ကမ္ဘာကြီးသည် ကြေကွဲနေရဆဲဖြစ်၏။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထပ်ထပ်အခါခါ ကတိကဝတ်ပြုခဲ့ကြသော ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ နှုတ်ကတိများသည်လည်း အချည်းအနှီး။ လေထဲတွင် ချက်ချင်းပင် ပျောက်ကွယ်သွားသော၊ စာရွက်ပေါ်တွင် သမိုင်းမှတ်တမ်းအဖြစ်ပြရုံ သက်သက်စကားလုံးများသာဖြစ်သည်ကို ဖြစ်နေဆဲစစ်ပွဲများက သက်သေပြလျက်ရှိနေသည်။ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်အများစုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား၊ နယ်မြေချဲ့ထွင်လိုမှုလောဘ၊ အခြားနိုင်ငံများအပေါ် လွှမ်းမိုးကြီးစိုးလိုစိတ် စသည့် ပါဝါများအတွက် စစ်ပွဲဖန်တီးရန် တွန့်ဆုတ်ခြင်းမရှိကြ။ ပဋိပက္ခများ၊ စစ်ပွဲများကို မသိမသာရော၊ သိသိသာသာပါ ဖန်တီးပြီးရင်း ဖန်တီးနေကြသည်။

ငြိမ်းချမ်းသည့်နှလုံးသားရှိသူများသာ ငြိမ်းချမ်းရေးအတွက်အဖြေရှာနိုင်

ယနေ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များထံမှ ထွက်ပေါ်လာသော “ငြိမ်းချမ်းရေး” ဆိုသော ဝေါဟာရသည် ၎င်းတို့အားလုံး၏ စိတ်ထားနှင့်ထပ်တူကျပါ၏လော။ ငြိမ်းချမ်းရေးဖြစ်စေချင်သော ရယူလိုမှုများသည် စိတ်ကူးယဉ်သက်သက် ဖြစ်နေပြီလော။ ကမ္ဘာ့ဒေသများစွာတွင် ကျင်းပပြုလုပ်ခဲ့ကြသော ငြိမ်းချမ်းရေးဖိုရမ်များ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများတွင် မည်သည့်အရာ လစ်ဟာ နေပါသနည်း။

ကမ္ဘာကြီးငြိမ်းချမ်းမှုရရှိရေးအတွက် ကြိုးစားအားထုတ်မှုများတွင် ပါဝင်နေကြသော ခေါင်းဆောင်တစ်ဦးချင်းစီသည် ၎င်းတို့၏ အတွင်းစိတ်သဘော မနောတို့ကိုပြန်လည်ဆန်းစစ်ကြဖို့ လိုလာသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခြင်းမပြုမီ ၎င်းတို့တစ်ဦးချင်း၏စိတ်ထဲ၌ လောဘ၊ ဒေါသကိုတစ်ဖက်၊ ငြိမ်းချမ်းရေးကို တစ်ဖက်ထားလျက် စိတ်တိုက်ပွဲဝင်ခိုင်းနေသင့်သည်ဟု အကြံပြုပါသည်။ အဆိုပါစိတ်တိုက်ပွဲ၌ ငြိမ်းချမ်းရေးက အနိုင်ရရှိစေရန် မိမိတို့၏စိတ်သန္တာန်ကို ပြင်ဆင်နေရမည်။ ငြိမ်းချမ်းရေးကသာ အမှန်တကယ်အနိုင်ရနေရမည်။ ငြိမ်းချမ်းရေးဖြစ်စေရန် စိတ်နှလုံးတွင် လောဘ၊ ဒေါသတို့ကို လျှော့ချနိုင်သလောက် လျှော့ချထားနေရမည်။ လောဘ၊ ဒေါသ လျှော့ချထားနိုင်လေလေ၊ ငြိမ်းချမ်းလိုသည့်စိတ် ပိုအားကြီးလေလေဖြစ်မည်။ ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နေသည့် ခေါင်းဆောင်များ၏ အတွင်းစိတ်၌ ငြိမ်းချမ်းရေးအနိုင်ရရှိနေမှသာ (စိတ်ငြိမ်းချမ်းမှုရှိနေမှသာ) အပြင်လောကနိုင်ငံများ အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးကိုဦးတည်သည့် ကနဦးပြင်ဆင်မှုများ အလုပ်ဖြစ်မည်ဟုဆိုသည်။ စိတ်တိုက်ပွဲ၌ ငြိမ်းချမ်းရေးအနိုင်ရရှိထားသူများဖြင့်သာ၊ မိမိကိုယ်တိုင်ငြိမ်းချမ်းသည့် နှလုံးသားရှိသူများကသာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အဖြေရှာနိုင်လိမ့်မည်ဟု ယူဆ၏။

မျှော်လင့်ချက်မဲ့ ကမ္ဘာ

ယနေ့ ကမ္ဘာကြီးတွင် လူတို့၏မဆင်ခြင်သော အပြုအမူများနှင့် သဘာဝတရား၏ ဟန်ချက်မညီ ယို့ယွင်းမှုများကြောင့် အပူချိန်ဒီဂရီများ တိုးလာနေစဉ် ကမ္ဘာကြီးကို မှီခိုနေကြသော လူသားတို့၏ စိတ်နှလုံး သားများသည်လည်းမသိမှု၊ အဝိဇ္ဇာတိုးလျက် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ပူလောင်မြိုက် လျက်ရှိနေပါသည်။ ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့လူသားတို့ မျှော်လင့်ချက်မဲ့ရတော့မည်လား။

ကောင်းကင်ပြာတစ်ခွင်၌ လွတ်လပ်စွာပျံသန်းနေသော ငြိမ်းချမ်းရေးချိုးငှက်ကို ရှာဖွေကြည့်သည်။ တွေ့မြင်ရနိုးနိုးမျှော်လင့်မိ၏။ ယခုအချိန်အထိ အရိပ်အယောင်မျှပင်မတွေ့ရသေး။ ။

ကိုးကား - https://www.eurasiareview.com/

MOI

ရွှေသင် (MPP)

စွမ်းရည်မြင့်မား မြန်မာအမျိုးသမီးများ
-

မခူးရက် . . . မမွှေးရက်ဘူးကွဲ့ . . . ရင်ခွင်မှာပျိုးတဲ့ပန်းကို မြတ်နိုးယုယမှုနဲ့ . . . သမုဒယကြိုးတွေနှောင်တွယ်. . .   ကြွေသည်ရှိ  . . . ပွင့်သည်လည်းရှိ. . . မွှေးလွန်းတော့ရင်ဖိုမော ညှိုးကြွေမှာစိုးသည်. . .  အလှပဲကြည့်လို့နေချင်သည် . . .  ကြွေသည်  ဝေသည်ရှိပစေ. . .    နှင်းဆီ တစ်ပွင့်တည်း ဖူးပွင့်ဝေစီ . . . နေခြည်ထွေးကာနွေးစေ. . . ပင်ယံမြင့်မှာဝေ. . . နေခြည်ထိုးရင် . . .  ညှိုးသွားမှာလည်းစိုးသည်   . . . ကြွေသည်. . .  ပွင့်သည် . . .   မွှေးသည် . . .   ရင်မှာနင့်အောင်မွှေးသည် . .

မခူးရက် . . . မမွှေးရက်ဘူးကွဲ့ . . . ရင်ခွင်မှာပျိုးတဲ့ပန်းကို မြတ်နိုးယုယမှုနဲ့ . . . သမုဒယကြိုးတွေနှောင်တွယ်. . .   ကြွေသည်ရှိ  . . . ပွင့်သည်လည်းရှိ. . . မွှေးလွန်းတော့ရင်ဖိုမော ညှိုးကြွေမှာစိုးသည်. . .  အလှပဲကြည့်လို့နေချင်သည် . . .  ကြွေသည်  ဝေသည်ရှိပစေ. . .    နှင်းဆီ တစ်ပွင့်တည်း ဖူးပွင့်ဝေစီ . . . နေခြည်ထွေးကာနွေးစေ. . . ပင်ယံမြင့်မှာဝေ. . . နေခြည်ထိုးရင် . . .  ညှိုးသွားမှာလည်းစိုးသည်   . . . ကြွေသည်. . .  ပွင့်သည် . . .   မွှေးသည် . . .   ရင်မှာနင့်အောင်မွှေးသည် . . . တေးသံရှင် ပိုးအိစံ၏ “ရင်နင့်ပန်းလေးနှင်းဆီ”သီချင်းကိုနားထောင်ရတိုင်း  အမျိုးသမီးတို့၏ ဘဝနှင့်အလှကို  ပန်းဘဝပန်းအလှနှင့် ပမာပြုတင်စားရေးဖွဲ့ထားသည်အား အတွေးနယ်ချဲ့မိသည်။

ကျွန်မတို့အမျိုးသမီးများ၏ဘဝသည် ငယ်ရွယ်စဉ်ကလေးဘဝမှ အရွယ်ရောက်လာသည့်အခါ ဖူးရာမှငုံ ငုံရာမှပွင့် ငွားငွားစွင့်စွင့် အလှပန်းပွင့်လာသည့်အခါ ခူးချင်သူ၊ ပန်ချင်သူတွေ ဝိုင်းဝိုင်းလည်၍ လာပါတော့သည်။ မွှေးပျံ့သောရနံ့နှင့် ပန်းအလှ၏ဆွဲဆောင်မှုကြောင့် အမြတ်တနိုးတန်ဖိုးထား၍ ခေါင်းပေါ်တင် ပန်ဆင်လိုသူများရှိသလို ချိုးဖဲ့ဖျက်ဆီးကျိုးကြေအောင် လုပ်မည့်သူများလည်းရှိနေသည်။ ပန်းကလေးတစ်ပွင့်သဘာဝအလျောက် ဖူးငုံရာမှစ၍ ဂရုစိုက်မှုပြုရသလို မိန်းမသားဘဝမှာလည်း ကလေးအရွယ်မှ အပျိုစင်ဘဝထိ  မိဘနှစ်ပါး၏အရိပ်တကြည့်ကြည့်ဖြင့် ကြီးပြင်းကြသည်။ အိမ်ထောင်သည်ဘဝမှာ ခင်ပွန်းသည်လင်သား၏အကာအကွယ်ပေးမှုဖြင့် အုပ်ထိန်းသူရှိသလို မိခင်အိုကြီးဘဝတွင်လည်း သားသမီးများ၏စောင့်ရှောက်ခံဘဝဖြစ်ရာ မြန်မာ့လူနေမှုစနစ်အရ အရွယ်သုံးပါးလုံး ကာကွယ်စောင့်ရှောက်မှုလိုအပ်ပေသည်။

တိုင်းရင်းသူလုံမပျိုများဖြစ်သော ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်တို့သည် ဆွေမျိုးသားချင်းသွေးရင်းညီအစ်မများသာဖြစ်သည်။ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားယဉ်ကျေးမှုဓလေ့စရိုက်အစဉ်အလာများကို မြတ်နိုးစွာထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြသည်။အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့်ပညာရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများနှင့်အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့်အရေးပေါ်အခြေအနေ၊ အမျိုးသမီးများနှင့်စီးပွားရေး၊ အမျိုးသမီးများနှင့်လူကုန်ကူးမှု၊ အမျိုးသမီးများနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရား၊ အမျိုးသမီးများနှင့်အခွင့်အရေး၊ အမျိုးသမီးများနှင့်မီဒီယာ၊ အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများနှင့်  ငယ်ရွယ်ကဏ္ဍများပါဝင်သည့် အဖွဲ့အစည်းဖြစ်သည်။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်မဟာဗျူဟာစီမံကိန်း NSPAW (1) (၂၀၁၃-၂၀၂၂)နှင့် NSPAW (2) (၂၀၂၃-၂၀၃၂)အထိ ရေးဆွဲပြီးစီးဆောင်ရွက်နေပြီဖြစ်သည်။ အစိုးရမဟုတ်သော အမျိုးသမီးအဖွဲ့အစည်းများနှင့်အတူ နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။မူလတန်းကြိုပညာရေး၊ အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေး တို့တွင် သင်ယူတတ်မြောက်စေရန် ကျား၊ မ မခွဲခြားဘဲ တန်းတူပညာသင်ကြားခွင့်ကို မိဘ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ပေးနေသည်။ ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ကွာခြားချက်မကြီးမားစေရေး၊ အသိပညာ၊ အတတ်ပညာမြင့်ပြီး ဗလငါးတန်ပြည့်ရန် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေးမှာ   အမျိုးသမီးများကဏ္ဍ  အရေးပါလျက်ရှိသည်။

မိခင်သေဆုံးမှုနှုန်း   လျော့နည်းကျဆင်းရေး၊ စွမ်းဆောင်ရည်မြင့်မားရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ လူကုန်ကူးမှုများကို ဥပဒေနှင့်အညီကာကွယ်ရေး၊ ကျူးလွန်သူကိုထိရောက်စွာအရေး ယူဆောင်ရွက်နိုင်ရေးတို့ကို ဥပဒေနှင့်အညီဆောင်ရွက်ပေးနေသည်။ အမျိုးသမီးများကိုနည်းမျိုးစုံဖြင့် ခွဲခြားနေမှုပပျောက်ရေး၊   အာဆီယံဒေသတွင်း ကတိကဝတ်များနှင့်   ကုလသမဂ္ဂကချမှတ်သောစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဖြစ်သော ကျား/မ တန်းတူညီမျှမှုရရှိရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအားလုံး စွမ်းပကားတိုးမြင့်စေရေးတို့ကို ရည်မှန်းချက်အတိုင်း ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတကာအမျိုးသမီးများနှင့်တန်းတူစွမ်းဆောင်ရည်မြင့်မားရန် မိမိတို့၏ အရည်အသွေးကို အစဉ်မြှင့်တင်နေရမည်ဖြစ်ပြီး အခြားတစ်ဖက်ကလည်း မြန်မာအမျိုးသမီးပီသစွာ  ရရှိသည့်အခွင့်အရေးကို တလွဲအသုံးချခြင်းမပြုဘဲ  ယဉ်ကျေးမှုဆိုင်ရာအမွေကို  နောင်လာမည့်မျိုးဆက်သစ် အမျိုးသမီးငယ်များအတွက်  ရှေ့ဆောင်လမ်းပြ ထိန်းသိမ်းကြရန်လိုအပ်သည်။

မြန်မာအမျိုးသမီးစစ်စစ်မှန်လျှင် မည်မျှပင်ထူးချွန်ထက်မြက်စေကာမူ မြန်မာ့ဓလေ့နှင့်အညီ မိမိတို့ထက်အသက်အရွယ်ဂုဏ်သိက္ခာအားဖြင့် ကြီးမြင့်သူများနှင့်ပတ်သက်၍ မိမိကိုယ်မိမိ နှိမ့်ချဆက်ဆံတတ်ကြသကဲ့သို့ မိမိထက်ငယ်ရွယ်သူများအပေါ်ကြင်နာသနားစိတ်၊  နားလည်ခွင့်လွှတ်မှုစသောစိတ်ယဉ်ကျေးမှုအမျိုးမျိုးကို  အလိမ္မာတိုးအောင် ဆောင်ရွက်ပေးနေသော လူ့အဖွဲ့အစည်းဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှုသမိုင်း အစဉ်အဆက်  အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊   ရဲဝံ့စွန့်စားမှုများနှင့်  ပါဝင်ခဲ့သည်။

၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင်ကျင်းပခဲ့သောစတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံပေကျင်းကြေညာစာတမ်းအရ နိုင်ငံတိုင်းတွင် အမျိုးသမီးများဆိုင်ရာ အဓိကလုပ်ငန်းစဉ်(၂)ရပ်ဆောင်ရွက်ရန်   ချမှတ်ခဲ့သည်။အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံအဆင့်လုပ်ငန်းယန္တရား (National Mechanism) ဖွဲ့စည်းရန်၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်မဟာဗျူဟာစီမံကိန်းရေးဆွဲရန်ဖြစ်သည်။ 

