လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့သည် နယ်ချဲ့လက်ပါးစေ မသမာသူလူ တစ်စု၏လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများသည် ရည်မှန်းထားသော လွတ်လပ်ရေးရရှိရေး အတွက် အသက်နှင့်ခန္ဓာကို ရင်းနှီးပေးဆပ်ခဲ့သည်ဖြစ်ရာ ဇူလိုင်လ ၁၉ ရက်ကို “အာဇာနည်နေ့” အဖြစ်သတ်မှတ်ကာ နှစ်စဉ်ထိုနေ့ရောက်တိုင်း အာဇာနည်ကြီးများအား အလေးပြုလျက်ရှ
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့သည် နယ်ချဲ့လက်ပါးစေ မသမာသူလူ တစ်စု၏လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများသည် ရည်မှန်းထားသော လွတ်လပ်ရေးရရှိရေး အတွက် အသက်နှင့်ခန္ဓာကို ရင်းနှီးပေးဆပ်ခဲ့သည်ဖြစ်ရာ ဇူလိုင်လ ၁၉ ရက်ကို “အာဇာနည်နေ့” အဖြစ်သတ်မှတ်ကာ နှစ်စဉ်ထိုနေ့ရောက်တိုင်း အာဇာနည်ကြီးများအား အလေးပြုလျက်ရှိသည်။
အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆရာတော်၊ သံဃာတော် များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာဇာနည်ဗိမာန်၊ အာဇာနည်ကျောက်တိုင်၊ ဗိုလ်ချုပ်ကြေးရုပ် သို့မဟုတ် ရုပ်တုရှေ့တွင် လူအများစုဝေးကာ လွမ်းသူ့ပန်းခွေချအလေးပြုခြင်း၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲခြင်း၊ သွားလာသူများခေတ္တရပ်တန့်ဂါရဝပြုခြင်းများပြုလုပ်ကြသည်။ နိုင်ငံတော်အလံ ကို တစ်ဝက်လွှင့်ထူကာ အလေးအမြတ်ပြုကြသည်။ ထိုအစဉ်အလာသည် ကောင်းမြတ်သောအစဉ် အလာတစ်ခုဖြစ်သည်။ ပို၍လေးနက်စေသည်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖြစ်စေလိုသောဆန္ဒသဘောထားများပါရှိသည့် မိန့်ခွန်းများနှင့်အညီ ကျင့်ကြံအားထုတ်ကြခြင်းပင်ဖြစ် သည်။
ဗိုလ်ချုပ်သည် နိုင်ငံလွတ်လပ်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်စဉ် နေရာဌာနအသီးသီး၌ အလျဉ်းသင့်သလိုမိန့်ခွန်းပြောကြားသည်။စည်းလုံးညီညွတ်ရေး၊တိုင်းပြည်ကြီးပွားရေး၊ စုပေါင်းအကောင် အထည်ဖော်ရေး၊ လုံ့လဝီရိယရှိရေး၊ စည်းကမ်းတကျရှိရေး၊ ဒီမိုကရေစီရေး၊ အမြော်အမြင်ကြီးမားရေး၊ အလုပ်လုပ်ကြရေး၊ ခေါင်းဆောင်မှုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ထွန်းကား ရေးစသည်ဖြင့်များလှစွာ သောမိန့်ခွန်းများပြောကြားခဲ့သည်။ ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပသော အရှေ့အာရှ တိုက်စစ် တစ်နှစ်ပြည့်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်တွင် “မိမိတို့ယုံကြည်သော ဝါဒအတွက် အသက်ကိုပင်စွန့်သွားကြသော အာဇာနည်များအား မိမိသည်ချီးကျူးကြောင်း၊ ထိုစိတ်မျိုးကို ကျန်ခဲ့ သူများက ထပ်တလဲလဲမွေးမြူအပ်ကြောင်း၊ အမျိုးဘာသာနှင့်နိုင်ငံအတွက်အသက်စွန့်ရန်ကြောက် နေသောနိုင်ငံတိုင်းမှာ မကြီးပွားနိုင်ကြောင်း”ထည့်သွင်းမိန့်ကြားခဲ့သည်။ ဤကားဗိုလ်ချုပ်၏ အာဇာ နည်စိတ်ဓာတ်ကိုအလေးထားသည့် ပြယုဂ်တစ်ခုပင်ဖြစ်သည်။
အာဇာနည်ဟူသောဝေါဟာရကို မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်မှာ “အကြောင်း ဟုတ်၊ မဟုတ် ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ”ဟူ၍ဖြစ်သည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် “မိုက်ရူးရဲမဆန်ခြင်း၊ အကြောင်းကောင်းဟုတ်၊ မဟုတ်သိမြင်တတ်သော ပညာဉာဏ်အသိရှိခြင်း၊ ရဲဝံ့ပြတ်သားစွာ စွန့်လွှတ်စွန့်စားအားထုတ်ဆောင်ရွက်တတ်ခြင်း”တို့ကို တွေ့မြင်နိုင်သည်။
အထူးသဖြင့် အာဇာနည်ပုဂ္ဂိုလ်များသည် အရေးကြုံလျှင် သက်လုံကောင်းတတ်ကြသည်။ သာဓက အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများက အတိအလင်း စံနမူနာပြ သပြီးဖြစ်သည်။ မြန်မာ့သမိုင်းတွင် မှတ်တမ်းမတင်၊ စာမဝင်သော်လည်း အာဇာနည်စိတ်ဓာတ်ဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် သက်စွန့်ကြိုးပမ်းခဲ့သူများစွာရှိကြောင်း တွေ့ရသည်။
အမိမြန်မာနိုင်ငံတော်ကို နယ်ချဲ့ဗြိတိသျှတို့က ကျူးကျော်စစ်သုံးကြိမ်ဖြင့် မတရားသိမ်းပိုက်အုပ်ချုပ် ခဲ့သည်။ မြန်မာ့သွေးချင်းတိုင်းရင်းသားအပေါင်းတို့သည် နယ်ချဲ့ကျူးကျော်လာမှုကို အင်္ဂလိပ်၊ မြန်မာစစ် ပွဲများ၌လည်းကောင်း၊ နယ်ချဲ့တို့အုပ်ချုပ်စဉ်ကာလ၌လည်းကောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်ရေးကာလတစ်လျှောက်လုံး၌လည်းကောင်း စွန့်လွှတ်စွန့်စားစွာ ရွပ်ရွပ်ချွံချွံတိုက်ပွဲ ဝင်ခဲ့ကြသည်။ ကိုလိုနီခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်း ကာလသုံးပါးလုံးတွင် တော်လှန်ရေး သမိုင်း ဝင်အာဇာနည်တို့၏ သူရဲကောင်းပီသသည့်စိတ်ဓာတ်ကို အထင်အရှားတွေ့မြင်နိုင်သည်။
နယ်ချဲ့ဗြိတိသျှတို့အား တော်လှန်ခဲ့သော မျိုးချစ်သူရဲကောင်းများသည် မြန်မာပြည်အရပ်ရပ်၌ သူ့နေရာ နှင့်သူ ရှိနေကြသည်။ အကြီးမားဆုံးတိုက်ပွဲများရှိသလို တိုက်ပွဲငယ်များလည်းရှိသည်။ သွေးကပြောသော တော်လှန်ရေးဖြစ်၍ အရေးကြီးသော်သွေးနီးပြီး နယ်ချဲ့ကိုတွန်းလှန်ခဲ့ကြသည်။ သာဓကအားဖြင့် ဓနုဖြူမှ ဗိုလ်မြတ်ထွန်း၊ မလွန်မြို့ဝန် ဦးဘို၊ မင်းဘူးနယ်မှ ဗိုလ်ဥတ္တမ၊ ဗိုလ်ရွဲ၊ ဗိုလ်စောဦး၊ ဗိုလ်စောပု၊ ဗိုလ်မြိုင်ကြီး၊ မြင်းခြံနယ်မှ ဗိုလ်ရာညွန့်၊ ဗိုလ်ချို၊ ဗိုလ်လှကျော်၊ ဗိုလ်ဘိုးဆင်၊ ရမည်းသင်းမှ ဗိုလ်အောင်ဘော်၊ ဗိုလ်သီဟရာဇာ၊ နတ်မောက်မှ ဗိုလ်မင်းရောင်၊ ဝန်းသိုမှ ဦးအောင်မြတ်၊ မိုးကောင်းမှ ဦးရွှေသား၊ ဗန်းမော်မှ ဗိုလ်ဘိုးစော၊ ရှမ်းပြည်တောင်ပိုင်းမှ မြင်းစိုင်းမင်းသား၊ ဗိုလ်ရိုင်း၊ ရွှေဘိုချင်းတွင်း နယ်မှ ဗိုလ်အဂ္ဂ၊ ဗိုလ်သုံ၊ မြောက်ပိုင်းရှမ်းပြည်မှ စောရန်နိုင်၊ စောရန်ပိုင်၊ စောခမ်းလှိုင်၊ စစ်ကိုင်းနယ်မှ ဗိုလ်မင်းမို၊ ဗိုလ်ညိုဦး၊ ချင်းတောင်တန်းဒေသမှ ဗိုလ်ဆွန်ပက်၊ ဗိုလ်တွန်းဇံ၊ တောင်ပိုင်းရှမ်းပြည်မှ လင်းပင်မင်းသား၊ မိုးနဲစော်ဘွား၊ ကျိုင်းတုံစော်ဘွား၊ ကချင်ပြည်မှ ဖုန်ကန်ဒူးဝါး၊ ဆမားဒူးဝါး၊ ကယားမှ စောလှဘော်တို့မှာ ထင်ရှားသည်။
မြန်မာအမျိုးသားများနည်းတူ မျိုးချစ်မြန်မာအမျိုးသမီးများသည်လည်းအမိနိုင်ငံတော်ကို ချစ်ကြည်မြတ် နိုးစိတ်ကြီးမားစွာ မိမိတို့၏အသက်ကိုပင်မငဲ့ကွက်ဘဲ လွတ်လပ်ရေးအတွက် စွန့်စွန့်စားစားတိုက်ပွဲဝင် ခဲ့ကြသည်။ ၁၈၂၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် အထက်မြန်မာနိုင်ငံသို့ထိုးဖောက်ရန် ချီတက်လာ သော နယ်ချဲ့တပ်မဟာနှစ်ခုကို ပြည်မြို့အရှေ့ဘက် ၁၆ မိုင်အကွာရှိ ဝက်ထီးကန်အရပ်၌ မြန်မာနှင့်ရှမ်း တပ်ဖွဲ့များက ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့ကြရာထိုတိုက်ပွဲတွင် ရှမ်းအမျိုးသမီးသုံးဦးကလည်း မိမိတို့၏အသက်ကိုပင်ပေးဆပ်၍ အမိနိုင်ငံလွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြ သည်။
၁၈၈၉ ခုနှစ်တွင် တောင်ပေါ်ဒေသများကို သိမ်းပိုက်စိုးမိုးရန် ချီတက်လာသော နယ်ချဲ့ဗြိတိသျှတပ် များအား ချင်းမျိုးချစ်တော်လှန်ရေးတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ကြသည်။ ယင်းသို့နယ် ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများအနက် ထင်ရှားသည့်တိုက်ပွဲမှာ ချင်းပြည်နယ် တာတန်ရွာရှယ်လုံးခံတပ်၌ ၁၈၈၉ ခုနှစ် မေလ ၄ ရက်ကဖြစ်ပွားခဲ့သော နယ်ချဲ့ဆန့်ကျင်ရေး ရှယ်လုံးခံတပ်တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် ချင်းအမျိုးသမီးများကိုယ်တိုင် လက်နက်စွဲကိုင်တိုက်ပွဲဝင်ခဲ့ကြရာ တိုက်ပွဲအပြီး ချင်းမျိုး ချစ်တော်လှန်ရေးသမား ၂၇ ဦး ကျဆုံးခဲ့သည့်အနက် ချင်းအမျိုးသမီးတော်လှန်ရေးမယ် ရှစ်ဦးပါဝင်သွား ခဲ့သည်။
ထိုသို့ နယ်ချဲ့အားလက်နက်စွဲကိုင်တော်လှန်တိုက်ခိုက်ခဲ့ကြသော မြန်မာအမျိုးသမီးများစွာပေါ်ပေါက်ခဲ့ သလို နယ်ချဲ့တိုက်ပွဲဝင် တော်လှန်ရေးသမားများအတွက် အန္တရာယ်မျိုးစုံကိုရင်ဆိုင်ရင်း လက်နက်၊ ရိက္ခာဆက်သွယ်ပေးပို့ခြင်း၊ မြေပြင်ဆက်သားအဖြစ် စွန့်စွန့်စားစားဆောင်ရွက်ပေးခြင်း၊ နယ်ချဲ့ သတင်း ကိုလျှို့ဝှက်စွာထောက်လှမ်းသတင်းပေးခြင်းစသည့်မြန်မာအမျိုးသမီးသူရဲကောင်းတို့ မြောက်မြားစွာရှိခဲ့ သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များမှာ ဂုဏ်ယူလေးစားဖွယ်အထင်အရှားရှိကြောင်း လေ့လာသိရှိနိုင်ကြသည်။
မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ၌ ဖိနှိပ်ချုပ်ချယ်ခြင်းခံရနေချိန် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ သန္ဓေ တည်ပေါက်ဖွားခဲ့သောတပ်မတော်သည် ပြည်သူလူထုနှင့်အတူနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးတိုက်ပွဲများကိုဆင်နွှဲရင်း ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်းထိန်း လာခဲ့သည်မှာ ယနေ့ကာလအထိဖြစ်သည်။ နောင်တွင်လည်း နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်လျက် အသက်သွေးချွေးစဉ်မနှေးဘဲ ပေးဆပ်နေမည်သာဖြစ်သည်။ မြန်မာ့တပ်မတော် သည် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ရဲဘော်သုံးကျိပ်မှစတင် ခဲ့သည် ဖြစ်ရာ ဗိုလ်ချုပ်သည် တပ်မတော်ကိုစတင်တည်ထောင်သူ တစ်နည်းဆိုသော် တပ်မတော်၏ဖခင်ဖြစ် သည်။
တပ်မတော်၏မွန်မြတ်သောအစဉ်အလာကောင်း(၁၂)ရပ်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အရေးကြုံလာသည့်အခါတိုင်း နိုင်ငံနှင့်ပြည်သူကို မျက်နှာမူလျက် အသက်သွေးချွေးပေးဆပ်ကာ စွန့်လွှတ်စွန့်စားစွာ ကြိုးပမ်းအားထုတ်ကာကွယ်ထမ်းရွက်ခဲ့ကြောင်း မြန်မာ့သမိုင်းစဉ်က အတိအလင်း ပြဆိုသည်။
စစ်သည်တော်တို့သည် ပေးအပ်သည့်အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းရွက်ရင်း သူရဲကောင်း စိတ်ဓာတ်ကိုအခြေတည်လျက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အာဇာနည်စိတ်ဓာတ်ကို စံနမူနာ ယူခဲ့သော တိုက်ပွဲကြီးငယ်ပေါင်းများစွာရှိသည်။ ထိုသို့စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဆင်နွှဲခဲ့ရာတွင် ကျဆုံး၊ ဒဏ်ရာရစစ်သည်တော်ပေါင်းအမြောက်အမြားရှိသည်။
စစ်သည်တော်အချို့သည် ထူးချွန်ပြောင်မြောက်သောတိုက်ပွဲဝင်စွမ်းရည်များကြောင့် စွမ်းရည်ဘွဲ့ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများကိုဂုဏ်ယူမြတ်နိုးဖွယ်ရာ ထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်းခံခဲ့ရသည်။
အချုပ်အားဖြင့်ဆိုရသော် (၇၈)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏အာဇာနည်စိတ်ဓာတ်ကို စံနမူနာထားအတုယူလျက်နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက်“တစ်ချပ်အုတ်ခဲ တစ်ပွင့်သဲ”အဖြစ် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ကြမည်ဆိုလျှင် နိုင်ငံတော် အဓွန့်ရှည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်များလောင်းပေးနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
MWD Web Portal

လူတို့အသုံးမပြုတော့၍ စွန့်ပစ်လိုက်သောအရာများကို အမှိုက်ဟုဆိုနိုင်သည်။ လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အမှိုက်စွန့်ပစ်နေကြသည်။ လူနည်းစုကသာ အမှိုက်များကို စနစ်တကျစွန့်ပစ်လေ့ရှိကြပြီး လူအများကမူ အမှိုက်များကိုစည်းကမ်းမဲ့စွာ အမှတ်တမဲ့စွန့်ပစ်နေကြသည်ကို တွေ့မြင်နေရသည်။ နေ့စဉ်လူတစ်ဦးလျှင် အမှိုက်တစ်မျိုးစွန့်ပစ်လျှင်ပင် သန်းပေါင်းများစွာသောလူတို့သည် အမှိုက်သန်းပေါင်းများစွာတို့ကို နေ့စဉ်နှင့်အမျှ ပစ်နေကြခြင်းဖြစ်ရာ ထိုသို့စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်နေမည်ဆိုပါက နောင်တစ်ချိန်တွင် အမှိုက်များကို နိုင်အောင်သိမ်းနိုင်တော့မည်မဟုတ်ဟု စာရေးသူတ
လူတို့အသုံးမပြုတော့၍ စွန့်ပစ်လိုက်သောအရာများကို အမှိုက်ဟုဆိုနိုင်သည်။ လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အမှိုက်စွန့်ပစ်နေကြသည်။ လူနည်းစုကသာ အမှိုက်များကို စနစ်တကျစွန့်ပစ်လေ့ရှိကြပြီး လူအများကမူ အမှိုက်များကိုစည်းကမ်းမဲ့စွာ အမှတ်တမဲ့စွန့်ပစ်နေကြသည်ကို တွေ့မြင်နေရသည်။ နေ့စဉ်လူတစ်ဦးလျှင် အမှိုက်တစ်မျိုးစွန့်ပစ်လျှင်ပင် သန်းပေါင်းများစွာသောလူတို့သည် အမှိုက်သန်းပေါင်းများစွာတို့ကို နေ့စဉ်နှင့်အမျှ ပစ်နေကြခြင်းဖြစ်ရာ ထိုသို့စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်နေမည်ဆိုပါက နောင်တစ်ချိန်တွင် အမှိုက်များကို နိုင်အောင်သိမ်းနိုင်တော့မည်မဟုတ်ဟု စာရေးသူတွေးမိသည်။ လူတိုင်းလူတိုင်း အမှိုက်ကိုစနစ်တကျစွန့်ပစ်ရမည်၊ အမှိုက်ပုံးတွင် အမှိုက်ပစ်ရမည်ဟူသော အသိရှိရမည်ဖြစ်သည်။ ထိုကဲ့သို့သောအသိမရှိပါက ပတ်ဝန်းကျင်တွင် အမှိုက်ပြဿနာက တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာစရာဖြစ်လာနိုင်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသောစစ်တမ်းများတွင် ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းမှုစနစ်အရ တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၃၀၀-၂၅၀၀ တန်ထွက်ရှိပြီး လူတစ်ဦး တစ်နေ့လျှင် 0.5 kg နှုန်းဖြင့် စွန့်ပစ်မှုရှိကြောင်း လေ့လာသိရှိရသည်။ စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် မြို့ပြများတွင် အမှိုက်စီမံခန့်ခွဲခြင်း၊ အမှိုက်သိမ်းခြင်းနှင့် အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ကြီးကြပ်ကာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အမှိုက်ခွန်ကောက်ခံခြင်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြသော်လည်း အချို့သောပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်မှုအားနည်းနေဆဲဖြစ်သည်ကို တွေ့ရသည်။ ထိုကဲ့သို့ စည်းကမ်းလိုက်နာမှု အားနည်းမှုများကြောင့် အမှိုက်စွန့်ပစ်မှုများအတွက် နိုင်ငံတော်၏ဘဏ္ဍာငွေများ ပိုမိုကုန်ကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက နေ့စဉ်ဆောင်ရွက်ကြရခြင်းပင်ဖြစ်သည်။ မလွှဲသာ၍ အရေးယူကြရသည့်အခါတွင်လည်း ဝန်ထမ်းများအပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ကြလေ့ရှိသည်။
မြို့တော်စည်ပင်သာယာရေးမှာ မြို့တော်နေလူထုအပြင် မြို့တော်သို့အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေသူများအားလုံးနှင့် သက်ဆိုင်သည်။
