သတင်းများ

holiday

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။
(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)
( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)
(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)
ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

Soure: MRTV

ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားနည်းရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် လည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားနည်းရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် လည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်

ဂါဇာစီးတီး  ဒီဇင်ဘာ ၁၉

ပါလက်စတိုင်းသမ္မတ မာမွန်အဘတ်စ်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ပါလက်စတိုင်း သံတမန်တစ်ဦးက ယမန်နေ့တွင် ပြောကြားသည်။

အဆိုပါ ခရီးစဉ်သည် ရလဒ်ကောင်းများထွက်ပေါ်ရန် အလားအလာရှိနေသည့် ဟားမက်စ်နှင့် အစ္စရေးတို့ကြားယာယီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိစဉ် ထွက်ပေါ်လာြခင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ကိုင်ရိုမြို့တော်၌ ကျင်းပမည့် D-8 အဖွဲ့၏ (၁၁)ကြိမ်မြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။

အီဂျစ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဒီရယ်အယ်လ်လော့က အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အီဂျစ်သမ္မတ အယ်လ်စီစီက ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်း-အီဂျစ်တို့၏ ပူးပေါင်းကြိုးပမ်းမှုများတွင် ပါလက်စတိုင်းပြည်သူများအား စာနာထောက်ထားသောအားဖြင့် စစ်ပွဲများအဆုံးသတ်ရန်၊ အီဂျစ်နိုင်ငံ၏ အကာအကွယ်ကို သေချာစွာရရှိစေရန်၊ အကူအညီများပေးအပ်ရန်နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဒီရယ်အယ်လ်လော့က ပြောကြားသည်။

ပါလက်စတိုင်းနယ်မြေများကို အစ္စရေးက သိမ်းပိုက်ခြင်းအား အဆုံးသတ်ရန်နှင့် အပြည့်အဝ အချုပ်အခြာအာဏာပိုင်၊ ပထဝီဝင်အနေအထားအရ တစ်ဆက်တည်းရှိပြီး လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ထူထောင်မည်ဖြစ်ပြီး အရှေ့ဂျေရုဆလင်ကို ၎င်း၏ မြို့တော်အဖြစ်သတ်မှတ်ရန် ကြိုးပမ်းမှုများကိုလည်း ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

D-8 အဖွဲ့ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမဟာမိတ်အဖွဲ့ဖြစ်သည်။ ၎င်း၏ အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် တူကီယဲတို့ ပါဝင်သည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်

Source: ကြေးမုံသတင်းစာ

ပါကစ္စတန်နိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေး ထိရောက်စွာဆောင်ရွက်မည်

အစ္စလာမ္မာဘတ်   ဒီဇင်ဘာ ၁၉

ပါကစ္စတန်နိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်က ညွှန်ကြားခဲ့သည်။

လူကုန်ကူးမှုများအား ပါကစ္စတန်နိုင်ငံသားများက ကျူးလွန်နေကြသဖြင့် အရှက်ရမိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထိရာက်စွာအရေးယူဆောင်ရွက်

မကြာသေးမီက ဂရိနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်ရေယာဉ်တိမ်း‌မှောက်မှုတွင် လူကုန်ကူးခံရသည့်ပါကစ္စတန်နိုင်ငံသားများ သေဆုံးခဲ့ရမှုနှင့်စပ်လျဉ်း၍ ပါကစ္စတန်နိုင်ငံသားများအား အခြားနိုင်ငံများသို့ လူကုန်ကူးခဲ့သူများအပေါ် ထိ‌ရောက်စွာအရေးယူဆောင်ရွက်ရန် တာဝန်ရှိသူများအား ၎င်းကထပ်လောင်း ညွှန်ကြားခဲ့သည်။

ပြီးခဲ့သည့်လများအတွင်း လူကုန်ကူးမှုကျူးလွန်သူ ၁၇၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုပပျောက်ရေးအတွက် နယ်စပ်များတွင် စောင့်ကြည့်ရေးစနစ်များကို မြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ

တိုကျိုသို့ Waymo  ၏ စက်ရုပ်တက္ကစီများ ဝင်လာတော့မည်

Waymo ဆိုတာက မောင်းသူမဲ့စက်ရုပ် တက္ကစီများကို တီထွင်ဖန်တီးထုတ်လုပ်ပြီး ကမ္ဘာ့မြို့ကြီးတွေမှာ အသုံးပြုနေသည့်  ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။  

