တိုကျိုသို့ Waymo ၏ စက်ရုပ်တက္ကစီများ ဝင်လာတော့မည်

News Image

  • တိုကျိုသို့ Waymo  ၏ စက်ရုပ်တက္ကစီများ ဝင်လာတော့မည်

Waymo ဆိုတာက မောင်းသူမဲ့စက်ရုပ် တက္ကစီများကို တီထွင်ဖန်တီးထုတ်လုပ်ပြီး ကမ္ဘာ့မြို့ကြီးတွေမှာ အသုံးပြုနေသည့်  ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။  

ယခု၎င်းတို့၏ စက်ရုပ်တက္ကစီများက စည်းကမ်းအရာမှာတင်းကျပ်လှပါသည် ဆိုသော ဂျပန်နိုင်ငံ တိုကျိုမြို့၏လမ်းမများထက်ဆီ ဝင်လာတော့မည်ဖြစ်ပါသည်။

Waymo က ဂျပန်နိုင်ငံ၏နာမည်ကြီး အငှားယာဉ်ကုမ္ပဏီဖြစ်သည့် နီဟွန်ကော့ဆု နှင့်ပူးပေါင်းပြီး Jaguar I-PACE အမျိုးအစားလျှပ်စစ်သုံး စက်ရုပ်တက္ကစီများကို ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်အသုံးပြု သွားတော့မည်ဖြစ်ပါသည်။ ယခု   အကောင်အထည်ဖော်မှာက ပထမအဆင့်ဖြစ်တာကြောင့် ယင်းတက္ကစီများတွင် ယာဉ်မောင်းသူတွေက လိုက်ပါ ထိန်းကျောင်းနေရဦးမည်ဖြစ်ပါသည်။  

ကိုးကား - Myawady Web Portal