အချို့သောသူများသည် အမှိုက်နှင့်အညစ်အကြေးကိစ္စဆိုပါလျှင် စည်ပင်ဌာနတွင်သာ တာဝန်ရှိသည် ဟူ၍ ထင်မြင်နေကြသည်။ အမှန်မှာ လူတိုင်းတွင်တာဝန်ရှိသည်။
အလျဉ်းသင့်၍ အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို ကောက်နုတ်တင်ပြပါမည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အခွန်အခများစည်းကြပ်ကောက်ခံသည့် မြို့နယ်များရှိ လမ်းမကြီးများနှင့်လမ်းသွယ်များမှ အမှိုက်သရိုက်များကို စနစ်တကျလှည်းသိမ်းသယ် ယူစွန့်ပစ်ခြင်း။
အခွန်အခကောက်ခံသောမြို့နယ်၊ ရပ်ကွက်များတွင် အမှိုက်စွန့်ပစ်နိုင်ရန်အတွက် သင့်လျော်သော အမှိုက်သိမ်းစနစ်များကို စီမံဆောင်ရွက်ခြင်း။
စီမံဆောင်ရွက်သည့် အမှိုက်သိမ်းစနစ်များကို အစဉ်ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်ပုံရန်နေရာ သတ်မှတ်ခြင်း၊ အမှိုက်ကန်များတည်ဆောက်ခြင်း၊ အမှိုက်ပုံးများချထားပေးမှု စီမံဆောင်ရွက်ခြင်း။
အခွန်အခကောက်ခံခြင်းမပြုသော အစိုးရဌာနအဆောက်အအုံများ၊ ပရိဝုဏ်များ၊ ဝင်းခြံများအတွင်း အမှိုက်သရိုက်ရှင်းလင်းရေး၊ ထွက်ရှိအမှိုက်များကို ဌာနကသတ်မှတ်သော အပြီးသတ်အမှိုက် စွန့်ပစ်နေရာသို့ သယ်ယူစွန့်ပစ်ရေးများ ညွှန်ကြားဆောင်ရွက်ခြင်း။
သိမ်းဆည်းပြီးသောအမှိုက်များကို အပြီးသတ်စွန့်ပစ်ရန်အတွက် အစီအမံများပြုလုပ်ခြင်း။
ပတ်၀န်းကျင်ညစ်ညမ်းမှုကာကွယ်ရန် ရေထု၊ လေထု၊ မြေထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ ညစ်ညမ်းစေခြင်းများနှင့် အသံဆူညံခြင်းတို့အား စောင့်ကြည့်လေ့လာခြင်း၊ ကြပ်မတ်ထိန်းသိမ်းခြင်းနှင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်ချက်များဖြည့်စွက်ဆောင်ရွက်ရန် ညွှန်ကြား ခြင်း၊ စစ်ဆေးအရေးယူခြင်း။
ဌာနအတွက်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းကိရိယာများ၊ အမှိုက်သိမ်းယာဉ်များ၊ နိုင်ငံတကာ အဆင့်မီအမှိုက်ပုံးများဝယ်ယူရန် တင်ပြခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စနစ်တကျထုတ်ပေး မှတ်တမ်းတင်ခြင်း။
စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း။
ပြည်သူများအနေဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေးနှင့် စည်းကမ်းလိုက်နာရေးအတွက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ စည်းရုံး၊ ဟောပြော၊ ပညာပေးအစီအစဉ်များပြုလုပ်ဆောင်ရွက်ခြင်းတို့ပင်ဖြစ်သည်။
ဤလုပ်ငန်းတာဝန်များကို အဓိကတာဝန်ယူဆောင်ရွက်သောဌာနမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနပင်ဖြစ်သည်။
နိုင်ငံကြီးသား (Responsible Citizen)ဆိုသောဝေါဟာရကို စာရေးသူ ပုဂ္ဂလအမြင်နှင့် တွေးနေမိသည်။ Responsible ဆိုသည်မှာ တာဝန်ရှိသော၊ တာဝန်ခံရသော ဟူသည့်အဓိပ္ပာယ်ဆောင်ပြီး Citizen ဆိုသည်မှာ မြို့တော်သား၊ လွတ်လပ်သောနိုင်ငံသားဟူ၍ အဓိပ္ပာယ်ဆောင်ရာ နိုင်ငံတော်၏ တာဝန်ကိုသိရှိကာ တာဝန်ထမ်းဆောင်နေသူများသည် နိုင်ငံကြီးသားပီသသူများဖြစ်သည်ဟု စာရေး သူဆင့်ပွားတွေးနေမိသည်။နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်နေသူများဆိုသည်မှာ နိုင်ငံ့ဝန်ထမ်းများကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ တာဝန်ထမ်းဆောင်နေသူများကို တာဝန်သိစွာ ကူညီနေကြသူများကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ အမှိုက်ကောက်၊ အမှိုက်သိမ်းနေကြသော သန့်ရှင်းရေး ဝန်ထမ်းများကို စည်းကမ်းမဲ့အမှိုက်မပစ်ခြင်းဖြင့်ကူညီနေခြင်း၊ အမှိုက်သိမ်းသူများ အလွယ်တကူ သိမ်းဆည်းနိုင်စေရန် အမှိုက်အမျိုးအစားများခွဲခြားကာ အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ခြင်း စသည်တို့ပင်ဖြစ်သည်။
ရန်ကုန်မြို့တော်တွင် နေ့စဉ်နှင့်အမျှထွက်ရှိနေသော အမှိုက်များကို ရှင်းလင်းရန်အတွက် သန့်ရှင်းရေး လုပ်သားများ၊ အမှိုက်ကားများကို ရန်ပုံငွေအမြောက်အမြားကုန်ကျခံကာ သုံးစွဲနေရသည်။ အမှိုက်စွန့် ပစ်ခြင်း၊ သိမ်းဆည်းခြင်း၊ ပြုပြင်စီမံဆောင်ရွက်ခြင်း ကုန်ကျစရိတ်များသက်သာကာ မြို့တော်ဖွံ့ဖြိုး တိုးတက်ရေးတွင် ဘဏ္ဍာငွေများ ပိုမိုအသုံးပြုလာနိုင်ပါက ရန်ကုန်မြို့တော်ကြီးမှာ ပိုမိုခေတ်မီဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အမှိုက်ဆိုသည်မှာ မိမိတို့မလိုအပ်တော့၍ သို့မဟုတ် အသုံး မလို တော့၍ စွန့်ပစ်လိုက်သည့်ပစ္စည်းများပင်ဖြစ်သည်။ ထိုသို့သောအမှိုက်များကို စနစ်တကျ စွန့်ပစ် ကြရမည်ဖြစ်သည်။
စည်းကမ်းတကျအမှိုက်ပစ်နိုင်မည်ဆိုလျှင် မိမိရော မိမိပတ်ဝန်းကျင်ရှိလူများအတွက်ပါ သန့်ရှင်း ကောင်းမွန်ပြီး နေထိုင်စရာကောင်းမွန်သောဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။
စာရေးသူမှာ စည်ပင်ဝန်ထမ်းတစ်ယောက်မဟုတ်ပါ။ သို့သော် Responsible Citizen ဟုခေါ်သော တာဝန်သိနိုင်ငံသားတစ်ယောက်ဖြစ်အောင် လေ့လာအားထုတ်ကာ ကြိုးစားနေသူဖြစ်သည်။ ထို့ကြောင့်လည်း မိမိလေ့လာမိသမျှကို အများပြည်သူသိရှိနိုင်စေရန်အတွက် ပြန်လည်မျှဝေကာ စာပေရေးသားနေခြင်းဖြစ်သည်။ မိမိတို့ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အစိုးရအဖွဲ့အစည်းတစ်ခုတည်းတွင်သာ တာဝန်ရှိနေသည်မဟုတ်ဘဲ လူတိုင်းလူတိုင်းတွင် တာဝန်ကိုယ်စီရှိပါသည်ဟူ၍သာ အပြုသဘောဖြင့်ရေးသားတင်ပြလိုက်ရပါသည်။ ။
MWD Web Portal
Photo - Recycle Now

အထိမ်းအမှတ်ပြတိုက်ဟူသည် လူ့ဘောင်အတွင်း မျှဝေခံစားရသော ဝမ်းနည်းမှုများ၊ အောင်မြင်မှုများနှင့် ဆုံးရှုံးမှုများကို နှောင်းလူတို့သိရှိနိုင်စေရန် ခင်းကျင်းပြသခြင်းဖြင့် လူသားများ အကြား နားလည်မှု၊ စာနာမှု၊ လွမ်းဆွတ်သတိရမှုစသည့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကိုလည်း ပေးစွမ်းနိုင်စေသကဲ့သို့ သမိုင်းတစ်လျှောက် နိုင်ငံ၏အရေးကြီးသည့်အဖြစ်အပျက်များ၊ နိုင်ငံအတွက် လေးစားဂုဏ်ယူရသည့်ပုဂ္ဂိုလ်တို့၏ မှတ်တမ်းအထောက်အထားများကို မျိုးဆက်သစ်များအတွက် သင်ခန်းစာယူရမည့် လေ့လာမှတ်သားသင်ယူရန် အရင်းအမြစ်နေရာတစ်ခုလည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုများ အသုံးပြုခဲ့သည့်ပစ္စည်းများ၊ မှတ်တမ်းများ၊ ဓာတ်ပုံများကိုပြသထားပြီး ဗိုလ်ချုပ်၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မိသားစုဘဝခံစားမှုများကို သတိရအောက်မေ့စေကာ အထူးသဖြင့် တိုင်းပြည်အတွက် ဗိုလ်ချုပ်၏အသက်သွေးဖြင့် ဆောင်ရွက်ခဲ့မှုများကို မျိုးဆက်သစ်များ သိရှိနိုင်စေရန် ခင်းကျင်း ပြသထားပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် အမှတ်(၂၅) ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါ လိန်းလမ်း) ဗိုလ်ချို(၁)ရပ်ကွက် ဗဟန်းမြို့နယ်တွင် တည်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းအိမ် ထိပ်ပိုင်းရှိ တာဝါ (Tower) ကိုအစွဲပြု၍ လမ်းအမည်မှာ “တာဝါလိန်းလမ်း” ဟု ခေါ်ဝေါ်ခဲ့ရာမှ ဗိုလ်ချုပ်ပြတိုက်လမ်းသို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါသည်။ ခြံအကျယ်အဝန်းမှာ ၂ ဒသမ ၄၂၃ ဧကရှိပြီး ဘဲဥပုံသဏ္ဌာန် မြေကွက်တွင် ၁၉၂၀ ပြည့်နှစ်က ဥရောပပုံစံဖြင့် ဆောက်လုပ်ထားသော ၁၈ ပေမြင့် တောင်ကုန်း ပေါ်ရှိ အဆောက်အအုံပင်ဖြစ်ပါသည်။
ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဇာနည်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တို့ကို မျိုးဆက်သစ် လူငယ်များသိရှိစေရန်၊ လွတ်လပ်ရေး၏တန်ဖိုးကို သိမြင်နိုင်စေရန် ရည်ရွယ်ပြီး ပြတိုက်အဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဤအိမ်တွင် မိသားစုနှင့်အတူ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဇူလိုင်လအထိ နေထိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်ကျဆုံးပြီးနောက် မိသားစုဝင်များ ဆက်လက်နေထိုင်ခဲ့သော်လည်း ၁၉၅၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သားလတ်အောင်ဆန်းလင်းမှာ အိမ်ရှေ့ရှိရေကန်တွင် ရေနစ် သေဆုံးပြီးနောက် မည်သူမျှ ဆက်လက်နေထိုင်ခြင်းမရှိတော့ပါ။
၁၉၅၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးဝန် ဦးသာမြတ်၊ ယဉ်ကျေးမှုဝန်ကြီးဌာန အကြံပေးအရာရှိ Dr. Nibarran Rays ၊ အမျိုးသားပြတိုက်မှူး ဒေါ်ညွန့်ဟန်နှင့်ဌာနဆိုင်ရာအဖွဲ့ဝင်များက ရန်ကုန်မြို့တာဝါလိန်းလမ်းအမှတ် (၂၅) ရှိ ဗိုလ်ချုပ်နေထိုင်ခဲ့သောနေအိမ်ကို သွားရောက်လေ့လာခဲ့ကာ အများပြည်သူ ကြည့်ရှုနိုင်ရေးအတွက် အထိမ်းအမှတ်ပြတိုက် (Memorial Museum) အဖြစ် ဖွင့်လှစ်နိုင်ရန် ကြိုးစားစီစဉ် ဆောင်ရွက်ခဲ့ကြပါသည်။
၁၉၅၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ထံမှ အထိမ်းအမှတ်ပြတိုက် ဖွင့်လှစ်ပြသနိုင်ရန်အတွက် ပရိဘောဂပစ္စည်း ၅၃ မျိုး၊ အသုံးအဆောင် ပစ္စည်း ၉၁ မျိုးကို ပြတိုက်ပစ္စည်းများအဖြစ် ဝယ်ယူစုဆောင်းရရှိခဲ့ပါသည်။ ၎င်းတို့ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် ကားနံပါတ် RG- 2874 Wolseley အမျိုးအစားကားကို တန်ဖိုးငွေကျပ် ၁၀၀၀၀ ၊ ဗိုလ်ချုပ်အသုံးပြု ခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် Phillip Radio ကို တန်ဖိုးငွေကျပ် ၇၀၀ အပါအဝင် ဝယ်ယူစုဆောင်းရရှိ သောပစ္စည်းများ၏ တန်ဖိုးမှာ ၂၂၈၂၂ ကျပ်ဖြစ်ပြီး ၎င်းပြသပစ္စည်းများကို ဗိုလ်ချုပ်ကတော်ကိုယ်တိုင်လာရောက်ကာ မိသားစုနှင့်အတူ နေထိုင်ခဲ့စဉ်ကအတိုင်း ပုံစံမပျက်နေရာချထား ခင်းကျင်းပေးခဲ့ကြောင်း သိရှိရပါသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဦးချစ်သောင်း တာဝန်ယူစဉ်ကာလဖြစ်သော ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အများပြည်သူအား စတင် ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်ကျဆုံးသည်အထိ အသုံးပြု သွားခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် Wolseley အမျိုးအစားကားနံပါတ် RG- 2874 မော်တော်ကားပြကွက်၊ ဗိုလ်ချုပ်ထမင်းစားခန်း၊ ဗိုလ်ချုပ်နေအိမ်၏ဧည့်ခန်း၊ ဗိုလ်ချုပ်ဇနီးမောင်နှံအိပ်ခန်း၊ ဘုရားဆောင်၊ စာကြည့်ခန်း၊ ကလေးများအိပ်ခန်း၊ မီးဖိုခန်း၊ ဗိုလ်ချုပ်၏ ဒုတိယသားအောင်ဆန်းလင်း ရေနစ်သောရေကန်၊ ဗိုလ်ချုပ်အောင်ဆန်း စိုက်ပျိုးရေးလုပ်နေဟန် စိုက်ခင်းပြကွက်များကို စိတ်ဝင်စားဖွယ်ပြသထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ သက်တမ်းမှာ နှစ် ၁၀၀ ကျော်ပြီဖြစ်သောကြောင့် ဘုရားခန်း၏ ရေရှည်ကြံ့ခိုင်မှုကို ထိန်းသိမ်းသည့်အနေဖြင့် ဧည့်သည် များအား တက်ရောက်လေ့လာခွင့်မပြုတော့ပါ။
ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းကို အကြမ်းဖျင်းဖော်ပြရသော်-
ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော် ဝါရီလ ၁၃ ရက် (မြန်မာသက္ကရာဇ် ၁၂၇၆ ခု တပေါင်း လဆန်း ၁ ရက်) စနေနေ့ နံနက် ၃ ချက်တီးအချိန်တွင် မကွေးတိုင်းနတ်မောက်မြို့ မြို့သူကြီးအိမ်၌ သန့်စင်ဖွားမြင်၍ ဇာတာတွင် ထိန်လင်းဟု အမည်ရေးသော်လည်း အစ်ကိုဖြစ်သူ အောင်သန်းနှင့် လိုက်ဖက်အောင်အောင်ဆန်းဟု ခေါ်တွင်ခဲ့သည်။
၁၉၂၂ ခုနှစ် အသက်ခုနစ်နှစ်အရွယ်တွင် နတ်မောက်မြို့ ဆရာတော်ဦးသောဘိတထံမှ မူလတန်းပညာ စတင်သင်ကြားခဲ့ကာ ၁၉၃၂ ခုနှစ်တွင် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်အနောက်တိုင်းရာဇဝင်ဘာသာရပ်၊ နိုင်ငံရေးသိပ္ပံ ဘာသာရပ်များဖြင့် တက္ကသိုလ်မှ ဝိဇ္ဇာတန်းအောင်မြင်ကာ ၁၉၃၇-၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းက ဥပဒေပညာကို ဆည်းပူးလိုသောကြောင့် ဘီအယ်လ်တန်း ပထမနှစ်ကို တက်ရောက်သင်ကြားသည်။
၁၉၃၈-၁၉၃၉ ခုနှစ်တွင် ဘီအယ်လ်တန်း နောက်ဆုံးနှစ်ကို တက်ရောက်သင်ကြားစဉ် နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ရန်အားယူနေပြီ ဖြစ်ပါသည်။
၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌအဖြစ်မှ လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်မှ လည်းကောင်းနုတ်ထွက်၍ ကိုအောင်ဆန်းသည် တို့ဗမာအစည်းအရုံးဝင် သခင်တစ်ယောက်အဖြစ် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ ဝင်ခဲ့လေတော့သည်။
၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မွန်းလွဲ ၂ နာရီတွင် ဘီအိုင်အေဆေးရုံကြီး အရှေ့မြောက် အစွန်ဆုံးရှိ ခန်းမဆောင်၌ ဒေါ်ခင်ကြည်နှင့် လက်ထပ်မင်္ဂလာပွဲကျင်းပကာ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၇ ရက် တနင်္လာနေ့ (၁၃၀၄ ခု ဝါခေါင်လပြည့်ကျော် ၁၂ ရက် တနင်္လာနေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့မင်တိုမင်ရှင်ဟိုတယ် (Nippon Military Club) တွင် မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ပါသည်။
၁၉၄၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် သားဦးလေး အောင်ဆန်းဦး၊ ၁၉၄၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဒုတိယသား အောင်ဆန်းလင်း၊ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် တတိယသမီးအောင်ဆန်းစုကြည်တို့ကို မွေးဖွားခဲ့ပါသည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် သမီးထွေးလေး မွေးဖွားသော် လည်း ၅ ရက် သမီးဘဝဖြင့် ကွယ်လွန်ခဲ့ပါသည်။
၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၉ ရက် ညနေ ၁၅:၃၀ နာရီတွင် ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားထုအစည်း အဝေးကိုကျင်းပရာ သပိတ်မှောက်အလုပ်သမား ပေါင်း ၅၀၀ ကျော် တက်ရောက်သည်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဗြိတိသျှအစိုးရက ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေအရ သခင်အောင်ဆန်းမှာ ဖမ်းဆီးခြင်းခံရပြီး ထောင် ၁၅ ရက်ကျခဲ့သည်။
၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် တို့သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် နော်ဝေပိုင် ဟိုင်လီ(Hai Lee) သင်္ဘောဖြင့် တရုတ် နိုင်ငံ အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။
၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သခင်အောင်ဆန်းနှင့် မစ္စတာစုအိငိ (Mr.Sugii) တို့သည် ရွှန်းတင်းမာရူး(Shunten Maru) ကုန်တင် သင်္ဘောဖြင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာလာကာ ၁၉၄၁ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ပုသိမ်ဆိပ်ကမ်း၌ ဆိုက်ကပ်သည်။
၁၉၄၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် သခင် အောင်ဆန်း (ဗိုလ်တေဇ)၊ သခင်လှဖေ (ဗိုလ်လကျ်ာ)၊ သခင်ဘဂျမ်း(ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)နှင့် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)တို့ ပါဝင်သော ရဲဘော်သုံးကျိပ် ပထမအသုတ်ပါဝင်သည့် ရွှန်းတင်းမာရူး ကုန်သင်္ဘောသည် မြန်မာနိုင်ငံမှ ထွက်ခွာသည်။
၁၉၄၁ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ ရဲဘော်များကို လေးသုတ်ခွဲကာ ရွှန်းတင်းမာရူး၊ ကိုရှိုမာရူး၊ ကိုဆိုင်မာရူး (Kosei- maru)၊ ကိုရိယုမာရူး (Korimaru) သင်္ဘောတို့ဖြင့် သယ်ဆောင်သွားခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီလတွင် ဟိုင်နန်ကျွန်း၌ စစ်ပညာသင်တန်း စတင်သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိအဖြစ်ဦးစီး၍ ပြည်သူ့ရဲဘော်အဖွဲ့ (People’s Volunteer Organization)ကို ဖွဲ့စည်းတည်ထောင်သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း - အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန် မြို့အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ် ဂဠုန်ဦးစော၏ နောက်လိုက်တို့လက်ချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော် ကိုထွေးတို့ ကျဆုံးသည်။
ယခုနှစ် ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၌ အထူးပြပွဲခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။
ပြကွက်(၁)အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်) အတက်လမ်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အတွင်းဝန်ရုံးတွင် ကျန်ခဲ့သောပစ္စည်းများကို ခင်းကျင်းပြသမည်ဖြစ်ပါသည်။
ပြကွက်(၂)အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အထွက်လမ်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် ပြတိုက်အတွင်း ပြသထားသော ဗိုလ်ချုပ်အသုံးပြုခဲ့သည့်ပစ္စည်းများမှ Hidden Object အချို့အား ခင်းကျင်းပြသမည်ဖြစ်ပါသည်။
Hidden Object ဆိုသည်မှာ လာရောက်ကြည့်ရှုသူပရိသတ် အလွယ်တကူမသိရှိနိုင်သည့် ပြသပစ္စည်းများကို ဆိုလိုပါသည်။ နမူနာပြရသော် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၊ ထမင်းစားခန်း၊ ပန်းကန်ဗီရိုအတွင်းမှ ဗိုလ်ချုပ်မိသားစုအသုံးပြုခဲ့သည့် ဗြိတိသျှစစ်တပ်မှ ထုတ်ပေးသော ဇွန်းနှင့် ခက်ရင်း(British Military Fork and Spoon) လက်ကိုင်တွင် တွေ့ရှိသော အထင်ကရအချက်များမှာ-
က။ Broad Arrow လက္ခဏာ (↑) ခ။ EPNS (Electro-Plated Nickel Silver) ဂ။ ထုတ်လုပ်သူ အမည် သို့မဟုတ် တပ်ပိုင်းဆိုင်ရာကုတ်များ ပါဝင်ပါသည်။
က။ Broad Arrow လက္ခဏာ (↑)
၎င်းဇွန်းနှင့် ခက်ရင်းမှာ ၁၉၃၀ – ၁၉၄၀ ပြည့်နှစ်များတွင် ဗြိတိသျှတပ်မတော်မှ စံသတ်မှတ်ထုတ်ပေးသည့် British military-issued တစ်ခု ဖြစ်၍ လက်ကိုင်တွင် British War Department ၏ ပိုင်ဆိုင်မှုအမှတ်အသားဖြစ်သည့် မြားပုံ၊ Broad Arrow Symbol (↑)ပါရှိပါသည်။ ဤသင်္ကေတသည် အရေးကြီးသည့် အထောက်အထားတစ်ခုဖြစ်ပြီး ခက်ရင်း၊ ဇွန်း၊ ဓားများတွင် Broad Arrow လက္ခဏာပါဝင်ပါက ဗြိတိသျှစစ်ရေးဌာန၏ တပ်ပိုင်ပစ္စည်း အမှတ်အသားဖြစ်သည်။
ခ။ EPNS (Electro-Plated Nickel Silver)
ဤစာလုံး EPNS သည် ကြေးဝါ၊ နီကယ်နှင့် သွပ်တို့ဖြင့် ပြုလုပ်ထားသော သတ္တုပေါ်သို့ ငွေချ ထားသည့်ပစ္စည်းဖြစ်ပြီး တာရှည်ခံရန် ပြုလုပ်ထားသည်။ ဗြိတိသျှတပ်မတော်မှ ထုတ်ပေးသောပစ္စည်းများဖြစ်ပြီး ဗြိတိသျှစစ်သားများက မြန်မာနိုင်ငံ၌ နေထိုင်စဉ် ဗြိတိသျှအုပ်ချုပ်ချိန် သို့မဟုတ် ဒုတိယ ကမ္ဘာစစ်အတွင်း သုံးစွဲခဲ့သည်ဟု တွေးဆနိုင်ပါ သည်။ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့်အိမ်တွင် ရှိနေသော ဗိုလ်ချုပ်အောင်ဆန်းမိသားစု အသုံးပြုခဲ့ သည့် ပစ္စည်းတစ်ခုအဖြစ် ထိုအချိန်က လူနေမှုဘဝနှင့် အိမ်သုံးပစ္စည်း အသုံးအဆောင်အခြေအနေများကို ထင်ဟပ်စွာ ဖော်ပြပါမည်။
ဂ။ ထုတ်လုပ်သူအမည် သို့မဟုတ် တပ်ပိုင်းဆိုင်ရာ ကုတ်များ
“MAJ”၊ “TRADE” ကဲ့သို့သော အတိုကောက်များ၊ ထုတ်လုပ်သူအမည် သို့မဟုတ် တပ်မတော် အဖွဲ့အစည်းအမှတ်အသားများ ပါဝင်သလို တစ်ခါတစ်ရံတွင် ထုတ်လုပ်သည့်နှစ် (ဥပမာ 1943 ၊ 1944) ပါဝင်သည်။ ဗြိတိသျှအင်ပါယာအုပ်ချုပ်မှု အချိန်ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဤကဲ့သို့သော စစ်သုံး ပစ္စည်းများကို ဗြိတိသျှအုပ်ချုပ်မှုနှင့် ဒုတိယကမ္ဘာစစ်ကြားကာလတွင် ဗြိတိသျှအရာရှိများ၊ စစ်အုပ်ချုပ်ရေးရုံးများ၊ အစိုးရအရာရှိအိမ်များတွင် အိမ်သုံးပစ္စည်းအဖြစ် သုံးခဲ့ပါသည်။
ဤဇွန်းနှင့် ခက်ရင်းတို့သည် ဗိုလ်ချုပ် အောင်ဆန်းမိသားစု နေအိမ်အသုံးအဆောင်ပစ္စည်းများထဲမှ တစ်ခုအဖြစ်၊ တိုင်းပြည်၏ သမိုင်းတစ်စိတ် တစ်ပိုင်းအဖြစ်၊ လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်သော သက်သေအဖြစ် လွတ်လပ်ရေးမရမီက မြန်မာ့လူနေမှုဘဝအပေါ် ဗြိတိသျှအင်ပါယာ၏ ရနံ့လွှမ်းမိုးမှုနှင့် တပ်မတော်အဖွဲ့အစည်းသက်တမ်းတို့ကို ထင်ဟပ်စွာဖော်ပြနေပါသည်။ ဤပစ္စည်းများသည် နိုင်ငံရေးပြောင်းလဲမှုကာလအတွင်း လူထု၏နေထိုင်မှု၊ ယဉ်ကျေးမှုနှင့် စစ်ရေးအခြေအနေများကို တိတိကျကျ လေ့လာသိရှိနိုင်သည့် သက်သေအဖြစ် စုဆောင်းပြသထားခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ ဗြိတိသျှတပ်မတော်က ထုတ်ပေးသည့် စစ်သုံးပစ္စည်းများသည် ဗြိတိသျှအုပ်ချုပ်မှုနှင့် ထိုကာလအတွင်း လူထုဘဝနှင့် ယဉ်ကျေးမှုအခြေအနေများကို ထင်ဟပ်ပါသည်။ Broad Arrow လက္ခဏာပါဝင်သောပစ္စည်းများကို စစ်ရေးသမိုင်းပစ္စည်း(militaria)အဖြစ် စုဆောင်းသူများက တန်ဖိုးထားပြသကြရာ ဤပစ္စည်းသည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် တန်ဖိုးရှိသည့် သမိုင်းမှတ်တမ်းတစ်ခု အဖြစ်လည်း ထိန်းသိမ်းပြသထားပါသည်။
နောက်တစ်ခုမှာ ထမင်းစားခန်း၊ ပန်းကန်ဗီရို အတွင်းမှ ဗိုလ်ချုပ်မိသားစု အသုံးပြုခဲ့သည့်ပန်းကန်များ တစ်ချပ်နှင့်တစ်ချပ်ကြားတွင် မကွဲစေရန်ကြားခံထည့်ထားသည့် ၁၉၅၈- ၅၉ ခုနှစ်ထုတ် သတင်းစာများကိုလည်း ပြသထား၍ ထိုခေတ်ကာလ၏ နိုင်ငံရေးအခြေအနေပုံရိပ်များကို မြင်တွေ့ ရမည်ဖြစ်ပါသည်။
ထိုကဲ့သို့ ဗိုလ်ချုပ်အသုံးပြုခဲ့သော ပစ္စည်းများမှ Hidden Object အချို့ကို ထုတ်နုတ်ပြသထားပါသည်။
ပြကွက်(၃) နည်းပညာပြကွက်အနေဖြင့် New Innovative Technology နည်းပညာအသုံးပြု၍ ပေါ့ပါးပြီး ဖောက်ထွင်းမြင်ရသော ကြည်လင် ပြတ်သားသည့်ရုပ်ပုံများကို Invisible Screen အသုံးပြု၍ ပြသရသောနည်းပညာဖြစ်သည့် Holographic ဖြင့် မြန်မာ့တပ်မတော် (ရေ) ၏ သမိုင်းဝင် မေယုစစ်သင်္ဘော၏ မှတ်တမ်းပုံများ၊ ဗိုလ်ချုပ်၏ ဈာပနအခမ်းအနား၊ အတွင်းဝန်များရုံးရှိ ဗိုလ်ချုပ်ကျဆုံးချိန် ကျန်ရှိပစ္စည်းများနှင့် အစည်းအဝေးခန်း မှတ်တမ်းပုံများနှင့် ဗိုလ်ချုပ်၏အသုံးအဆောင်ပစ္စည်းများမှ Hidden Object အချို့အား 360 view တို့ကို Video Clip လေးခုဖြင့် ပြသသွား မည်ဖြစ်ပါသည်။ 3D Holographic Fan ဖြင့် ဗိုလ်ချုပ်၏ သမိုင်းဝင်ပုံရိပ်များ ပြကွက်ကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်သလို Touch screen များဖြင့်လည်း ဗိုလ်ချုပ်သမိုင်းကြောင်းများကို ထည့်သွင်းပြသသွားမည်ဖြစ်ပါသည်။
ထို့ပြင် အာဇာနည်နေ့အထူးပြပွဲသို့ လာရောက်သည့် အများပြည်သူတို့က ဗိုလ်ချုပ် အောင်ဆန်းပြတိုက်လေ့လာပြီး အထွက်လမ်းတွင် ဉာဏ်စမ်းပဟေဠိ (Quiz)မေးခွန်းများ ဖြေဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အမှတ်တရ လက်ဆောင်များပေးအပ်မည့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို (၇၈)နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲ ခင်းကျင်းပြသခြင်းသာမက ပြန်တမ်းဝင်ရုံးပိတ်ရက်နှင့် တနင်္လာနေ့မှလွဲ၍ နံနက် ၉:၃၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ နေ့စဉ်ဖွင့်လှစ်ပြသထားပါသည်။ ပြတိုက် ဝင်ကြေးမှာ ပြည်ပငွေကျပ် ၅၀၀၀၊ ပြည်တွင်းအခမဲ့ဖြစ်၍ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမိသားစု နေထိုင်ခဲ့စဉ် ပုံရိပ်များကို လွမ်းဆွတ်မှန်းဆရင်း လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှတ်တမ်းများကို လာရောက် လေ့လာကြပါရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)မှ ဖိတ်ခေါ်အပ်ပါသည်။
ကိုးကား
၁။ သမိုင်းသုတေသနဦးစီးဌာန။ မြန်မာ့ရက်စဉ် သမိုင်း(အကြိုသမိုင်းကာလမှ ၁၉၄၅ အထိ)၊ ပထမတွဲ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန။
၂။ သမိုင်းသုတေသနဦးစီးဌာန။ မြန်မာ့ရက်စဉ် သမိုင်း (၁၉၄၅–၁၉၄၈)၊ ဒုတိယတွဲ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန။
၃။ သီသီသောင်း။ (၂၀၁၆-၂၀၁၇)။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၊ ပြတိုက်မှူးဘဝလေ့လာချက်များ။
၄။ သီသီသောင်း။ (၂၀၂၂–၂၀၂၄)။ အာဇာနည်နေ့ ဂုဏ်ပြုဆောင်းပါးများ။ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ။
၅။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန။ (၂၀၂၀)။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း။
Myanmar Digital News

ကမ္ဘာပေါ်တွင် လူဦးရေများပြားလာသည်နှင့်အမျှ လူသားများသုံးစွဲသည့် ပလတ်စတစ်ပစ္စည်းပမာဏ များပြားလာပြီး ပလတ်စတစ်ညစ်ညမ်းမှု များပြားလာကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများဖြစ်လာကြောင်း တွေ့ရှိနေရသည်။ စည်းကမ်းမဲ့ ပလတ်စတစ်အမှိုက် စွန့်ပစ်ခြင်းများကြောင့် ကမ္ဘာကြီး သန့်ရှင်းမှုမရှိတော့ဘဲ လူသားများတွင် ရောဂါများဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။

ပလတ်စတစ်ထုတ်ကုန်များသည် ရှေးခေတ်ကတည်းက လူသားများကို အကျိုးပြုခဲ့ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ယနေ့ခေတ်၌ ပင်လယ်သမုဒ္ဒရာများတွင် လူသားတို့အသုံးပြုပြီးသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ စုပုံရောက်ရှိကာ အဏ္ဏဝါဂေဟစနစ်နှင့် ရေနေသတ္တဝါများ ရှင်သန် နေထိုင်မှုကို အနှောင့်အယှက်ပေးနေသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်တွင် ပလတ်စတစ်ထုတ်ကုန် တန်ချိန် သန်း ၄၀၀ ကျော်ကို ထုတ်လုပ်နေရာ ၎င်းတို့အနက်မှ ပြန်လည်အသုံးပြုနိုင်သည့် ပမာဏသည် ၁၀ ရာခိုင်နှုန်းထက်နည်းသည်ကို တွေ့ရှိရသည်။ ၎င်းပလတ်စတစ်ထုတ်ကုန်များ အနက်မှ ၁၁ သန်းသည် ရေကန်များ၊ ချောင်းများနှင့် မြစ်များအတွင်းသို့ ရောက်ရှိသွားကြပြီး ရေထု ညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်လာစေခဲ့ကြောင်း သိရသည်။
ရေထု၊ လေထုနှင့် အစားအသောက်များထဲသို့ အလွန်သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများ ကပ်ငြိလာခြင်းကလည်း လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း တွေ့ရှိရသည်။ ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီသည် နှစ်စဉ် နှစ်တိုင်း ပလတ်စတစ်အမှုန်အမွှား ၅၀၀၀၀ ကျော်ကို ထိတွေ့နေရကြောင်းလေ့လာမှုများအရ သိရသည်။ ၎င်းသေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများ ရေထဲသို့ရောက်ရှိသည့်အချိန်တွင် ငါးများက စားသုံးနေပြီး ၎င်းငါးများ၏ ကိုယ်တွင်းအင်္ဂါများတွင် ကပ်ငြိနေသည့် ပလတ်စတစ်အမှုန်အမွှားများကြောင့် ငါးစားသုံးသူများတွင် ရောဂါများဖြစ်ပွားလာ သည်။
ပလတ်စတစ် ထုတ်ကုန်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် ပလတ်စတစ် ထုတ်ကုန်သုံးစွဲသူများတွင် ရင်သားကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ် ကင်ဆာများ ဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။
ယနေ့ခေတ်တွင် ပလတ်စတစ်အမှုန်အမွှားများကို လူသား၏သွေး၊ အဆုတ်စသည့် ကိုယ်တွင်းအစိတ်အပိုင်းများတွင်ပင် တွေ့ရှိနေရပြီး ကျန်းမာရေးအရ အကျိုးသက်ရောက်မှုများအဖြစ် နာတာရှည်ရောင်ရမ်းမှု၊ မျိုးဗီဇစနစ်ပျက်စီးခြင်း၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာနှင့် သွေးကင်ဆာများကို ဖြစ်ပွားစေကြောင်း တွေ့ရှိရသည်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသည့်အချိန်တွင်လည်း ထွက်ရှိလာသည့် ဓာတုပစ္စည်းများကြောင့်လူသားများ၏ ကျန်းမာရေးအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများရှင်သန်ရေးကို အနှောင့်အယှက်ပေးနေသည်။ ၎င်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် တာဝန်ရှိသူများကလည်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ဆောင်ရွက်နေသည်ကိုတွေ့ရှိရသည်။
ယခုနှစ် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်မှာ ပလတ်စတစ်ညစ်ညမ်း မှုအဆုံးသတ်ရေးဖြစ်သည်။ ၎င်းဆောင်ပုဒ်အရ ပလတ်စတစ်ထုတ်ကုန်များကို ငြင်းပယ်ခြင်း၊ သုံးစွဲမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပလတ်စတစ်အသုံးပြုရန် စဉ်းစားချင့်ချိန်ဆောင်ရွက်ခြင်းတို့ကို ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်မည် ဖြစ်သည်။
