သတင်းများ

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၁၄

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် ဩဂုတ် ၁၄ ရက်အထိ သေဆုံးသူ ၃၇၇၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၃၁ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၅၅ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုများအတွက် ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

MOI

မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး၊ စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလယ်ယာသားငါးထွက်ကုန်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် စိုက်ပျိုးရေးသွင်းအားစုများ အပြန်အလှန် တင်သွင်းတင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ယနေ့ညနေ ၅ နာရီခွဲတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ (အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေ)၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ဩဂုတ် ၁၇ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၁ ပေခန့်ရှိနိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း

၂၀၂၅ ခုနှစ် ဩဂုတ် ၁၃

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အား ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုတွင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများအပါအဝင် အခြေခံအဆောက်အအုံများ သောင်းနှင့်ချီ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သာသနာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အစိုးရစက်ရုံ/အလုပ်ရုံ၊ ရုံးအဆောက်အဦစသည့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှုမှာ ငွေကျပ် ၄၇၇၉ ဘီလီယံကျော်ဖြစ်သည်။ လူနေအိမ်၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ စိုက်ပျိုးသီးနှံများအစရှိသည့် ပုဂ္ဂလိကကဏ္ဍဆုံးရှုံးမှုမှာ ငွေကျပ် ဘီလီယံ ၃၂၀၀ ကျော် ဖြစ်သည့်အတွက် စုစုပေါင်းဆုံးရှုံးမှုမှာ မြန်မာကျပ်ငွေဘီလီယံ ၇၉၇၉ ကျော် အမေရိကန်ဒေါ်လာသန်း ၃၈၀၀ ခန့် ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ပျက်စီးဆုံးရှုံးမှုတွင် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်က ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက တတိယအများဆုံး ဖြစ်သည်။ ကဏ္ဍအလိုက်ပျက်စီးဆုံးရှုံးမှုတွင် အစိုးရရုံး၊ အဆောက်အဦ၊ ရုံးအသုံးအဆောင်နှင့် ဝန်ထမ်းအိမ်ရာများပျက်စီးမှုကအများဆုံးဖြစ်၍ လူနေအိမ်/အဆောက်အဦများပျက်စီးမှုက ဒုတိယအများဆုံး၊ ဘာသာရေးအဆောက်အဦများ ပျက်စီးမှုက တတိယအများဆုံး ဖြစ်သည်။

ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ ပံ့ပိုးကူညီပေးလျက်ရှိရာ ငလျင်ဘေးစတင်ဖြစ်ပွားသည်မှ ၁၁-၈-၂၀၂၅ ရက်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဘေးသင့်ပြည်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့မှုအတွက် ကျပ်ငွေ ၄၂ ဒသမ ၀၉၄ ဘီလီယံကျော်၊ သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအတွက် ကျပ်ငွေ ၄ ဒသမ ၇၃၃ ဘီလီယံကျော်၊ ဒဏ်ရာရသူများအတွက် ကျပ်ငွေ ၀ ဒသမ ၁၇၅ ဘီလီယံ၊ နေအိမ်များပြန်လည်တည်ဆောက်ရန် ကျပ်ငွေ ၁၆၀၅ ဒသမ ၅၇၁ ဘီလီယံကျော် စုစုပေါင်းကျပ်ငွေ ၁၆၅၂ ဒသမ ၅၇၃ ဘီလီယံကျော်ကို ထောက်ပံ့ထားရှိသည့်အပြင် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ်ငွေ ၃၄၀ ဘီလီယံကျော်ကို သုံးစွဲပြီးဖြစ်သည်။ ပြည်တွင်း/ပြည်ပမှ လှူဒါန်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကိုလည်း ဘေးသင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ခွဲထောက်ပံ့ပြီးဖြစ်သည်။