ယခု၎င်းတို့၏ စက်ရုပ်တက္ကစီများက စည်းကမ်းအရာမှာတင်းကျပ်လှပါသည် ဆိုသော ဂျပန်နိုင်ငံ တိုကျိုမြို့၏လမ်းမများထက်ဆီ ဝင်လာတော့မည်ဖြစ်ပါသည်။

Waymo က ဂျပန်နိုင်ငံ၏နာမည်ကြီး အငှားယာဉ်ကုမ္ပဏီဖြစ်သည့် နီဟွန်ကော့ဆု နှင့်ပူးပေါင်းပြီး Jaguar I-PACE အမျိုးအစားလျှပ်စစ်သုံး စက်ရုပ်တက္ကစီများကို ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်အသုံးပြု သွားတော့မည်ဖြစ်ပါသည်။ ယခု   အကောင်အထည်ဖော်မှာက ပထမအဆင့်ဖြစ်တာကြောင့် ယင်းတက္ကစီများတွင် ယာဉ်မောင်းသူတွေက လိုက်ပါ ထိန်းကျောင်းနေရဦးမည်ဖြစ်ပါသည်။  

ကိုးကား - Myawady Web Portal  

မာစီဒီးက သူ့ရဲ့ MBUX မှာ လူကဲ့သို့စက်နဲ့ စကားပြောစနစ် ထည့်သွင်း

ယနေ့ခေတ်နည်းပညာမြင့်ကားများမှာ စကားပြန်ပြောနိုင်စွမ်းရှိတဲ့ အသံ လက်ထောက်စနစ်တွေ များစွာပါဝင်လာပါတယ်။ အဲဒီကားတွေထဲမှာ မာစီဒီးကား တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အသုံးပြုပေးထားတဲ့စနစ်က MBUX စနစ်ပါ။

အရင်တုန်းက အဲဒီစနစ်ဟာ စက်ရုပ် တစ်ရုပ်လိုမျိုးပဲ ကြိုတင်ထည့်သွင်းထား တဲ့အသံဖိုင်တွေကို ဖွင့်ပြတဲ့ပုံစံမျိုးနဲ့သာ အလုပ်လုပ်တာပါ။ ဒါပေမဲ့ အခုအဲဒီလို မဟုတ်တော့ပါဘူး။အဆင့်မြှင့်တင်လိုက်တဲ့ အဲဒီစနစ်မှာ ယာဉ်မောင်းသူက  တကယ့်ကိုလူအစစ် တစ်ယောက်နဲ့အပြန်အလှန်စကားပြောနေရသလိုမျိုး ခံစားချက်ကိုရရှိအောင်လို့ ဖန်တီးထားတာဖြစ်ပါတယ်။ အဓိကက AI နဲ့ပေါင်းစပ်ပြီး တီထွင်ဆန်းသစ်ထားတာပါ။ ဒါကြောင့် MBUX စနစ်အသုံးပြုနိုင်တဲ့ မာစီဒီးကားပိုင်ရှင်များက အဲဒီစနစ်ကို အဆင့်မြှင့်တင်နိုင်ပါတယ်။

တရုတ်နိုင်ငံ ကမ္ဘာ့အကြီးဆုံးလေဆိပ် ၂၀၃၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးမည်

တရုတ်နိုင်ငံသည် လူလုပ်ကျွန်းတုပေါ်တွင် ကမ္ဘာ့ အကြီးဆုံး လေဆိပ်ကို တည်ဆောက်နေပါသည်။

လေဆိပ်ကို Dalian Jinzhou Bay အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟုခေါ်တွင်ပြီး နိုင်ငံ၏ အရှေ့မြောက်ဘက်ကမ်းရိုးတန်းတွင် လက်ရှိတည်ဆောက်ဆဲဖြစ်ပါသည်။ လေယာဉ်ပြေးလမ်းလေးခု၊ စတုရန်းမီတာ ၉၀၀,၀၀၀ (၉၆၉,၀၀၀ စတုရန်းပေ) ကျယ်ဝန်းသောဂိတ်ဝင်ပေါက်များဖြင့် စုစုပေါင်း ၂၀ စတုရန်းကီလိုမီတာ ရှိမည်ဟု သိရပါသည်။ 