ဘရူနိုင်းနိုင်ငံတွင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသား ပလတ်စတစ်ထုတ်ကုန် ပြန်လည်အသုံးပြုရေးနေ့ကို ယခုနှစ် ဇွန်လ ၂၃ရက်နေ့တွင် ကျင်းပခဲ့သည်။ စဉ်ဆက်မပြတ် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး နိုင်ငံသားများအား အသိပညာပေးသည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံအတွင်းသတ်မှတ်ဒေသများရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ပြန်လည်သုံးစွဲ၍ ထုတ်ကုန်များထုတ်လုပ်ရန် ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချသည့် လုပ်ငန်းများက ၎င်းအခမ်းအနားတွင် စုဆောင်းခဲ့ကြသည်။ နိုင်ငံသားများအား ပလတ်စတစ်ထုတ်ကုန် ပြန်လည်သုံးစွဲသည့်အလေ့အကျင့်ကို မွေးမြူနိုင်ရန် အစိုးရက ၎င်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင်လည်း အိမ်ထောင်စုများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို အမျိုးအစားခွဲခြားသတ်မှတ်ကာ ပြန်လည်အသုံးပြုရေးဆောင်ရွက်နေကြပြီး စည်းကမ်းမဲ့ပလတ်စတစ် စွန့်ပစ်သူများကိုလည်း အရေးယူမှုများဆောင်ရွက်ကြောင်း တွေ့ရှိရသည်။
ကမ္ဘာ့ရေထုသည်လည်း လက်ရှိအချိန်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပျက်စီးနေသည်ကို တွေ့ရှိရသည်။
ကမ္ဘာပေါ်ရှိ မြေထု၊ ရေထုနှင့် ပင်လယ်သမုဒ္ဒရာများကို ထိန်းသိမ်းရန်အတွက် လူသားတိုင်းက တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ရာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ်ကင်းစင်သည့် လှပသောကမ္ဘာကို ရှေးရှုနိုင်မည် ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။ ။
ကိုးကား - Save the environment from the danger of plastic waste GNLM
MOI

ယခုအခါ သဘာဝဘေးအန္တရာယ်အသွယ်သွယ်သည် လူတို့နေထိုင်ရာကမ္ဘာမြေကြီးကို ကြိမ်ဖန်များစွာရန်စတိုက်ခိုက်နေပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့် ရန်စတိုက်ခိုက်မှု အန္တရာယ်အသွယ်သွယ်ကို နည်းလမ်းမျိုးစုံကျင့်သုံး၍ ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးကျင့်စဉ်တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းဓလေ့ ရှင်သန်ဖြစ်ထွန်းရန်လိုပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည်။ ထို့ပြင် သစ်ပင်သည် လေကိုသန့်စင်စေသည့် အလုပ်ကိုတာဝန်ကျေစွာလုပ်ဆော
ယခုအခါ သဘာဝဘေးအန္တရာယ်အသွယ်သွယ်သည် လူတို့နေထိုင်ရာကမ္ဘာမြေကြီးကို ကြိမ်ဖန်များစွာရန်စတိုက်ခိုက်နေပြီဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖြင့် ရန်စတိုက်ခိုက်မှု အန္တရာယ်အသွယ်သွယ်ကို နည်းလမ်းမျိုးစုံကျင့်သုံး၍ ကာကွယ်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးကျင့်စဉ်တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းဓလေ့ ရှင်သန်ဖြစ်ထွန်းရန်လိုပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည်။ ထို့ပြင် သစ်ပင်သည် လေကိုသန့်စင်စေသည့် အလုပ်ကိုတာဝန်ကျေစွာလုပ်ဆောင်နိုင်စွမ်းရှိသည်။ လေထုညစ်ညမ်းမှုပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ပေသည်။ သစ်ပင်များအလွန်အကျွံခုတ်လှဲမှုကို ကုစားသည့်အနေဖြင့် လျော့နည်းလာသည့် သစ်ပင်များနေရာတွင် အစားထိုးပြန်လည်ဖြည့်တင်းကြရမည်ဖြစ်သည်။
လေထုညစ်ညမ်းမှုပြဿနာကို ကာကွယ်
ကမ္ဘာ့နိုင်ငံအသီးသီးသည် လေထုညစ်ညမ်းမှုပြဿနာကို ကာကွယ်ရန်နည်းလမ်းမျိုးစုံ အသုံးပြုလာခဲ့ကြသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့လျှော့ချရေး အစီအစဉ်များလည်း တစိုက်မတ်မတ်ကြိုးစားမှုအဖြစ် သစ်တောပြုန်းတီးမှုပြဿနာကို အဖြေရှာဖွေလျက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြည့်တင်းနိုင်ရေး အားထုတ်လျက်ရှိပေသည်။ သစ်တောများကို ကမ္ဘာကြီး၏ အဆုတ်ဟုတင်စားထားသဖြင့် သစ်တောသစ်ပင်များကို လိုအပ်သည်ထက် ပိုမိုမထုတ်ယူကြရန်နှင့် ဆုံးရှုံးသွားသော သစ်တောများ၊ သစ်ပင်များကို ပြန်လည်အစားထိုးစိုက်ပျိုးသွားရန် လိုအပ်သည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းမက နားခိုနိုင်သည့် စကားရပ်အတိုင်းသစ်တစ်ပင်၊ ဝါးတစ်ပင်၏တန်ဖိုးကိုသိရှိမှသာ တန်ဖိုးထားနားလည်နိုင်မည်ဖြစ်သည်။ သစ်ပင်သည် မြေဆီလွှာဖြစ်တည်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးအလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိသဖြင့် သစ်ပင်များကို တန်ဖိုးထားစိုက်ပျိုးသွားကြရမည်ဖြစ်သည်။
သစ်ပင်များကို မြတ်နိုးတန်ဖိုးထား၍ စိုက်ပျိုးခြင်းသည် လောကကို အလှဆင်ခြင်းဖြစ်ပြီး သစ်ပင်၊ ဝါးပင်၊ ပန်းအလှပင်ဟူသမျှ မျက်စိပသာဒလှပသည်သာမက စိတ်ကြည်နူးမှုကိုပါဖြစ်စေသည်။ ခြံဝင်းထဲတွင် သီးပင်၊ စားပင်များစိုက်ပျိုးခြင်းဓလေ့သည် ကျေးလက်သာမကမြေဧရိယာကျယ်ဝန်း သူတိုင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သည်။ ပျိုးပင်မြေချအမြစ်ခိုင်လာသည့်အချိန်မှစ၍ သစ်ပင်တန်ဖိုးသိရှိခွင့်ရကြသည်။ ပန်းပင်စိုက်ပျိုးလျှင် ဘုရားပန်းကပ်လှူနိုင်ပြီး ခြံဝင်းအတွင်းပန်းရနံ့တို့ မွှေးကြိုင်စေမည်ဖြစ်သည်။ အလားတူသီးပင်စားပင်စိုက်ပျိုးခြင်းဖြင့်လည်း မီးဖိုချောင်ကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ ဖေးကူစွမ်းနိုင်ပေသည်။
ရှင်သန်ဖြစ်ထွန်းရန် အကောင်းဆုံးအချိန်ကာလဖြစ်
မိုးတွင်းကာလသည် သစ်ပင်များရှင်သန်ဖြစ်ထွန်းရန် အကောင်းဆုံးအချိန်ကာလဖြစ်ခြင်းကြောင့် မိုးရွာမြေစိုလျှင် မျိုးစေ့ချကြသည်။ အပင်ပေါက်လာသည့်ပျိုးပင်များကို ရှင်သန်အောင် ထိန်းသိမ်းရမည်ဖြစ်သည်။ အဆိုပါသစ်ပင်လေးများ ရှင်သန်ရေးအတွက် မြေနေရာရွေးချယ်သတ်မှတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေတောင်မြှောက်ခြင်း၊ စိုက်ပျိုးပြီးအပင်များရှင်သန်ရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ရလေ့ရှိသည်။ သစ်ပင်များ ရှင်သန်ကြီးထွားမှုဖြစ်စဉ်တွင် အလင်းရောင်နှင့် ရေသည်အဓိကကျသည်။ လောင်းရိပ်ကျသော အပင်များ၊ ချုံနွယ်ပင်တက်နေသော အပင်များသည် လွတ်လပ်စွာ ရှင်သန်ကြီးထွားခွင့်များ ဆုံးရှုံးရလေ့ရှိသည်။ ကိုင်းထွက်နေသော သစ်ကိုင်းများကို ခုတ်ထွင်ရမည်။ အလင်းဖွင့်ပေးရမည်။ ချုံနွယ်များကို ရှင်းလင်းပေးရမည်ဖြစ်သည်။ မြေဆီစိုခိုက် သစ်ပင်စိုက်ပျိုးခြင်းသည် သစ်ပင်များရှင်သန်ရန် အကောင်းဆုံးအချိန် ကာလဖြစ်ပေသည်။
နှစ်ရှည်ပင်စိုက်ပျိုးခြင်း လုပ်ငန်းသည် အရိပ်လည်းရ၊ လေကောင်းလေသန့်လည်းရရှိသဖြင့် အကျိုးရှိသော အလုပ်ဖြစ်ပါသည်။ သစ်ပင်စိုက်ပျိုးကြရာတွင် ပင်ကြားတန်းကြား မြေကျင်းစီစီရီရီ၊ ပျိုးပင်ညီညီနှင့် စိုက်ပျိုးကြရမည်ဖြစ်သည်။ သစ်ပင်စိုက်လျှင် စေတနာထည့်၍ စိုက်ပျိုးမှသာ ပိုမိုကောင်းမွန်သည်။ ယေဘုယျအားဖြင့် စိုက်သမျှအပင် ရှင်သန်နိုင်ခြင်းက မသေချာလှပေ။ ရှင်သမျှအပင်များကို ပြုစုပျိုးထောင်ရင်း အနာဂတ်ဘဝလှပရေး သစ်ပင်စိုက်ပျိုးရေးပွဲတော်များ ဆက်လက်ကျင်းပကြရပါမည်။
သာမန်အားဖြင့် သစ်ပင်စိုက်ပျိုးခြင်းက လွယ်ကူပေသည်။ သို့သော်သစ်ပင်စိုက်ပြီးနောက် ရှင်သန်ကြီးထွားရေးအပိုင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်းများ ဆက်လက်လုပ်ဆောင်ရန်လိုအပ်သည်။ သစ်တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေးအတွက် စိုက်ပျိုးမည့်အပင်နှင့် မြေနေရာရွေးချယ်မှုအပိုင်း အလေးထားကြရပါသည်။ သစ်ပင်တစ်ပင်ကို လွယ်လင့်တကူမခုတ်ယူသင့်သကဲ့သို့ မစိုက်ပျိုးမီကပင် ရေရှည်မြော်တွေး စိုက်ပျိုးရမည်ဖြစ်သည်။ အကွာအဝေးနှင့် အတန်းညီညီ၊ အပင်အမျိုးအစားတူတူ စိုက်ပျိုးမှသာ ရေရှည်တည်တံ့လှပသည့် သစ်ပင်အုပ်၊ သစ်တောအုပ်များဖြစ်ပေါ်လာမည်ဖြစ်သည်။
ရည်ရွယ်ချက်များစွာရှိ
သစ်ပင်စိုက်ပျိုးရသည့် ရည်ရွယ်ချက်များစွာရှိသည်။ သစ်ပင်စိုက်ပျိုးခြင်းမှတစ်ဆင့် ရာသီဥတုကောင်းမွန်ရေးအတွက် အထောက်အကူဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများကို အကျိုးပြုခြင်း၊ ဂေဟစနစ်များကို ပိုမိုကောင်းမွန်စေခြင်းတို့ကို ဖြစ်စေသည်။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကောင်းစွာအန်တုနိုင်သည်။ လေထုအတွင်းတည်ရှိနေသည့် ကာဗွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူပြီးနောက် လူနှင့်သက်ရှိတိရစ္ဆာန်များကို အကျိုးပြုစေမည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးနိုင်စွမ်းရှိသည့် အပြင်သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးခြင်း၊ လေကောင်းလေသန့်ထုတ်လုပ်ပေးခြင်း၊ အေးမြသည့်အရိပ်များ ဖန်တီးပေးခြင်းနှင့် ထင်းအဖြစ်သုံးစွဲနိုင်ခြင်းဖြင့် လူသားတို့အတွက် အကျိုးပြုနိုင်စွမ်းရှိပေသည်။ သို့သော် လောင်စာအတွက် သစ်ပင်များကို အဆမတန်ခုတ်လှဲခြင်း၊ ပရိဘောဂနှင့် အိမ်ဆောက်ပစ္စည်းအသုံးပြုရန်အတွက် သစ်ပင်များကို အလုံးအရင်းခုတ်လှဲခြင်းများကို ထိန်းညှိဆောင်ရွက်ကြရပေမည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုကျဆင်းလာခြင်းကြောင့် ယခုအခါ သစ်တောဧရိယာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာကျန်ရှိသည်။ ယခုအခါတစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၀ ရာခိုင်နှုန်း ပြန်လည်ရရှိစေရန်အတွက် အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို လက်ငင်းမရနိုင်သော်လည်း နောင်ဆယ်စုနှစ်တစ်ခုအတွင်း အကျိုးခံစားနိုင်မည်ဖြစ်သည်။ ယခုအခါတွင် ယခင်က စိုက်ပျိုးထိန်းသိမ်းခဲ့ခြင်းကြောင့် သစ်ကြီးဝါးကြီး အရိပ်အာဝါသများကို ခံစားကြရသလို မိမိတို့အနေဖြင့်လည်း နောင်လာမည့်သားစဉ်မြေးဆက်ကို မိမိတို့ကဲ့သို့ ခံစားစေလိုသည့် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
သစ်တော စိုက်ကွင်း၊ စိုက်ခင်းများ အစားထိုးဖော်ဆောင်
သစ်ပင်မှရရှိနိုင်သည့် အကျိုးကျေးဇူးများကို တန်ဖိုးသတ်မှတ်ရန် ခက်ခဲလှပါသည်။ အဓိကအားဖြင့် ရာသီဥတုကိုထိန်းညှိပေးနိုင်သည့် လုပ်ဆောင်ချက်ကြောင့် သစ်ပင်စိုက်ပျိုးခြင်းကို လူတိုင်းအားဖြည့်ပါဝင်ကူညီသင့်သည်။ သစ်တောဖုံးလွှမ်းမှု ပြန်လည်အားကောင်းလာစေရေး သစ်တောစိုက်ကွင်း၊ စိုက်ခင်းများ အစားထိုးဖော်ဆောင်ခြင်းသာ အကောင်းဆုံးကုစားမှုတစ်ခုဖြစ်သည်။ သစ်ပင်စိုက်ပျိုးပွဲများတွင်လည်း ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊စိန်ပန်း၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ ငုဝါကဲ့သို့ ရတနာတန်းဝင်အပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များသည် ဇူလိုင်လ၏ မိုးဖွဲများအောက် မြေပြင်ခြင်း၊ ကျင်းတူးခြင်းများနှင့် သစ်ပင်စိုက်ပျိုးခြင်းများကို တစ်တပ်တစ်အား ပြုလုပ်လျက်ရှိသည်။ ပူပြင်းခြောက်သွေ့သော အခြေအနေမှ စိမ်းလန်းသောကမ္ဘာတစ်ခုဖြစ်ပေါ်ရေး သစ်ပင်စိုက်ပျိုးနိုင်စွမ်းအားဖြင့် မြှင့်တင်ကြရမည်ဖြစ်သည်။ သစ်တောအုပ်များဖြစ်ပေါ်ပါက သက်ရှိသက်မဲ့အားလုံးအတွက် ပင်ပန်းဆင်ရဲခြင်းဒုက္ခမှ အထိုက်အလျောက်သက်သာစေမည်ဖြစ်သည်။ ယခုအချိန်တွင် ရှောင်လွှဲ၍မရသည့် သဘာဝဘေးအန္တရာယ်များမှ စွမ်းနိုင်သမျှ ကာကွယ်နိုင်ရန်အတွက် လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးပြုစေသော သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့များအလိုက်သော်လည်းကောင်း ပါဝင်စိုက်ပျိုးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

စိတ်ပညာအသုံးအနှုန်း တစ်ခုဖြစ်သည့် IQ ဟူသည့်စကားလုံးအား အထက်တန်းကျောင်းသားအရွယ်တွင် စတင်ကြားဖူးသည်။

I ဟူသည် Intelligence ဖြစ်၍ Q သည် Quotient ဖြစ်ပြီး ထိုနှစ်လုံးပေါင်းစပ်သည့် IQ အား အသိပညာအတိုင်းအတာ/ ပမာဏဟူ၍ မှတ်ယူနိုင်သည်။ ဉာဏ်ရည်အချိုးအစားကိုဖော်ပြသည့်ဂဏန်းဖြစ်ပြီး ဉာဏ်ရည်မြင့်လျှင် IQ တက်၍ ဉာဏ်ရည်နိမ့်လျှင် IQ နိမ့်ကြောင်း သိရသည်။ IQ သည် လူတစ်ဦး၏ ရုပ်ရည်၊ ဥစ္စာဓန၊ အတန်းပညာ၊ ရာထူးရာခံများနှင့်သက်ဆိုင်ခြင်းမရှိပါ။ မျိုးရိုးနှင့်သက်ဆိုင်သလောဟု အတွေးဝင်စရာ ရှိသော်လည်း ခိုင်လုံသည့် အထောက်အထားများ မတွေ့ရပေ။ မျက်မှောက်ကာလတွင် IQ သာမက အခြား Q များဖြင့်လည်း တိုင်းတာလျက်ရှိကြောင်း တွေ့ရသည်။
IQ (Intelligence Quotient)ဉာဏ်ရည်အချိုးအစား
IQ မြင့်သူ၏မျိုးဆက်သည် IQ မြင့်ရန် မသေချာသကဲ့သို့ IQ နိမ့်သူ၏ မျိုးဆက်တွင် တစ်မိပေါက်တစ်ယောက်ထွန်းထွက်ပေါ်သည်ကိုတွေ့ရသည်။ မျိုးရိုးမရှိဘဲ ချွန်ထွက်လာခြင်းဟုဆိုရမည်။ သာမန် IQ ရှိသူများအား ဖိဖိစီးစီးလေ့ကျင့် သင်ကြားပေးလျှင် IQ တက်လာနိုင်ကြောင်း ကြားခဲ့ဖူးသော်လည်း ပင်ကို IQ မြင့်သူများကို မှီနိုင်မည်မထင်ပေ။
IQ Level ဟူသည် ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်ခြင်းနှင့် သက်ဆိုင်ပြီး ဥပမာအားဖြင့် သင်္ချာပုစ္ဆာဖြေရှင်းနိုင်ခြင်း၊ ဖြစ်စဉ်ကြောင်းရာများကို မှတ်သားလက်ခံမှုအားကောင်းခြင်း၊ အတွေ့အကြုံမှ သင်ခန်းစာ ဖော်ထုတ် နိုင်ခြင်းတို့ဖြင့် တိုင်းတာကြောင်းသိရသည်။
သာမန်လူတစ်ဦးအတွက် IQ ရမှတ်သည် (90-110)အတွင်းရှိသော်လည်း နယ်ပယ်အသီးသီးမှ IQ မြင့်လူသားများအား ယခုကဲ့သို့တွေ့ရှိရသည်ရူပဗေဒပညာရှင်အိုင်ဇက်နယူတန်သည် IQ(190)ဖြစ်ပြီး အိုင်းစတိုင်း သည် IQ (160)ဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင်မစ္စတာဘင်း(Rowan Atkin Son)သည် IQ(178)ဖြစ်ပြီး လေဒီဂါဂါသည် IQ(166)ဖြစ်သည်။ ဘတ်စကက်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်သည် IQ(154)ဖြစ်ပြီး ဝါရင့်သမ္မတကြီးပူတင်သည် IQ(150)ဖြစ်သည်။
ကမ္ဘာကျော်ဘီလျံနာများဖြစ်သည့် အီလွန်မတ်(155-160)၊ ဘီလ်ဂိတ်(160)၊ မတ်ဇူကာဘတ်(152)၊ ဂျက်ဘီဇော့(150)တို့ဖြစ်ကြသည်။
ထူးခြားသည့်စွမ်းဆောင်ရည်မသိသော်လည်း တောင်ကိုရီးယားနိုင်ငံသား Young Hoon Kim ၏ IQ သည် (276) ရှိကြောင်း သိရသည်။ လူ့သမိုင်းတွင် IQ အမြင့်ဆုံးဟု သတ်မှတ်ထားသည့် ဒီမဲလိုး၏ IQ သည်(400)ရှိကြောင်း မှတ်သားရသည်။ IQ မြင့်လူသားတစ်ဦးသည် Critical Thinking သာမက Creative Thinking ပါ ပေါင်းစပ်နိုင်ပါက လူ့လောကအတွက် များစွာအကျိုးရှိနိုင်ကြောင်း သုံးသပ်ရသည်။
EQ(Emotional Quotient)