ထို့ကြောင့်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Comittee for Women’s Affairs - MNCWA)ကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃   ရက်နေ့တွင်  ဖွဲ့စည်းခဲ့သည်။ မြန်မာအမျိုးသမီးများအတွက်ကာကွယ်စောင့်ရှောက်လမ်းညွှန်ပေးသည့်အဖွဲ့ကြီး ပေါ်ပေါက်ခဲ့သည်။၂၀၀၈ခုနှစ်တွင်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟုအမည်ပြောင်းခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အချက်များနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်ကိုအခြေခံသော အမျိုးသမီးများဆိုင်ရာ အဓိကနယ်ပယ်(၁၂)ရပ်ရေးဆွဲခဲ့သည်။အမျိုးသမီးများနှင့်ကလေးငယ်များကို ထိုက်ထိုက်တန်တန် အခွင့်အရေးများ၊ အပြန်အလှန်စောင့်စည်းရမည့်ကျင့်ဝတ်များ၊ လေးစားနာယူကျင့်သုံးကြရမည့် ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အစဉ်အလာ၊ အမျိုးသမီးများ၏ဂုဏ်သိက္ခာ၊ စိတ်နေစိတ်ထားစွမ်းဆောင်မှုများကိုဖော်ညွှန်းသော စာပေ၊ ဂီတ၊ သီချင်းများ၊ ပဒေသာကပွဲများ၊ တိုင်းရင်းသူများရိုးရာဝတ်စားဆင်ယင်မှုပြပွဲများ၊ မဂ္ဂဇင်းစာစောင်များ၊ မီဒီယာများကတစ်ဆင့် ဂုဏ်ပြုရေးသားထုတ်လွှင့်ခြင်း၊ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာပြိုင်ပွဲများကျင်းပဆုချီးမြှင့်ခြင်း၊ ထုတ်ကုန်ပစ္စည်းများပြသခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဥယျာဉ်မှူးနှင့်တူသော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ပျိုးထောင်ပံ့ပိုးပေးမှုများပင်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ ဆက်စပ်ယှက်နွှယ်ပြောင်းလဲမှုဖြစ်စဉ်   ကြီးထွားတိုးတက်ဖြစ်ထွန်းနေသည့် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီရယူကြရာတွင် မိမိတို့ကိုယ်ပိုင်အမျိုးသားရေးလက္ခဏာနှင့် စံနှုန်းများ မပျက်မယွင်းစေရန်လည်း လိုက်နာကြရန်ဖြစ်သည်။ အမျိုးသမီးများ၏ကဏ္ဍမြင့်မားရေး၊ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက်  ကဏ္ဍပေါင်းစုံတွင်  ပူးပေါင်းပါဝင်ရန်လိုအပ်သလို  တစ်ဦးချင်းစီမှသည် မိသားစုရပ်ရွာနိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကြပါစို့ဟုတိုက်တွန်းရင်း  ဇူလိုင်လ  ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။    ။

MWD Web Portal

ခင်ပြည်ချစ်

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီးများ
-

မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအခြေခိုင်ခံ့ခဲ့သောတိုင်းပြည်ဖြစ်သည်။ ထိုရှေးဟောင်း ယဉ်ကျေးမှုများအနက် အမျိုးသမီးများ၏ဆင်ယင်ထုံးဖွဲ့မှုသည် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတိုင်း ခေတ်အဆက်ဆက်မြန်မာအမျိုးသမီးတို့သည် သိက္ခာရှိရှိ ဝတ်စားဆင် ယင်ထုံးဖွဲ့လာခဲ့သည်မှာ ယနေ့တိုင်အလွန်ပင်လှပ၍ချစ်စရာကောင်းသည်။  နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းကို ထိုနိုင်ငံ၏ယဉ်ကျေးမှုကိုကြည့်ပြီး သုံးသပ်ဆုံးဖြတ်နိုင်သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသောနိုင်ငံများတွင်ပါဝင်သည်။

မြန်မာတို့၏ရိုးရာယဉ်ကျေးမှုမှာ နှစ်ပေါင်းထောင်ချီ၍သက်တမ်းကြာမြင့်လျက်ရှိသည်ကို “မြန်မာအစ တကောင်း”၊ “မြန်မာ့ယဉ်ကျေးမှုအစ ပျူခေတ်က” သောစကားရပ်များကသက်သေပြလျက်ရှိသည်။

ပျူခေတ်ယဉ်ကျေးမှု၊ ပုဂံခေတ်ယဉ်ကျေးမှု၊ ပင်းယခေတ်ယဉ်ကျေးမှု၊ အင်းဝခေတ်ယဉ်ကျေးမှု၊ တောင်ငူခေတ်ယဉ်ကျေးမှု၊ ညောင်ရမ်းခေတ်ယဉ်ကျေးမှု၊ အလောင်းမင်းတရားကြီး၏  ကုန်းဘောင်ခေတ်ယဉ်ကျေးမှုများမှာ သမိုင်းအစဉ်အလာကောင်းများရှိခဲ့ကြသည်။

ယဉ်ကျေးမှုဟူသောစကားရပ်တွင် အနုသုခုမပညာရပ်များလည်းပါဝင်သည်။ ပျူခေတ်သည်မြန်မာ့ယဉ်ကျေးမှုကိုမှတ်တမ်းတင်ရာတွင်  အစောဆုံးကာလဖြစ်သည်။ တရုတ်နိုင်ငံ၏ မှတ်တမ်းများတွင် ခရစ်နှစ် ၈၀၂ ခုနှစ်တွင်တစ်ကြိမ်၊ ၈၀၇ ခုနှစ်တွင်တစ်ကြိမ်   ပျူနိုင်ငံမှသံအဖွဲ့သည်  တရုတ်ပြည် ချန်အန်းမြို့သို့ရောက်ဖူးကြောင်းဖော်ပြထားသည်။

ထိုအဖွဲ့တွင်အမျိုးသမီးများလည်းပါဝင်၍အနီရင့်ရောင် ပိတ်ဝတ်စုံကိုဝတ်ကြသည်။ ဒူးကိုဖုံးလွှမ်းထားသောချည်ပိတ်ပါးကို ဝတ်ဆင်ထားသည်။ချည်ပိတ်ပါးကိုပခုံးနှစ်ဖက်ပေါ်မှ ချိုင်းကြားအောက်သို့လျှိုလျက်လွှမ်းရုံထားသည်။ ကျောက်မျက်ဖြင့် စီကပ်ထားသောရွှေလက်ကောက်၊ လက်ကြပ်နှင့်ခြေကျင်းများကိုဝတ်ဆင်ထားသည်။ ရွှေဦးဗောင်းကိုလည်းဆောင်းထားသည်ဟုဆိုသည်။

ပျူခေတ်ဗိဿနိုးမြို့ဟောင်းနှင့် ပျူခေတ်သရေခေတ္တရာတို့၏ သက်တမ်းသည်နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့သည်။ ထို့နောက် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည်ဖြင့်ခေတ်များပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင်မင်း ၁၁ ဆက်အုပ်စိုးခဲ့သည်။ ယဉ်ကျေးမှုသမိုင်းအစဉ်အလာကောင်းများရှိခဲ့သည်။ ကုန်းဘောင်ခေတ်ကုန်ဆုံး၍ ကိုလိုနီခေတ်ရောက်သည့်အခါ မြန်မာအမျိုးသမီးတို့၏ မျိုးချစ်စိတ်သည်ထင်ရှားပေါ်လွင်လာသည်။ ကိုလိုနီခေတ်သည် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှ စတင်ခဲ့သည်။ မြန်မာနိုင်ငံသူ့ကျွန်ဘဝရောက်ရှိစဉ် ၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် “ကုမ္မာရီအသင်း(ခေါ်) မြန်မာအမျိုးသမီးကုမ္မာရီအသင်း” ကို  မြန်မာပြည်အနှံ့ဖွဲ့စည်းခဲ့ကြသည်။ ၁၉၁၉-ဒါနသုခမိမ္မအသင်း(ခေါ်)ဝံသာနုကုမ္မာရီအသင်းကိုလည်း တည်ထောင်ခဲ့ကြသည်။

တိုင်းတစ်ပါးအုပ်စိုးမှုခံနေရချိန်တွင် အမျိုးသမီးများသည် အမျိုးသားများနည်းတူ ရဲဝံ့စွာ အသင်းအဖွဲ့ တည်ထောင်ခြင်း၊ နယ်ချဲ့ဆန့်ကျင်ရေးတရားများဟောခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးတရားဟောပြောမှုကြောင့် ပုလိပ်များက မြန်မာအမျိုးသမီးများကိုထောင်ဒဏ်ချမှတ်ခဲ့သည်။ မြန်မာအမျိုးသမီးတို့သည်နိုင်ငံနှင့်လူမျိုးအတွက် အသက်ကိုပင်မငဲ့ကွက်ဘဲ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင်ပါဝင်ခဲ့ကြသည်။

မြန်မာ့သမိုင်းတွင် ထူးချွန်စွာစွမ်းဆောင်ခဲ့သူအမျိုးသမီးများမှာများပြားလှ၍အမည်စာရင်းအသေးစိတ်မဖော်ပြတော့ပါ။နယ်ချဲ့တော်လှန်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေးကြိုးပမ်းလှုပ်ရှားမှုများတွင် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စားခဲ့ကြသောစာပေ၊ ဂီတ၊ သဘင်လောကမှအမျိုးသမီးများ၏ ဇာတိမာန်ပြင်းထန်မှုများ၊ စိတ်ထက်သန်မှုများကိုဖော်ပြရမည်ဆိုပါက ကျမ်းတစ်စောင်ပေတစ်ဖွဲ့ပင်ရနိုင်သည်။  လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ထားဝယ်သူ-သူရမချစ်ပိုကဲ့သို့ နိုင်ငံတော်အတွက် မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့အကျိုးကိုစွမ်းစွမ်းတမံထမ်းရွက်ခဲ့သည့် စစ်ဘက်နယ်ဘက်မှအမျိုးသမီးများလည်း များစွာရှိခဲ့သည်။ သူတို့၏ဂုဏ်ယူဖွယ်ကောင်းလှသည့် ဆောင်ရွက်ချက်အလှများမှာ မမေ့နိုင်စရာဖြစ်ရသည်။

အမျိုးသမီးများ၏အလှစံချိန်ကို လောကနီတိကျမ်းတွင် အချက်ရှစ်ချက်ဖြင့် စံအဖြစ် သတ်မှတ်ထားသည်။ အဆိုပါသဘာဝအလှရှစ်ပါးမှာ ဝင်းဝါ၍စိုပြည်သောအသားအရေရှိခြင်း၊ သမင်၏မျက်စိကဲ့သို့ ညိုနက်သောမျက်စိရှိခြင်း၊ ခါးသေးတင်ကျယ် ငယ်သောဝမ်းရှိခြင်း၊ ဆင်နှာမောင်းကဲ့သို့သွယ်ပျောင်းသောပေါင်ရှိခြင်း၊ ဖြေ၍နောက်သို့ဖြန့်သော် ဖနောင့်တိုင်အောင်သွားလျက် အဖျားကော့၍တက်သောဆံပင်ရှိခြင်း၊ ကြီးငယ်မထင် ညီညွတ်သောသွားအစဉ်ရှိခြင်း၊ နက်သောချက်ရှိခြင်း၊  ကောင်းသောအလေ့အကျင့်ရှိခြင်းဟူ၍ဖြစ်သည်။ ထိုအင်္ဂါရပ်နှင့်ပြည့်စုံသော မိန်းမပျိုကို အမျိုးအနွယ်ညံ့သော်လည်း လက်ထပ်ထိမ်းမြားရာ၏ဟူ၍ပင်   ရေးသားထားသည်။

မြန်မာအမျိုးသမီးများသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် “ဇာတိ ပုည ဂုဏ်မာန” ရှိခဲ့ကြသည်ကို သမိုင်းတွင်ထင်ရှားစွာရှိထားပြီးဖြစ်သည်။ အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး ရဲရဲတောက်အစွမ်းပြသတ္တိပြခဲ့ကြသည်။ ယနေ့တိုင်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုတွင်  အမျိုးသားများနှင့်ရင်ပေါင်တန်းကာ    လေယာဉ်မောင်းနှင်ခြင်း၊ စစ်ရေယာဉ်မောင်းနှင်ခြင်းများကို သက်စွန့်ဆံဖျား ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာအမျိုးသမီးတိုင်းက မြင့်မားသောရည်မှန်းချက်၊ ပြည့်ဝသောပညာအရည်အချင်းများရှိနေအောင် ကြိုးစားကြမည်ဆိုပါက မိမိတစ်ဦးချင်းအတွက်လည်းကောင်း၊  နိုင်ငံတော်အတွက်လည်းကောင်း အလွန်ပင်ကောင်းမွန်သောအခြေအနေများဖြစ်ပေါ်လာပေမည်။ အမျိုးသမီးများ၏ပင်ကိုအလှထက် နိုင်ငံ့တာဝန်ကိုစွန့်လွှတ်စွန့်စားထမ်းဆောင်မှုအလှများက ပို၍လှသော၊ ပို၍မွှေးသောပန်းကလေးများအသွင်ကဲ့သို့ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ နှလုံးသည်းပွတ်မှာ ယဉ်ကျေးမှုပင်ဖြစ်သည်။ မြေပေါ်မြေအောက်သယံဇာတများ လွန်စွာကြွယ်ဝသောနိုင်ငံဖြစ်လင့်ကစား မိမိတို့ထိန်းသိမ်းစောင့်ရှောက်အပ်သော ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကွယ်ပျောက်သွားခဲ့လျှင် လူမျိုးပါတိမ်ကောသွားနိုင်သည်။ အမျိုးပျောက်မှာစိုးကြောက်လှသည်ဟူသောစကားသည် နိုင်ငံအတွက်အလွန်သတိပြုရမည့်သတိပေးစကားဖြစ်သည်။ အမျိုးဂုဏ်ကိုစောင့်ထိန်းခြင်းဖြင့် မိမိမျိုးနွယ်၏ဂုဏ်တင့်တယ်စေရမည်ဖြစ်သည်။ လှပသော မြန်မာအမျိုးသမီးများမှာလှပနေရုံဖြင့်မဖြစ်သေးပေ။ အလှကိုအဆင်းဟုဆိုလျှင် အဆင်းနှင့်အတူရှိရမှာအချင်းဖြစ်သည်။

ဖြူစင်သောနှလုံးသားနှင့်ပြည့်ဝသောပညာအရည်အချင်းများရှိနေရမည်ဖြစ်သည်။ ထိုသို့ရှိနေလျှင်မိမိကိုယ်ကိုယုံကြည်သည့်စိတ်ဓာတ်များကိန်းအောင်းနေမည်ဖြစ်သည်။

အဆင်းနှင့်အချင်းပြည့်စုံသူကို လှသောပန်း၊ မွှေးသောပန်းနှင့်တူသည်။ တချို့သောပန်းတို့သည်လှသည်။ ရနံ့မသင်းပါ။ အချို့ကားရနံ့သင်းသော်လည်းမလှပါ။ ထို့အတူ မြန်မာအမျိုးသမီးတို့သည်လှသောမွှေးသောပန်းများကဲ့သို့ လောကကိုအလှဆင်နိုင်ကြရမည်ဖြစ်သည်။ ထိုသို့အလှဆင်နိုင်ရေးအတွက် လှသောအမျိုးသမီးများပိုမိုလှပစေရန်၊ အရည်အချင်းပြည့်ဝသောအမျိုးသမီးများ ပိုမိုအရည်အချင်းပြည့်ဝစေရန်အတွက် ထိန်းကျောင်းပဲ့ပြင်ပေးသည့်အဖွဲ့အစည်းတစ်ခုရှိရမည်ဖြစ်သည်။  ထိုအဖွဲ့အစည်းမှာမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကိုအောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်-

၁။      အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင်အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးရန်။

၂။       အမျိုးသမီးများ၏   အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်။

၃။      အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်အမျိုးသမီးများ၏ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်။

၄။      တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက်   အမျိုးသမီးများကိုလေ့ကျင့်ပျိုးထောင်ရန်။

၅။      အမျိုးသမီးများအား   အကြမ်းဖက်မှုမှကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်။

၆။      အမျိုးသမီးများနှင့်ကလေးသူငယ်များအား လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အသွင်ဖြင့်ဆောင်ရွက်ရန်။

