မြန်မာ-ဘီလာရုစ် သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘီလာရုစ် လူမျိုး မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီးက “မြန်မာ” ဟူသော သီချင်းကို ရုရှားဘာသာဖြင့် ရေးသားသီကုံးခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘီလာရုစ်သမ္မတနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၂၅) နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် "မြန်မာ" သီချင်း ကို V. Sukolinsky ၏ မိသားစုမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ချိန်တွင် ပုဂ္ဂိုလ်ရေးအရ စိတ်ကူး ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဗလာဒီမာ ဆူကိုလင်စကီးသည် "ပုဂံ" သီချင်းကိုလည်းသီဆိုခဲ့ဖူးကြောင်း သိရှိရသည်။ “မြန်မာ” ဟူသောသီချင်းကို ရုရှားစာပေနှင့် ယဉ်ကျေးမှုစင်တာ (နေပြည်တော်)က မြန်မာဘာသာပြန်ဖြင့် ဖန်တီးထားသော ဗီဒီယို ဖြစ်သည်။
ကိုးကား- သံစဉ်၊ စာသားရေးစပ်သူ - ဗလာဒီမာဆူကိုလင်စကီး၊ Minsk၊ Belarus

Time မဂ္ဂဇင်းက အမေရိကန် ရွေးကောက်ခံသမ္မတ Donal Trump ကို တစ်နှစ်တာအတွက် ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
ကိုးကား - Time Magazine

ဥရောပနိုင်ငံများက ဆီးရီးယားဒုက္ခသည်များ တင်သွင်းသည့် ခိုလှုံခွင့်လျှောက်ထားမှု လုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်သည်။ ဆီးရီးယားတွင် သမ္မတ Bashar al-Assad အစိုးရပြုတ်ကျပြီးနောက် ယခုကဲ့သို့ ထွက်ပေါ် လာခြင်းဖြစ်သည်။
ဆီးရီးယားဒုက္ခသည်များနှင့်ပတ်သက်သည့် ခိုလှုံခွင့်ဆိုင်ရာလုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်ပြီဟု ဂျာမနီနိုင်ငံက ဒီဇင်ဘာ ၉ ရက်နေ့က ကြေညာခဲ့သည်။ ဂျာမနီသည် ဆီးရီးယား နိုင်ငံပြင်ပရှိ ဆီးရီးယားမှလာသူဦးရေ အများဆုံးနေထိုင်သောနိုင်ငံဖြစ်သည်။

ဂျာမနီပြည်ထဲရေးဝန်ကြီး Nancy Faeser က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် "ဂျာမနီတွင် ကာကွယ်စောင့်ရှောက်မှုကို ရှာဖွေခဲ့သည့် ဒုက္ခသည်များအနေဖြင့် နောက်ဆုံးတွင် ၎င်းတို့၏ မွေးရပ်မြေ ဆီးရီးယားသို့ပြန်ရန် မျှော်လင့်ချက်များရှိလာပါပြီ" ဟု ၎င်းက ပြောကြားခဲ့ သည်။ သို့သော် လတ်တလောဆီးရီးယား၏ အခြေအနေသည် ရှင်းရှင်းလင်းလင်းမဖြစ်သေးသဖြင့် ဂျာမနီအာဏာပိုင်များက “အခြေအနေ ပိုပြီးရှင်းလင်းသည်အထိ ဆက်လက်လုပ်ဆောင်ဆဲ ခိုလှုံခွင့်ဆိုင်ရာလုပ်ငန်းစဉ်များကိုရပ်ဆိုင်းထားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်"ဟု ဝန်ကြီး Faeser က ပြောသည်။
ဗြိတိန်နှင့် ဘယ်လ်ဂျီယံတို့ကလည်း ဆီးရီးယားနိုင်ငံသားများ တင်သွင်းသည့် ခိုလှုံခွင့်လျှောက်ထားမှုလုပ်ငန်းစဉ်အား ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ဆွီဒင်နှင့် ပြင်သစ်တို့သည်လည်း လာမည့်ရက်များအတွင်း အလားတူလုပ်ဆောင်မည်ဟု ခန့်မှန်းရသည် ဟု ဖော်ပြထားရှိပါသည်။
ကိုးကား- NHK World

လက်ရှိအမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ယခင်က အင်တာဗျူးတစ်ခုတွင် “အမေရိကန်နိုင်ငံတွင်မွေးဖွေးသူဖြစ်လျှင် နိုင်ငံသားချက်ချင်း ဖြစ်ခွင့် ရှိသည်ဆိုသည့်ဥပဒေကို ဖျက်သိမ်းရန် စီစဉ်ထားကြောင်း” ပြောကြားခဲ့ပါသည်။
အမေရိကန်တွင် ယင်းဥပဒေကို နှစ်ပေါင်း ၁၅၀ ကျော်ကြာ ကျင့်သုံးလာခဲ့သောကြောင့် ဒေါ်နယ်ထရန့်အနေဖြင့် တရားဝင်သမ္မတဖြစ်လာချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို စိတ်ဝင်စားမှုမြှင့်တက်နေပါသည်။