စိတ်ခံစားမှုနှင့် သက်ဆိုင်သည့် အတိုင်းအတာ/ပမာဏကိုဆန်းစစ်ရာတွင် EQ ကို သုံးကြသည်။ EQ သည် ပတ်ဝန်းကျင်နှင့်ဆက်ဆံမှုကိုအကဲဖြတ်သလို စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်မှု (Mature)နှင့်လည်း တိုင်းတာသည်။ EQ Level ကို ဖော်ပြသည့်နမူနာအချက်အလက်များ အနေဖြင့် ပတ်ဝန်းကျင်နှင့် ဆက်ဆံသည့်အခါ မိမိ၏ရိုးဖြောင့်မှု၊ တာဝန်ယူမှုနှင့်တာဝန်ခံမှု၊ လေးစားတန်ဖိုးထားမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကိုယ်ချင်းစာတရားတို့ ပါဝင်ကြောင်း သိရသည်။ တစ်နည်းဆိုသော် EQ Level မြင့်မားမှုသည် ပင်ကိုစရိုက်/ဗီဇများနှင့်လည်း သက်ဆိုင်နေမည်သာဖြစ်သည်။
လူတစ်ဦး၏အားနည်းချက်တွင် ကိုယ်/နှုတ်/နှလုံးစောင့်ထိန်း နိုင်စွမ်းနည်းခြင်း၊ စိတ်ဆတ်ခြင်းနှင့် ဒေါသထွက်လွယ်ခြင်း စသဖြင့် Emotion နောက်ပါသွားခြင်းတို့သည် EQ Level နိမ့်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ပညာရှိ/ပညာတတ်များလည်း အမျက်ဒေါသထွက်နိုင်သည်။ သို့ရာတွင် ပညာရှိအမျက် အပြင်မထွက်အောင် မျိုသိပ်နိုင်ခြင်း၊ စကားနောက်တရားပါမဖြစ်ရန် ထိန်းသိမ်းနိုင်စွမ်းရှိခြင်းတို့သည် EQ ကို လေ့ကျင့်ထားသကဲ့သို့ဖြစ်သည်။ အတိုချုပ်ဆိုရပါလျှင် တည်ငြိမ်ရင့်ကျက်မှု(Mature)သည် လူ့အသိုင်းအဝိုင်းအတွက် လိုအပ်ချက်ဖြစ်သည်။
SQ(Social Quotient)
လူမှုရေးနှင့်သက်ဆိုင်သည့် အတိုင်းအတာ/ပမာဏကို ဆန်းစစ်ရာတွင် SQ ကို သုံးကြသည်။ တစ်နည်းဆိုသော် Social ဟုခေါ်သည့် လူ့အသိုင်းအဝိုင်းနှင့် သဟဇာတဖြစ်မှုကို ချိန်ထိုးတိုင်းတာခြင်းဖြစ်သည်။ SQ သည် အပေါင်းအသင်းဆန့်ခြင်းတစ်ခုသာ ဆိုလိုသည်မဟုတ်ဘဲ ပတ်ဝန်းကျင်အား မည်မျှအကျိုးပြုသည်ဆိုသည်ကိုပါ ထည့်သွင်းတိုင်းတာခြင်းဖြစ်သည်။ မိတ်ဆွေကောင်းပေါများခြင်း၊ မိတ်ဆွေများ၏ယုံကြည်ကိုးစားမှုရရှိခြင်းတို့သည် SQ Level မြင့်မားမှု၏လက္ခဏာများဖြစ်သည်။ ထို့ကြောင့် SQ Level မြင့်မားသူများသည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သူများဖြစ်ကြောင်းတွေ့ရသည်။
AQ(Adversity Quotient)
AQ သည် ကြုံတွေ့ရသည့် အခက်အခဲ၊ အတားအဆီး၊ ဘေးဒုက္ခနှင့်မနှစ်မြို့ဖွယ်ရာများအား ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းဖြစ်ပြီး AQ Level မြင့်လေမကြောက်မရွံ့၊ နောက်မတွန့်သည့်စွမ်းရည်များ ပိုမိုပိုင်ဆိုင်လေဖြစ်သည်။
ရင်ဆိုင်မှုမှ ထွက်ပေါ်လာမည့်အဖြေသည် Notorious ထက်စာလျှင် Famous ဖြစ်ရန်လိုအပ်သည်။ ပြဿနာကိုကျောခိုင်းတတ်သူ၊ သူရဲဘောကြောင်သူအများစုသည် AQ Level နိမ့်သူများဖြစ်သည်။ ကံကိုယိုးမယ်ဖွဲ့ခြင်း၊ ဗေဒင်ယတြာ အားကိုးခြင်းတို့သည်လည်း AQ Level နိမ့်သူများ၏ လက္ခဏာများဖြစ်သည်။ AQ Level မြင့်သူများသည် နည်းလမ်းမှန်ကန်စွာနှင့် သမာသမတ်ကျကျဖြေရှင်းနိုင်ကြောင်း တွေ့ရသည်။ AQ ၏အခြေခံလိုအပ်ချက်သည် သတ္တိရှိခြင်း၊ ရဲရင့်ခြင်းနှင့် ပြဿနာကို ရင်ဆိုင်ရဲခြင်းတို့ပင်ဖြစ်သည်။
ထို့ပြင် လဲရင်ပြန်ထ သဘာဝဟုခံယူမှုအား AQ Level မြင့်သူများတွင် တွေ့ရမည်ဖြစ်သည်။
နှိုင်းချိန်စရာ Q များစွာ
လက်တွေ့ဘဝအား အောင်မြင်စွာဖြတ်သန်းကြသူအများစုသည် IQ ထက်စာလျှင် EQ နှင့် SQ ပိုမိုမြင့်မားသူများဖြစ်သလို AQ ကိုလည်း လက်ကိုင်ထားကြသူများဖြစ်သည်။
မျက်မှောက်ကာလတွင် IQ မြင့်သူအများစုသည် EQ နှင့် SQ မြင့်သူများ၏ဝန်ထမ်းအဖြစ် ကျင်လည်လျက်ရှိကြောင်းလည်း တွေ့နိုင်သည်။ IQ ကောင်းခြင်း၊ EQ ကိုကျော်လွှားနိုင်ခြင်း၊ SQ ကောင်းခြင်းများရှိသော်လည်း AQ ဟူသည့်ရင်ဆိုင်ကျော်လွှားနိုင်စွမ်းမရှိပါက တိုးတက်ကြီးပွားရန်လိုအပ်ကြောင်း သတိပြုရမည်ဖြစ်သည်။ စာသင်သားအရွယ်တွင် IQ အတွက်သာမက EQ၊ SQ၊ AQ များအတွက်ပါ ထိရောက်သည့် ဖွံ့ဖြိုးမှုများဆောင်ကြဉ်းပေးနိုင်ပါလျှင် အနာဂတ်လူ့ပတ်ဝန်းကျင်သည် ဘက်စုံထူးချွန်သည့် လူသားများကိုမွေးထုတ်ပေးနိုင်လိမ့်မည်။ Quantity ထက်စာလျှင် Quality Drive လုပ်ခြင်းဖြင့် နိုင်ငံနှင့် လူမျိုးအတွက် ပိုမို၍အပေါင်းလက္ခဏာဆောင်မည်ဟု ယုံကြည်ပါကြောင်း ရေးသားအပ်ပါသည်။ ။

စာအုပ်စာပေ လူ့မိတ်ဆွေဟုအဆိုရှိသည့်အတိုင်း စာအုပ်စာပေဟူသည် လောကသမိုင်းဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ စာရေးသူတစ်ဦးချင်းစီ၏ လေ့လာအားထုတ်မှု နှလုံးသား အာဟာရစာစုများပင်ဖြစ်သည်။

စာရေးသူတစ်ယောက်၏ဖြူသော နှလုံးသားဖြင့် လောကကို အလှဆင်ခြင်းလည်းဖြစ်သည်။ စာကောင်းဖြစ်ရေး စိတ်ကောင်းမွေးမြူပေးရသည်။ စာဖတ်သူအတွက် အကျိုးရှိစေမည့် စေတနာထားရှိရသည်။ လောကအကျိုးဆောင်ရသည်။ အကျိုးတစ်ဖက်တည်းကို မကြည့်ဘဲ မျှတသောအကြည့်ဖြင့် စာပေရှုထောင့်မျိုးစုံက ရှုမြင်ရေးသားကြရသည်။ ကောင်းသောစာဖြစ်ရန် ကောင်းသောအတွေးရှိရပေသည်။ စာရေးသူ တစ်ယောက်သည် ပတ်ဝန်းကျင်ဗဟုသုတနှင့်လေ့လာမှုမှ ဖြစ်တည်သောအတွေးအရေးကို လိုက်လျောညီအောင် ပြုစုကြရသည်။ သို့မှသာ အတွေးပြောင်း၍ အရေးကောင်းအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။
စာပေအမျိုးအစားများအနက် အချစ်၊ ရသ၊ ဟာသ နှစ်သက်ရာဖတ်ရှုနိုင်ပေသည်။ ယူတတ်လျှင် ဗဟုသုတ၊ ပညာ ကောင်းစွာရရှိနိုင်သည်။ အသက်အရွယ်အလိုက် စာအမျိုးအစားစုံလင်အောင် ဖတ်မှတ်ထားသင့်သည်။ သုတ၊ ရသဖတ်သင့်သကဲ့သို့ စိတ်အာဟာရပြည့်ဝသည့် စာအုပ်စာပေကိုလည်း လေ့လာသင့်သည်။ စာအုပ်စာပေမှပညာဗဟုသုတကြွယ်ဝခြင်း၊ အတွေးအခေါ်ရင့်သန်ခြင်း အကျိုးကျေးဇူးများကို ခံစားရရှိစေနိုင်ပြီး ဦးနှောက်၏ ဖြန့်ကြက်နိုင်စွမ်းအားရှိမှု အလိုက်
အတွေးအခေါ်များ ပိုမိုအားကောင်းလာနိုင်သည်။ စာဖတ်ခြင်းက ခရီးသွားခြင်းနှင့်တူသကဲ့သို့ အခက်အခဲတစ်ခုကို ကူညီဖြေရှင်းပေးသည့် မိတ်ဆွေကောင်းသဖွယ်ဖြစ်သည်။ သိလိုသမျှ ရှင်းပြနိုင်သည့်ဆရာတစ်ဆူအဖြစ် သတ်မှတ်နိုင်သည်။ သို့ဖြစ်၍ စာဖတ်ခြင်းသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားဆေးဟု ညွှန်းဆိုခြင်းဖြစ်သည်။
စာပေ၏တန်ခိုးသည် လွန်စွာကြီးမားလှသည်။ မိမိ၏မှေးမှိန်နေသော ဇွဲ၊ လုံ့လ၊ ဝီရိယကို တစ်ဖန်နိုးထစေသကဲ့သို့ စိတ်ဓာတ်ကြမ်းတမ်း ခက်ထန်သူတစ်ယောက်ကို နူးညံ့ယဉ်ကျေးစေအောင်လည်း စွမ်းဆောင်နိုင်သည်။ သနားကြင်နာစိတ်၊ ညှာတာစိတ်များ စိတ်တွင် ကိန်းဝပ်လာစေသည်။ အဓိကအားဖြင့် အဆိုးအကောင်းကို ချိန်ဆတတ်စေသည်။
ဒေါသဦးဆောင်ရမည့်နေရာကို သည်းခံခြင်းအစားထိုး လာနိုင်သကဲ့သို့ စာဖတ်ရာတွင်လည်း စိတ်နှလုံးနူးညံ့စေသည့် စာအုပ်ကောင်းများကို ကြိုက်နှစ်သက်လာသည်။ တစ်အုပ်ပြီးတစ်အုပ်ဖတ်လျက် လူ့ဘဝများစွာကို မြင်ကြည့်နိုင်စွမ်းရှိလာသည်။ လူ့အလှတရားတွေကို ခံစားတတ်လာသည်။
အရေးမကောင်းမီ စာပေနယ်အတွင်း သက်ဆင်းရာတွင် လောကဓံအခက်အခဲမျိုးစုံ ကြုံဆုံကြရသည်။ အယ်ဒီတာစားပွဲများစွာ ဖြတ်သန်းကြရသည်။ ရေးတိုင်း အထမမြောက်သဖြင့် စိတ်ပင်ပန်းရသည်။
စာပေဝါသနာအနုအရင့်အလိုက် စာပေလောကနှင့် လမ်းခွဲခြင်း၊ လမ်းလွဲခြင်းနှင့် လမ်းတည့်သွားခြင်းများ ြစ်ရသည်။ စာပေဇွဲသည် လွန်စွာအရေးကြီးသည်။ ဝါသနာနုလျှင် စာပေစိတ်ထား မပြတ်သားလျက် လမ်းခွဲဖြစ်နိုင် သည်။ ဝါသနာရင့်၍ ဇွဲကြီးသူသာလျှင် စာပေလမ်းတွင် ပန်းပွင့်နိုင်ပေသည်။ စာရေးလိုလျှင် ကနဦးစာဖတ်ရမည်ဖြစ်သည်။ စာရေးခြင်းနှင့် စာဖတ်ခြင်းသည် ဆက်စပ်နေသည်။ စာဖတ်အားကောင်းသူသည် စာများများ ရေးနိုင်လာမည်ဖြစ်သည်။ ပိုကောင်းသောစာရေးနိုင်မည့် အတွေးတံခါးပွင့်သွားစေမည်ဖြစ်သည်။ စာပေရေးသား အကဲဖြတ်နိုင်စွမ်းလည်း ရင့်ကျက်လာမည်ဖြစ်သည်။
ကိုယ်တိုင်ရေးသောစာကို ကိုယ်တိုင်ဖတ်၍နှစ်သက်မှသာ စာပေစင်မြင့်တက်လှမ်းသင့်သည် ဆိုသောစကားမှာ မမှားလှပေ။ ရေလောင်းပေါင်းသင် ပေးလျက် စာပန်းမပွင့်သည့်အဖြစ် ဆိုက်ရောက်နိုင်သည်။
အတွေးမပြောင်းအရေးမကောင်းနိုင်ပါပေ။ စာရေးသူတိုင်း စာဖတ်ရေး တိုက်တွန်းမှုသည် အချည်းအနှီးမဟုတ်ပေ။ ဝါရင့်စာရေးဆရာကြီးများ၏ ရေးဟန်၊ တွေးဟန်ကို လေ့လာခြင်းဖြစ်သည်။ အနီးကပ်လေ့လာခြင်း ဖြစ်သည်။ ပြီးနောက် တုပရေးသားရမည်။ တိုက်ရိုက်ကူးချခြင်းမျိုးမဟုတ်ဘဲကိုယ်ပိုင်အတွေးအရေးနှင့် ချိန်ညှိခြင်းကိုဆိုပေသည်။ စာပေရေးသားရင်း လိုအပ်ချက်များကို ရှာဖွေတွေ့ရှိလာမည်ဖြစ်သည်။ အကြောင်းအရာကို လေးနက်စေမည့် ဖြည့်စွက်ရမည့် စာလုံးများကို ရွေးချယ်တတ်လာမည်ဖြစ်သည်။ စာရေးရင်းစာဖတ်၍ စာဖတ်ရင်းပြင်ဆင်ဖြည့်စွက် နိုင်စွမ်းရှိလာမည်ဖြစ်သည်။
စာပေစင်မြင့်တက်လှမ်းလင့်ရာတွင် ဘဝင်မာန ပယ်ခွာချထားသင့်ပေသည်။ စာပေမာန်ဝင်လျှင် အမှန်မမြင်နိုင်သောကြောင့်ဖြစ်သည်။
စာပေသမားသည် ရိုးသားသည်။ ဉာဏ်ပညာအရင်းအနှီးဖြင့် ရရှိသော ဉာဏ်ပူဇော်ခကို တန်ဖိုးထားသူများပီပီ စာပေအပေါ် သစ္စာရှိရမည်ဖြစ်သည်။ စာဖတ်သူများအတွက် အကျိုးမဲ့ပြီး အဆိပ်သင့်သောစာပေ အရေးအသားများကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ ဖြတ်လမ်းနည်းဖြင့် စာပေရေးသားခြင်းသည် နည်းလမ်းမှန်ကန်သော စာရေးခြင်းမျိုးမဟုတ်ပေ။ ငွေကြေးအမြတ်ရရှိခြင်း အစား ဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားရမည်ဖြစ်သည်။
တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုစကားတစ်ရပ်ရှိပေသည်။ မသွားသူအတွက် ခရီးတစ်ခုမရောက်နိုင်သေးသကဲ့သို့ မကြိုးစားသူအတွက် အောင်မြင်မှုရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘဝသည် လွန်စွာလက်တွေ့ဆန်ပေသည်။ ကြိုးစားလုံ့လပြုရမြဲဖြစ်သည်။ နံရံတစ်ချပ်ကို ထိုးဖောက်လိုလျှင် တူကဲ့သို့ မာကြောသောအရာဝတ္ထုရှိရန်လိုအပ်သည်။ တူသည် ထူထဲသောနံရံကို ထိုးဖောက်နိုင်သည့် သံမဏိစိတ်ဓာတ်တစ်စုံဖြစ်ပေသည်။ ရပ်တန့်မနေသင့်သဖြင့် ရှေ့ခရီးကိုဆက်ရမည်ဖြစ်သည်။ နေ့စဉ်ဘဝတွင် မိမိလိုလားသည့် ပန်းတိုင်တစ်ခုဆီသို့ မရောက်မချင်း စိတ်ဓာတ်မကျရေး ကြိုးစားရမည်ဖြစ်သည်။ ဘဝသက်တမ်းသည်တိုသလောက် သံသရာကရှည်လျား လွန်းသောကြောင့် အသိဉာဏ်ပညာမြင့်မားရေး ခရီးကြမ်းလမ်းဖောက် နေရဦးမည်ဖြစ်သည်။ ဘဝထဲကစာ၊ စာထဲက ဘဝများစွာ၏ သုခနှင့်ဒုက္ခကိုထင်ဟပ်စေသည့် စာပေအရေးအသားများဖြင့် လူ့တန်ဖိုးကို အထူးပင်မြှင့်တင် ပေးရမည်ဖြစ်သည်။
လောကတွင် သင်ယူစရာများဖြင့်ပြည့်နှက်နေသည်။ လူ့သက်တမ်း အသက်အရွယ်အလိုက် လောကအတွေ့အကြုံများ အထိုက်အလျောက်ရှိသော်လည်း ဆင်ခြင်တုံတရားက ကွာဟသည်။ သိသင့်သိထိုက်သည့် အရာကိုသိရှိခြင်း၊ သာလွန်ထိုးထွင်းသိရှိခြင်းတို့ဖြင့် လောကအခက်အခဲ ပြဿနာများကိုဖြေရှင်းကြရသည်။ ဘဝတစ်လျှောက်တွင် အရေးကြီးကိစ္စများ ပြည့်နှက်နေသည်။ အရေးများစွာတွင်ပင် အရေးကြီးသော အလုပ်များ၊ ဆုံးဖြတ်ရမည့်ကိစ္စများစွာပါဝင်နေသည်။ သာမန်အရေးကိစ္စများကို ပြေလည်အောင်ဖြေရှင်းနိုင်ကြသည်။ သာမန်ထက်ပိုသော အရေးကိစ္စများကို မဖြေရှင်းနိုင်သဖြင့် ထွက်ပြေးတိမ်းရှောင်သူများလည်းရှိသည်။ သာလွန်ထိုးထွင်းသိရှိသူအတွက် အခက်အခဲပြဿနာသည် သင်ခန်းစာတစ်ပုဒ်ပမာ လွယ်ကူစွာတွက်ချက် နိုင်စွမ်းရှိသည်။
လောကသဘာဝတရားများကို အနုစိတ်လေ့လာရာတွင် လွန်စွာကျယ်ဝန်းကြောင်း တွေ့ရှိရပေသည်။ လူ့သဘာဝတရားအရ လေ့လာအားထုတ်မှုမှတစ်ဆင့် စတင်ခဲ့ကြရပေသည်။ အဆင့်ဆင့်သော စမ်းသပ်မှုများဖြင့် မိမိအလိုရှိရာများကို ပြည့်စုံအောင်ဖန်တီး တည်ဆောက်ကြရသည်။ သို့သော် ပြီးပြည့်စုံခြင်းမရှိဘဲ လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ရှာဖွေလေတွေ့ရှိလေ စကားနည်းတူ သင်ယူလေ့လာမှုဖြစ်စဉ်သည် စဉ်ဆက်မပြတ် ဖြစ်ထွန်းနေမည်ဖြစ်သည်။ သင်ယူလိုစိတ်ရှိသူသာ ရှေ့ခရီးတိုးပေါက်ခရီးရောက်လေ့ရှိသည်။ ဘဝတစ်လျှောက် သင်ယူရမည့် သင်ခန်းစာများကို ကိုယ်တိုင်လေ့လာရင်း၊ ဖြေရှင်းရင်း မျှဝေစိတ်ထား အခြေခံ ထားရှိရပေမည်။ ဘဝ၏ပုံသေနည်းများကို ရိုးရှင်းစွာချဉ်းကပ်ပြီး ထိုးထွင်းကာ အဖြေထုတ်ရမည်ဖြစ်သည်။
စာအုပ်စာပေသည် ဦးနှောက်အားဆေးဖြစ်ပြီး အသိပညာဖြည့်တင်းရေးအတွက် ကွက်လပ်တစ်စုံလည်း ဖြစ်သည်။ ဆုံးဖြတ်ရမည့် အရေးကိစ္စများ သိမ်မွေ့စွာဖြေရှင်းနိုင်မှုသည် အခရာကျသည်။ အခက်အခဲ၊ ဒုက္ခမျိုးစုံသည် နေ့စဉ်နှင့်အမျှ ဖွဲ့စည်းတည်ဆောက် ထားရှိခြင်းကြောင့် ရင်ဆိုင်နိုင်သူသည် အောင်မြင်မှုစင်စစ် ရရှိသူဖြစ်သည်။ လောကဓံရှစ်ပါး ကြံ့ကြံ့ခံနိုင်စွမ်းရှိစေသည်။ လောကဓံနှင့်တွေ့ကြုံမှုရှိလာတိုင်း စိတ်မတုန်မလှုပ် ရင်ဆိုင်နိုင်မှုသည် မင်္ဂလာရှိလှသည်။ အဆိုးလောကဓံကို မည်သူမျှ မကြုံချင်ကြသော်လည်း ကြုံတွေ့ရမည်ကား မလွဲနိုင်ပါပေ။
အရေးကြုံသက်လုံကောင်းရေး ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။ သန်မာသော စိတ်ဓာတ်တစ်စုံဖြင့် ဘဝထဲတွင် အသားတကျနေထိုင်နိုင်ရေး လေ့ကျင့်ရမည်ဖြစ်သည်။ လေ့ကျင့်မှုသည် အောင်မြင်မှု၏ သော့ချက် ဖြစ်ပေသည်။ နှလုံးမတုန်၊ မျက်ရည်မဝိုင်း ပကတိတည်ငြိမ်သောစိတ်ဓာတ်ဖြင့် လောကဓံကိုမျက်နှာမူနိုင်သူများကို လောကကြီးက ကြိုဆိုလျက်ရှိပေသည်။ အခက်အခဲပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းသည် ကွက်လပ်ဖြည့် အဖြေတစ်ခုဖြစ်သဖြင့် အသစ်တစ်ဖန်ဘဝထဲကစာစုများအဖြစ် နေ့စဉ်ဘဝကိုထုဆစ်လျက် လောကဓံကို မျက်နှာမူကြရမည် ဖြစ်ပါကြောင်း အတွေးအမြင်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့သို့ ရောက်ရှိပြန်တော့မည်။ အာဇာနည်နေ့ရောက်တိုင်း မြန်မာပြည်သူများက လွန်ခဲ့သော ၇၈ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျဆုံးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်အမှတ်ရလေ့ရှိကြသည်။
သို့သော် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော၊ အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော တစ်နည်းအားဖြင့် ဗိုလ်ချုပ်လမ်းစဉ် နှင့်ပတ်သက်၍မူ ရေရေရာရာ၊ တိတိကျကျ အမှတ်ရ သူများကား နည်းပါးလှပေသည်။

ဗိုလ်ချုပ်သည် အမျိုးသားညီညွတ်ရေးကို ရှေးရှုသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားသည်။ နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝမှအမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းရာတွင် နှလုံးရည်အားဖြင့် အမျိုးသားညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအခြေခံ၍ တည်ဆောက်ခဲ့သည်။