၇။      အမျိုးသမီးများ၏  အခွင့်အရေးများကိုတိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သည် မြန်မာအမျိုးသမီးအားလုံးအတွက် အကောင်းဆုံးသောလမ်းကြောင်းကို တည်ငြိမ်အေးချမ်းစွာလျှောက်လှမ်းနိုင်ရန် လမ်းကြောင်းလည်းပြ လက်တွဲခေါ်လျက်ရှိသည်။ ထို့ပြင် အမျိုးသမီးများ၏ဘဝခရီးလမ်းတွင် တွေ့ကြုံရမည့်ဆူးငြောင့်ခလုတ်များကိုလည်း ကြိုတင်သိမြင်နိုင်အောင်အသိပညာပေးလျက်ရှိပြီး လမ်းဆိုးကိုမရွေးချယ်ဘဲ လမ်းကောင်းကို လျှောက်လှမ်းနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဓိကအားဖြင့်နိုင်ငံတော်အတွက် အမျိုးသမီးများ၏အခန်းကဏ္ဍကိုမြှင့်တင်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ကိုကိုယ်စားပြုသောမြန်မာအမျိုးသမီးများ၏အခန်းကဏ္ဍသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တည်ဆောက်ရာတွင် လွန်စွာအရေးကြီးလှသည်။ အမျိုးသားများနှင့်ရင်ပေါင်တန်းကာ တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည်ကိုတွေ့မြင်ရသည်မှာ အားရဖွယ်ကောင်းလှသည်။ နိုင်ငံနှင့်လူမျိုးအတွက်ထူးချွန်ထက်မြက်သော မြန်မာအမျိုးသမီးများကိုတွေ့မြင်ရသည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍတွင်ပါဝင်ထမ်းရွက်နေကြသောအမျိုးသမီးများ၊ နိုင်ငံတော်လုံခြုံရေးကဏ္ဍတွင်ပါဝင်ထမ်းရွက်နေကြသောအမျိုးသမီးများ၏ ရဲဝံ့သောစိတ်ဓာတ်၊ ဇွဲသတ္တိနှင့်စွမ်းဆောင်ချက်မှာ နိုင်ငံ့အတွက် ဂုဏ်ရှိန်မြင့်မားလှသည်။ ထို့ကြောင့် နှစ်စဉ် ဇူလိုင်လ ၃ ရက် မြန်မာအမျိုးသမီးများနေ့ရောက်ရှိတိုင်း နိုင်ငံတစ်ဝန်းရှိထူးချွန်သောအမျိုးသမီးကို ဂုဏ်ပြုလျက်ရှိသည်။ သူတို့သည်ထူးချွန်ထင်ရှားသည့် မြန်မာအမျိုးသမီးများဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ နိုင်ငံတော်လုံခြုံရေးတာဝန်၊ နိုင်ငံတော်ကျန်းမာရေးတာဝန်၊ နိုင်ငံတော်စီးပွားရေးတာဝန်၊ နိုင်ငံတော်ယဉ်ကျေးမှုအနုပညာတာဝန် စသည် စသည်ဖြင့်ဘက်ပေါင်းစုံ ကဏ္ဍစုံတွင် ထူးချွန်စွာပါဝင်ဆောင်ရွက်နေကြသည့် အမျိုးသမီးများစွာရှိသည်။             

ထို့ကြောင့် နှစ်စဉ်နှစ်တိုင်းတွင် ဇူလိုင်လ ၃ ရက်နေ့ရောက်သည်နှင့် မြန်မာအမျိုးသမီးများ နေ့ကို ကျင်းပပြီး ဂုဏ်ပြုလျက်ရှိသည်မှာချီးမြှင့်ဂုဏ်ပြုထိုက်သူကို ချီးမြှင့်ထောက်ပံ့ခြင်းသည် မင်္ဂလာ တစ်ပါး ပင်ဖြစ်သည်။

လူမျိုးတိုင်းတွင်အမျိုးသား၊ အမျိုးသမီးဟူ၍ရှိကြပေရာ အမျိုးသမီးတို့၏အခန်းကဏ္ဍသည် အထူးပင် အရေးပါလှသည်။ မိမိတို့၏အမျိုးအနွယ်ကိုစောင့်ထိန်းခြင်းတွင် အမျိုးသမီးများကအဓိကဖြစ်သည်။ မြန်မာ့အစဉ်အလာသားသမီးဝတ်ငါးပါးတွင် “ကျွေးမွေးမပျက်၊  ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊  လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်ကျင့်ဖွယ်သားတို့တာ”ဟုဖော်ပြလမ်းညွှန်ထားသည်။ မိမိ အမျိုးအနွယ် တိမ်ကောပပျောက်မသွားရအောင် အမျိုးကိုချစ်သောစိတ်မွေးမြူကာ အမျိုးကို စောင့်ရှောက်ကြရန် စောင့်လေမျိုးနွယ်ဟူသောအပိုဒ်ကသတိပေးနှိုးဆော်ထားသည်။  ဥပမာအားဖြင့် မြန်မာ့သမိုင်းတွင် ကျန်စစ်သားမင်းကြီး၏သမီးတော် ရွှေအိမ်စည်သည် ဘာသာမတူ၊ လူမျိုးမတူသည့် ပဋိက္ခရားနှင့် သံယောဇဉ်ရှိခဲ့သော်လည်း မိမိမျိုးနွယ်ကိုစောင့်ရှောက်သောအားဖြင့်  စောလူးမင်း၏ သားတော်စောယွန်းနှင့် လက်ဆက်ခဲ့သောသာဓကရှိခဲ့သည်။ ထို့ကြောင့် ဒီပဲယင်းဝန်ထောက်ဦး မြဲ၏စကားဖြစ်သည့် “မြေမျို၍လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်” ဟူသောစကားကို  ယနေ့တိုင်  အလေးအနက်ထားကြရမည်ဖြစ်သည်။

မြန်မာတို့သည် မျိုးချစ်စိတ်ပြင်းထန်သူများဖြစ်ကြသည်။ မြန်မာအမျိုးသမီးတို့သည်လည်း မိမိအမျိုး အနွယ်ချစ်သည့်စိတ်ရှိကြသည်။

မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု ကိုချစ်ခင်မြတ်နိုးသည့်စိတ်၊ ကိုယ့်တိုင်းပြည်နှင့်ကိုယ့်လူမျိုးကိုထိလျှင် မချိအောင်နာတတ်သည့်စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ ကိုယ့်တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမည် ဆိုသည့်စိတ်ဓာတ်ဖြစ်သည်။ မိမိတိုင်း ပြည်ကိုမချစ်သူသည် ဘာကိုမျှချစ်မည်မဟုတ်ဟူသောအဆိုတစ်ခုရှိသည်။ မိမိအမျိုးအနွယ်ကို မစောင့် ထိန်းဘဲ တိုင်းတစ်ပါးကိုအထင်ကြီးသူများမှာ မိမိတို့၏ ဆွေစဉ်မျိုးဆက်ကို မိမိတို့ကိုယ်တိုင် ဖျောက်ဖျက်လိုက်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် အမျိုးသမီးများနှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံကဲ့သို့အခွင့်အရေးပြည့်ဝစွာရရှိမှုနည်းပါးသည်။ ထို့ကြောင့် အမျိုးသမီးများနှင့်ပတ်သက်၍ အခွင့်အရေးတောင်းဆိုမှုများရှိလာသည်။  နိုင်ငံတကာအမျိုးသမီးလှုပ်ရှားမှုများပြုလုပ်ပြီး အမျိုးသမီးများသည် အမျိုးသားနှင့်တန်းတူအခွင့်အရေးများရရှိနိုင်ရန်၊ တန်းတူရည်တူဆက်ဆံခွင့်ရရှိရန်နှင့် အမျိုးသမီးများ၏စွမ်းပကားတောင်းဆိုလှုံ့ဆော်စည်းရုံးမှုများပြုလုပ်ရန် ဟူသောရည်ရွယ်ချက်သုံးရပ်ဖြင့် ကမ္ဘာ့အမျိုးသမီးညီလာခံများကို ကျင်းပလျက်ရှိသည်။  အဆိုပါညီလာခံများအနက် ၁၉၉၅ ခုနှစ် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံတွင် ဘေဂျင်းကြေညာစာတမ်း ပြဋ္ဌာန်းခဲ့သည်။ ထိုကြေညာစာတမ်းတွင် “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတိုင်း၌ အမျိုးသားအဆင့်ယန္တရားဖွဲ့စည်းပြီး ဆောင်ရွက်သင့်သည့်ကဏ္ဍအပါအဝင် ကဏ္ဍကြီး (၁၂)ရပ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်သည့်အနေဖြင့် ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Committee on Women’s Affairs) (MNCWA)ကို ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးရေးရာကော်မတီ ယခုမြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့ဟု ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံရှိ  မြန်မာအမျိုးသမီးအားလုံး နိုင်ငံနှင့်လူမျိုးကောင်းကျိုး ပိုမိုသယ်ပိုးဆောင်ရွက်အောင်မြင်၍တိုးတက်သောလူမှုစီးပွားဘဝများကို  ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းရေးသားလိုက်ရပေသည်။   ။

MWD Web Portal

ဘုန်းမောင်ဝင်း(ဖျာပုံ)

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ထိန်းချုပ် ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ အပိုင်း(၅)
-

ယမန်နေ့မှအဆက် 

Ammonium Nitrate (အမိုနီယမ်နိုက်ထရိတ်) NH4NO3 သည် Ammonium Cation (NH4)+ Nitrate Anion (NO3) တို့ဖြင့် ဖွဲ့စည်းထားသော Ionic ဆားဖြစ်သည်။ အနံ့မရှိသော၊ အရောင်မဲ့၊ အဖြူရောင်မှ မီးခိုးရောင်ပုံဆောင်ခဲ (သဲနှင့်တူသော)အပေါက်များ၊ ပုတီးစေ့ သို့မဟုတ် အမှုန့်များ ဖြစ်သည်။ Ammonium Nitrate သည် Nitrate ပုံစံတွင် နိုက်ထရိတ်၏ထက်ဝက်နှင့် Ammonia ပုံစံတွင် ထက်ဝက်ပါနေသောကြောင့် Ammonium Nitrate သည် အသုံးများသော မြေဩဇာဖြစ်သည်။ ၎င်းကို ဖောက်ခွဲရေးပစ္စည်းများ၊ မီးခြစ်များ၊ ဓာတ်မြေဩဇာများနှင့် ပဋိဇီဝဆေးများပြုလုပ်ရာတွင်လည်း အသုံးပြုသည်။ 

“3,4-MDP-2-P methyl glycidate” (PMK glicidate) (၃၊ ၄-အမ်ဒီပီ-၂-ပီ-မီသိုင်း ဂလိုက်စီဒစ်အက်စစ်) (ပီအမ်ကေဂလိုက်စီဒစ်အက်စစ်) C12H12O5 သည် စည်းမျဉ်းစည်းကမ်းဖြင့် သတ်မှတ်ထားသည့် အဖြူရောင်ပုံဆောင်ခဲပုံစံ ဓာတုပစ္စည်းဖြစ်ပြီး တရားဝင်အသုံးပြုမှုများအပြင် အက်ဥပဒေချိုးဖောက်မှု ဖြင့်ထိန်းချုပ်ထားသော အရာဝတ္ထုတစ်ခုကိုထုတ်လုပ်ရာတွင် အသုံးပြုပြီး ထိန်းချုပ်ထားသော ဓာတုပစ္စည်းများ ထုတ်လုပ်ရန်အတွက်အရေးကြီးသည်။

 Safrole Rich Oil (ဆာဖရိုးကြွယ်ဝသောဆီ) C10H10O2 သည် အရောင်မရှိ(သို့) အဝါဖျော့ရောင်အဆီ ဖြစ်ပြီး Safrole သည် ဆေးလိပ်နှင့်ဆေးရွက်ကြီးမီးခိုးများနှင့် အစားထိုးဆေးရွက်ကြီး မီးခိုးများတွင်ပါဝင် သောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အချိုရည်တွင် အရသာပစ္စည်း (Flavoring agent) အဖြစ် လည်းကောင်း၊ ပရုတ်နှင့် Saffras ၏အဆီများတွင်လည်းကောင်း၊ ကပ်ပါးပိုးဝင်ခြင်းအတွက် ဆေးဝါး အဖြစ်လည်းကောင်း အသုံးပြုနိုင်ပြီး ၎င်းသည် စာရင်းသွင်းထားသော ကင်ဆာရောဂါ တစ်မျိုးဖြစ် စေကာ အမွှေးနံ့သာပါဝင်ပစ္စည်းအဖြစ် အသုံးမပြုနိုင်ပေ။ 

စိတ်ကြွဆေးပြား Ecstasy ဟုလည်း လူသိများသော N-methyl - 3,4-methylenedioxyamphe- tamine (MDMA) အမ်ဖီတမင်း (Amphetamine) အမျိုးအစား စိတ်ကြွဆေးထုတ်လုပ်ရန်အတွက် အဓိကပရီကာဆာဓာတုပစ္စည်း (Main Precursor)အဖြစ် တရားမဝင်အသုံးပြုသည်။ 

Thionyl Chloride (သိုင်အိုနိုင်းလ်ကလိုရိုက်) SOCl2 သည် စူးရှသောအနံ့ရှိသည့် အရောင်မရှိ ကြည်လင် သောအရောင်မှ အဝါဖျော့ရောင်ပြောင်းသော ဆူပွက်နေသည့်အရည်ဖြစ်ပြီး ၎င်းသည် စာရင်းသွင်းထား သော ကင်ဆာရောဂါတစ်မျိုးဖြစ်စေပြီး အမွှေးနံ့သာပါဝင်ပစ္စည်းအဖြစ် အသုံးမပြုနိုင်ပါ။ အချိုရည်တွင် အရသာပစ္စည်းအဖြစ်အသုံးပြုခြင်း (Flavoring agent)၊ ပရုတ်နှင့် ရွှေဝါရောင် (Saffras)၏ အဆီများ တွင်တွေ့ရှိရခြင်း၊ ကပ်ပါးပိုးဝင်ခြင်းအတွက် ဆေးဝါးအဖြစ် တရားဝင်အသုံးပြုပြီး စိတ်ကြွဆေးပြား (Ecstasy) ဟု လူသိများသော N-methyl - 3,4-methyle- nedioxyam phetamine (MDMA)နှင့် အမ်ဖီတမင်း(Amphetamine)နှင့်Lysergic acid diethylamide ထုတ်လုပ်ရန်အတွက် အဓိကပရီကာ ဆာဓာတုပစ္စည်း (Main Precursor)အဖြစ် တရားမဝင်အသုံးပြုသည်။ 

ရေမွှေးအမျိုးမျိုးထုတ်လုပ်ရာတွင်ပါဝင်သည့် ပရီကာဆာများ(Percursors)မှာ Isosafrole၊ 3-4- Nothylenediophenyl-2- Propanon၊ Anthranilic Acid နှင့် Ethyl Ether တို့ဖြစ်သည်။ 

ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာနည်းဥပဒေများအရ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေး ကော်မတီသည် ထိန်းချုပ်ဓာတုပစ္စည်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ ၎င်းတို့ကိုအသုံးပြု၍ ကုန်ပစ္စည်းထုတ် လုပ်မှုလုပ်ငန်းလုပ်ကိုင်ခြင်း၊ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် လက်ဝယ်ထားရှိအသုံးပြုခြင်း တို့အတွက် သက်ဆိုင်ရာ အစိုးရ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ထိန်းချုပ်ဓာတုပစ္စည်း များကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ထုတ်လုပ်ရာတွင် တရားမဝင်သော လမ်းကြောင်းသို့ပြောင်းလဲ၍ အသုံးပြုကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိပါက ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးကော်မတီသို့ ချက်ချင်းသတင်းပို့၍ စစ်ဆေးမှုများဆောင်ရွက်ရမည်။ ပြည်ပ တင်သွင်း/တင်ပို့ခွင့်ရရှိသူများအနေဖြင့် ၎င်းပစ္စည်းများတင်သွင်းခြင်း၊ တင်ပို့ခြင်းပြုရာတွင် သတ်မှတ်ထားသောစာရွက်စာတမ်းအချက်အလက်များကို ကြိုတင်၍ဖြည့်ဆည်းတင်ပြရန်နှင့် တင်သွင်းတင်ပို့သည့်အခါ လုံခြုံစွာထုပ်ပိုး၍ တံဆိပ်အမှတ်အသားကပ်ထားပြီး ခွင့်ပြုထားသော နေရာဒေသသို့သာ သယ်ယူပို့ဆောင်ရမည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသည့်ထိန်းချုပ်ဓာတုပစ္စည်း တစ်မျိုးမျိုးနှင့်ဖော်စပ်ထုတ်လုပ်ထားသော ဆေးကုသရာတွင် အသုံးပြုသောဆေးဝါးများ၊ အလွယ်တကူ ဓာတ်ခွဲထုတ်လုပ်၍ ပြန်လည်အသုံးမပြုနိုင်သည့်ထိန်းချုပ်ပစ္စည်းတစ်မျိုးမျိုး၏ ဒြပ်ပေါင်းများ၊ ဥပမာ အားဖြင့် ထိန်းချုပ်ဓာတုပစ္စည်းတစ်မျိုးမျိုးဖြင့် ပြုပြင်၊ ထုတ်လုပ်ထားသည့် ဘက်ထရီအက်စစ်အလှဆီ၊ အမွှေးနံ့သာ၊ ရေမွှေး၊ ဆပ်ပြာမွှေး၊ ဆိုးဆေး၊ ချေးချွတ်ဆေး၊ သုတ်ဆေး၊ ဓာတ်မြေဩဇာစသည့် အများပြည်သူ အိမ်သုံး၊ လူသုံး၊ လုပ်ငန်းသုံးကုန်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုကြပြီး အောက် ဖော်ပြပါထိန်းချုပ်ဓာတုပစ္စည်းများကို အလေးချိန်၊ ပမာဏ သို့မဟုတ် အရေအတွက်အတိုင်း လက်ဝယ် ထားခွင့်ရှိသည်- 