ငလျင်ကြောင့် ရုံးများ၊ အခြေခံပညာကျောင်းများ၊ ဝန်ထမ်းအိမ်ရာများပျက်စီးခဲ့ရာ ဝန်ထမ်းများ နေထိုင်နိုင်ရေးနှင့်ရုံးများ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယာယီကွန်တိန်နာရုံး ၄၄၂ လုံး၊ ယာယီကွန်တိန်နာအိမ် ၉၀၄၈ လုံး၊ ယာယီ Prefabricated စာသင် ကျောင်းဆောင် ၂၀ ကို ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲဆောင်ရွက်ပေးထားပြီးဖြစ်သည့်အပြင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ယာယီနေအိမ် ၂၉၇၂ ခန်း ဆောက်လုပ်ခဲ့ပြီး ၁၂၇ ခန်း ဆောက်လုပ်ဆဲဖြစ်ကာ ယာယီစာသင်ဆောင် ၅၇ ဆောင် ဆောက်လုပ်ခဲ့ပြီး ၇ ဆောင် ဆောက်လုပ်ဆဲဖြစ်သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကဏ္ဍအလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများအားလုံးကို ကျောင်းဖွင့်ချိန်တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးရုံ၊ ဆေးခန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သည်။ လမ်းပျက်စီးမှု၏ ၉၄ ဒသမ ၄၃ ရာခိုင်နှုန်း၊ တံတားပျက်စီးမှု၏ ၃၈ ဒသမ ၈၃ ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက် ပျက်စီးမှု၏ ၉၆ ဒသမ ၃၉ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်သည်။ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ ၉၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအနေဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရေးအတွက် ကဏ္ဍအလိုက်၊ အဖွဲ့အစည်းအလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

အိန္ဒိယ၏ ဖရီးဂိတ်စစ်ရေယာဉ်နှစ်စင်း ယခုလတွင်တပ်တော်ဝင်မည်

အိန္ဒိယနိုင်ငံက ပြည်တွင်းဖြစ်ဖရီးဂိတ် စစ်ရေယာဉ်နှစ်စင်းသည် ယခုလတွင်တပ် တော်ဝင်မည်ဖြစ်ကြောင်း၊    ထိုသို့အမျိုးအစားတူ စစ်ရေယာဉ်နှစ်စင်းကို တစ်ပြိုင်နက် တည်းတပ်တော် သွင်းခြင်းသည် အိန္ဒိယ နိုင်ငံ၏ ပင်လယ်ရေကြောင်းရည်မှန်းချက်များကို အကောင်အထည်ပေါ်စေမည်ဖြစ်သည့်အပြင် ပြိုင်ဘက်နိုင်ငံများကိုလည်း သတိပေးရာရောက်မည်ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

INS Udaygiri နှင့် INS Himgiri အမည်ရှိ စစ်ရေယာဉ်နှစ်စင်းကို ဩဂုတ်လ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဝိသာခါပတ်တနမ်မြို့၌ တပ်တော်သွင်းသွားမည် ဖြစ်သည်။    ယင်းဖရီးဂိတ် စစ်ရေယာဉ်နှစ်စင်းကို သင်္ဘောကျင်းတစ်ခုစီတွင်တည် ဆောက်ခြင်းဖြစ်ကြောင်း၊ သို့သော် ယင်း သင်္ဘောနှစ်စင်းစလုံးသည် အိန္ဒိယနိုင်ငံ၏ အဆင့်အမြင့်ဆုံးသော ကိုယ်ပျောက်ဖရီး ဂိတ်အစီအစဉ် ဖြစ်သည့် Project 17A ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဖြစ် သင်္ဘောတည်ဆောက်ရေး လုပ်ငန်း၌ ရှေ့ပြေးမှုကို ကိုယ်စားပြုနေကြောင်း လေ့ လာသူများက ပြောသည်။

ထိုသင်္ဘောနှစ်စင်းသည် လေကြောင်းရန်ကာကွယ်ရေးတာဝန်နှင့် ပြည်ပတာဝန် ထမ်းဆောင်ရေးတို့ကို အဓိကဆောင်ရွက် သွားမည်ဖြစ်ကြောင်း လေ့လာသူများက ပြောထားသည်။                   