ဗြိတိသျှနယ်ချဲ့သမားက နယ်ချဲ့များပီပီ သွေးခွဲအုပ်ချုပ်ရေးပေါ်လစီ (Policy of Divide and Rule)ကို ကျင့်သုံးကာ မြန်မာတိုင်းရင်းသားအချင်းချင်း ကြား ရန်တိုက်ပေးပြီး သွေးခွဲခဲ့သည်။ ဖက်ဆစ်တို့ကလည်း ထိုပေါ်လစီကိုပင်ကျင့်သုံးကာ မြန်မာ တိုင်းရင်းသားအချင်းချင်းသွေးကွဲအောင်နည်း အမျိုးမျိုးဖြင့်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ် က နယ်ချဲ့တို့၏ ပယောဂကြောင့် ပေါ်ပေါက်ခဲ့သော အကွဲအပြားကို ရင်ကြားစေ့အောင် ဆောင်ရွက်ခဲ့ သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးစားပေး တည်ဆောက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကြီး ပြီးဆုံးသောအခါ တွင်လည်း ဗိုလ်ချုပ်က ဖဆပလကို ခိုင်မာတောင့်တင်းလာစေရန် စနစ်တကျ ပြန်လည်တည်ဆောက်ခဲ့သည်။ ဖဆပလသည် အမျိုးသားတပ်ပေါင်းစုဖြစ်သည်နှင့်အညီ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ စသောနိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားအစည်းအရုံး၊ တောင်သူ လယ်သမားသမဂ္ဂ၊ တောင်သူလယ်သမား အစည်း အရုံး၊ လူတန်းစားအဖွဲ့အစည်းများ၊ လူငယ်အစည်းအရုံး၊ အမျိုးသမီးအစည်းအရုံး၊ ပြည်သူ့ရဲဘော်စသည့် လူထုအဖွဲ့အစည်းများအပြင် ဦးဘဖေ၊ ဒီးဒုတ် ဦးဘချို၊ ပျော်ဘွယ်ဦးမြ၊ ဟင်္သာတဦးမြ၊ ဂျာနယ်ကျော် ဦးချစ်မောင် စသောတစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားကြီးများ စသည်ဖြင့် စုပေါင်းဖွဲ့စည်းခဲ့သည်။
ဗဟိုဦးစီးအဖွဲ့တွင်လည်း နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များသာမက တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့်ထင်ရှားသော တစ်သီးပုဂ္ဂလပုဂ္ဂိလ်များ၊ နိုင်ငံရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုသို့ကျယ်ပြန့်စွာဖွဲ့စည်း နိုင်ခြင်းသည် ဗိုလ်ချုပ်၏အမြင်ကျယ်မှုနှင့် အမျိုးသားညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုအလေးထားမှုကြောင့်ဖြစ်သည်။
၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းရာတွင်လည်း အစိုးရအဖွဲ့ဝင်အများစုမှာ ဖဆပလကိုယ်စားလှယ်များသာမက ဦးစော၊ သခင်ဗစိန်၊ ဆာမောင်ကြီး၊ စောဘဦးကြီးတို့ ပါဝင်ခဲ့ကြသည်။ များစွာသော နိုင်ငံရေးသမားတို့က အာဏာရရေး(ဝါ)အစိုးရဖြစ်ရေးကို မိမိတို့ပန်းတိုင်အဖြစ် သတ်မှတ်လေ့ရှိကြသည်။ ထိုနိုင်ငံရေးသမားများသည် အစိုးရဖြစ်လာသောအခါ မိမိ၏အစိုးရဘဝကို သာယာလာကြသည်။ ဘဝမြင့်လာ၍ အောက်ခြေလွတ်သွားတတ်ကြသည်။ ဗိုလ်ချုပ်မူကား အစိုးရဖြစ်ရေးကို အဓိကမထား၊ တိုင်းပြည်လွတ်လပ်ရေးကိုသာ အဓိကထားပြီး လုပ်ငန်းအောင်မြင် ပြီးမြောက်အောင် မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက် ခဲ့သည်။
တစ်ဖက်တွင်လည်း အမျိုးသားစည်းလုံး ညီညွတ်မှုမပြိုကွဲစေရန် အတန်တန်သတိပေး ပြောကြားခဲ့သည်။ အထူးသဖြင့် မြန်မာပြည်တွင် လူမျိုးအချင်းချင်းမကွဲဖို့၊ လူငယ်ပိုင်းဖြစ်သော လက်ဝဲသမားအချင်းချင်း မကွဲဖို့ သတိပေးခဲ့သည်။
“လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီး တဲ့ မြန်မာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်လုပ်ကြဖို့တော့လိုတယ်။ ဒီလိုမှ မလုပ်ရင် လွတ်လပ်တဲ့ မြန်မာပြည်ဟာ လွတ်လပ် ရေးအရသာကို ကျပ်ပြည့်တင်းပြည့်ခံစားရမှာ မဟုတ်ဘူး” (၁၉၄၇ ခုနှစ် မတ်လ၊ ရန်ကုန်မြို့ မြန်မာ နိုင်ငံတော် အသံလွှင့်ဌာနမှအသံလွှင့်ချက်မှ)
“မြန်မာပြည် လွတ်လပ်တဲ့အချိန်အခါမှာ ဘယ်သူလာပြီးဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ကျုပ်မလန့်ဘူး။ မြန်မာပြည်လူထုညီညွတ်ဖို့လိုတယ်။ နိုင်ငံရေးစားဖားတွေ ညီညွတ်ဖို့မလိုဘူး။ ဘယ်သူတွေညီညွတ်ရမယ်ဆိုရင် တက်ခေတ်မြန်မာပြည်မှာ တက်အံ့ဆဲဆဲ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်မယ်ဆိုရင် မြန်မာပြည်ညီညွတ်မှာပဲ။ တစ်ယောက်နဲ့တစ်ယောက် အကြောင်းပြချက် မလုံလောက်ဘဲ မညီမညွတ်ဖြစ်နေရင် အချုပ်အခြာအာဏာပိုင်အဖြစ် ရောက်နိုင်မှာမဟုတ်ဘူး” (၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော နိုင်ငံရေးရှင်းလင်းပွဲမိန့်ခွန်းမှ)
ထို့အတူ ဗိုလ်ချုပ်သည် တစ်ဖက်မှ လွတ်လပ် ရေးအတွက်ပြင်ဆင်ရင်း အခြားတစ်ဖက်မှလည်း တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် စိုင်းပြင်း ခဲ့ရလေသည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆိုရင်တိုဗီလာအဆောက်အအုံ၌ နိုင်ငံ ရေးသမားများ၊ စီးပွားရေးသမားများ၊ ဌာနအသီးသီးမှ ပါရဂူများတက်ရောက်သော ကွန်ဖရင့်ကို ကျင်းပ ကာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းရေးဆွဲခဲ့သည်။
အဆိုပါကွန်ဖရင့်၏ ရည်ရွယ်ချက်မှာ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် ရေရှည်စီမံကိန်း ရေးဆွဲရန်မဟုတ်ဘဲ လက်ငင်းပြဿနာများဖြစ်သော လူနေမှုစရိတ်ကျဆင်းရေး၊ အလုပ်လက်မဲ့ ပပျောက်ရေး(သို့မဟုတ်) လျော့ပါးစေရေး၊ သယ်ယူ ပို့ဆောင်ရေး၊ လူနေအိမ်များအရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားရေး စသည် တို့အတွက် စီမံကိန်းရေးဆွဲရန်ဖြစ်သည်။
“နိုင်ငံရေးဟာ စီးပွားရေးအခြေခံပေါ်မှာတည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကလည်း စီးပွားရေးသဘောတရားတွေနဲ့ကင်းလို့ မဖြစ်နိုင်ဘူး။ စီးပွားရေးသဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်မှသာလျှင် တကယ့် ဒီမိုကရေစီနိုင်ငံကို ရောက်အောင်သွားနိုင်မယ်” (၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် မြွက်ကြား သည့် နှစ်သစ်ကူးမိန့်ခွန်းမှ)
အထက်ပါ သဘောတရားခံယူချက်နှင့်အညီ ဗိုလ်ချုပ်သည် မြန်မာပြည် လွတ်လပ်ရေးရသည့် အခါတွင်လည်း ပြန်လည်ထူထောင်ရေးစီမံကိန်းများ ကို အမျိုးမျိုးသောနည်းများဖြင့် အတော့်ကို ကြိုးစား လုပ်ကိုင်ပါမှ အနှစ် ၂၀ ကျော်ခန့်ကြာမှ မြန်မာပြည် တော်ရုံရောက်နိုင်မည်။ အခြားလွတ်လပ်သော တိုင်းပြည်များ ခြေတစ်လှမ်းလှမ်းလျှင် ကိုယ့်ခြေက လေး၊ ငါးလှမ်း လှမ်းနိုင်မှ တော်ရုံကျမည်။ မလုပ်လို့ရှိလျှင် ယိုးဒယားတောင်မီမှာ မဟုတ်ဟု မကွယ်လွန်မီ တစ်ပတ်ခန့်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ မြွက်ကြားခဲ့ သော ရန်ကုန်နယ်လုံးဆိုင်ရာ နိုင်ငံရေးရှင်းလင်းပွဲ ကြီးတွင် နောက်ဆုံးမိန့်ခွန်းအဖြစ် သတိပေး ပြော ကြားသွားခဲ့သည်။
တစ်ဆက်တည်းမှာပင် မြန်မာပြည်သူအပေါင်း အား ညီညွတ်ဖို့၊ စည်းကမ်းရှိဖို့၊ ခြိုးခြံသင့်သည့် နေရာတွင် ခြိုးခြံချွေတာဖို့၊ ကိုယ်လိုချင်သည့် ပန်းတိုင်ရောက်အောင် လုံ့လဝီရိယနှင့်ကြိုးစား အားထုတ်လုပ်ကိုင်ဖို့ သတိပေးပြောကြားသွားခဲ့ သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များကျဆုံးခဲ့သည်မှာ ယခု ၂၀၂၅ ခုနှစ်ဆိုလျှင် ၇၈ နှစ်တိုင်ခဲ့လေပြီ။ ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို မျိုးဆက်အလီလီ၊ အဆက်ဆက်က ယနေ့တိုင် အောက်မေ့တမ်းတ၊ အမှတ်ရနေကြဆဲပင်။
သို့ရာတွင် မြန်မာ့နိုင်ငံရေးရာသည် ရှေးယခင်မှ ယနေ့တိုင်များသောအားဖြင့် မူကိုစွဲကိုင်သော နိုင်ငံရေးမဟုတ်မူဘဲ ပုဂ္ဂိုလ်စွဲနိုင်ငံရေးမျှသာဖြစ်သည့်အလျောက် ဗိုလ်ချုပ်၏ပညာရှင်ဆန်သော အတွေးအခေါ်များ၊ အနာဂတ်နိုင်ငံတော်အတွက် ဗိုလ်ချုပ်၏ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ၊ မထောက်မညှာ ဘွင်းဘွင်းရှင်းရှင်း သတိပေး မှာကြားချက်များနှင့် စပ်လျဉ်း၍မူ အမှတ်ရမှု၊ လိုက်နာအကောင်အထည်ဖော်မှုတို့တွင် အားနည်း ခဲ့ကြသည်ဟု ဆိုရပေမည်။
ယခုမှမဟုတ်၊ ရှေးယခင်ကတည်းက ဖြစ်ခဲ့၍ ကာတွန်းပညာရှင်ကြီး ဆရာကြီး ဦးဘဂျမ်းကပင် လျှင် အာဇာနည်နေ့အခမ်းအနားတွင် လာရောက်အလေးပြုကြပြီးနောက် ယခင်အတိုင်း နေမြဲ၊ စားမြဲ၊ စည်းကမ်းမဲ့ကြစမြဲဟူ၍ ကာတွန်းရုပ်ပြောင်ဖြင့် ဝေဖန်ထောက်ပြခဲ့သည်။
စာရေးဆရာကြီး မောင်ထင်ကလည်း “ဗိုလ်ချုပ် ကိုရည်စူး၍ ငါတို့ဘာတွေလုပ်နေကြသလဲ” ခေါင်းစဉ်ဖြင့် “ကျွန်ုပ်တို့အတွက် ဗိုလ်ချုပ် အောင်ဆန်းဆောင်ရွက်ပေးခဲ့သည်တို့ကို စာရင်း တင်ပြဟုဆိုလျှင် သမိုင်းတစ်လျှောက်လုံး၌ မှတ်တမ်းတင်၍ ကုန်နိုင်ဖွယ်မရှိချေ။ ကျွန်ုပ်တို့ အတွက် ဗိုလ်ချုပ်လုပ်ဆောင်ခဲ့သမျှကို ကျွန်ုပ်တို့ကအပြန်အလှန်အားဖြင့် ကျေးဇူးဆပ်ဖို့ရှိသည်။ ထို့ကြောင့် ဦးပုကလေးက ငါတို့ဗိုလ်ချုပ်အတွက် ဘာတွေလုပ်ခဲ့သလဲဟု မေးမြန်းလိုက်သောအခါ ကျွန်တော်ကလည်း ငါတို့ဗိုလ်ချုပ်ကျေးဇူးကို သိသောအားဖြင့် ဘာတွေလုပ်နေကြသနည်းဟု မေးလိုက်ချင်သည်။
ယုတ်စွအဆုံး ဗိုလ်ချုပ်မှာခဲ့သော စည်းကမ်း ကိုပင်လျှင် အမြတ်တနိုးလိုက်နာကြမည်ဆိုပါက ဗိုလ်ချုပ်မျှော်မှန်းသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက် နေသောစီမံကိန်းအဝဝတို့သည် နိုင်ငံသူနိုင်ငံသားတို့ကို ကောင်းကျိုးပေးလျက်ရှိနေကြလိမ့်မည်။
ထို့ကြောင့် ဤခေတ်ဤအခါ၌ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲဟုတွေး၍ငေး၍ မနေကြပါနှင့်။ ငါတို့ဗိုလ်ချုပ်ကို ဘာတွေလုပ်နေကြသလဲဟု အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ဖို့သာကောင်း သည်”ဟူ၍ ရေးသားခဲ့ပေသည်။
ထို့အတူ ဆရာကြီးမောင်ထင်က “ဗမာ့နိုင်ငံရေးသုခမိန်” စာအုပ်တွင်လည်း “ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင်ဆန်သော ဗိုလ်ချုပ်၏ အတွေးအခေါ်များရင့်သန်လာခဲ့သည့်နည်းတူ လူထု၏စဉ်းစားဉာဏ် လည်း ရင့်သန်လာကြစေရန် လူထုတစ်ရပ်လုံး ကြိုးစားသင့်လှပေသည်။
နိုင်ငံရေးသမားပေါသလောက်၊ နိုင်ငံရေးသုခမိန်ရှားလှသော ဤနိုင်ငံတွင်နိုင်ငံရေးသုခမိန်များ ထွန်းပေါ်လာပါစေရန်ရည်သန်၍ ကျွန်တော်မှတ်မိသမျှဗိုလ်ချုပ်၏ ဟောပြောချက်၊ ကြေညာချက်၊ မိန့်ကြားချက်တို့ကို ယခုတင်ပြပါသည်”ဟူ၍ ရေးသားခဲ့ပေသည်။
သို့ဖြစ်ရကား မြန်မာပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပေါ် ပုဂ္ဂိုလ်ရေးရှုထောင့်မှ ချဉ်းကပ်မှုထက်ဗိုလ်ချုပ်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မိန့်မှာချက်များကို အလေးထား ဖို့လိုသည်။ လိုက်နာဖို့လိုသည်။
နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့်လည်း “တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အခုရုရှားပြည်သစ်တည်ခါစကလို၊ အခု ဘိလပ်မှာဖြစ်နေသလို လူတွေဟာ ခြိုးခြံသည်းခံပြီး ဇွဲနပဲနဲ့ စိစစ်ဆောင် ရွက်လုပ်ကိုင်နိုင်မှ လောင်စာကျပြီး ပြာပုံအတိဖြစ်နေတဲ့ မြန်မာပြည်ကြီးကို စည်ပင်သာယာဝပြောအောင် မနည်းကျုပ်တို့လုပ်ရလိမ့်မယ်ဆိုတာကို ကျုပ်တို့ဟာ လူထုခေါင်းဆောင်တွေဆိုလို့ရှိရင် လူထုနားလည်အောင် ရှေ့ဆောင်ဟောပြောညွှန်ပြ ပြီး သတ္တိရှိရှိလုပ်ပြရလိမ့်မယ်”ဟူသည့် ဗိုလ်ချုပ်၏ မိန့်မှာချက်များအတိုင်း လူထုကို ရှေ့ဆောင်လမ်းပြ ၍ လုပ်ကိုင်ကြရန် လိုအပ်ပေသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဗိုလ်ချုပ် မိန့်မှာချက်အတိုင်း “အတော့်ကိုပြဲအောင်” ကြိုးစားလုပ်ကိုင်ကြ ရမည့်အစား ကျဉ်းမြောင်းသောလူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကို ရှေ့တန်းတင်ခဲ့မှုကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုပျက်ပြားကာ လက်နက်ကိုင်ပဋိပက္ခကို ခေတ်အဆက်ဆက် ဖော်ဆောင်ခဲ့ကြသဖြင့် အမိမြန်မာနိုင်ငံတော်သည် လက်ရှိကာလတွင် ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည်ကို အလေးအနက်ဆင်ခြင်စဉ်းစားပြီး အချိန်မနှောင်း သေးမီ ပြင်ဆင်သင့်သည်များကိုပြင်ဆင်၍ အမိမြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားအားလုံး တက်ညီလက်ညီ၊ ဦးထမ်းပဲ့ထမ်း ကြိုးပမ်းအားထုတ်လုပ်ကိုင်ကြရန် ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခါ သမယတွင် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

အပူပိုင်းဒေသ အဓိကပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာအာဟာရ လျော့နည်းလာခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ မြေအဆင့်အတန်းလျော့ကျခြင်း၊ ရေခန်းခြောက်ခြင်း၊ ဇီဝ မျိုးစုံမျိုးကွဲများလျော့နည်းလာခြင်း စသည့်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင်လည်း အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ကြရလျက်ရှိသည်။ အပူချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်း မှသည် အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးသည်။ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ် ရေနည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ လေထုနှင့်မြေထုအပူချိန် မြင့်မားမှု ဒဏ်ကြာရှည်စွာခံစားရခြင်း၊ အပူချိန်အတက်အကျလွန်ကဲခြင်း၊ မြေဆီလွှာရေငွေ့ပြန်မှုနှုန်းမြင့်မားခြင်း၊ စိုထိုင်းဆနိမ့်ခြင်း၊ မြေဆီခြောက်ခန်းခြင်းနှင့် မြေအရည်အသွေးအဆင့်အတန်းနိမ့်ကျခြင်း၊ ရေနှင့်လေ တိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာတိုက်စားခြင်းစသည်တို့သည် အဓိကရင်ဆိုင်နေရသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများဖြစ်သည်။
မြေယာအတန်းအစား ကျဆင်းခြင်း
မြေယာအတန်းအစား ကျဆင်းခြင်းဆိုသည်မှာ မြေသြဇာကောင်းမွန်သောမြေများမှ စိုက်ပျိုးရေး သီးနှံထုတ်ကုန်များစိုက်ပျိုးထုတ်လုပ်ရန် မဖြစ်ထွန်းနိုင်သောခြောက်သွေ့သောမြေများ၊ သစ်ပင်များ ပေါက်ရောက်နိုင်ရန် စိုက်ပျိုးနိုင်ရန် ခက်ခဲသောမြေများ၊ အောက်ခံကျောက်သားများသာ တွေ့မြင် ရနိုင်သည့် ကျောက်တောင်၊ ကျောက်ကုန်းများအဖြစ် ပြောင်းလဲသွားသည့် ဖြစ်စဉ်ကိုဆိုလိုသည်။ မြေယာအတန်းအစား ကျဆင်းပျက်စီးခြင်း၊ တစ်မုဟုတ်ချင်း ပြောင်းလဲသွားခြင်းမဟုတ်ဘဲ သစ်ပင် သစ်တောများပျက်စီးပြုန်းတီးမှု၊ ဂေဟစနစ်များ ပျက်စီးမှုများမှတစ်ဆင့် အပင်များပေါက်ရောက် နိုင်မှုမရှိဘဲ တစ်စတစ်စလျော့နည်းပျောက်ကွယ်သွားသည့်ဖြစ်စဉ်ဖြစ်သည်။ နောက်ဆုံးတွင် သဲကန္တာရ ဖြစ်ပေါ်လာသည့် အန္တရာယ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်များသည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နှောင့်နှေးစေနိုင်သည့်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ခုလည်းဖြစ်သည်။