တစ်နှစ်လျှင် ခရီးစဉ်ပေါင်း ၅၄၀,၀၀၀ ဖြင့် ခရီးသည် စုစုပေါင်း သန်း ၈၀ အား ဝန်ဆောင်မှုပေးနိုင်မည်ဟုမျှော်လင့်ထားပြီး ၂၀၃၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားပါသည်။ 

တည်ဆောက်ပြီးစီးပါက အဆိုပါလေဆိပ်သည် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ် (HKG) နှင့် ဂျပန်နိုင်ငံ Kansai လေဆိပ် (KIX) တို့ထက် သာလွန်သည့် လူလုပ်ကျွန်း ပေါ်ရှိ အကြီးဆုံးလေဆိပ် ဖြစ်လာမည် ဖြစ်ပါသည်။ 

Dalian မြို့သည် ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့် နီးကပ်စွာတည်ရှိသောကြောင့် သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာတစ်ခုဖြစ်သည်။ 

တရုတ်နိုင်ငံသည် လေဆိပ်များစွာတည်ဆောက်ပြီး အမေရိကန်နိုင်ငံထက် လေကြောင်းလိုင်းများစွာ ပိုမို ပိုင်ဆိုင်ရမည်ဟူသော ရည်မှန်းချက်ကို ၂၀၃၅ တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ကိုးကား - CNN

Honda နှင့် Nissan တို့ လုပ်ငန်းပူးပေါင်းရန် ဆွေးနွေး နေကြောင်း သတင်းများတွင်ဖော်ပြနေ

Honda Motor နှင့် Nissan Motor တို့သည် မကြာမီကာလအတွင်း လုပ်ငန်းပေါင်းစည်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များတွင် ဖော်ပြလျက်ရှိသည်။ ဂျပန်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုတွင် ဒုတိယနှင့် တတိယအကြီးဆုံးဖြစ်ကြသည့် ၎င်းကုမ္ပဏီများသည် နည်းပညာနှင့်ကုန်ကျစရိတ်များကို မျှဝေခြင်းအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် အစုရှယ်ယာပိုင် ကုမ္ပဏီတစ်ခု ဖွဲ့စည်းရန် စဉ်းစားနေကြောင်းဖော်ပြကြသည်။

၎င်းကုမ္ပဏီနှစ်ခုသည် တူညီသည့် Software Platform များ တီထွင်ဖန်တီးရန်နှင့် မော်ဒယ်သတ်မှတ်ချက်၊ယာဉ်အစိတ်အပိုင်း ဖြည့်တင်းရေးများကို မျှဝေခြင်း အပါအဝင် လျှပ်စစ်မော်တော်ယာဉ် (EV) များအတွက် ယာဉ်အစိတ်အပိုင်းများကို စံနှုန်းတူစွာလုပ်ဆောင်ရန် သြဂုတ်လတွင် သဘောတူခဲ့ကြသည်။

လျှပ်စစ်မော်တော်ယာဉ် အသွင်ကူးပြောင်းရေးကဲ့သို့သော နယ်ပယ်များတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများကို မတ်လ အစောပိုင်းက ကြေညာခဲ့သည်။

၎င်းမော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားမှ ပြိုင်ဘက်များ၏ ပြင်းထန်သော ယှဉ်ပြိုင်မှု များနှင့် ရင်ဆိုင်နေရသည်။ အမေရိက၏ Tesla နှင့် တရုတ်၏ BYD ကုမ္ပဏီများသည် လျှပ်စစ်မော်တော်ယာဉ်၊ အလိုအလျောက်မောင်းနှင်မှုနှင့် Software တီထွင်မှုများတွင် ဦးဆောင်လျက်ရှိသည်။

စက်တင်ဘာလအထိ ၆ လအတွင်း Nissan ၏ အသားတင်အမြတ်သည် ယခင်နှစ်အလားတူကာလထက် ၉၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး တစ်စိတ်တစ်ပိုင်း အားဖြင့် အမေရိကတွင် အရောင်းကျဆင်းခဲ့ခြင်းကြောင့် ဖြစ်သည်။