 Ref: SCMP

အင်္ဂလန်၌ နေ့အပူချိန်များ မြင့်တက်လာသည့်အတွက် ကျန်းမာရေး သတိပေးချက် ထုတ်ပြန်ထား

အင်္ဂလန်နိုင်ငံတစ်ဝန်း၌ နေ့အပူချိန်များ မြင့်တက်လာသည့်အတွက် ကျန်းမာရေး တာဝန်ရှိသူများက အပူနှင့်သက်ဆိုင်သော ကျန်းမာရေးသတိပေးချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း လေးကြိမ်မြောက်အပူလှိုင်းဖြစ်ပေါ်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်တွင် ဒေသအချို့၌ အပူချိန်မှာ ၃၄ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာသည်ကို တွေ့ရကြောင်း      မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့်    ပယင်းရောင်အဆင့် ကျန်းမာရေးသတိပေးချက်ကို အင်္ဂလန်နိုင်ငံရှိ ဒေသငါးခုအတွက် လည်းကောင်း၊ အဝါရောင်အဆင့် ကျန်းမာရေး သတိပေးချက်ကို တစ်နိုင်ငံလုံးအတွက်လည်းကောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ အချိန်ကာလမှာ ဩဂုတ်လ ၁၂ ရက်မှ ၁၃ ရက် ညအထိဖြစ်သည်။

လေဖိအားများရပ်ဝန်းဖြစ်ပေါ်မှုကြောင့်သာမက    တောင်လေတိုက်ခတ်မှုတို့ပေါင်းဆုံခြင်းကြောင့်   အင်္ဂလန်နိုင်ငံနှင့်ဝေးပြည်နယ်တို့တွင် အပူချိန်များမြင့်တက်နေမည်ဖြစ်ကြောင်း၊ နေရာဒေသအများစု၌ အပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ်အထက်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အပူချိန်များမြင့်တက်လာသည့်အတွက် ကျန်းမာရေးအခြေအနေနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိလာ နိုင်သောကြောင့် ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။      

 Ref: Xinhua

MWD

ရုရှားတပ်မတော်အတွက် ပြည်ပမှအဝတ်အထည်များတင်သွင်းမှုကို ရုရှားအစိုးရတားမြစ်

ရုရှားတပ်မတော်တွင် အသုံးပြုနေသော ယူနီဖောင်းများနှင့် အခြားဆက်စပ်အဝတ် အထည်များ ပြည်ပမှတင်သွင်းမှုကို ရုရှားအစိုးရက တားမြစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရုရှားသမ္မတဗလာဒီမာပူတင်က အဆိုပါ တားမြစ်မိန့်ကို  ဩဂုတ်လ ၁၁ ရက်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းအမိန့်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှစ၍ အသက်ဝင်မည်ဖြစ်သည်။

အဆိုပါအမိန့်တွင်ဖော်ပြထားချက်များ အရ ရုရှားတပ်မတော်အတွက် လိုအပ်နေသော ယူနီဖောင်းများနှင့် ဆက်စပ်အဝတ် အထည်များအားလုံးကို နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံပိုင် ကုမ္ပဏီများကသာ ချုပ်လုပ်ပေးရမည်ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်မှစ၍ အဝတ်အထည်များ ထုတ်လုပ်ရာ၌ အသုံးပြုသော ချည်မျှင်များနှင့်ကုန်ကြမ်းပစ္စည်းများကိုပါ ရုရှားနိုင်ငံ၌သာ ထုတ်လုပ်ရမည် ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ပြည်ပမှ တင်သွင်းမှုများအားလုံးကို ရပ်တန့်ရမည် ဖြစ်ကြောင်း သိရသည်။     

မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ဖျောက်ဆိပ်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းပေး

ကျောက်ဆည်၊ ဩဂုတ်-၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖျောက်ဆိပ်ပင်ကျေးရွာ အဝင်လမ်း အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိရာ (၂၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။

 အဆိုပါကျေးရွာအဝင်လမ်းသည် ကျောက်ဆည်-စက်မှုဇုံ၊-ခရိုင်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ကျေးရွာသူ/ကျေးရွာသားများ၏  လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍမျိုးစုံ အသုံးပြုလျက်ရှိသည့်အတွက် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၂၃.၀၉)ကျပ်သန်း အကုန်အကျခံကာ winner myanmar ကုမ္ပဏီမှ (၂လက်မx၄လက်မ)ကျောက်များဖြင့် ထု(၆)လက်မ၊ အကျယ်(၁၄)ပေ ကျောက်သားထု ခင်းပြီး ၎င်းကျောက်သားလမ်းပေါ်တွင် အကျယ်(၁၂)ပေ၊ ထု(၇)လက်မ ကွန်ကရစ်ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် လမ်းရေရှည် တည်တံ့ရေးနှင့်အရည်အသွေးပြည့်မီရေး   မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ဖျောက်ဆိပ်ပင်ကျေးရွာမှ ကျေးရွာမှ အိမ်ခြေ (၁၀၀၇)အိမ်၊ လူဦးရေ(၆၅၉၈)ဦးတို့၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် အခြားကျေးရွာပြည်သူများနှင့် ကူးလူး ဆက်သွယ်ရာ၌ ရာသီမရွေး  သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)