သစ်တောသယံဇာတများကို စနစ်တကျစဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်း၊ သစ်တောပြုန်းတီးသော တောနိမ့်တောပျက်များတွင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ မြေအသုံးချမှုစနစ်တကျထိရောက်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်မည့် စိုက်ပျိုးရေးနည်းစနစ်များအသုံးပြုခြင်း (Climate Smart Agriculture-CSA)စသည့် နည်းလမ်းများသည် အဆိုပါပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်သည့် သဘာဝအခြေခံသော နည်းလမ်းများ (Nature-based solutions)ဖြစ်သည်။
မြေဆီလွှာထိန်းသိမ်းရေး
စိုက်ပျိုးရေးသီးနှံများဖြစ်စေ၊ သစ်တောသစ်ပင်များဖြစ်စေ ရှင်သန်ကြီးထွားဖြစ်ထွန်းအောင်မြင်ရန် အဓိကအားဖြင့် “မျိုး၊ မြေ၊ ရေ၊ နည်း”ပြည့်စုံကောင်းမွန်ရန်လိုအပ်သည်။ အဆိုပါလေးမျိုးအနက် မြေဆီလွှာ(Soil)သည်အပင်များအသက်ရှင်ရပ်တည်နိုင်ရေးအတွက်အထောက်အကူပြုသော အပေါ်ယံ မြေလွှာဖြစ်သည်။ ကြေကွဲပျက်စီးနေသော သတ္တုများ(Minerals)၊ ဆွေးမြည့်နေသည့် အော်ဂဲနစ် ပစ္စည်းများ၊ အလွှာအမျိုးမျိုးပါသော သဘာဝမြေသားကိုမြေဆီလွှာဟုခေါ်ဆိုကြသည်။ ပြိုကွဲကျေ ပျက်ပြီးသော တွင်းထွက်သတ္တုများနှင့်ဆွေးမြည့် သက်ရှိပစ္စည်းများ ရောနှောပါဝင်ဖွဲ့ စည်းထားသော အရင်းအမြစ်လည်းဖြစ်သည်။ မြေဆီလွှာသည် အစားထိုးမရသော သဘာဝသယံဇာတဖြစ်ပြီး အပင်များ ကြီးထွားရန်အတွက် အထောက်အကူပြုသည့်ကမ္ဘာ့အပေါ်ယံရှိ အလွှာပါးဖြစ်သည်။ မြေဆီလွှာသည် လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် နေထိုင်စရာတို့ကို ထောက်ပံ့ပေးနေသည့် သဘာဝသယံဇာတ ဖြစ်သည်။
မြေဆီလွှာအရည်အသွေးကျဆင်းခြင်း၊ မြေဆီလွှာ ပျက်စီးခြင်းကြောင့် ဆုံးရှုံးမှုကြီးမားစွာဖြစ်ပေါ်နိုင် သည်။ မြေဆီလွှာပျက်စီးခြင်း၏လက္ခဏာများမှာ များပြားသည်။ ရုပ်ဂုဏ်သတ္တိများပျက်စီးခြင်း (ဥပမာ-မြေဆီလွှာအား ရေနှင့်လေတိုက်စားခြင်းကြောင့် မြေစိုင်မြေခဲများ ကြေမွပျက်စီးခြင်း၊ မြေသားဖွဲ့ စည်းတည်ဆောက်မှုကိုပျက်စီးခြင်း)၊ ဓာတ်ဂုဏ်သတ္တိများပျက်စီးခြင်း (ဥပမာ-မြေသည် ဆိုးဆိုးရွားရွား မြေချဉ်ခြင်း၊ ငန်ခြင်း ၊ အက်စစ်ဖြစ်ပေါ်ခြင်း၊ ဆားပေါက်ခြင်း၊ Micronutrient နှင့် Macronutrient စသည့်အာဟာရဓာတ်များချို့တဲ့ခြင်း)၊ ဇီဝဂုဏ်သတ္တိများပျက်စီးခြင်း(ဥပမာ- မြေဆီလွှာတွင်ပါဝင်သည့် အဏုဇီဝပိုးမွှားများ Micro- organism နှင့် Macro-organism များ လျော့နည်းသွားခြင်း) ဟူ၍လည်း ခွဲခြားနိုင်သည်။
မြေဆီလွှာ၊ ရေ၊ သယံဇာတနှင့်သစ်ပင်သစ်တောများသည် တစ်ခုနှင့် တစ်ခုဆက်နွှယ်နေသဖြင့် မြေ၊ ရေနှင့် သစ်ပင်သစ်တောများကို ဘက်စုံကဏ္ဍစုံနည်းလမ်းအမျိုးမျိုးဖြင့် ထိန်းသိမ်းကြရမည်ဖြစ်သည်။
ကွန်တိုကန်သင်းတည်ဆောက်ခြင်း၊ နုန်းတားဆည်/ကန်သင်းတည်ဆောက်ခြင်း၊ ရေကျော်ကျောက် တန်းတည်ဆောက်ခြင်း၊ရေစုကျင်း၊ ရေစုကန်များတည်ဆောက်ခြင်း၊ စိုက်ကျင်းများဖြင့် သစ်ပင်စိုက်ပျိုး ခြင်းကဲ့သို့ ရုပ်ဝတ္ထုများအသုံးပြုထိန်းသိမ်းခြင်း (Physical Measures)၊ တောင်စောင်းများတွင် ကွန်တို လိုင်းအတိုင်း သီးနှံပင်များ၊ မြက်များကို စိုက်ပျိုးခြင်း၊ မြေဆီလွှာဖုံးရန်အပင်ငယ်များ စိုက်ပျိုး ခြင်း၊ လေကာပင်များစိုက်ပျိုးခြင်း စသည့်သက်ရှိများအသုံးပြုထိန်းသိမ်းခြင်း (Biological Measures)နှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ မြေလှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်း၊ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနည်းလမ်းကောင်းများကျင့်သုံးစိုက်ပျိုးခြင်း(Good Agriculture Practices) အစရှိသည့် စိုက်ပျိုးရေးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း(Agronomic Measures) အဓိကအသုံးပြု ဆောင်ရွက်နိုင်သည်။
အထူးသဖြင့် အပူပိုင်းဒေသများတွင် အပူချိန်လျှော့ချနိုင်ရန်နှင့် အရိပ်အာဝါသများရရှိစေရန်၊ ရေရှည် တည်တံ့သော စိုက်ပျိုးရေးစနစ်ကို အထောက်အကူပြုစေရန်၊ မြေဆီလွှာအာဟာရဓာတ်များ တိုးတက်ကောင်းမွန်စေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားလာစေရန်၊ အပူပိုင်းမိုးခေါင်ရေရှားဒေသများတွင် မိုးရေအားစုဆောင်းရန်နှင့် ရေသယံဇာတများထိန်းသိမ်းနိုင်ရန် “ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD)” က အောက်ပါ လုပ်ငန်းများဆောင်ရွက်ရန်တိုက်တွန်းထားသည်-
- သစ်တောများပြန်လည်တည်ထောင်ခြင်း၊ သဘာဝတောများထိန်းသိမ်းခြင်း၊ ဓမ္မတာ မျိုးဆက်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊
- ရေများကိုချွေတာသုံးစွဲခြင်း၊ သန့်စင်ပြီးပြန်လည်သုံးစွဲခြင်း၊ မိုးရေကိုစနစ်တကျစုဆောင်းအသုံးပြုခြင်း များအပါအဝင် ရေသယံဇာတများထိန်းသိမ်းခြင်းနှင့် စနစ်တကျစီမံခန့်ခွဲခြင်း၊
- လေတိုက်စားမှု၊ ရေတိုက်စားမှုများကာကွယ်ရန်အတွက် မြေဆီလွှာအကာအကွယ်အဖြစ်ရှင် သန်နိုင် မည့် ဒေသ မျိုးရင်းအပင်များ၊ ကြီးမြန်သစ်ပင်များ၊ အပူဒဏ်ခံနိုင်သော အပင်များစိုက်ပျိုးခြင်း၊
- လယ်၊ ယာအစပ်များတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ အိမ်ခြံဝင်းအတွင်း Home Garden ကဲ့သို့ သစ်ပင်မျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်ခြင်း၊
- သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနှင့်ကိုင်းချိုင်ခြင်းမှရရှိလာသော သစ်ရွက်၊ သစ်ကိုင်းများကို အပင်ခြေတွင်စုပုံပြီး မြေဆီလွှာအား အကာအကွယ်ပေးခြင်း။
မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများ နည်းလမ်းများစွာရှိရာ သစ်ပင်သစ်တောများစိုက်ပျိုး ထိန်းသိမ်းခြင်းသည် အခြေခံအကျဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ ရိုးရှင်းလွယ်ကူဆုံး၊ လူတိုင်း လူတိုင်းနေရာ ဒေသမရွေး ဆောင်ရွက်နိုင်ဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်။
သစ်ပင်စိုက်ပျိုး၍ မြေယာပြုပြင်ထိန်းသိမ်းခြင်း
အပူပိုင်းဒေသသည် ပူပြင်းခြောက်သွေ့ပြီး မိုးရေချိန်နည်းပါးကာ မြေတိုက်စားမှုများကြောင့် အပေါ်ယံ မြေဆီလွှာနည်းပါးသဖြင့် အပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှသလို ရှင်သန်အောင်မြင်စေရန် စိုက်ပျိုးရန်လည်းခက်ခဲသည်။ အထူးသဖြင့် အပူပိုင်းဒေသ၏ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့် အပင်မျိုးစိတ်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်ရန်အလွန်ခက်ခဲသည်။ သစ်ပင်စိုက်ပျိုးသည့် နေရာဒေသ ၏ ရာသီဥတု၊ မိုးရေချိန်၊ မိုးရွာသွန်းမှုပုံစံ၊ မြေဆီလွှာအခြေအနေနှင့် စိုက်ပျိုးမည့်သစ်မျိုးတို့ အပေါ် မူတည်ပြီး ကြံ့ခိုင်သန်စွမ်းသော ပျိုးပင်၊ မှန်ကန်သင့်လျော်သည့် စိုက်ပျိုးနည်းစနစ်၊ လုံလောက်သော သွင်းအားစု၊ စဉ်ဆက်မပြတ်ပြုစုထိန်းသိမ်းမှုတို့ဖြင့် စိုက်ပျိုးဆောင်ရွက်ကြမှသာ အောင်မြင်နိုင်သည်။
အပူပိုင်းဒေသများရှိ မြေဆီဩဇာအာဟာရနည်းပါးနေသောမြေများ၊ ထုတ်လုပ်နိုင်မှုစွမ်းအားကျဆင်း နေသောမြေများ၊ မြေဆီလွှာအတန်းအစား ကျဆင်းနေသောမြေများကို ပြန်လည်ကောင်းမွန်လာစေရေးအတွက် သစ်တောသစ်ပင်များ၊ နှစ်ရှည်စားပင်သီးပင်များကို မှန်ကန်စွာရွေးချယ်စိုက်ပျိုးမှသာ အပင် များရေရှည်ရှင်သန်အောင်မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ အပူပိုင်းဒေသတွင် ရှင်သန်အောင် မြင်နိုင်သည့် ဒေသမျိုးရင်းသစ်မျိုးများဖြစ်သော တမာ၊ ထနောင်း၊ မန်ကျည်း၊ မြန်မာကုက္ကို၊ မြန်မာရှား၊ ဒဟတ်၊ သခွတ်၊ မဲဇလီ၊ ပန်းမဲဇလီ၊ မည်စည်၊ စန္ဒကူး၊ ဖျောက်ဆိပ်၊ စံကားဝါ၊ သစ်ဆိမ့် စသည့်ဒေသမျိုး ရင်းသစ်မျိုးများကို ပျိုးထောင်စိုက်ပျိုးလာလျက်ရှိသည်။ အဆိုပါဒေသမျိုးရင်းသစ်မျိုးများသည် နွေအပူ ဒဏ်ခံနိုင်၍ အရိပ်အာဝါသပေးစွမ်းနိုင်ရုံသာမက အသီး၊ အပွင့်၊ အညွန့်၊ အရွက်၊ အခေါက်တို့ကိုလည်း ချက်ပြုတ်စားသုံးနိုင်သကဲ့သို့ ဆေးဖက်ဝင်အဖြစ်လည်း အသုံးပြုနိုင်သည့်အကျိုးကျေးဇူးများ ပံ့ပိုးပေး သည်။ အပူပိုင်းဒေသ ဇီဝမျိုးစုံမျိုးကွဲများလည်း တိုးပွားစေသည်။
ထို့ပြင် မြေညံ့များကို ထုတ်လုပ်မှုစွမ်းအားပြန်လည်ကောင်းမွန်လာစေရေးအတွက် မြေပေါ်ဇီဝဒြပ် ထုထုတ်လုပ်မှု အားကောင်းသော အပင်များ၊ နိုက်ထရိုဂျင်ဓာတ်ထုတ်နိုင်စွမ်းမြင့်မား သောအပင်များ (Nitrogen fixing trees)၊ ရေသောက်မြစ်ရှည်သော၊ အမြစ်မွှားများသောအပင်များ၊ ပင်ကြွေဆွေးမြည့်မှု မြန်သောအပင်များ၊ ခြောက်သွေ့မှုဒဏ်ခံနိုင်သောအပင်များစသည်ဖြင့် ရွေးချယ်စိုက်ပျိုးနိုင်သည်။
ဥပမာ-ဘောစကိုင်း၊ သင်္ဘောပန်းတမာ၊ ပဲချယ်ရီ၊ ယမနေ၊ မြန်မာကုက္ကို၊ ပိတောက်၊ ပေါက်ပန်းဖြူ၊ မဲဇလီ၊ ပန်းမဲဇလီ၊ ဆီး၊ အော်ရေးရှား၊ မန်ဂျန်ရှား၊ ဖျောက်ဆိပ်၊ ဒဟတ်၊ ကန္တာစိမ်းစသည့် အပင်မျိုးများကိုလည်း နေရာဒေသအလိုက် သင့်လျော်သလိုရွေးချယ်စိုက်ပျိုးနိုင်သည်။
လမ်းဘေးဝဲ/ယာများတွင် စိုက်ပျိုးခြင်း
လမ်းဘေးဝဲ/ယာတွင် စိုက်ပျိုးရန်အတွက် နေရာဒေသ၊ ရေ၊ မြေ၊ ရာသီဥတုအခြေအနေနှင့် ကိုက်ညီ သောအပင်မျိုးများကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်သကဲ့သို့ အမြဲစိမ်းအပင်များ၊ အရွက်သေးသော၊ ရွက်အုပ်ကောင်းသော၊ အပွင့်လှပသော၊ အမြစ်နက်ရှိုင်းစွာရှိပြီး အကြမ်းခံသော အပင်စရိုက် လက္ခဏာများရှိသည့်သစ်မျိုးများ၊ ကြီးမြန်သစ်မျိုးများကိုလည်း ရွေးချယ်စိုက်ပျိုးသင့်သည်။ ဥပမာ- မြန်မာကုက္ကို၊ ထနောင်း၊ တမာ၊ စိန်ပန်း၊ မဲဇလီ၊ ပန်းမဲဇလီ၊ ခရေ၊ ပိတောက်၊ ငုစပ်၊ ငုရွှေ၊ ပဲချယ်ရီ၊ စွယ်တော်၊ ညောင်၊ မန်ကျည်း၊ ပျဉ်းမ၊ ရေတမာ(သင်္ဘောတည်)၊ မန်ဂျန်ရှား၊ အကေးရှား၊ ယူကလစ်၊ ပြည်လုံးချမ်းသာ၊ သင်္ဘောကုက္ကို၊ ခါတော်မီ၊ ဆီသပြေ၊ မည်စည် စသည်တို့ကို စိုက်ပျိုးနိုင်သည်။ အပူပိုင်းဒေသတွင် အရိပ်ကောင်းသော မန်ကျည်း၊ လက်ပံ၊ ညောင်၊ ညောင်ထောက်၊ ပေါက် စသည်တို့ကိုလည်း စိုက်ပျိုးကြသည်။ သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမျှတ ကောင်းမွန်လာစေပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလာခြင်း၊ ထုတ်လုပ်မှု ကောင်းမွန်သောမြေယာများပြန်လည်ဖြစ်လာစေခြင်း၊ သဲကန္တာရ ဖြစ်ထွန်းမှုများ၊ မိုးခေါင်ရေ ရှားမှုပြဿနာများနှင့် ပူပြင်းခြောက်သွေ့မှုများကို တားဆီးကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များစွာရရှိနိုင်မည်ဖြစ်သည်။
သစ်တောနယ်မြေပြင်ပတွင်စိုက်ပျိုးခြင်း
သစ်တောနယ်မြေများ (သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ)တွင်သာမက သစ်တောနယ် မြေပြင်ပမှ သစ်ပင်များ (Trees outside Forests-ToF)၏အခန်းကဏ္ဍကိုလည်း ပိုမိုမြှင့်တင်စိုက်ပျိုး ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် စိမ်းလန်း စိုပြည်သော ကျေးရွာနှင့်မြို့ပြများပေါ်ထွက်လာမည်ဖြစ်သည်။ ဥပမာအားဖြင့်မိမိတို့၏အိမ်ခြံဝင်းပတ်လည်နှင့် လယ်ယာများပတ်လည်တွင် စားပင်၊ သီးပင်၊ နှစ်ရှည် ပင်၊သစ်တောသစ်ပင် အစရှိသည့်အပင်များစိုက်ခြင်းနှင့် သဘာဝအပင်ကျန်များ ထိန်းသိမ်း ခြင်း၊ ကျေးရွာအတွင်းနှင့်ပတ်ဝန်းကျင် တစ်အုပ်တစ်မ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာထင်းစိုက်ခင်း နှင့်ဘက်စုံသုံးစိုက်ပျိုးခြင်း၊ မြို့ပြနှင့်မြို့ပြပတ်ဝန်းကျင်အတွင်း အစိမ်းရောင်ဧရိယာများ (Green Space) များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ မြစ်၊ ချောင်းတစ်လျှောက်နှင့် ရေကန်များ၊ အင်း၊ အိုင်များ ပတ်လည်တွင် စိုက်ပျိုးထိန်းသိမ်းခြင်း၊ မီးရထားလမ်း၊ ကားလမ်းဘေးဝဲ/ယာများတွင် စိုက်ပျိုးခြင်း၊ တောင်ထိပ်၊ တောင်ကုန်းများတွင် စိုက်ပျိုးထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ သစ်တောနယ်မြေပြင် ပနေရာ များတွင် စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် စိမ်းလန်းသောကျောင်းများ၊ ကျေးရွာများ၊ မြို့ပြများထွက် ပေါ်လာ မည်ဖြစ်သည်။
အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့အနေဖြင့် အပူပိုင်းဒေသအပါ အဝင် ဂေဟစနစ်အမျိုးမျိုးရှိ သစ်ပင်သစ်တောကျဲပါးသောနေရာများတွင် သစ်တောဖုံးလွှမ်းမှုတိုးတက် ကောင်းမွန်လာစေရေး၊ သစ်တောများ ရေရှည်တည်တံ့စေရေးအတွက် သစ်တောများကို စနစ်တ ကျစီမံအုပ်ချုပ်လုပ်ကိုင်လျက်ရှိသည်။
နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁- ၂၀၀၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း(၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ)များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသများတွင် အပူဒဏ်လျော့ပါးသက်သာစေရန်၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးအထောက်အကူပြုရန်နှင့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုသာယာကောင်းမွန်လာစေရန်ရည်ရွယ်ပြီး နှစ်တို၊ နှစ်ရှည်စီမံချက်များအရ စိုက်ပျိုးခြင်းအပြင် ၂၀၂၄ ခုနှစ် မိုးရာသီတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း တစ်ရွာ နှစ်ဧက စိုက်ခင်း ၁၀၄၉ ဒသမ ၄၁ ဧက (အပင်ပေါင်း ၃၅၈၅၀၃ပင်)၊ ဘက်စုံသုံးစိုက်ခင်း ၃၃၉ ဒသမ ၇၉ ဧက(အပင်ပေါင်း ၁၀၆၉၂၄ ပင်)၊ကျေးရွာ ထင်းစိုက်ခင်းဧက ၁၈၅၀ (အပင်ပေါင်း ၁၅၅၅၁၀၀ ပင်)၊ ရေဝေရေလဲစိုက်ခင်း ၉၀၅ဧက (အပင်ပေါင်း ၂၈၇၅၇၅ ပင်)၊ တောင်တန်းစိုက်ခင်း ၂၇၅ ဧက (အပင်ပေါင်း ၁၁၀၈၂၅ ပင်)၊ အခြားစိုက်ခင်းဧက ၂၀၀ (အပင်ပေါင်း ၂၄၂၀၀)၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၃၅၉၅၂၉ ပင်၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ၂၇ ဒသမ ၈၇ ဧက(အပင် ပေါင်း ၅၅၇၇ ပင်)၊ လမ်းဘေးဝဲ/ယာစိုက်ပျိုးခြင်း ၂၉၂၂၀ ပင်၊ သစ်ပင် စိုက်ပျိုးပွဲတော်များကျင်းပခြင်း ၂၈၆၈၈ ပင် စုစုပေါင်း ၄၆၄၇ ဒသမ ၀၇ ဧက၊ (အပင်ပေါင်း ၂၈၆၆၁၄၁ ပင်)တို့ကို စိုက်ပျိုးတည်ထောင်ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှ ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် မိုးရာသီတွင် စုစုပေါင်း ၄၂၉၁ ဒသမ ၉၅ ဧက (အပင်ပေါင်း ၁၈၈၇၅၉၀ ပင်) စိုက်ပျိုးဆောင်ရွက် လျက်ရှိသည်။ သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် လူတိုင်းပူးပေါင်းပါဝင်လာစေရန် ရည်ရွယ် ပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို အပူပိုင်းဒေသ ၁၃ ခရိုင် အပါအဝင် နိုင်ငံ တစ်ဝန်းကျင်းပလျက်ရှိသည်။