(က) အက်စစ်တစ်အင် ဟိုက်ဒရိုက် - ၁၀ လီတာ 

(ခ) ပိုတက်စီယမ်ပါမင်းဂနိတ် - ၅ ကီလိုဂရမ် 

(ဂ) အက်စီတုန်း - ၁၀ လီတာ 

(ဃ) အီသိုင်းလ်အီသာ သို့မဟုတ် ဒိုင်အီသိုင်းလ်အီသာ- ၁၀ လီတာ 

(င) ဟိုက်ဒရိုကလိုရစ်အက်စစ်- ၅၀ လီတာ 

(စ) ဆာလဖျူရစ် အက်စစ်- ၅၀ လီတာ 

(ဆ) တော်လူအင်း - ၁၀ လီတာ 

ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်၊ ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်လက်မှတ်ရဆရာဝန်နှင့် လူနာများက ဝယ်ယူသုံးစွဲခြင်း၊ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်းပြုသည့် ထိန်းချုပ်ဓာတု ပစ္စည်းများ၊ ယင်းတို့နှင့် ပြုပြင်ဖော်စပ်ရောနှော၊ ထုတ်လုပ်ထားသည့်ဆေးဝါးများ၊ ဒြပ်ပေါင်းများနှင့် စပ်လျဉ်း၍ အဆိုပါနည်းဥပဒေများအရ ထောက်ခံချက် သို့မဟုတ် ခွင့်ပြုချက်ရယူရန်မလိုသော်လည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုပါက မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် မူးယစ် သံသရာမလည်ပတ်ဖို့ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုများ သတင်းပေးကြစို့ဟုတိုက်တွန်း ရေးသားဖော်ပြလိုက်ရပါသည်။ ။

MWD Web Portal

ဒေါက်တာလပြည့်ခင်

အမျိုးသမီးများဘဝမြှင့်တင်ရေး ဝိုင်းဝန်းအားနှင့်ကူညီပေး
-

ဤလူ့ဘောင်တွင် အမျိုးသားနှင့်အမျိုးသမီးဟူ၍ လူသားအမျိုးအစား ခွဲခြားသတ်မှတ်ထားကြသည်။ ဤတွင် အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူအခွင့်အ‌ရေးမပေးဘဲ ကန့်သတ်မှုများရှိခဲ့ကြသည်။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ နေရာတိုင်းနှင့် မတင့်တယ် မအပ်စပ်ဟူသောအယူဝါဒကို အမြဲအသုံးချနေကြသဖြင့် အမျိုးသမီးများ၏အခွင့်အလမ်းများ၊ အခွင့်အရေးများဆုံးရှုံးလျက်ရှိသည်။ အချို့က အမျိုးသမီးဟူသည် အိမ်တွင်းမှု၊ မီးဖိုချောင်ကိစ္စတို့သာ ကောင်းမွန်စွာလုပ်ကိုင်သင့်သည်ဟု ကန့်သတ်ခွဲခြားတတ်ကြသည်။ ထိုသူတို့သည် ပုခက်လွှဲသောအမျိုးသမီးများ၏လက်သည် ကမ္ဘာကိုအုပ်စိုးနိုင်သည်အထိ စွမ်းဆောင်နိုင်ကြောင်း သတိမ

ဤလူ့ဘောင်တွင် အမျိုးသားနှင့်အမျိုးသမီးဟူ၍ လူသားအမျိုးအစား ခွဲခြားသတ်မှတ်ထားကြသည်။ ဤတွင် အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူအခွင့်အ‌ရေးမပေးဘဲ ကန့်သတ်မှုများရှိခဲ့ကြသည်။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ နေရာတိုင်းနှင့် မတင့်တယ် မအပ်စပ်ဟူသောအယူဝါဒကို အမြဲအသုံးချနေကြသဖြင့် အမျိုးသမီးများ၏အခွင့်အလမ်းများ၊ အခွင့်အရေးများဆုံးရှုံးလျက်ရှိသည်။ အချို့က အမျိုးသမီးဟူသည် အိမ်တွင်းမှု၊ မီးဖိုချောင်ကိစ္စတို့သာ ကောင်းမွန်စွာလုပ်ကိုင်သင့်သည်ဟု ကန့်သတ်ခွဲခြားတတ်ကြသည်။ ထိုသူတို့သည် ပုခက်လွှဲသောအမျိုးသမီးများ၏လက်သည် ကမ္ဘာကိုအုပ်စိုးနိုင်သည်အထိ စွမ်းဆောင်နိုင်ကြောင်း သတိမထားမိသူများဖြစ်ပေလိမ့်မည်။ အမျိုးသမီးများစွမ်းဆောင်နိုင်မှုသည် ကဏ္ဍအသီးသီး၌   ဝင်ရောက်ထိုးဖောက်နိုင်စွမ်းရှိသည်ဖြစ်ရာ နည်းပညာထွန်းကားလာသော ယနေ့ခေတ်ကာလတွင် အမျိုးသမီးများသည် အမျိုးသားနည်းတူ ညီမျှသောအခွင့်အရေး၊ အခွင့်အလမ်းများရရှိပြီး ဘဝမြင့်မားအောင် စွမ်းဆောင်နိုင်သူများဖြစ်အောင် မြှင့်တင်ပေးကြရပေမည်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိအမျိုးသမီးဦးရေသည် အမျိုးသားဦးရေ၏ တစ်ဝက်ကျော်ရှိနေသည်။ ကမ္ဘာ့ အဆင့်ညီလာခံများ၏ဆုံးဖြတ်ချက်ဖြင့် တည်ထောင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အမျိုးသားအဆင့် ယန္တရားကော်မတီများဖြစ်နေသဖြင့် အမျိုးသားကော်မတီဝင် များသာ လုပ်ဆောင် ရမည့် ကန့်သတ်ချက်များရှိနေသည်။ သို့ဖြစ်၍ အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး အတွက်  ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာလွှမ်းခြုံနိုင်ရန် လုပ်ငန်းသဘောထားချင်းတူညီသည့်  အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့မဟုတ်သောအဖွဲ့အစည်း၊ NGO များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးမြန်မာမင်းများလက်ထက်တွင် တရားစီရင်ခွင့်ရသူ ခုနစ်ဦးရှိသည်။ ထိုခုနစ်ဦးမှာ ကလန်၊ သံပျင်၊ တရားသူကြီး၊ အမတ်ကြီး၊ မင်းညီမင်းသား၊ မိဖုရားခေါင်ကြီး၊ မင်းဧကရာဇ်ဟူ၍ဖြစ်ပြီး မိဖုရားခေါင်ကြီး ဟူသော    အမျိုးသမီးတစ်ဦးပါဝင်နေရာ ထိုစဉ်ကတည်းက အမျိုးသမီးများ၏စွမ်းဆောင်နိုင်ခွင့် အခွင့် အရေးကို မျှတစွာထည့်သွင်းပေးထားသည်မှာ ထင်ရှားလှသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ထိုကဲ့သို့ များပြားလာသော အမျိုးသမီးများကို အမျိုးသားများနည်းတူ တန်းတူအခွင့် အရေးပေးနိုင်အောင်ဆောင်ရွက်ကြရန်လိုသည်။ အမျိုးသမီးများ၏အခန်းကဏ္ဍကိုကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်၍ အမျိုးသမီးများ၏စွမ်းရည်များ မြင့်မားလာအောင်မြှင့်တင် ဆောင်ရွက်ကြရမည်။

ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့(International Women’s Day)အဖြစ်သတ်မှတ်ကာ အခမ်းအနားများကျင်းပ၍ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ ၏ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ဆောင်ရွက်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ ဖြစ်ပေါ်လာပုံကိုအကျဉ်းမျှတင်ပြချင်သည်။ ၁၉၁၀ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးညီလာခံတွင် ဂျာမနီနိုင်ငံမှ အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးဖြစ်သူ မီးစ်ကလယ်ရာဇယ်ကင်းက အမျိုးသမီးများနေ့သတ်မှတ်ကျင်းပနိုင်ရေး အကြံပြုတင်ပြ ခဲ့သည်။ ၎င်း၏ အကြံပြုတင်ပြချက်အရ နှစ်စဉ် မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အဖြစ် သတ်မှတ်ကျင်းပရန် တညီ တညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ၁၉၇၅ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်၍ ကျင်းပလာခဲ့သည်။

အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ယနေ့ ၂၁ ရာစုကာလတွင် ရှေးယခင်ကထက် လုပ်ဆောင်နိုင်မှု စွမ်းရည်များ ပို၍ပို၍တိုးတက်လာသည်မှာ အများမျက်မြင်ဖြစ်ပေသည်။ အမျိုးသမီးများသည် အိမ်တွင်း မှုတာဝန်ယူရုံလောက်သာမကတော့ဘဲ   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ပါ ပါဝင်ထမ်းဆောင် လာနိုင်ပြီဖြစ်သည်။ အမျိုးသမီးများ၏ ပင်ကိုဗီဇသည်အများအားဖြင့် အားနွဲ့သူများဟု ဆိုကြသော်လည်း အမျိုးသားများနှင့်အပြိုင် ကာယစွမ်းအင်၊ ဉာဏစွမ်းအင်၊ စိတ်ဓာတ်စွမ်းအင်များ မွေးမြူထုတ်လုပ်နိုင် စွမ်းရှိသည်။ လက်ရုံးရည်၊ နှလုံးရည်နှစ်မျိုးစလုံး ထက်မြက်ကြံ့ခိုင် သူများအဖြစ် ကြိုးစားအား ထုတ်နိုင်စွမ်းရှိသည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်သူများ ဖြစ်လာအောင် ၎င်းကိုယ်တိုင် ကြိုးစားခွင့်ရှိအောင် ဖန်တီးဖော်ဆောင်ပေးရပေမည်။ အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ စွမ်းဆောင်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားတိုးတက်လာအောင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းအားလုံးက နည်းပညာခေတ်နှင့်အညီ ဆန်းသစ်သောနည်းလမ်းများဖြင့် ကြံဆပံ့ပိုးပေးကြ ပေမည်။

ယခုအခါ နိုင်ငံအသီးသီးတွင် လူသားအားလုံးဖွံ့ဖြိုးတိုးတက်ရေးတွင်အမျိုးသမီးများ၏စွမ်းရည်ကို မြှင့်တင်ရန် ပုံဖော်သင့်ကြောင်း တိုက်တွန်းဆောင်ရွက်လာကြပြီဖြစ်သည်။ ထိုသို့ တိုက်တွန်း ဆောင်ရွက် လာကြခြင်းသည် အမျိုးသမီးများ၏စွမ်းရည်များကို မြှင့်တင်ပေးနိုင်ခြင်းနှင့်အတူ နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုး တိုးတက်အောင်ကြံဆောင်လုပ်ကိုင်ကြခြင်းမည်ပေသည်။ ကမ္ဘာ့လူဦးရေသည် အရှိန်အဟုန်ဖြင့် တိုးတက်များပြားလာချိန်တွင် ဤသို့သော ကြောင်းကျိုးဆီလျော်မှုရှိသည့် ကြိုးစားဆောင်ရွက်မှုမှန်သမျှ အဖိုးတန်လှပေသည်။

နိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများပါဝင်ကြိုးစားခွင့်ရအောင်ကျား၊ မ တန်းတူညီမျှမှု အခွင့်ရ ရန်လိုအပ်သည်။ ကျား၊ မ တန်းတူညီမျှမှုဆိုသည်မှာ အမျိုးသားရော အမျိုးသမီးပါ မိမိရပိုင်ခွင့်အခွင့် အရေးများကို တန်းတူညီမျှရရှိခြင်းပင်ဖြစ်သည်။ ရပိုင်ခွင့် အခွင့်အရေးဟုဆိုရာတွင်လည်း အမျိုးသမီး ဖြစ်၍ အလေးသာ အရာပေးခြင်းမျိုးမဟုတ်ဘဲ မိမိ၏လုပ်ရည်ကိုင်ရည်နှင့်ညီမျှသော အခွင့်အရေး ကိုသာဆိုလိုသည်။ တစ်ဖန် မိန်းမသားဖြစ်၍ဟူသော ဟောင်းနွမ်းခေတ်မမီတော့သည့် ကန့်သတ်ချက် မျိုးဖြင့် အစစအရာရာ နောက်ချန်ထား၍မသင့်တော့ပေ။ ကျား၊ မ တန်းတူညီမျှမှုသည် လူသားတိုင်း ရရှိသင့်သည့် အခွင့်အရေးဖြစ်၍ အမျိုးသမီးတိုင်းအတွက် ရရှိသင့်ရရှိအပ်သော အခွင့်အရေးပင် ဖြစ်သည်။

ကျား၊ မ တန်းတူညီမျှမှုရှိသည်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာသောအထောက်အကူများကို ရရှိမည်ဖြစ်သည်။    အမျိုးသမီးများသည် အမျိုးသားများနည်းတူ ကြိုးစားပါဝင်လုပ်ကိုင်ခွင့်ရရှိလာ သဖြင့် ဆင်းရဲမှုကိုလျှော့ချနိုင်ခြင်း၊  အမျိုးသမီးများအိမ်တွင်းအောင်းနေရသောဘဝမှ   နေအိမ်ပြင်ပ သို့ထွက်၍ အလုပ်အကိုင်များလုပ်ကိုင်လာနိုင်ခြင်းကြောင့် အသိအမြင်ဗဟုသုတများ တိုးပွားလာခြင်း၊  မျက်စိပွင့် နားပွင့်လာနိုင်ခြင်းနှင့်အတူ လူကုန်ကူးမှုခံရမှုများကို တားဆီးကာကွယ်နိုင်ခြင်း၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများမှ ကာကွယ်နိုင်ခြင်းစသည့် အမျိုးသမီးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များရရှိ လာမည်ဖြစ်သည်။ အမျိုးသမီးများ၏ပညာရေးကို အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးရအောင် ဖန်တီးနိုင်မှုသည်လည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးဖြစ်ထွန်းအောင် စွမ်းဆောင် နိုင်မည် ဖြစ်သည်။

တစ်ဖန် ကျား၊ မ တန်းတူညီမျှမှု အခွင့်အရေးအရ အမျိုးသားနှင့်အမျိုးသမီး  လုပ်ငန်းမှန်သမျှ အပေးအယူမျှတစွာဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ အမျိုးသားများအနေဖြင့်လည်း အမျိုးသမီးပဲဟူသော   ဘောင်ကျဉ်းကလေးထဲ၌ ချန်လှပ်မထားခဲ့ဘဲ တန်းတူစွမ်းဆောင်နိုင်‌အောင် လက်တွဲ ခေါ်ဆောင်သင့်သည်။ ဤနည်းဖြင့် အမျိုးသမီးများ၏ကိုယ်ပိုင်အစွမ်းအစများ၊ ကိုယ်ပိုင်စွမ်းရည်များပိုမိုတိုးတက်မြင့်မားလာအောင် ကြိုးစားခွင့်ရရှိမည်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်ရှိရာ ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည်။ ထိုထက်ဝက်ကျော်ကိန်းဂဏန်းရှိသော အမျိုးသမီးဦးရေ အရေအတွက်သည် နိုင်ငံတော်နှင့် မြန်မာ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်သောအရေအတွက်ဖြစ်သည်။ စွမ်းရည်မြင့်မား သော မြန်မာအမျိုးသမီးများအဖြစ် ပြုစုပျိုးထောင်ပေးကာ ကမ္ဘာနှင့် ရင်ပေါင် တန်း နိုင်သော နိုင်ငံ တစ်ခုဖြစ်အောင် ပုံဖော်ကြိုးစားကြရာ၌ ပါဝင်အားဖြည့်နိုင်ပေသည်။ အမျိုးသမီးများကို နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များအဖြစ်ခံယူကာ  အမျိုးသမီးတို့၏အခန်းကဏ္ဍကို နည်းပညာ၏ ဆန်းသစ် သောအကူအညီဖြင့်အားပေးကူညီရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးတို့၏ လုပ်ဆောင်နိုင်စွမ်း၊ စွမ်းရည်မြင့်မားမှုတို့ကို စုစည်းဖော်ဆောင်ပေးနိုင်စွမ်းရှိလျှင် အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားဖြစ်ပေသည်။ ထိုအချက်ကို အလေးပေးစဉ်းစား၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မြန်မာအမျိုးသမီးများသည် ကမ္ဘာ့အမျိုးသမီးများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ အမျိုးသမီးထု၏စွမ်းအားစုကို နိုင်ငံတော်တည်ဆောက်ရေးတွင် အပြည့်အဝ အသုံးချနိုင်ရေးတို့ကိုရည်ရွယ်၍ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပ သော စတုတ္ထအကြိမ် အမျိုးသမီးညီလာခံမှ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကိုဖွဲ့ စည်း၍ ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်ကို မြန်မာအမျိုးသမီးများနေ့အဖြစ် ဂုဏ်ယူသတ်မှတ်ခဲ့သည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်  အမျိုးသမီးရေးရာအဖွဲ့ချုပ်ပေါ်ထွန်းလာခြင်းသည် မြန်မာအမျိုးသမီးများ အတွက် အားရတက်ကြွဖွယ်ဖြစ်သည်။ ယခင်က အမျိုးသမီးများ   အားကိုးအားထားပြုထိုက်သည့် အသင်းအဖွဲ့မရှိခဲ့ချေ။ ယနေ့ချိန်ခါတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်သည် မြန်မာအမျိုး သမီးထုအတွက် ကျောက်စိုင်ကျောက်သားပမာ ရှေ့တန်းမှ ရပ်တည်ကြိုးစားကာကွယ်ပေးလျက်ရှိသည်။  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် Myanmar Women’s Affairs Federation(MWAF)ကို