ထိုင်းနိုင်ငံ Uthai Thani ပြည်နယ်ရှိ ပုဂ္ဂလိကကျောင်းတွင် အထက်တန်း ကျောင်းသားက ဆရာမအား ရိုက်နှက်မှုဖြစ်စဉ်ကို ပညာရေးဝန်ကြီးဌာန က ချက်ချင်းစုံစမ်းစစ်ဆေး

ထိုင်းနိုင်ငံ Uthai Thani ပြည်နယ်ရှိ ပုဂ္ဂလိကကျောင်းတစ်ခုတွင် အထက်တန်း ကျောင်းသားတစ်ဦးက ၎င်း၏စာမေးပွဲရလဒ်များကို ကျေနပ်မှု မရှိသဖြင့် ဆရာမတစ်ဦးအား ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ ပညာရေး ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ ချက်ချင်းစတင် လုပ်ဆောင်လျက် ရှိသည်။ 

ပညာရေးဝန်ကြီး Narumon Pinyosinwat က အဆိုပါဖြစ်ရပ်အား ပုဂ္ဂလိကပညာရေးကော်မရှင် (Opec) မှတစ်ဆင့် အရေးယူစုံစမ်းရန် ညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဆရာမမှ မုံချောင်း ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ကျောင်းသားအား ကျောင်းတက်ရောက်ရန် ယာယီရပ်ဆိုင်းခဲ့ကာ နောက်ပိုင်းတွင် ကျောင်းမှ ထုတ်ပယ်ခဲ့သည်။

ပညာရေးဒုတိယဝန်ကြီး Rinthipond Varinvatchararoj က "ဆရာများ အပေါ် အကြမ်းဖက်မှုကို လုံးဝသည်းမခံပါ" ဟု ပြင်းပြင်းထန်ထန် ရှုတ်ချ ခဲ့ပြီး ကျောင်းသား၏ စိတ်ကျန်းမာရေးအခြေအနေ၊ ပညာရေးဖိအားနှင့် အခြားအချက်များကို နက်နက်နဲနဲ စုံစမ်းသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် ပညာရေးစနစ်အတွင်း စိတ်ဖိစီးမှုလျှော့ချရေး နှင့် စိတ်ကျန်းမာရေးပံ့ပိုးမှုများ ပိုမိုလိုအပ်နေကြောင်း ထောက်ပြကာ ကျောင်း များတွင် စိတ်ပညာရှင်များ ပိုမိုထားရှိရန် အကြံပြုခဲ့သည်။

Opec အတွင်းရေးမှူးချုပ် Monthon Phaksuwan က ဖြစ်ရပ်အပြီးတွင် နောင်တွင် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ကာကွယ်ရေး နည်းလမ်းများ ချမှတ်သွားမည်ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ထိုင်းနိုင်ငံတွင် ပညာရေးဖိအားနှင့် ကျောင်းသားများ၏ စိတ်ကျန်းမာရေး အပေါ် ပြန်လည်သုံးသပ်မှုများ ပိုမိုလိုအပ်နေကြောင်း ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ထင်ထားတာထက် လူဦးရေပိုများခဲ့တဲ့ မာယာလူမျိုးများ

မိမိတို့ လူသားမျိုးနွယ်စုထဲမှာ ရှေးအကျဆုံးသော လူနေမှုစနစ်ကို ဖန်တီးခဲ့သူများက မာယာလူမျိုး များဖြစ်တယ်လို့ သိရှိခဲ့ကြပါတယ်။  သူတို့ ရဲ့ဖြစ်တည်မှုက ရှေးဟောင်းသုတေသန ပညာရှင်များနဲ့ သမိုင်းပညာရှင်များကို အမြဲတမ်းအံ့အားသင့်စေခဲ့တာပါ။ အခုဆိုရင် သူတို့ရဲ့မြို့ဟောင်းနေရာက ယူကာ