Nissan က ၎င်း၏ ကမ္ဘာ့တစ်ဝန်း ထုတ်လုပ်မှု ပမာဏကို ၂၀ ရာခိုင်နှုန်းလျှော့ချမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်၊ မတ်လနောက်ဆုံးထား၍ အလုပ်သမား ၉,၀၀၀ လျှော့ချမည်ဟု နိုဝင်ဘာလက ပြောခဲ့သည်။ ၎င်းကုမ္ပဏီသည် ဘဏ္ဍာရေးအရာရှိချုပ်အသစ်တစ်ဦး ခန့်အပ်ခြင်းအပါအဝင် စီမံခန့်ခွဲမှုအပြောင်းအလဲများကို  ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား-NHK World

မဖြစ်နိုင်ဘူးထင်ခဲ့သမျှကို စိန်ခေါ်လိုက်တဲ့ သတ္တုဖြတ် လေဆာပါဒရုန်း

လေဆာစွမ်းအင်ဆိုတာ အင်မတန်မှ  ပြင်းထန်ပါတယ်။ သူ့အတွက်စွမ်းအင် လိုအပ်ချက်ကလည်း  မြင့်မားပါတယ်။ အဲဒီလိုလေဆာတွေထဲမှာမှ သတ္တုတွေကို ဖြတ်တောက်နိုင်တဲ့ လေဆာဆိုတာက စွမ်းအင်လိုအပ်ချက် ပိုမိုမြင့်မားပါတယ်။

ဒီလိုမျိုးလေဆာကို သာမန်ဒရုန်းတစ်စင်းမှာ တပ်ဆင်ဖို့ဆိုတာ  ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ အားလုံးပဲထင်မိကြမှာပါ။ဒါပေမဲ့ အားလုံးကမဖြစ်လာနိုင်ဘူးလို့ ထင်နေတဲ့ အရာတစ်ခုက လက်တွေ့မှာ ဖြစ်လာနိုင်တယ်ဆိုတာကို တရုတ်နိုင်ငံမှ လေဆာကျွမ်းကျင်ပညာရှင်   ခရေဇီလီ ဦးဆောင်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့က စိန်ခေါ်မှုနဲ့အတူ သက်သေပြလိုက်နိုင်ပါပြီ။

ခရေဇီလီနဲ့အဖွဲ့ဟာ စိန်ခေါ်မှုကိုဖြတ်ကျော်နိုင်စေဖို့အတွက် ကျစ်လျစ်ပေါ့ပါးတဲ့ ကိရိယာတစ်မျိုးကို တီထွင်လိုက်ပါတယ်။ အဲဒီကိရိယာက မြေပြင်မှစွမ်းအားပြင်းလှတဲ့လေဆာလှိုင်းများကို လက်ခံရယူပြီး ပစ်မှတ်ဆီလမ်းကြောင်း    ပြောင်းပေးနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ ဆိုလိုတာက လေဆာထုတ်လုပ်ပေးနိုင်တဲ့ စက်ကြီးတစ်ခုလုံးကို    ဒရုန်းမှာ တပ်ဆင်ပေးလိုက်တာမျိုး မဟုတ်ဘဲ အဲဒီကိရိယာလေးကိုပဲ တပ်ဆင်ပေးလိုက်တာပါ။ သူကအရေးကြုံလာတဲ့အခါ မြေပြင်ဆီကနေလေဆာကို လှမ်းတောင်းပြီး ပစ်မှတ်ဆီပစ်လိုက်တာဖြစ်ပါတယ်။     

Source: Myawady Webportal

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင်ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင်တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။

ထိုသို့တည်ဆောက်ခဲ့ရာမှလက်ရှိအချိန်တွင်အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းအားရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အား အပိုင်း(၁)လမ်းလယ်ကျွန်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၂)ဘုရားဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၃)ပြည်သူ့ရင်ပြင်ဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ မီးလုပ်ငန်း၊ ရေလုပ်ငန်း၊ လေသန့်လုပ်ငန်း၊ Automation လုပ်ငန်းများပြီးစီးဖြစ်၍ လုပ်ငန်းတစ်ရပ်လုံး၏ အချောသပ်လုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

မြေအောက်လမ်းကူးလူသွားဥမင် Underpass သည် ၂၃ ပေအကျယ်ရှိ မြေအောက်လမ်းကူးလူသွားဥမင်ဖြစ်ကာ တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀)ဦးဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ရွေ့လျားစက်လှေကား(၄)စင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား(၁၀)ယောက်စီး(၂)စင်းပါရှိပြီး မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်သည်။

Source- Popular Journal