(က)   အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ပေးရန်။

(ခ)     အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်။

(ဂ)  အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်များ ဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်။

(ဃ)   တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ် မြှင့်တင်ရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်။

(င)     အမျိုးသမီးများအားအကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်။

(စ)     အမျိုးသမီးများနှင့်ကလေးသူငယ်များ လူကုန်ကူးမှုလျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နိုင်ရန်။

(ဆ)   အမျိုးသမီးများ၏ အခွင့်အရေးများကို တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဟူသော ရည်ရွယ်ချက်များဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အသင်းချုပ်ကြီး၏ရည်ရွယ်ချက်များမှာ တော်တည့်မှန်ကန်ပြီး အမျိုးသမီးတို့၏ လုပ်ငန်းဆောင်တာ အဝဝအတွက် အားကိုးလောက်သည်။ အမျိုးသမီးထု၏ ပညာရေး၊  ကျန်းမာရေး၊  အမျိုးသမီးများ၏ အကြမ်းဖက်မှုမှအကာအကွယ်ပေးရေးတို့မှာ အမျိုးသမီးတိုင်းအတွက် လိုအပ်သောအခွင့်အရေးများ ပင်ဖြစ်သည်။

မြန်မာအမျိုးသမီးတို့သည် ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း စသည်တို့တွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးနေသည်။ ထိုအခွင့်အလမ်းများကို ပြည့်ပြည့်ဝဝရရှိ၍ အမျိုးသမီးများ၏ ပင်ကိုအရည်အချင်းများကို တက်ကုန်ရွက်ကုန်ပြသခွင့်ရရှိအောင် နည်းပညာကဏ္ဍကို တိုးမြှင့်ဆန်းသစ်ဖော်ဆောင်ပေးသင့်သည်။ ကွန်ပျူတာနည်းပညာသည် ကမ္ဘာနှင့်အဝန်း ရေပန်းစား အသုံးဝင်လှသည်ဖြစ်ရာ အမျိုးသမီးများ   ကွန်ပျူတာခလုတ်ပေါ်လက်တင်၍ ကဏ္ဍအသီးသီး၌ ပါဝင်စွမ်းဆောင်နိုင်ပေပြီ။  ထိုသို့စွမ်းဆောင်နိုင်အောင် နိုင်ငံတော်နှင့်အဖွဲ့အစည်းအသီးသီးက အရေးပေးလုပ်ဆောင်ပေးရမည်ဖြစ်ပေသည်။

အမျိုးသမီးများ၏ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအားလုံးပါဝင်ခွင့်ရအောင် ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်ပေးသင့်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ပန်းတိုင် (၁၇) ရပ်ချမှတ် ဆောင်ရွက်စေခဲ့သည်။  ယင်းပန်းတိုင်(၁၇) ရပ်အနက် ပန်းတိုင်(၅)   “ကျား၊ မ တန်းတူညီမျှ မှုရရှိရေးနှင့် အမျိုးသမီးများအားလုံး စွမ်းပကားတိုးမြှင့်စေရေး” (Goal 5 – Achieve gender equality and  empower all women and girls.) ဟူသောအချက်အရ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် အကူအညီများဆောင်ရွက်ပေးခဲ့သည်။

မြန်မာအမျိုးသမီးများသည်ခေတ်အဆက်ဆက်တွင် အမျိုးသားရေးလှုပ်ရှားမှုများတွင်လည်းကောင်း၊နိုင်ငံတော်တည်‌ဆောက်ရေးလုပ်ငန်းများတွင်လည်းကောင်း တိုင်းပြည်ချစ်စိတ်ဖြင့် ကြိုးစားဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းပုံရိပ်များရှိခဲ့သည်။ ပိုးထည်ကုန်သည် ဒေါ်ဦးဇွန်းသည် အိုမင်းမစွမ်းဖြစ်နေသော ဘိုးဘွားများကို  မိမိ၏မိဘများသဖွယ်ပြုစုစောင့်ရှောက်နိုင်ရန်  မင်းကွန်း၊  သထုံ၊ပေါင်းတည်၊ ရန်ကုန်နှင်းဆီကုန်းနှင့် ပခုက္ကူတို့တွင် ဘိုးဘွားရိပ်သာများ ဖွင့်လှစ်ပေးခဲ့သည်။ ယခုအချိန်၌ ဒေါ်ဦးဇွန်း စတင်သန္ဓေတည်မွေးဖွားပေးခဲ့သော ဘိုးဘွားရိပ်သာများမှသည်  မြန်မာပြည်အနှံ့အပြားတွင်   ဘိုးဘွား ရိပ်သာများဆက်လက်ပေါ်ပေါက်လာခဲ့ပေသည်။ ကျန်းမာရေးကဏ္ဍတွင်လည်း   ဖလောရင့် နိုက်တင်ဂေးဆုရှင်သူနာပြုဆရာမကြီး ဒေါ်ခင်အုန်းမြသည်   လူနာများကို  သက်စွန့်ဆံဖျား ကယ်တင် ပြုစုနိုင်ခဲ့သူအဖြစ်ထင်ရှားခဲ့သည်။   ဒေါ်ခင်အုန်းမြသည်ဗုံးများ၊ စက်သေနတ်များပစ်ခတ် ပေါက်ကွဲ နေသည့်ကြားမှပင်ဒဏ်ရာရအမျိုးသမီးငယ်ကို ဘေးကင်းရာသို့ အရကယ်တင်ပြုစုကုသပေးခဲ့သည်။ထို့ကြောင့် ၁၉၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ချီးမြှင့်သည့်ဖလောရင့် နိုက်တင်ဂေးဆုကို ရန်ကုန်မြို့ အမှတ် -၂ တပ်မတော်ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေသော ဗိုလ်ခင်အုန်းမြ (နောင်တွင် အငြိမ်းစားဗိုလ်မှူး)က ဆွတ်ခူးရရှိခဲ့သည်။ ထိုဆုသည် မြန်မာနိုင်ငံသူနာပြုများထဲမှ ပထမဆုံးရရှိခဲ့သောဆုပင်ဖြစ်သည်။

မြန်မာသူနာပြု အမျိုးသမီးများထဲမှ ဒုတိယအကြိမ်  ဖလောရင့်နိုက်တင်ဂေးဆုချီးမြှင့်ခံရသူတစ်ဦး  ၁၉၉၃ ခုနှစ်တွင် ပေါ်ထွန်းခဲ့ပြန်သည်။  ထိုသူမှာ သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယောနမ်ဖြစ်သည်။ ဒေါ်အမ်ယောနမ်သည်   တပ်မတော်စစ်ကြောင်းမှ ဒဏ်ရာရ ရဲဘော်များနှင့် အရပ်သူအရပ်သားများကို  မူဆယ်ဆေးရုံတွင် သက်စွန့်ဆံဖျား ပြုစုကယ်တင်ခဲ့သည်။

ဒေါ်အမ်ယောနမ်အတွက်အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက ချီးမြှင့်သည့် ဖလောရင့် နိုက်တင်ဂေးဆုတံဆိပ်ကို   ၁၉၉၃  ခုနှစ်  ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်၌ ကျင်းပ သော  အခမ်းအနားတွင်  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာတင်ဦးက ဆုရသူအားပေးအပ် ခဲ့သည်။ ဆရာမကြီး ဒေါ်အမ်ယောနမ်က“သူနာပြုတိုင်းဟာ အနစ်နာခံရမယ်။ စိတ်ထားကောင်းရမယ်။ အနစ်နာ၊  စေတနာ၊  ဝါသနာ၊  မေတ္တာ၊ ကရုဏာရှိရမယ်။ လူနာတွေအပေါ်လည်း ဆက်ဆံရေးကောင်း မွန်ရမယ်။  အခုလို ဖလောရင့်နိုက်တင်ဂေး ဆုချီးမြှင့်ခံရတာဟာ ကျွန်မတစ်ဦးတည်း စွမ်းဆောင်နိုင်လို့ မဟုတ်ပါဘူး။ ကျွန်မနဲ့ပူးပေါင်းဆောင်ရွက်ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ၊ ဆေးတပ်သားတွေ ရဲ့ဝိုင်းဝန်းစွမ်းဆောင်မှုကြောင့်ရရှိခြင်းဖြစ်ပါတယ်။ သူတို့အားလုံးကိုလည်း  အထူးကျေးဇူးတင်မိပါတယ်”ဟု ပြန်လည်ဖွင့်ဟပြောဆိုခဲ့သည်။ သူသည် စွမ်းဆောင်ရည်မြင့်မားသော အမျိုးသမီးဖြစ်ရုံသာမက စိတ်ကောင်းစေတနာကောင်းရှိသူအဖြစ်  သူ့စကားများက ဖော်ပြနေသည်။  ဖလောရင့်နိုက်တင်ဂေး ဆုမရသော်လည်း သားဖွားဆရာမဒေါ်သိန်းရီ၏ စွမ်းဆောင်မှုကလည်း ချီးကျူးစရာဖြစ်သည်။ ဒေါ်သိန်းရီသည် ၁၉၉၅ ခုနှစ်ဖြစ်ပွားသည့်   မီးလောင်မှုတွင် အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးကို မီးလောင်နေသော အိမ်အတွင်းမှအသက်စွန့်ကယ်တင်ခဲ့သည်။

လေကြောင်းပို့ဆောင်ရေးမှ လေယာဉ်မယ် ဒေါ်သွယ်သွယ်ဝင်းသည် လေယာဉ်စက်ချွတ်ယွင်း၍ သဲသောင်ပြင်သို့ ဆင်းသက်ရမည့်အချိန်တွင်     လေယာဉ်မှူးက ခါးပတ်ပတ်ရန်    ပြောဆိုသည်ကိုပင်  ဂရုမစိုက်နိုင်ဘဲခရီးသည်များအန္တရာယ်ကင်းရန်မည်သို့လုပ်ဆောင်မည်ကိုလမ်းညွှန်လျက်ကပင်    အသက်ဆုံးရှုံးခဲ့ရသည်။ သတ္တိကောင်းလှသော၊ စိတ်ထားမြင့်မြတ်လှသော လေယာဉ် မယ်ဒေါ်သွယ်သွယ်ဝင်းကို နိုင်ငံတော်က ရဲဗလဆုချီးမြှင့်ခဲ့သည်။

ယနေ့ခေတ်သည်  နည်းပညာများထွန်းကားသည်ထက်  ထွန်းကားလာသောခေတ်ဖြစ်ရာ ကမ္ဘာမှာရော မြန်မာမှာပါ အမျိုးသမီးများသည်  အမျိုးသားများနှင့်တန်းတူညီမျှ အခွင့်မရစရာအကြောင်း မရှိပေ။   နည်းပညာထွန်းကားနေသော ခေတ်တွင် အမျိုးသားတို့စွမ်းဆောင်နိုင်သမျှ လုပ်ငန်းဆောင်တာမှန်သမျှ အမျိုးသမီးများလည်း နည်းပညာအစွမ်းဖြင့် ဧကန်မလွဲတန်းတူ    စွမ်းဆောင်နိုင်ပေလိမ့်မည်။ သို့ဆိုလျှင် ကျား၊ မ မရွေးယှဉ်တွဲလုပ်ကိုင်ကာ ဖွံ့ဖြိုးသာယာသော လူ့ဘောင်ကြီးကို   တည်ဆောက်နိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့်တင်ပြရလျှင် အမျိုးသမီးများသည်  အခွင့်အရေးရလျှင် ရသလောက်ကဏ္ဍအသီးသီးတွင် ပါဝင်စွမ်းဆောင်နိုင်ကြသည်။ ထို့ကြောင့်မိန်းကလေးငယ်များ၏ နိုင်ငံရေး၊  လူမှုရေး၊  စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာစွမ်းပကားများကို ဂုဏ်ပြုရန်နှင့်  ရှေ့ဆက်လျှောက်မည့် လူ့ဘောင်ခရီးတွင်   အမျိုးသမီးများ၏ဘဝကို   မြင့်မားတိုးတက်လာစေရန် အမျိုးသမီးများနှင့် စပ်ဆိုင်ရာကဏ္ဍများတွင်  ကျယ်ကျယ် ပြန့်ပြန့်ရင်းနှီးမြှုပ်နှံ၍  ကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟုတိုက်တွန်း နှိုးဆော်လိုက်ရ ပေသည်။     ။    

MWD Web Portal

ညွန့်ဝင်း(နတ်တလင်း)

ကျောင်းတက်ခေါင်းလောင်းသံနှင့်အတူ ရုန်းထကြရမည့် နေ့သစ်များ
-

မိုးဦးလေဦးနဲ့ ယှဉ်တွဲလို့ အနယ်နယ်အရပ်ရပ်က စာသင်ကျောင်းတွေဖွင့်ကြပြီ။ အခြေခံပညာကျောင်းသား ကျောင်းသူတွေ စာသင်နှစ်သစ်နဲ့အတူ အတန်းသစ်ကို စတင်လေ့လာဆည်းပူးနေကြတာ အခုဆိုရင် တစ်လနီးပါးရှိပါတော့မယ်။ စာသင်ကျောင်းဆိုတာ “စာကိုလည်းသင်၊ စိတ်ကိုလည်းပြင်” ဆိုသလို အသိပညာဆည်းပူးရာသာမက ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊ ဘာသာတရားနဲ့ အခြားအခြားသော လူမှုစံနှုန်းတွေကို လူငယ်တွေသိရှိအောင် သင်ကြားပြသပေးတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေရဲ့တာဝန်က အလွန်ကြီးမားပြီး ကျောင်းသား ကျောင်းသူတွေ ပညာတတ်ရုံသာမက ကျန်းမာကြံ့ခိုင်ဖို့၊ ဗဟုသုတကြွယ်ဝဖို့၊ စည်းကမ်းလိုက်နာတတ်ဖို့၊ နိုင်ငံကြီးသ

မိုးဦးလေဦးနဲ့ ယှဉ်တွဲလို့ အနယ်နယ်အရပ်ရပ်က စာသင်ကျောင်းတွေဖွင့်ကြပြီ။ အခြေခံပညာကျောင်းသား ကျောင်းသူတွေ စာသင်နှစ်သစ်နဲ့အတူ အတန်းသစ်ကို စတင်လေ့လာဆည်းပူးနေကြတာ အခုဆိုရင် တစ်လနီးပါးရှိပါတော့မယ်။ စာသင်ကျောင်းဆိုတာ “စာကိုလည်းသင်၊ စိတ်ကိုလည်းပြင်” ဆိုသလို အသိပညာဆည်းပူးရာသာမက ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊ ဘာသာတရားနဲ့ အခြားအခြားသော လူမှုစံနှုန်းတွေကို လူငယ်တွေသိရှိအောင် သင်ကြားပြသပေးတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေရဲ့တာဝန်က အလွန်ကြီးမားပြီး ကျောင်းသား ကျောင်းသူတွေ ပညာတတ်ရုံသာမက ကျန်းမာကြံ့ခိုင်ဖို့၊ ဗဟုသုတကြွယ်ဝဖို့၊ စည်းကမ်းလိုက်နာတတ်ဖို့၊ နိုင်ငံကြီးသားပီသဖို့စတဲ့ အသိပညာတွေကိုလည်း ဖြည့်ဆည်းပေးကြရပါတယ်။ ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေ လမ်းမှားမရောက်ရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပဲ့ပြင်ဆုံးမပေးကြရသလို ကလေးတွေ လုံခြုံစိတ်ချစွာနဲ့ ပညာသင်ကြားဖို့ ကျောင်းတက်ချိန်ကာလတစ်လျှောက် တာဝန်ယူထားကြရသူတွေ ဖြစ်ပါတယ်။

စာရေးသူတို့ရပ်ရွာမှာ ကျောင်းသားအရွယ် ကလေးငယ်တွေ အဖြူအစိမ်းကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းသွားကြတဲ့မြင်ကွင်းကို မြင်ရတိုင်း ကြည်နူးပီတိဖြစ်ရသလို မငြိမ်းချမ်းတဲ့ဒေသက ကလေးတွေအကြောင်းတွေးမိရင်း ရင်နာမိပါတယ်။ စစ်ပွဲတွေကြား ပြိုလဲပျက်စီးနေတဲ့ စာသင်ကျောင်းတွေ၊ ကျောင်းဝတ်စုံနဲ့ နှစ်အတန်ကြာ ဝေးကွာနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ကိုယ့်တာဝန် ကိုယ့်ဝါသနာကို ရွေးချယ်ဖို့မဝံ့ရဲ၊ မြေဖြူတောင့်ကိုလွှတ်ချပြီး ပဋိပက္ခတွေကြား ယူနီဖောင်းကိုဖွက်ကာထားရတဲ့ ကျောင်းဆရာ ဆရာမတွေ၊ စာသင်ကျောင်းတွေနဲ့ ဘဝခြားသွားတဲ့ လမ်းမှားရောက်သွားကြတဲ့ ကလေးသူငယ်တွေ… စသည်ဖြင့် အတွေးက မရပ်တန့်နိုင်တော့။