တန်ကျွန်းဆွယ်ရဲ့ အပူပိုင်းသစ်တောထဲမှာ တည်ငြိမ်စွာတည်ရှိနေပါပြီ။ ဒါပေမဲ့ သုတေသန ပညာရှင်များရဲ့ လေ့လာစူးစမ်း မှုကတော့ မရပ်တန့်သွားသေးပါဘူး။

အရင်တုန်းက မာယာလူမျိုးများဟာ အရေအတွက်အားဖြင့် အနည်းအကျဉ်းမျှသာရှိမယ်လို့ ပညာရှင်များက ယူဆခဲ့ ကြပါတယ်။ ဒါပေမဲ့ အဲဒီယူဆချက်က မှန်ကန်ရဲ့လားဆိုတာ အခုတွေ့ရှိချက်ကြောင့် မှေးမှိန်သွားရပါတယ်။

ယခုသုတေသနပညာရှင်များရဲ့ တွေ့ရှိချက်အရဆိုရင် မာယာဒေသကြီးတစ်ခု လုံးဟာ ဟိုတစ်စုဒီတစ်စုဖြစ်နေတဲ့ မြို့ပြ နိုင်ငံငယ်လေးတွေနဲ့ တည်ရှိနေတာမျိုးမဟုတ်ဘဲ မြို့ပြနဲ့ ကျေးလက်ဒေသတို့ကို ချိတ်ဆက်ထားတဲ့ လူနေမှုစနစ်ပုံစံတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်ထိကိုပဲ လူမနေတော့တာ  နှစ်ပေါင်းထောင်ချီ ကြာမြင့်နေပြီဆိုပေမယ့်လည်း မတူးဖော် မဖော်ထုတ်ရသေးတဲ့ နေရာတွေအများ ကြီးကျန်ရှိနေပါသေးတယ်။

ဒါကြောင့် အရင်တုန်းကထုတ်ပြန်ခဲ့ဖူးတဲ့ မာယာလူမျိုးအရေအတွက်ဟာ ဒီကနေ့အချိန်အခါမှာ ယခင်ယူဆခဲ့ဖူးတာ ထက်များစွာပိုနေတယ်ဆိုတာကို ‌အရင်ကထက်ပိုမိုအဆင့်မြင့်မားတဲ့ နည်းပညာ ကိရိယာတွေသုံးပြီး တိုင်းတာမှုများ ပြုလုပ်ခြင်းအားဖြင့် သိလာရတာ ဖြစ်ပါတယ်။

လက်ရှိတွေ့ရှိချက်အပေါ်ယူဆချက်အရ တိုးမြင့်လာတဲ့ မာယာလူဦးရေပမာဏဟာ ၁၆ သန်းလောက်အထိကိုရှိမယ်လို့ ဆိုပါတယ်။ ဒါဟာ ယခင်ယူဆချက်ထက် ၄၆ ရာခိုင်နှုန်း ပိုမိုမြင့်မားလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်အချိန်တွေတုန်းကသတ်မှတ်ထားတဲ့ မာယာလူမျိုးများရဲ့ နယ်မြေထက် အခုတွေ့ရှိတဲ့နယ်မြေက ပိုမိုကြီးမားတာကိုလည်း တွေ့ရှိရပါတယ်။

သုတေသနပညာရှင်များရဲ့တွေ့ရှိချက်အရ မာယာလူမျိုးများနေထိုင်ခဲ့တဲ့ ဒေသတစ်ခုလုံးဟာ စတုရန်းမိုင် ၃၆၀၀၀ အထိရှိတယ်လို့ဆိုပါတယ်။ အခုစူးစမ်းလေ့လာမှုမှာ အသုံးပြုတဲ့နည်းပညာက အဆင့်မြင့်လှတဲ့ LiDar နည်းပညာဖြစ်ပြီး မာယာလူမျိုးတို့နဲ့ပတ်သက်တဲ့ အသစ်အသစ်သော တွေ့ရှိချက်တွေကိုလည်း ထပ်မံတွေ့ရှိဖို့ ရှိနေပါတယ်။

Ref: IE

ကိုထက်