သစ်ပင်ကိုချစ်မြတ်နိုးပြီး တန်ဖိုးထားဂုဏ်ယူသောစိတ်ဖြင့် စိုက်ပျိုးထိန်းသိမ်းပါစို့
“သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး”ဟုဆိုသည်။ သစ်ပင်သစ် တောများကို ချစ်ခင်နှစ်သက်စွာ စိုက်ပျိုး ထိန်းသိမ်းခြင်းဖြင့် အဖိုးတန်ရွှေများကို ပိုင်စိုးရသကဲ့သို့ ချမ်းသာကြွယ်ဝနိုင်ကြောင်း ဖော်ညွှန်းထားခြင်းဖြစ်သည်။ “သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားခို”ဆိုသော်လည်း သစ်ပင်တစ်ပင်ရှင်သန်အောင်မြင်ပါက ကျေးငှက်တိရစ္ဆာန်များစွာ နားခိုနိုင်ရုံသာ မက ဘက်စုံအကျိုးကျေးဇူးများကိုရရှိခံစားနိုင်သည်။ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းများသည် နိုင်ငံတော်၏ ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်သစ်များ အတွက်အလွန် အရေးကြီးပြီး အကျိုးကျေးဇူးကြီးမားစေသည့်သဘာဝရင်းနှီးမြှုပ်နှံမှုလည်းဖြစ်သည်။
စိမ်းလန်းစိုပြည်သာယာသည့် ရေမြေတောတောင် သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ကောင်းများကို အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းနိုင်ရန်၊ ဂုဏ်ယူတန်ဖိုးထားတတ်ရန်၊ စိမ်းစိုသာယာ လှပသည့် မိမိတို့နိုင်ငံကို ချစ်ခင်စိတ်၊ မျိုးချစ်စိတ်များရှင်သန်နေစေရန်၊ သစ်တောများမှပံ့ပိုးသော ဂေဟ စနစ်ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝရရှိခံစားနိုင်ရန် သစ်ပင်များအရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ်စိုက်ပျိုး ကြရမည်ဖြစ်သည်။ သစ်တောနယ်မြေနှင့်သစ်တောနယ်မြေပြင်ပ မည်သည့်နေရာမှ သစ်ပင်သစ်တော များကိုမဆို တန်ဖိုးထားထိန်းသိမ်းကြရမည်ဖြစ်သည်။ တစ်ဦးချင်းတစ်ယောက်ချင်း အနေဖြင့်လည်း ကောင်း၊ အစုအဖွဲ့ဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အကျိုးဆက်စပ်ပတ်သက်သူများ၊ ပုဂ္ဂလိကကဏ္ဍများ၊ ပြည်သူများအားလုံး ပူးပေါင်းပြီး မိမိတို့၏ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကို သစ်ပင်ပန်း မန်များ၊ သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး ရာသီဥတုမျှတကောင်းမွန်သော ဒေသကြီးများဖြစ်လာ စေရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းကို တန်ဖိုးထားဂုဏ်ယူစွာ စိုက်ပျိုးထိန်းသိမ်း ပါစို့ဟု တိုက်တွန်းအပ်ပါသည်။ ။

“နတ်ပြည်မိုးသူဇာ၊ ပျံကျလာသို့ရှုသာတင့်စနိုး၊ လှခေါင်မိုးလျှင်ပြစ်မျိုးမှည့်မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းကိုညဉ့်ခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့”
အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရ၏ ဝဏ္ဏပဘာရတုကဗျာမှ ပြစ်မျိုးမှည့်မထင်သော၊ ဖြူစင် ဝင်းပသော၊ ရှုချင်စဖွယ် တင့်တယ်လှပသော၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့နေတတ်သောလှမှန်ကင်းဖြစ်သော မိန်းကလေးငယ်၏ပင်ကိုအလှကို ဖွဲ့ဆိုထားသည့်အလှအဖွဲ့ဖြစ်သည်။
အလှဟူသည်

ကျွန်မတို့သည် အလှ၊ အလှအပ၊ အလှတရားဟုဆိုလိုက်ပါလျှင် ယေဘုယျအားဖြင့် မျက်နှာအလှ၊ အသားအရေအလှ၊ ကိုယ်ခန္ဓာအလှ၊ ရုပ်ဆင်းသွင်ပြင်အလှစသည်များကို မြင်မိထင်မိတတ်ကြသည်။ စာပေထဲကအလှဘွဲ့ဟုဆိုပါလျှင်လည်း မောင်တို့မယ်တို့၏ရုပ်ဆင်းရူပကာ အလှအပအဖွဲ့အနွဲ့များကို အောက်မေ့သတိရမိတတ်ကြသည်။
“ဣတ္ထိ ရူပံ ဓနံ”- မိန်းမတို့၏ ဥစ္စာပစ္စည်းသည် အဆင်းဖြစ်သည်ဟူသော ဆိုရိုးစကားသည်လည်း ကျွန်မတို့ပစ်ပယ်၍မရသော၊ မပစ်ပယ်နိုင်သော လောကီဝါဒအလှအယူအဆဖြစ် နေသည်။ မြန်မာ စာပေကို အဖတ်အမှတ်နာလာသောအခါ၊ အလေ့အလာအဆည်းအပူးများလာသောအခါ၊ မြန်မာစာပေ ထဲမှမိန်းမလှများကိုကျွန်မသတိပြုမိလာသည်။
စာပေထဲမှယင်းမိန်းမလှများသည် ပုဂံခေတ်ကျောက်စာများထဲတွင် မြင်ရတွေ့ရထိတွေ့ခံစားရသော အလှူ့အမ ပုဂံသူမိန်းမသားများ၊ အနှစ် ၁၀၀၀ ကြာပြီဖြစ်သော မြန်မာစာပေခရီးလမ်းကြောင်းတွင် စာပေဂီတကဗျာအနုပညာပစ္စည်းများဖန်တီးခဲ့ကြသူ စာပြုစာဆိုသူမိန်းမသားများ၊ ဝတ္ထုကဗျာစသော ရသစာပေများထဲတွင် သက်ဝင်လှုပ်ရှားနေကြသောဇာတ်ဆောင်မိန်းမသားများ စသည်များစွာတို့၏ စာအလှ၊ စိတ်အလှ၊ သဒ္ဓါတရားအလှ၊ ကိုယ်ကျင့်တရားအလှ၊ အချစ်အလွမ်းအလှ၊ အိမ်ထောင်မှုအလှ၊ မိသားစုအလှ၊ လူနေမှုအလှစသောအနှစ်သာရပြည့်ဝသော အဖိုးထိုက်တန်သောအလှများကို ပိုင်စိုးထား သူများဖြစ်ကြသည်။
တောင်တွင်းရှင်ငြိမ်းမယ်
“နှမလေးမယ်တို့မောင်မှာ၊ စစ်သံကြားလျှင် ရွှေဓားပိုက်ကာ၊ အိုးစားဖက်ကို လိုက်လို့ရှာသည်၊ ရိက္ခာကနည်း မိုးကသည်းသနှင့်၊ သင်းတွဲကိုမှ ကူးနိုင်ပါ့မလားတော်”
ဟူသော စစ်မှာတစ်မူ အိုင်ချင်းမှကဗျာတစ်စကို တက္ကသိုလ်ဝင်တန်း စာသင်ခန်းကို ဖြတ်သန်းဖူးသူတိုင်း စွဲခဲ့ကြသည်။
စစ်မှာတစ်မူ အိုင်ချင်းကဗျာရှင်ဖြစ်သော ရှင်ငြိမ်းမယ်သည် “ချစ်တဲ့သူငယ်လေ ....... သူငယ်ချင်း ကောင်း ယောက်မတို့လေ”
ဟူ၍ သူငယ်ချင်းအား ရင်းနှီးချစ်ခင်စွာခေါ်ဆိုပြီး ရင်ဖွင့်ခဲ့သော ချစ်စဖွယ်အိုင်ချင်းကဗျာများကို ရေးဖွဲ့ခဲ့ သည့် ညောင်ရမ်းခေတ်ကျေးလက်သူဖြစ်သည်။
သို့ရာတွင် နာမည်ဂုဏ်သတင်းကျော်စောခြင်းမရှိသော၊ ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝခြင်းမရှိသော၊ ရာထူးရာခံကင်းမဲ့သော၊ ကျေးတောသူတစ်ဦးမျှသာဖြစ်သော ရှင်ငြိမ်းမယ်သည် သူ့ခေတ်သူ့အခါက အမှတ်ထင်ထင်မှတ်တမ်းတင်ခံရသောစာဆိုမဖြစ်ခဲ့ရပါချေ။ မွေးဖွားရာဇာတိရွာအမည်၊ မွေးဖွားသောခုနှစ်သက္ကရာဇ်၊ မိဘမည်ရည်၊ ဘဝခရီးပုံရိပ်၊ ကွယ်လွန်သော ခုနှစ်သက္ကရာဇ် အစရှိသောသူမ၏ဘဝအတ္ထုပ္ပတ္တိကိုလည်းမတွေ့ရှိကြရပါချေ။ နောက်နှောင်းလူများအနေဖြင့် ရှင်ငြိမ်းမယ်ကို တောင်တွင်းကြီးနယ်သူ ညောင်ရမ်းခေတ် မြန်မာအမျိုးသမီးတစ်ဦး၊ နှစ်လိုဖွယ် အိုင်ချင်းကဗျာများကို ရေးဖွဲ့သူ ကျေးလက်စာဆိုမယ်တစ်ဦးအဖြစ်သာ တွေ့မြင်သိရှိကြရသည်။
ရှင်ငြိမ်းမယ် ရေးဖွဲ့ခဲ့သောအိုင်ချင်းကဗျာများ ၁၅ ပုဒ်ခန့်တွေ့ရှိရသည်။ မြန်မာသက္ကရာဇ် ၉၀၀ မှ ၁၁၀၀ ဝန်းကျင်အတွင်း ပေါ်ထွက်ခဲ့ခြင်းဖြစ်သောကြောင့် ယင်းအိုင်ချင်းများကို “ရာပြည့်အိုင်ချင်းများ”ဟု နှောင်းလူတို့က သတ်မှတ်ခေါ်ဆိုကြသည်။ ရှင်ငြိမ်းမယ်၏ အိုင်ချင်းကဗျာများသည် ကျေးလက် နေလုလင်ပျိုနှင့်လုံမပျိုတို့၏ချစ်ရေးချစ်ရာများကို ပြုံးချင့်စဖွယ်ကြည်နူးလွမ်းမောဖွယ် ဖွင့်အံသွန်ချ ထားသော အချစ်ရသ၊ အလွမ်းရသကျေးလက်တေးကဗျာများဖြစ်သည်။
အိုင်ချင်းကဗျာ
ပုဂံဝန်ထောက်မင်းဦးတင်က “အိုင်”ဟူသော ဝေါဟာရသည် ကဗျာ၊ အသံ၊ ပြည့်လျှမ်းသော၊ အင်းအိုင် ဟူသော အနက်များရှိကြောင်း ဆိုခဲ့သည်။
ဆုတောင်းခန်းပျို့မှ “နေစိမ့်ကိုင်သို့၊ အိုင်အိုင်ရင့်ကျူး၊ နှလုံးနူးအောင်”ဟူသောအဖွဲ့ မဂ္ဃစိုးခန်းပျို့မှ “ထိုရပ်ပြည်ကား၊ သံကြည်ရိုက်အိုင်၊ မိုးဖြိုင်ဖြိုင်လျှင်၊ မနိုင်မကန်”ဟူသောအဖွဲ့၊ ကဝိလက္ခဏ သတ်ပုံသံပေါက်မှ “ပိုက်ပိုက်ထုပ်ထုပ်၊ ငြင်းလက်ခုပ်၊ စည်းဆုပ်တီးအိုင်အိုင်”ဟူသောသံပေါက်အဖွဲ့ များအရ “အိုင်”သည် အသံကိုဆိုလိုကြောင်း ထင်ရှားလှသည်။
ထို့ပြင် “အိုင်”ဟူသောစကားမှာ သီဆိုရာ၌ အသံတစ်မျိုးကိုဆိုလိုကြောင်း၊ ထိုအသံကို “အိုင်သံ”ဟု ခေါ်ဆိုကြောင်း၊ ဆရာကြီးဦးဖေမောင်တင်ကလည်း “သီဆိုရန်အတွက် စိတ်နှလုံးကြည်နူး စေတတ်သော အသံမျိုးဖြင့် စီစဉ်ဖွဲ့နွဲ့အပ်သောသီချင်းဖြစ်သောကြောင့် “အိုင်ချင်းဟူ၍ခေါ်ဆိုခြင်း ဖြစ်သည်”ဟု အနက်ဖွင့်ခဲ့သည်။
ရှင်ငြိမ်းမယ်နှင့် အိုင်ချင်းကဗျာ
ရှင်ငြိမ်းမယ်၏ အိုင်ချင်းကဗျာများသည် ချစ်သူမောင်နှင့်ချစ်သူမယ်တို့၏ အချစ်အလွမ်း၊ မိန်းကလေး ၏ဘဝနှင့်ဘဝဝန်းကျင်ပုံရိပ်များကို ချစ်ဖွယ်၊ သနားဖွယ်၊ ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ်၊ သတိမူဖွယ်၊ ဆင်ခြင်ဖွယ်၊ ပြုံးချင်ဖွယ်၊ ရယ်မောချင်စဖွယ်ဖွဲ့ဆိုထားသော တေးကဗျာများဖြစ်သည်။
အိမ်ထောင်ပြုခြင်းကို တစ်သက်မှာတစ်ခါဟုလက်ခံထားကြသော မြန်မာအမျိုးသမီးများသည် လူရည် လူသွေးနုန့်နဲ့သော သာမန်လုလင်ပျိုမျှကို ခင်ပွန်းအဖြစ် မရွေးချယ်ချင်ခဲ့ကြပါချေ။ ဤသဘောကို ပန်ရ မည်ဆိုပါလျှင်လည်း ပင်မြင့်ထက်မှသဇင်ပန်းကိုမှ ပန်လိုသူ၊ လိမ်းရမည်ဆိုလျှင်လည်း ရွှေအဆင်းလို ဝါဝင်းသော နနွင်းတက်ကိုမှ လိမ်းလိုသူ၊ “ကြင်ပါရလို၊ ကြင်ရလျှင်လည်းရေမြေ့သခင်၊ အရှင်စက် ရင်းရွှေတိုက်တော်မှာ၊ စာရင်းသွင်းသည်ခြင်းခြင်းတောက်တဲ့လူ မှသာတဲ့” ဟူ၍ ဖွဲ့ဆိုခဲ့သည်။ မစဉ်းစားမဆင်ခြင်ဘဲ ချစ်သူရည်းစားထားတတ်သူမဟုတ်ကြောင်း၊ ဘုရင်မင်းမြတ် ၏ရွှေတိုက်တော်တွင် စာရင်းဝင်သော မင်းမှုထမ်းကောင်းမျိုးကိုသာ စဉ်းစားမည်ဖြစ်ကြောင်း မိန်းကလေးငယ်၏ ချစ်စိတ်ကူးကို တွေ့မြင်ရသည်။
တကယ်တမ်းချစ်မိသွားသောအခါတွင်မူ ထွေးလေးများက တားဆီးကြသောကြောင့် မတွေ့ရတာ ကြာခဲ့ပြီဖြစ်သောချစ်သူနှင့် တွေ့ရပြန်သောအခါ မယ့်ချစ်သူ လူပုံနွဲ့က“ပဝါရက်သစ်၊ မယ်ကပေး တဲ့ပိုးသေးမဲပါ၊ ခေါင်းပေါင်းပြာလည်မှာရစ်လို့၊ ဖွင့်လှစ်ကယ်မဆိုပခုံးဘယ်တင်၊ မယ့်ကျောပြင်လက်တင် ရပ်လို့၊ မတ်တတ်ကယ်ငိုမောင့်ကိုစိမ်းကား၊ မယ်နှမကဆိုသလား”ဟု စကားနာထိုးလာသောအခါ ယောက်ျားသားဖြစ်ပါလျက် မျက်ရည်ကျနေသောလူပျော့လူနွဲ့ချစ်သူမောင်ကိုပင် စိတ်မပျက်နိုင်ဘဲ “တို့ချစ်ခြင်းကို၊ ကွင်းအောင်တစေနေ့တိုင်းမွှေတဲ့၊ သက်ကြီးဝန်တိုမြင်တိုင်းမုန်းစရာ့ ကုန်းမအိုရေလို ခန်းခြောက်ပါစေသား...” ဟု အဒေါ်များကိုသာ ရန်ထောင်စကားဆိုမိလိုက်ပါတော့သည်။
ယင်းသို့ပင် ဘကြီး ဒေါ်ကြီးများက သဘောမတူ၍ ဝိုင်းဝန်း၍ ဖျက်ကြ၊ တားကြ၊ လှေကားခုံမှာ ဂဠုန် စောင့်၊ လှေကားဦးမှာ ဘီလူးစောင့်၊ ထရံကြားမှာ ဓားသွားထားသည့်ကြားမှ ချိန်းတွေ့ကြသော အခါ.... သူခိုးအမှတ်နှင့် လူလိုက်ခံရသောအခါ ....
“ညီမအထွေး၊ ရွှေတလေးကိုပြေး၍ကြည့်ချေ၊ စေလသောခါအမယ်မမ၊ ကျွန်မခဲအို မြင်ငဲ့ငါတို့၊ ရွာလယ်ကောင်တွင်ခုတင်ကြီးမှာ၊ စောင်းတီးလို့လေး ....”
ဟူ၍ ပူပင်နေသောမိန်းကလေးကိုမှ အားမနာ၊ ရွာလယ်ကောင်ရှိ ကွပ်ပျစ်ခုတင်ပေါ်တွင် စောင်းတီးကာ အေးဆေးသာယာနေသော ချစ်သူမောင်ကို ချစ်စိတ်ဖြင့် အပြစ်မတင်ရက်ခဲ့သူများဖြစ်သည်။
မြန်မာမင်းများအုပ်ချုပ်စဉ်ကာလများတွင် အရေးတော်ပေါ်လေတိုင်း လုလင်တို့သည် စစ်ထွက်ကြ ရသည်။ ချစ်သူမယ်သည် တိုင်းရေးပြည်ရာအတွက် “ရွှေဓားငယ်မှပြိုးပြောင်၊ ရွှေလှံထောင်နှင့်၊ ဝေးခေါင် ရပ်မြေ၊ စစ်ချီရလေတော့သည့်”ချစ်သော စစ်သည်မောင်အတွက် ချစ်စိတ်လွမ်းစိတ်သောကစိတ်တို့ ဖြင့် ပူပန်နေမိသည်။
“စစ်မှာတစ်မူ၊ နှမလေး မယ့်ထက်ဖြူကို၊ ယူမလို့လားတော်၊ စစ်မှာယွန်းမ၊ နှမလေး မယ့်ထက်လှကို၊ ရမလို့လားတော်”ဟူ၍လည်း ထေ့ငေါ့မိသေးသည်။
“မောင်ကလေး မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ မပြေ”နိုင်ဖြစ်နေရပါကြောင်း၊ အလွမ်းများကြောင့် ပိုးလောက်လမ်းကဲ့သို့ ကျွမ်းပစ်နေရပါကြောင်းကို “သောက်တော်ရေအိုး၊ ကျွမ်းထိုးကောင်နှယ်၊ အပျိုဖြူငယ်နှမမှာမှ၊ ကြုံရတယ်ရှင်”ဟု ရင်ဖွင့်ခဲ့သည်။
ချစ်သူထံမှအောင်လေပြီဖြစ်ကြောင်း၊ ဆီမလူးသော ပေဖူးစာနှင့် မှာလိုက်သောအခါတွင်မူ “ဓားကိုသို့ကိုင်၊ လှံကိုသို့နုတ်၊ စစ်မြေပြင်မှာ၊ ဝင်ကာခုတ်”သော မောင်သည် “ဗိုလ်ပေါင်းငယ်မှဝန်းရုံ၊ ရဲမက် ပုံမှာ၊ စိတ်ကုန်အောင် မယ်ချစ်တဲ့၊ မောင်စစ်သည်”ဖြစ်ပါကြောင်း၊ ချစ်သူရဲမက်အတွက် ဂုဏ်ယူ ချစ်ခင်သူလည်းဖြစ်သည်။
ရှေးမြန်မာကြီးများသည် “အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ သည်သုံးခုချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်တဲ့အမျိုး”ဟူ၍ မြန်မာ့အိမ်ထောင်မှုနှုန်းစံကို ယင်းသို့သတ်မှတ်ကြသည်။ အမေများ၊ အဒေါ်များ၊ အစ်မများသည် သမီးများ၊ တူမများ၊ ညီမများ၏အိမ်ထောင်မှုကိစ္စများတွင် မေတ္တာစေတနာ ထားကြသည်။ ဝိုင်းဝန်းစဉ်းစားပေးတတ်ကြသည်။ မသင့်ဟုယူဆလျှင်လည်း တားမြစ်တတ်ကြသည်။
သင့်လျော်သူများတွေ့လျှင်လည်း ဝိုင်းဝန်းနားချပေးတတ်ကြသည်။ အနာဂတ်ကို မစဉ်းစားချင်သေး သော ကာယကံရှင်လူငယ်များအတွက်မူ တစ်ဖက်သတ်ခံစားမှုများ ပြင်းထန်ကြရစမြဲဖြစ်သည်။
“ကြင်ချင်းငယ်မှရည်တူရှင်လူထွက်သစ်၊ ဆယ့်ခြောက်နှစ်ကယ်ကချစ်တဲ့သူကို၊ ကလူငယ်မှကလဲ ချစ်ဖော်ကွဲရ၊ အသည်းကနာသည်အရီးအေ၊ မိထွေးအေတို့မွှေနှောက်လှာသည်”
“တောင်တစ်ပြင်မှာ ၊ အင်ခွင်ရှိသည့်ဗောဓိတကာ၊ ပိန်ပါးပါးသည်မယားကွာက၊ ရှာရှာဖွေဖွေသုံးခါ ရောက်လို့၊ သုံးခေါက်စေလျှင်မျိုးဆွေလုပ်ခွင်၊ ဝတ်ဖြူထွားနှင့် ပုဏ္ဏားမြင်ဗေဒင်အမယ်မေးမိတယ်”
“ဥစ္စာကိုမက်၊ ဘယ်အတွက်ကြောင့်သမက်ဖို့ကြံ၊ ဟိုလတွင်းကအသွင်းငယ်ခံသည်လူစံအမယ် ရွေးလှ တယ်”ဟူသောရှင်ငြိမ်းမယ်၏ “လူစံအမယ် ရွေးလှတယ်”
အိုင်ချင်းသည် မြန်မာအမျိုးသမီးတို့၏ အိမ်ရာထူထောင်မှုနယ်ပယ်နှင့်မိသားစုဝင်လူကြီးလူငယ်တို့၏ ဝိရောဓိများကို စိတ်ဝင်စားဖွယ်၊ သတိပြုမိဖွယ်၊ ပြုံးချင်ဖွယ်၊ နှစ်သက်ဖွယ် ဖွဲ့ဆိုထားသောအိုင်ချင်း ဖြစ်သည်။
အိုင်ချင်းကဗျာများကို ဖတ်ရှုရသောအခါ တောင်တွင်းရှင်ငြိမ်းမယ်ဟူသော လွန်ခဲ့သောနှစ်ပေါင်း လေးရာခန့်က ကျေးလက်စာဆိုတစ်ဦး၏အိုင်ချင်းကဗျာများသည် မြန်မာအမျိုးသမီးတို့၏ချစ်ခြင်း မေတ္တာကိုတန်ဖိုးထားမှု၊ အိမ်ထောင်ရေး၌ လေးနက်မှု၊ ချစ်သူခင်ပွန်းအပေါ် နက်ရှိုင်းစွာ ချစ်ခင်မှု၊ မိခင်ဖခင်များသာမက ထွေးတော်မိကြီးများကပါ သားသမီးများအပေါ်တာဝန်ယူတတ်မှု၊ နွေးထွေး သော လူမှုဆက်ဆံရေးဝန်းကျင်ရှိမှု အစရှိသော ညောင်ရမ်းခေတ် ကျေးလက်လူ့အဖွဲ့အစည်း၏ ပုံရိပ်များကို ချိုသာပြေပြစ်စွာ၊ ပီပြင်ပေါ်လွင်စွာ၊ လှပစွာ၊ ရသမြောက်စွာ ဖော်ကျူးထားသော သီချင်းကဗျာအလှ များဖြစ်သည်ကို တွေ့ရှိရသည်။
အိုင်ချင်းကဗျာများဖြင့် မြန်မာအမျိုးသမီးများ၏အလှကိုစာပန်းချီခြယ်ခဲ့သော တောင်တွင်းရှင်ငြိမ်း မယ်သည်လည်း “အိုင်ချင်းကဗျာအလှ စာပေရသ”များကို ဖန်တီးနိုင်သော ချစ်ခင်နှစ်သက်ဖွယ် ချီးမြှောက်ဖွယ်ကောင်းလှသော မိန်းမလှတစ်ဦးဖြစ်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ရှင် ....။ ။