မိဘအများစုက ကလေးတွေကို စာသင်ခန်းဆီပို့ရမယ့် အသိအမြင်တွေရှိလာ

တစ်ချိန်က အတိတ်နေ့ရက်တွေကိုလည်း မြင်ယောင်မိတယ်။ ကချင်ပြည်နယ် မြောက်ဖျားပိုင်းက ကျေးရွာတစ်ခုဖြစ်တဲ့ မိမိမွေးရပ်မြေမှာ မူလတန်းပြီးဆုံးအောင် သင်ကြားနိုင်တဲ့သူ အတော်လေးနည်းပါးဖူးခဲ့ပါတယ်။ အများစုသော ဒေသခံတွေဟာ ခြေကျင်ခရီး တစ်နာရီလောက်လမ်းလျှောက်ရတဲ့ရွာမှာ မူလတန်းပြီးဆုံးအောင် သင်ကြရတယ်။ တောင်ပေါ်ဒေသမို့ အခုလိုမိုးတွင်းဆိုရင် သွားရခက်ခဲလွန်းလို့ ငွေကြေးတတ်နိုင်သူနဲ့ ဇွဲရှိသူအနည်းငယ်ကသာ မူလတန်းပြီးဆုံးခဲ့ရတယ်။ အလယ်တန်းနဲ့အထက်တန်း သင်ကြားဖို့အတွက် မြို့ပေါ်ကို ကျောင်းအိပ်ကျောင်းစားသွားနေကြရတယ်။ အဲဒီလို ကလေးမျိုးကလည်း အတော်ကို ရှားပါးခဲ့တာ။ ဒါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပညာသင်ယူမှုအခက်အခဲတွေပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ အစိုးရအဆက်ဆက်က ပညာရေးကဏ္ဍကို မြင့်တင်ပေးခဲ့လို့ မိဘအများစုကလည်း ကလေးတွေ ကို စာသင်ခန်းဆီပို့ကြရမယ့် အသိအမြင်တွေရှိလာခဲ့ကြတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာရှိတဲ့ မြို့ကြီးပြကြီးကနေ ကျေးလက်အထိ စာသင်ကျောင်းတွေလည်း များပြားလာခဲ့သလို ကျောင်းဆရာ ဆရာမ တွေလည်း အတော်များများ မွေးထုတ်ပေးနိုင်ခဲ့လို့ “ပညာရေးဝေးသည်မရှိ” ဆိုတဲ့ စကားသံတို့ လှိုင်လှိုင်ထွက်ပေါ်ပေမယ့် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်းမှာတော့ ပညာရေးဟာ မငြိမ်းချမ်းတဲ့ဒေသမှာ နှင်းရိုင်းသင့်ပန်းသဖွယ် ညှိုးလျငုပ်လျှိုးနေရတာကို မချိတင်ကဲ ဖြစ်မိပါ တယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဒေါက်တိုင်ဖြစ်တဲ့ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍကို မသမာသူအဖျက်သမားတွေက ပြိုလဲပျက်စီးစေဖို့ အကြိမ်ကြိမ် တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါတယ်။ စာသင်ခန်းမှာရှိနေ ရမယ့် ကျောင်းသား ကျောင်းသူတွေကို ကျောင်း မတက်ကြဖို့ စည်းရုံးတယ်၊ ဆရာဆရာမတွေကို စာမသင်ကြဖို့၊ ဆရာဝန်၊ သူနာပြုစတဲ့ကျန်းမာ ရေးဝန်ထမ်းတွေလည်း ဆေးရုံတွေမှာ တာဝန်မထမ်းဆောင်ဖို့စတဲ့ အဖျက်မျိုးစုံရဲ့ မာရ်နတ်ရဲ့ အပေါင်းအပါတွေလို အမြော်အမြင်နည်းပါးစွာ ပြုမူခဲ့ကြခြင်းရဲ့ နောက်ဆက်တွဲ အကျိုး ရလဒ်တွေ ကို ပြည်သူက ခါးစည်းခံနေကြရတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ခန်းတွေ တစ်နှစ်ပိတ်ပြီးခဲ့ချိန် ကျောင်းတွေပြန် အဖွင့်မှာ “ကျောင်းမတက်နဲ့ကျောင်းထွက်” ဆိုတဲ့ အသိ ဉာဏ်မဲ့သွေးထိုးမှုနောက် လိုက်ပါစီးမျောရင်း ဘဝ တိုးတက်လမ်းတွေ ပိတ်ဆို့ခဲ့ရတဲ့ကျောင်းသား ကျောင်းသူတွေ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကြောင့် ကျောင်းနားခဲ့ရတဲ့ကလေးတွေ၊ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် အသက်ပေးလိုက်ရတဲ့ ဆရာကြီး ဆရာမကြီးတွေစသည်ဖြင့် တိုင်းပြည်ရဲ့ဆုံးရှုံးမှုက အလွန်ကိုကြီးမားလှပါတယ်။ တစ်ချိန်က ကျောင်းမတက်ဖို့ မြှောက်ထိုးပင့်ကော် ပြောဆိုနေကြသူ တိုင်းပြည်သစ္စာဖောက်အချို့ နိုင်ငံပြင်ပမှာ သားသမီးမြေးမြစ်တွေကို စာသင်ကျောင်း ဆီပျော်ပျော်ကြီး လိုက်ပို့နေချိန် ပြည်တွင်းနေရာ အချို့မှာတော့ သူတို့ရဲ့ ယုတ်မာပက်စက်တဲ့ လုပ်ရပ် တွေကြောင့် ကလေးတွေအတွက် စာသင်ကျောင်း တွေမရှိကြတော့ပါဘူး။

ပညာသင်ယူခြင်းဆိုတာ လူသားတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်

နိုင်ငံတစ်နိုင်ငံမှာ ပညာသင်ကြားရေးကဏ္ဍ အားနည်းယိမ်းယိုင်ခဲ့မယ်ဆိုရင် နောင်မျိုးဆက်သုံး၊ လေးဆက်အထိ ပြန်လည်နာလန်ထူဖို့ခက်ခဲနိုင်တယ်လို့ ပညာရေးသုတေသီတွေက ဆိုထားခဲ့ပါတယ်။ ပညာသင်ယူခြင်းဆိုတာ လူသားတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်သလို နိုင်ငံအတွက်တင်သာမက လူ့ဘောင်လောကကြီးတစ်ခုလုံး သာယာဝပြောဖို့အတွက် အရေးကြီးဆုံးအရာတစ်ခုလည်းဖြစ် ပါတယ်။

ဒါပေမယ့် ယနေ့အချိန်အထိ အသိတရားမရတဲ့ တိုင်းပြည်သစ္စာဖောက် အကြမ်းဖက်သမားတွေက ကျောင်းဆရာ ဆရာမတွေကို ဖမ်းဆီးညှင်းပန်း သတ်ဖြတ်တဲ့အထိ အသိဉာဏ်မဲ့စွာ လုပ်ဆောင်နေပါတယ်။ ကျောင်းသားကျောင်းသူတွေကို ပညာအလင်း ဉာဏ်မျက်စိဖွင့်ပေးနေတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာကိုသာ ကိုင်ဆောင်ထားတဲ့ ဆရာ ဆရာမတွေကို လက်နက်ကိုင်အကြမ်းဖက်သမားတွေက စစ်ရေးပစ်မှတ်လို သဘောထားပြီး လူမဆန်စွာနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို ကြားသိရတာ စိတ်နှလုံးကြေကွဲဖွယ်ရာလည်း ဖြစ်ပါတယ်။ အခုလို ဆရာ ဆရာမတွေကိုသတ်ဖြတ်တာ၊ ကျောင်းတွေမဖွင့်ရဲအောင် အကျပ်ကိုင်ခြိမ်းခြောက်တာ၊ ကျောင်းသားလူငယ်တွေကို ကျောင်းမတက်ဖို့ ခြိမ်းခြောက်တာ တွေနဲ့ ကျောင်းတွေပတ်ဝန်းကျင်မှာ မိုင်းခွဲ၊ ဗုံးထောင်စတဲ့ ဖြစ်ရပ်မှန်တွေကို နိုင်ငံတော်က သတင်းတွေထုတ်ပြန်ပေးနေပေမယ့် လူ့အခွင့် အရေးလို့ တွင်တွင်အော်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကလည်း ရေငုံနှုတ်ပိတ်နေရက်ကြတာ မြင်ရတော့ အတော်လေးအံ့အားသင့်စရာပါ။

မိုးဦးလေဦး ပညာသစ်နှစ်အစမှာတင် PDF အမည်ခံ အကြမ်းဖက်သမားတွေက ဆရာမနှစ်ဦးနဲ့ ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ကြပါတယ်။ အကြောင်းကတော့ ကျောင်းဖွင့်ခြင်း၊ စာသင်ခြင်းကြောင့်ပါတဲ့။ ဖြစ်စဉ်က နတ်မောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ပြီး နေအိမ်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်၊ ဓားနဲ့ ခုတ်သတ်ဖြတ်ပစ်ခဲ့တာပါ။ ထို့အတူ ဆရာ ဆရာမတွေ ဖမ်းဆီး‌ခေါ်ဆောင်ခြင်းနဲ့ ကျောင်းသား ကျောင်းသူတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်းဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်အထိ PDF တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် အသက်ဆုံးရှုံးရသူ ပညာ ရေးဝန်ထမ်း ၈၀ အထိ ရှိခဲ့ပါတယ်။

ကျောင်းဖွင့်ချိန်ရောက်တိုင်း တိုင်းပြည်သစ္စာဖောက်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ CRPH, NUG နဲ့ လက်ဝေခံ နောက်လိုက်နောက်ပါတစ်သိုက်ရော၊ တိုင်းပြည်မတည်ငြိမ်ချိန် တောကြောင်တွေလိုပေါ်လာတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေက ကျောင်းမတက်ဖို့နဲ့ ကျောင်းမဖွင့်နိုင်ဖို့နဲ့ နိုင်ငံ့ဝန်ထမ်းတွေ စိတ်ဓာတ်ယိမ်းယိုင်စေဖို့ နည်းအမျိုးမျိုးနဲ့ ကြေညာချက်တွေ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့် နိုင်ငံနဲ့ပြည်သူအကျိုးထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တရားစွဲမယ်လို့ ကယောင်ကတမ်းကြေညာခဲ့ပါသေးတယ်။ သူတို့တားမြစ် ခြိမ်းခြောက်မှုဟာ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသအချို့မှာသာ အနည်းငယ်သက်ရောက်မှုရှိပြီး တစ်နိုင်ငံလုံးက ကျောင်းတွေကတော့ အေးချမ်းစွာဖွင့်လှစ်သင်ကြားနေပါပြီ။

တိုင်းပြည်သစ္စာဖောက်တွေရဲ့ မှိုင်းမိခဲ့ရလို့ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ဘဝပျက်ခဲ့ရသူတွေ၊ ဝန်ထမ်းဘဝမှထွက်လို့ တစ်ဝမ်းတစ်ခါးအတွက် ဘဝသစ်ပြန်စကြရသူတွေ၊ အခြေခံပညာဆုံးခန်းမ တိုင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးမှာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရသူတွေ၊ လမ်းမှားကို လျှောက်ရင်းနောက်ပြန်လှည့်မရသူတွေကလည်း အဓိပ္ပာယ်မရှိတဲ့၊ လမ်းမှန်ကမ်းမှန်မဟုတ်တဲ့ ရောက်တတ်ရာရာ ကြေညာချက်တွေကို ရွံရှာ မုန်းတီးလောက်ပြီထင်ပါတယ်။

မိမိတို့နိုင်ငံဟာ မြင်ရတဲ့အကြမ်းဖက်သမားရန်အပြင် မမြင်ရတဲ့ရန်သူဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါ၊ ရှောင်လွဲလို့မရတဲ့ သဘာဝရေဘေးနဲ့ ငလျင်ဘေးတွေကိုလည်း ခါးစည်းခံခဲ့ရပါသေးတယ်။ ရေဘေး၊ မြေပြိုဘေးတွေကြောင့် ပြိုလဲပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းတွေ အသစ်ပြုပြင်မွမ်းမံလို့မှ မဆုံးသေးခင်မှာပဲ တစ်ကမ္ဘာလုံးက အံ့အားသင့်ခဲ့ရတဲ့ ပြင်းထန်တဲ့မန္တလေးငလျင်ကြီးလည်း လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဘေးကြောင့် ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုများစွာအနက် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ မီးသင့်ခဲ့ရတဲ့အတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ပြန်လည်ပြင်ဆင်လေ့ကျင့်မှု တွေကို နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုအချိန်မှာ ကျောင်းသား ကျောင်းသူတွေဟာ မြတ်သောဆရာ ဆရာမတွေရဲ့ အနီးကပ်စခန်းသွင်း သင်ကြားပေးမှုကြောင့် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုခြင်းတွေကို ငလျင်ဘေးသင့်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၄ ရက်အထိ သတင်းထုတ်ပြန်ချက်တွေအရ ယခုစတင်ဖွင့်လှစ်လိုက်တဲ့ အခြေခံပညာကျောင်းတွေရဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ ကျောင်းတက်သူဦးရေက စုစုပေါင်း ၆၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ အတိအကျအားဖြင့် ၆၁၁၉၂၆၀ ရှိပါတယ်။ မနှစ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီမှာ အခြေခံပညာ ကျောင်းတွေကို တက်ရောက်သူဦးရေက ၆၄၁၄၇၉၉ ဦး တက်ရောက်ခဲ့တဲ့အတွက် မနှစ်က ကျောင်းတက် ရောက်မှုနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၄ ဒသမ ၆ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာကို မြင်တွေ့ရပါတယ်။

မိမိတို့နိုင်ငံဟာ အသစ်အသစ်‌သော တိုးတက်မှုတွေကိုရရှိအောင် ကြိုးစားရုန်းကန်နေရတာနဲ့အတူ သဘာဝတရား၊ လူသားတို့ရဲ့ ဖျက်ဆီးမှုတွေပါ ခါးစည်းခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပညာရေးကဏ္ဍ မှာ ကျောင်းတွေအဆင့်မြှင့်တင်တာ၊ သင်ရိုးစနစ် ပြင်ဆင်ရေးဆွဲတာ၊ စာသင်ကျောင်းတွေ တိုးချဲ့တည်ဆောက်တာ၊ အခမဲ့ပညာရေးအကောင်အထည် ဖော်တာတွေဟာ သဘာဝတရားကြောင့် ပျက်စီး ယိုယွင်းရတာရှိသလို အသိဉာဏ်နည်းပါးတဲ့ လူမဆန်သူ အကြမ်းဖက်သမားတွေကြောင့်လည်း တည်ဆောက်ရင်း ပျက်စီးရင်း၊ ပြန်လည်ထူထောင်ရင်း ပြိုလဲရင်းဖြင့် အနာဂတ်ပန်းတိုင်ရည်မှန်းချက် သွားရာလမ်းက ကြမ်းတမ်းလွန်းလှပါတယ်။ အခုလို ကျောင်းအပ်ရာသီမှာ ယမန်နှစ်ကထက် ကျောင်းတက်သူဦးရေ လျော့ကျမှုဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်တို့ အားဖြည့်ရေး မှာ များစွာထိခိုက်နစ်နာမှုပဲ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ယမန်နှစ်တွေလို ကလေးတွေကို ကျောင်းအပ်နှံတဲ့အခါ သင်ရိုးညွှန်းတမ်းစာအုပ်တွေ၊ ဗလာစာအုပ်‌တွေနဲ့ စာရေးကိရိယာတွေ အခမဲ့ထုတ်ပေးတာကို မြင်တွေ့ရပြီး KG နဲ့ မူလတန်းကျောင်းသား‌ ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေလည်း အခမဲ့ပေးအပ်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဒါ့အပြင် ကျောင်းစာသင်ခန်းတွေ စနစ်တကျ သက်သောင့်သက်သာရှိဖို့၊ ကျောင်းတွင်းသာယာလှပဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာပညာ သင်ကြားနိုင် ကြဖို့ တာဝန်ရှိသူတွေက အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေတာကိုလည်း မြင်တွေ့ကြားသိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း အခြေခံပညာကျောင်းတွေမှာ ဆက်လက်ပြီး ကျောင်းအပ်လက်ခံပေးလျက်ရှိပါတယ်။

ပြည်သူတစ်ရပ်လုံး ကလေးတွေစာသင်ခန်းသို့ ပြန်လည်ဝင်ရောက်စေ

ဒါကြောင့် မိဘတွေအနေနဲ့လည်း မိမိတို့ သားသမီးတွေကို စာသင်ကျောင်းကိုရောက်အောင် ပို့ဆောင်ပေးကြဖို့လိုအပ်သလို ပြည်သူတစ်ရပ်လုံး ကလည်း ကလေးတွေရဲ့ ပညာသင်ယူခွင့်ကို အလေးဂရုထားပြီး မိမိတို့ရပ်ရွာဝန်းကျင်မှာရှိတဲ့ ကလေးတွေစာသင်ခန်းသို့ ပြန်လည်ဝင်ရောက်ကြစေရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်။ ထို့အတူ ကလေးတွေရဲ့ ပညာသင်ယူခွင့်ကို နှောင့်ယှက်ဟန့်တား၊ ဖျက်ဆီးအကျပ်ကိုင်နေကြတဲ့ ယုတ်မာသူလူတစ်စုကို ဝိုင်းဝန်းရှုတ်ချပေးဖို့ လိုအပ်သလို ကလေးတွေနဲ့ ဆရာ ဆရာမတွေကိုလည်း ပညာသင်ယူခွင့်၊ သင်ကြားခွင့်ရရှိစေဖို့ မိမိတတ်စွမ်းသမျှ ကူညီပေးကြဖို့ တိုက်တွန်းလို ပါတယ်။

အတိတ် မှန်သမျှ ပစ္စုပ္ပန်အတွက် သင်ခန်းစာ ကောင်းတွေပဲဖြစ်ပါတယ်။ မိမိတို့ ပြည်သူတွေ အားလုံး ခါးသီးတဲ့ အခိုက်အတန့်တွေကို ကြုံခဲ့ကြရ ပေမယ့် မီးလျှံပြာပုံကြားက တောက်ပခြင်းတွေနဲ့ ပြန်လည်ရှင်သန်နိုးထနိုင်တဲ့ ဇာမဏီငှက်လို ပြန်လည်ရှင်သန်နိုးထကြဖို့ အချိန်ရောက်ရှိနေပါပြီ။ ပိုမိုကောင်းမွန်တဲ့ မြန်မာ့လူ့ဘောင်ကိုတည်ဆောက် ရာမှာ ပညာတတ်မြောက်ရေးဟာ အလိုအပ်ဆုံးသော အုတ်မြစ်ဖြစ်တာကြောင့် စာသင်ကျောင်းတွေ ခေါင်းလောင်းသံမစဲစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ခြင်းနဲ့အတူ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုး၊ အနာဂတ်မျိုးဆက်သစ်တွေ အကျိုးကို ပျက်ပြားစေတဲ့ အကြမ်းဖက်သမားအားလုံးရဲ့ အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နိုင်ငံတော်အစိုးရနဲ့အတူ ပြတ်ပြတ်သားသားတိုက်ဖျက်ချေမှုန်း ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတော့တယ်။ ။

MOI

သွန်းဆက်

အရေးပါသည့်    ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို   တရားဝင်နှင့်တရားမဝင် အသုံးပြုခြင်း များ

Caffeine (ကေဖင်း) C8H10N4O2သည် အဖြူရောင်ကဲ့သို့ ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး လက်ဖက်၊ ကော်ဖီစေ့နှင့် ကိုလာစေ့များတွင်ပါရှိသည့်  အဲလ်ကာလွိုက်တစ်မျိုးဖြစ်၍ ရေတွင်ပျော်ဝင်လွယ်သည်။   အစပြုသည့်ပရီကာဆာမဟုတ်သောဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ သွေးကြောများကျယ်၍လန်းဆန်းစေသောအာနိသင်အနည်းငယ်ရှိသည်။စိတ်ရွှင်လန်းပြီး အားအင်ပြည့်ဖြိုးရန်အတွက် အချို့သောလစ်ပိုဗီတန်၊ ကျွဲရိုင်း၊ လစ်ပိုနှင့် အချို့သောကော်ဖီမှုန့်များတွင်လည်း အသုံးပြုသည်။ Amphetamine၊  Methamphe-tamine နှင့် MDMA(Ecstacy)တို့ကို အခြားပရီကာဆာဓာတုပစ္စည်းဖြင့် ထုတ်လုပ်ရရှိပြီးနောက် အားမြှင့်ပေးသည့်ဓာတုပစ္စည်းဖြစ်သည်။ ဆေးဝါးများတွင် ရောစပ်သုံးစွဲကြသည်။ကမ္ဘာအနှံ့  တွင်ကျယ်စွာသုံးစွဲနေသည့် မူးယစ်ဆေးဝါးဖြစ်သည့် Amphe-tamine (WY ဆေးပြား)တစ်ပြားတွင်  Caffeine ပမာဏ 70 mg  မှ 100 mg  ထိပါပြီး  Amphetamine ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိပါဝင်ကြောင်းသိရသည်။

Red Phosphrous (Red-P) (အနီရောင်ဖော့စဖရပ်စ်) P4 (chain)ကို အီလက်ထရွန်နစ်အလွှာများ၊ ပိုလီမာများအတွက် မီးမလောင်စေသောအလွှာများတွင်လည်း ဘေးကင်းရေး မီးခြစ်ဆံများ၊ မီးပုံးပျံများ၊  လောင်မီးခွံများ၊ မီးခိုးဗုံးများ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင်သုံးသည်။ အက်စစ်မှကလိုရိုက်သို့ပြောင်းလဲရာတွင် ကလိုရင်းသွင်းဓာတ်ပြုခြင်း၊ ဓာတ်တိုးခြင်းပြုလုပ်ရာတွင် တရားဝင်အသုံးပြုပြီး Metham-phetamine  ထုတ်လုပ်ရာတွင်  ဟိုက်ဒြောလစ်အက်စစ်နှင့် ဓာတ်လျှော့ရာတွင် ဓာတ်ပြုပစ္စည်းအဖြစ် တရားမဝင်အသုံးပြုသည်။Methylamine (မီသိုင်းလမင်း)သည် အမိုးနီးယားအနံ့ရှိသည့်  အရောင်မဲ့ဓာတ်ငွေ့ဖြစ်ပြီးအလွန်မီးလောင်လွယ်ကာအဆိပ်သင့်စေနိုင်သည်။ 

ယင်းသည် ရေ၊ အရက်နှင့်အီသာတွင် ပျော်ဝင်ပြီး ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများကဲ့သို့ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်ရေး၊ ရေသန့်စင်ရေး၊ အစားအသောက်ထိတွေ့ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ Sur-factants နှင့် Accelerator အပါအဝင် အခြားစက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးမျိုးအတွက် အခြေခံအဖြစ်အသုံးပြုသည့်  အလယ်အလတ်ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ သားရေအရောင်ဆိုးခြင်း၊ ဆေးဆိုးခြင်းနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများအပြင် လောင်စာဆီထုတ်လုပ်ခြင်းလုပ်ငန်းများတွင်လည်း အသုံးများသည်။

Ammonium Chloride (အမိုနီယမ်ကလိုရိုက်) NH4Cl သည် တိုင်းရင်း/ပရဆေးတွင်ဇဝက်သာဟုခေါ်သည့်အဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းတစ်ခုဖြစ်သည်။  ဇဝက်သာသည်  ရေထဲ၌ ကောင်းစွာပျော်ဝင်နိုင်ပြီး ရေတွင်စူးရှသောအနံ့ကိုဖြစ်စေနိုင်သည့်အပြင် ရေတွင်အက်စစ်ဓာတ်အနည်းငယ်ရနိုင်သည်။

ဇဝက်သာကို  ဆေးဝါး(အထူးသဖြင့် ချောင်းဆိုးပျောက်ဆေး)တွင် ဆီးချဆေးအဖြစ်လည်းကောင်း၊ အထပ်သားကိုချည်နှောင်ရာ၌  အထောက်အကူဖြစ်စေသောကော်တွင်လည်းကောင်း၊   Aqueous Solutions များ၊  Lechanche  Cell  များတွင်လည်းကောင်း၊ မုန့်လုပ်ရာတွင် တဆေး(Yeast)ကို  အာဟာရပစ္စည်းအဖြစ် အစာဖြည့်စွက်ပစ္စည်းများ (Food Additives)တွင်လည်းကောင်း အသုံးပြုသည်။

Sodium Acetate (ဆိုဒီယမ်အစီတိတ်) C2H3NaO2 သည် ရေတွင်အလွန်ပျော်ဝင်သော  Hygroscopic အမှုန့်ဖြစ်သည်။ ဆိုဒီယမ်အစီတိတ်ကို ဆိုဒီယမ်အိုင်းယွန်း၏ရင်းမြစ်တစ်ခုအဖြစ်  Dialysis အတွက်လည်းကောင်း၊ အထည်အလိပ်လုပ်ငန်းတွင် Aniline ဆိုးဆေးအဖြစ်လည်းကောင်း၊ Chrome Tanning တွင် Pickling Agent အဖြစ်လည်းကောင်း၊ ကွန်ကရစ်အလွှာ(Concrete Sealant) တစ်ခုအဖြစ်လည်းကောင်း၊ အစားအစာများတွင်  ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ pH တန်ဖိုးဆက်တိုက်ထိန်းသိမ်းရန် ၎င်းကို Acetic Acid နှင့်အတူ ကြားခံ(Buffer)အဖြစ်လည်းကောင်း၊ အပူပေးအဖုံးများ၊ ရေခဲဘူးများနှင့်လက်ပူစက်များတွင်လည်းကောင်း၊ တည်ငြိမ်လျှပ်စစ်ဓာတ်ကိုဖယ်ရှားရာတွင်လည်းကောင်း အသုံးပြုသည်။  ဆေးပညာအရ   ဆိုဒီယမ်အစီတိတ်သည်  သွေးကြောသွင်းသည့်အခါတွင် Electrolyte အားဖြည့်ဆေးအဖြစ် အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

Lead Acetate (လိဒ်အစီတိတ်) Pb(C2H3O2)2 သည် အချိုအရသာရှိသည့်အဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းဖြစ်သည်။ Lead Acetate ကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်(Hydrogen Peroxide)နှင့် အက်စီတစ်အက်စစ်(Acetic Acid)တွင်ပွက်ပွက်ဆူအောင် တည်ခြင်းဖြင့်ပြုလုပ်နိုင်သည်။ ယင်းသည် အခြားခဲဓာတ်များကဲ့သို့ပင် ခဲဆိပ်သင့်နိုင်သည်။ ဓာတ်ခွဲခန်းသုံးဓာတုပစ္စည်းအဖြစ်လည်းကောင်း၊ အလှကုန်ပစ္စည်းများတွင်လည်းကောင်း၊  ရွှေတူး‌ဖော်ရာတွင်လည်းကောင်း၊ အထည်အလိပ်ပန်းရိုက်ခြင်းနှင့်ဆေးဆိုးခြင်းတို့တွင် ညီညာမျှတစေရန်လည်းကောင်း၊ အရောင်တင်ဆီနှင့်သုတ်ဆေးများတွင် အခြောက်ခံပစ္စည်းအဖြစ်လည်းကောင်း အသုံးပြုသည်။

Tartaric Acid (တာတာရစ်အက်စစ်)သည် C4H6O6 ရှိသော ကာဘောဇလစ်အက်စစ်ဖြစ်ပြီး အရောင်ကင်း၍ အလင်းပေါက်သည့်ပုံဆောင်ခဲအဖြူ Diprotic Aldaric Acid  ဖြစ်သည်။ ၎င်းကို 2,3-dihydroxy-succinic Acid သို့မဟုတ် Racemic Acid ဟုလည်းခေါ်သည်။ဝိုင်တွင်အရေးကြီးသော အက်စစ်ထဲမှတစ်ခုဖြစ်သည်။ Tartaric Acid သည် ငှက်ပျောသီး၊ စပျစ်သီးကဲ့သို့သော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံအများအပြားတွင်တွေ့ရသော အော်ဂဲနစ်အက်စစ်ဖြစ်ပြီး ငှက်ပျောသီး၊ ဆစ်ထရပ်စ်(Citrus)နှင့် မန်ကျည်းသီးများတွင်လည်း တွေ့ရသည်။

Cosmetics၊ Food Additives ၊ Antioxidant၊ Fragrances အဖြစ်လည်းကောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်ရန်လည်းကောင်း၊ ဆေးဝါးနယ်ပယ်တွင်လည်းကောင်း၊  ခံတွင်းဆေးများ၏အရသာကိုမြှင့်တင်ရန်လည်းကောင်း၊ မဂ္ဂနီစီယမ်နှင့် ကယ်လစီယမ်ကဲ့သို့သော သတ္တုအိုင်းယွန်းများကို Chelate ပြုလုပ်ရန်လည်းကောင်း၊ အချဉ်အရသာရှိစေရန်   အစားအစာများတွင်လည်းကောင်း၊ အော့အန်စေရန်လည်းကောင်း၊  ငွေရောင်မှန်ပြုလုပ်ရာတွင်လည်းကောင်း၊ အထည်အလိပ်များကို ဆေးဆိုးရာတွင် ညီညာစေရန်လည်းကောင်း၊ သားရေကို ဆေးလိမ်းခြယ်ရာတွင်လည်းကောင်း၊ သကြားလုံးများတွင်လည်းကောင်း၊ Tartaric Acid  ကို ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်(Sodium Bicarbonate)နှင့်ရောစပ်ပါက မုန့်ဖုတ်အမှုန့်ရရှိပြီး မုန့်ဖုတ်ဆိုဒါနှင့် တဆေး (Yeast) အဖြစ်လည်းကောင်း၊ ၎င်း၏ခရင်မ်ပုံစံတွင် အစားအစာကိုတည်ငြိမ်စေသော Stabilizer အဖြစ်လည်းကောင်းအသုံးပြုနိုင်သည်။ Tartaric Acid ကို အများအပြားသုံးစွဲပါက လေဖြတ်ခြင်း သို့မဟုတ် သေဆုံးခြင်းအထိ ဖြစ်စေနိုင်သည်။Sodium Cyanide (ဆိုဒီယမ်ဆိုင်ယာနိုက်) NaCN သည်   အဆိပ်ရှိသော ဒြပ်ပေါင်းတစ်ခုဖြစ်သည်။

အဖြူရောင်အခဲဖြစ်ပြီး ခါးသက်သောဗာဒံသီးအနံ့ရှိသည့်ရေတွင်ပျော်ဝင်နိုင်သော Sodium Cyanide ကိုအခိုးတိုက်/ပိုးသတ်မှိုင်းတိုက်ခြင်း၊ သတ္တုရည်စိမ်ခြင်း၊သတ္တုရိုင်းများမှရွှေငွေထုတ်ယူခြင်းအဆင့်နိမ့်သတ္တုရိုင်းကျောက်တွင်းများမှ အဖိုးတန်သတ္တုများထုတ်ယူရာတွင် Sodium Cyanide ကို အမြောက်အမြားအသုံးပြုသည်။ Cyanide သည် သတ္တုများနှင့်ဆက်စပ်မှုမြင့်မားသောကြောင့် ဆား၏အဆိပ်သင့်မှုမြင့်မားစေသည်။ဓာတုပစ္စည်းများထုတ်လုပ်ရာတွင် စီးပွားဖြစ်အသုံးပြုသည်။ အလွန်အဆိပ်သင့်သောကြောင့် Sodium Cyanide ကို ဇီဝဗေဒပညာရှင်များအသုံးပြုသော   အိုးများစုဆောင်းခြင်းနှင့်တရားမဝင်ငါးဖမ်းခြင်းကဲ့သို့ လျင်မြန်စွာဖမ်းဆီးရန်/ သတ်ရန်သို့မဟုတ် ထိတ်လန့်စေရန်အတွက် အသုံးပြုသည်။

ဆက်လက်ဖော်ပြပါမည်။

Drugs
-

အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့် တရားမဝင် အသုံးပြုခြင်းများ Anthranilic Acid (အင်သရာနီလစ် အက်စစ်) C7H7NO2 သည် အဖြူရောင်၊ အဝါနုရောင်အမှုန့်၊ အခဲ၊ ပုံဆောင်ခဲဖြစ်ပြီး ချိုသောအရသာရှိသည်။ အရက် (Ethyl alcohol)၊ ရေပူနှင့်ရေအေးတို့တွင် ပျော်ဝင်သည်။ မျက်စိနှင့်အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်သည်။ ဆိုးဆေးများ၊ ဆေးဝါးများနှင့် ရေမွှေးများ ထုတ်လုပ်ရာတွင် ဆက်စပ်အသုံးပြုသည်။ ငှက်များနှင့်ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ဆေးများ၊ သန်ချဆေးများ ထုတ်လုပ်ရာတွင်လည်းသုံးသည်။ မက်သာကွာလုံး (Methaqualone)  (C16H14N2O)နှင့် မက်ကလိုကွာလုံး (Mecloqualone

အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့် တရားမဝင် အသုံးပြုခြင်းများ Anthranilic Acid (အင်သရာနီလစ် အက်စစ်) C7H7NO2 သည် အဖြူရောင်၊ အဝါနုရောင်အမှုန့်၊ အခဲ၊ ပုံဆောင်ခဲဖြစ်ပြီး ချိုသောအရသာရှိသည်။ အရက် (Ethyl alcohol)၊ ရေပူနှင့်ရေအေးတို့တွင် ပျော်ဝင်သည်။ မျက်စိနှင့်အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်သည်။ ဆိုးဆေးများ၊ ဆေးဝါးများနှင့် ရေမွှေးများ ထုတ်လုပ်ရာတွင် ဆက်စပ်အသုံးပြုသည်။ ငှက်များနှင့်ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ဆေးများ၊ သန်ချဆေးများ ထုတ်လုပ်ရာတွင်လည်းသုံးသည်။ မက်သာကွာလုံး (Methaqualone)  (C16H14N2O)နှင့် မက်ကလိုကွာလုံး (Mecloqualone) (C15H11ClN2O) ထုတ်လုပ်ရာ၌ တရားမဝင် ဖန်တီး၍သုံးသည်။

Methaqualone(မက်သာကွာလုံး)နှင့် Mecloqualone (မက်ကလိုကွာလုံး)Methaqualone ၏ Trade Name မှာ Quaalude ဖြစ်ပြီး ယင်းသည် ဗဟိုအာရုံကြောစနစ်၏လုပ်ဆောင်ချက်ကိုနှောင့်နှေးစေပြီး စိတ်ပူပန်မှုကိုလျှော့ချပေးပြီး အိပ်စက်ခြင်းကို နှိမ့်ချပေးသည့် sedative တစ်မျိုးဖြစ်သည်။ Mandrax (Methaqualone)ကို ဆေးခြောက်နှင့်   ရောနှောအသုံးပြုခြင်းကို   တောင်အာဖရိကတွင်သာ အစီရင်ခံခဲ့ပြီး “White pipe”ဟုခေါ်သည်။ Methaqualone သည် Barbiturates နှင့် ဆင်တူသော ဆေးဝါးဗေဒဆိုင်ရာအာနိသင်များရှိသော စိတ်ငြိမ်ဆေး၊ စိတ်ညှို့ဆေးအဖြစ်   လုပ်ဆောင်ပေးကာ စိတ်ပူပန်မှုကိုသက်သာစေပြီး အိပ်ပျော်ခြင်းကိုမြှင့်တင်ပေးသည်။ Methaqualone ကို ၁၉၅၄ ခုနှစ်တွင် US စျေးကွက်၌ ဆေးခန်းတွင် မိတ်ဆက်ထားခဲ့သော်လည်း မြင့်မားသော အလွဲသုံးစားပြုမှု အလားအလာကြောင့် ၎င်းကို ၁၉၈၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ယနေ့ခေတ်တွင် အခြားဆေးဝါးများ မထိရောက်ပါက   ခွဲစိတ်မှုနှင့်ပတ်သက်သော   စိုးရိမ်ပူပန်မှု၊ စိတ်ငြိမ်ဆေးအတွက်နှင့် ခေါင်းကိုက်ခြင်းတို့အတွက် Barbiturates  ကိုအသုံးပြုသည်။ Mecloqualone (Nubarene, Casfen)သည် ၁၉၆၀ ပြည့်နှစ်တွင် ပထမဆုံးထုတ်လုပ်ခဲ့သော Methaqualone ၏ Analogue တစ်ခုဖြစ်ပြီး ပြင်သစ်နှင့်အခြားဥရောပနိုင်ငံအချို့တွင် အဓိကအားဖြင့် စျေးကွက်တင်ခဲ့သည်။ ၎င်းတွင် စိတ်ငြိမ်ဆေး၊ စိတ်ညှို့ဓာတ်နှင့် စိတ်အားထက်သန်သောဂုဏ်သတ္တိများပါရှိပြီး အိပ်မပျော်ခြင်းကို ကုသရာတွင်အသုံးပြုသည်။ Mecloqualone သည် Methaqualone  ထက်  ပိုတိုသော်လည်း တာရှည်ခံနိုင်သောကြောင့်  အိပ်ဆေးအဖြစ်သာ အသုံးပြုခဲ့သည်၊၊ Mecloqualone ကို Methaqualone ကဲ့သို့ တွင်ကျယ်စွာအသုံးမချတော့ဘဲ အလွဲသုံးစားလုပ်မှုနှင့် ဆေးလွန်ကဲမှုဖြစ်နိုင်ခြေကို စိုးရိမ်မှုများကြောင့် သတ်မှတ်ခြင်းမရှိတော့ပါ။

Ethyl Ether (အီသိုင်းလ်အီသာ) (CH3CH2)2O ကို  ဒိုင်အီသိုင်းလ်အီသာ(Diethyl Ether) ဟုလည်းခေါ်ပြီး အတိုကောက်အားဖြင့်  Ether ဟုလည်းခေါ်သည်။ အရည်သွက်၍ အငွေ့ပြန်နိုင်ပြီး အလွန်မီးလောင်လွယ်သည်။ ချိုအီစူးရှသည့်အနံ့ရှိသည်။ Peroxide များနှင့်ရောနှော၍ လေ၊ အလင်းရောင်တို့နှင့်ဓာတ်ပြုပြီး ပေါက်ကွဲမှုဖြစ်စေနိုင်သည်။ ဓာတ်ခွဲခန်းသုံးနှင့်ဓာတုဗေဒလုပ်ငန်းသုံး ဓာတုဆေးရည်များနှင့် ဆေးဝါးများထုတ်လုပ်ရာ၌လည်းကောင်း၊ ဆေးခြောက် စမ်းသပ်ရာ၌ လည်းကောင်း၊ အဆိပ်အတောက်များဓာတ်ခွဲစမ်းသပ်ရာ၌ လည်းကောင်း၊ တိရစ္ဆာန်အဆီ၊ အခြားအဆီများ၊  ဖယောင်းများ၊ အဆီခဲများ၊   သစ်ဆေးများထုတ်လုပ်ရာ၌လည်းကောင်း၊ သတ္တုပစ္စည်းများ၊ ပလတ်စတစ်ပစ္စည်းများ၊ ရေမွှေးများ၊ အမွှေးနံ့သာများ၊  အများသုံးထုံဆေး၊ မေ့ဆေးများထုတ်လုပ်ရာ၌လည်းကောင်း၊ ပေါက်ကွဲစေသောဒြပ်ပေါင်းများနှင့်ခဲယမ်းများ ထုတ်လုပ်ရာ၌လည်းကောင်း အသုံးပြုသည်။ အထူးသဖြင့် Cellulose Acetate ကဲ့သို့သော Cellulose ပလတ်စတစ်များထုတ်လုပ်ရာတွင် ဓာတုပစ္စည်းအဖြစ် အသုံးများသည်။ ဓာတ်ခွဲခန်းများတွင် ဓာတုပစ္စည်းအဖြစ်နှင့် အချို့အင်ဂျင်များအတွက် စတင်ရည်အဖြစ် အသုံးများသည်။ Halothane ကဲ့သို့သော မီးလောင်လွယ်သောဆေးဝါးများမတီထွင်မီ   ၎င်းကိုယေဘုယျထုံဆေးအဖြစ် အသုံးပြုခဲ့သည်။ မူးယစ်ခြင်းကိုဖြစ်စေရန်အတွက် အပန်းဖြေဆေးအဖြစ် အသုံးပြုထားသည်။

Hydrochloric  Acid  (ဟိုက်ဒရိုကလိုရစ်အက်စစ်) HCL စူးရှသောအနံ့ရှိသည့် ကြည်လင်သော အဝါဖျော့ရောင်အရည်ဖြစ်ပြီး ယင်းကို ဟိုက်ဒရိုကလိုရိုက်(Hydrochloride)နှင့် ကလိုရိုက်(Chloride) ဆားများ၊ Organic ပစ္စည်းဖြင့်ဖန်တီးသောဓာတ်ဆားရည်များနှင့်အခြေခံဓာတ်ပြယ်ခြင်းစနစ်တွင် ဓာတ်ကူပစ္စည်းကဲ့သို့အရာများ (Chloride နှင့် Hydrochloride ဆားများ)၏ဓာတ်ပြုမှုတွင် ဓာတ်ပြယ်ပစ္စည်းအဖြစ်လည်းကောင်း၊ ဓာတုဆေးရည်အဖြစ်လည်းကောင်း၊ သတ္တုသန့်စင်ရာတွင် လည်းကောင်း အသုံးပြုသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများဖြစ်သည့် Heroin ၊ Cocaine ၊ Hydrochloride ၊  Ephetamine ၊ Phency-clidine (PCP)၊ Phantanine နှင့် ၎င်း၏ဓာတ်ပေါင်းများ၊  Methaqualone ၊ Mecloqualone၊ Maxclean၊ L.S.D၊ Cylocine၊   Diethyltritamine (DET)နှင့် PEPAP များ ထုတ်လုပ်ရာ၌ တရားမဝင်အသုံးပြုသည်။

Methyl Ethyl Ketone (MEK) (မီသိုင်းလ်အီသိုင်းလ်ကီတုန်း)ကို  ဗျူတာနုန်း (Butanone) (C8H8O) ဟုလည်းခေါ်သည်။   စူးရှသောမွှေးရနံ့နှင့်အရောင်မဲ့အရည်ဖြစ်သည်။  သဘာဝထုတ်ကုန်တစ်မျိုး ဖြစ်သည့် သစ်ပင်တချို့မှထုတ်လုပ်ထားခြင်းဖြစ်ပြီး   အသီးအရွက်နှင့် အသီးအနှံတို့တွင် အနည်းငယ်သာ တွေ့ရသည်။ ၎င်းကို ကား၊ ထရပ်ကားအိတ်ဇောများမှလည်း လေထဲသို့ ထုတ်လွှတ်သည်။  MEK ကို  ကော်များ၊  သန့်စင်ရည်များ၊ အရောင်တင်ပစ္စည်းများ၊ အဆီအခဲများ၊  အရည်ပျော်စေသောပစ္စည်းများနှင့်  အခိုးမဲ့ပေါင်ဒါများထုတ်လုပ်ရာတွင် အသုံးများသော ဓာတုဆေးရည်ဖြစ်သည်။ ကိုကင်းဘေ့စ်(Cocaine Base)နှင့် ကိုကင်းဟိုက်ဒရိုကလိုရိုက်(Cocaine Hydrochloride)သို့ ပြောင်းလဲရာတွင် အသုံးပြုသော ဓာတုဆေးရည်ဖြစ်သည်။

Phenylacetic   Acid  (ဖီနိုင်းလ်အက်စီတစ်အက်စစ်) C8H8O2 သည် ရှည်မျောမျောအပြားငယ် အမှုန့်များဖြစ်သည်။ မင်သော်(Menthol)နှင့်ဆင်တူပြီး ရေတွင်အနည်းငယ်သာပျော်ဝင်၍  Ether Alcohol နှင့်ရေပူတွင်ပျော်ဝင်နိုင်သည်။ စားသောက်မိပါက အဆိပ်ဖြစ်ပြီး  အပူ သို့မဟုတ် မီးနှင့်တွေ့ပါက မီးလောင်တတ်သည်။  ဓာတုပစ္စည်းစက်ရုံနှင့်ဆေးဝါးစက်ရုံများတွင် Phenyl Acetate Ester၊ Ephetamine နှင့် ၎င်း၏ဘေးထွက်ပစ္စည်းများ ထုတ်လုပ်သည်။ ပင်နီဆီလင်ပေါင်းစပ် ထုတ်လုပ်သည်။ အမွှေးနံ့သာပစ္စည်းများနှင့်ရေမွှေးများ၊  သန့်စင်သောဓာတုဆေးရည်များတွင် ပေါင်းစပ်ထုတ်လုပ်ရာ၌လည်းသုံးသည်။

Piperidine  (ပိုင်ပါရီဒင်း)  C5H11N သည် အရောင်မဲ့ သို့မဟုတ် အဝါနုရောင်ဖြစ်ပြီး ဆပ်ပြာရည်နှင့်ဆင်တူသည်။  Chloroform၊ Benzene နှင့် Ether တို့တွင်ပျော်ဝင်သည်။ မီးလောင်လွယ်ပြီး အရေပြားကိုလောင်စေနိုင်သည်။ ဓာတုဗေဒစက်ရုံ၊ ဆေးဝါးစက်ရုံနှင့် ဓာတ်ခွဲခန်းများတွင် ပျော်ရည်နှင့်ဓာတ်ပြုပစ္စည်းအဖြစ်အသုံးများသကဲ့သို့ အနံ့ရှိသောပုံဆောင်ခဲများ၊ ရော်ဘာပစ္စည်းများနှင့်  ပလတ်စတစ်များထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။ မက်သာမက်ဖက်တမင်း (Methamphe-tamine)၊  Phencyclidine (PCP) နှင့် Tenocylidine (TCP)များ ထုတ်လုပ်ရာ၌ တရားမဝင် အသုံးပြုသည်။

Phencyclidine (PCP) 

PCP သည် အရက် သို့မဟုတ် ရေတွင်ပျော်ဝင်နိုင်သော အဖြူရောင်အမှုန့်အဖြစ်များသောအားဖြင့် ထွက်လာသော တရားမဝင်လမ်းဘေးဆေး(Street Drug)ဖြစ်သည်။ အမှုန့် သို့မဟုတ် အရည်အဖြစ် ဝယ်နိုင်သည်။ အရည်များတွင် လျင်မြန်စွာပျော်ဝင်သော်လည်း ထူးခြားပြီး ခါးသက်သောဓာတုအရသာရှိသည့် ဓာတုဆေးတစ်မျိုးဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်များက မေ့ဆေးအဖြစ်အသုံးပြုခဲ့ပြီး  လူနာများ တုန်လှုပ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့်သုံးစွဲရန်အဆင်မပြေခြင်းတို့ကြောင့် ရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ  တိရစ္ဆာန်အကောင်ကြီးများ ငြိမ်သက်စေရန် မေ့ဆေးအဖြစ်သုံးသည်။   PCP သည်  စိတ်ငြိမ်ဆေးအာနိသင်ရှိနိုင်သည်။   အယ်လ်ကိုဟော သို့မဟုတ် စိတ်ကျဆေးများကဲ့သို့ အခြားသောစိတ်ငြိမ်ဆေးများနှင့်ရောစပ်ပါက သုံးစွဲသူကိုမေ့မြောသွားစေနိုင်သည်အထိ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသောနောက်ဆက်တွဲများကိုဖြစ်စေနိုင်သည်။ ControlledSubstances Act အရ Schedule II အရာဝတ္ထုတစ်ခုဖြစ်သည်။ ကိုကင်း(Cocaine)နှင့် စိတ်ကြွဆေးများ (Methamphetamine) ပါဝင်သော Schedule II မူးယစ်ဆေးဝါးများသည်  အလွဲသုံးစားလုပ်ရန်  အလားအလာမြင့်မားသည်။ ဤဆေးဝါးများကိုအလွဲသုံးစားလုပ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ (Psycological) သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ(Physical) အားကိုးအားထားပြုခြင်းသို့ ဦးတည်သွားစေနိုင်သည်။ PCP ကို နှာခေါင်းမှတစ်ဆင့် ရှူသွင်းခြင်း (နှာစေးခြင်း)၊ သွေးပြန်ကြောထဲသို့ ထိုးသွင်းခြင်း(သေနတ်ပစ်ခြင်း)၊ သောက်ခြင်း၊ မျိုချခြင်း စသည်ဖြင့် မတူညီသောနည်းလမ်းများဖြင့် အသုံးပြုနိုင်သည်။

Potassium Permanganate (ပိုတက်စီယမ်ပါမင်းဂနိတ်) KMnO4 သည် စိုစွတ်သော အခြေအနေတွင် အနံ့မရှိသောခရမ်းရောင် (သို့) အနက်ရောင်နီးပါးရှိသော ပုံဆောင်ခဲ (သို့) အမှုန့် ဖြစ်သည်။ ပိုတက်စီယမ်ပါမင်းဂနိတ်သည် ပိုးသတ်ဆေး၊ အနံ့ဆိုးထွက်ခြင်းနှင့် ယားယံခြင်းဂုဏ်သတ္တိများပါရှိသော    ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သည်။ ၎င်း၏ဘုံအမည်မှာ Condy’s crystals ဖြစ်ပြီး ယင်းကို ဓာတုဗေဒလုပ်ငန်းတွင် ဓာတ်ခွဲဖန်တီးထုတ်လုပ်သော Organic Material  နှင့် ဓာတ်ခွဲခြင်းဆိုင်ရာများတွင်  ပြင်းထန်သောဓာတ်တိုးအေးဂျင့်အဖြစ်လည်းကောင်း၊ အနာများကိုသန့်ရှင်းစေရန်နှင့်  အထွေထွေပိုးသတ်ဆေးအဖြစ်လည်းကောင်း၊ နှင်းခူရောဂါ၊ အရေပြားခြောက်သွေ့ရောဂါနှင့်အရေပြားရောင်ရမ်းခြင်းအတွက် အရေးကြီးသော ဓာတ်ပြုပစ္စည်းများဖြစ်သည်။