လက်ရှိတွင် အမေရိကန်ရှိ ရွှေ့ပြောင်းအလုပ်သမားများမှ မွေးဖွားသည့်သားသမီးများ၊ အလည်အပတ်ခရီးသွားများနှင့် ကျောင်းသားကျောင်းသူများသည် ထိုဥပဒေအရ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခွင့်ရနေကြပါသည်။
၎င်းအနေဖြင့် မိသားစုများ တကွဲတပြားဖြစ်မည်ကို မလိုလားသောကြောင့် လက်ရှိတရားဝင်အမေရိကန် နိုင်ငံသားဖြစ်နေသည့်နိုင်ငံသားများကိုပါ ပြန်လည် စိစစ်ပြီး ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်မည့်အစီအစဉ်ရှိကြောင်း ထရန့်က ထပ်မံပြောကြားခဲ့ပါသည်။
ကိုးကား - Aljazeera

ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းမှ လွယ်ကူစွာ ငွေပေးချေနိုင်သော နည်းပညာများထွက်ပေါ်လျက်ရှိသော်လည်း တရုတ်နည်းပညာရှင်များ၏ တီထွင်မှုက ပိုမိုဆန်းသစ်လာပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် ဖုန်းအသုံးမပြုဘဲ လက်ဖဝါးအသုံးပြု၍ ငွေပေးချေ၍ရသော စနစ်ကို နည်းပညာကုမ္ပဏီကြီး Tencent က ဖန်တီးပေးလိုက်ပါသည်။ Weixin Palm Payment ဟု နာမည်ပေးထားပြီး ၎င်းနည်းပညာတွင် လက်ဖဝါး၏ လက်ဗွေရာနှင့် သွေးကြော Patterns များကို အနီအောက်ရောင်ခြည် ကင်မရာကို အသုံးပြုကာ Scan ဖတ်ခြင်းဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း ငွေပေးချေနိုင်မည်ဖြစ်သည်။ ၎င်းစနစ်သည် Facial Recognition ထက်ပို
ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းမှ လွယ်ကူစွာ ငွေပေးချေနိုင်သော နည်းပညာများထွက်ပေါ်လျက်ရှိသော်လည်း တရုတ်နည်းပညာရှင်များ၏ တီထွင်မှုက ပိုမိုဆန်းသစ်လာပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် ဖုန်းအသုံးမပြုဘဲ လက်ဖဝါးအသုံးပြု၍ ငွေပေးချေ၍ရသော စနစ်ကို နည်းပညာကုမ္ပဏီကြီး Tencent က ဖန်တီးပေးလိုက်ပါသည်။ Weixin Palm Payment ဟု နာမည်ပေးထားပြီး ၎င်းနည်းပညာတွင် လက်ဖဝါး၏ လက်ဗွေရာနှင့် သွေးကြော Patterns များကို အနီအောက်ရောင်ခြည် ကင်မရာကို အသုံးပြုကာ Scan ဖတ်ခြင်းဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း ငွေပေးချေနိုင်မည်ဖြစ်သည်။ ၎င်းစနစ်သည် Facial Recognition ထက်ပိုမို ကောင်းမွန်ပြီး အမွှာညီအစ်ကိုမောင်နှမများတွင်ပင် လက္ခဏာမတူညီသောကြောင့် လိမ်လည်၍ မရနိုင်ပေ။ ဘေကျင်း၏ ရထားပို့ဆောင်ရေးလုပ်ငန်းများတွင် ၎င်းလက်ဖဝါးဖြင့်ငွေပေးချေသော စနစ်ကို စတင်အသုံးပြုနေပြီဖြစ်ပြီး ရထားစီးခအတွက် ငွေပေးချေသည့်ကဒ်နှင့် စမတ်ဖုန်းများ မလိုအပ်တော့ပေ။ အနာဂတ်တွင် လက်ဖဝါးအသုံးပြု၍ ငွေပေးချေသော နည်းပညာကို ကမ္ဘာအဝန်း၌ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြမည်ဟု တွေးထင်ရပါသည်။
ကိုးကား - The Verge

ရုရှားဖက်ဒရေးရှင်းသည် လစဉ် လေကာစနစ်များ ကြားဖြတ်မဟန့်တားနိုင်သည့် Oreshnik ပဲ့ထိန်းဒုံးကျည် ၂၅ စင်း ထုတ်လုပ်နိုင်ကြောင်း Military Watch Magazine သတင်းကဖော်ပြသည်။
အဆိုပါ ဒုံးကျည်များသည် ၁၉၈၀ ခုနှစ်နောက်ပိုင်း ရုရှားဖက်ဒရေးရှင်းတွင် ပထမဆုံးသော တီထွင်မှုများဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၄,၀၀၀ ပျံသန်းနိုင်ပြီး သီးခြားပြန်လည်ပစ်မှတ်ထားသော ထိပ်ဖူးများစွာကို သယ်ဆောင်နိုင်စွမ်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား - Military Watch Magazine

ရန်ကုန်မြို့တွင် နိုဝင်ဘာလကစ၍လျှပ်စစ်မီးပြတ်တောက်မှုဆိုးရွားစွာကြုံတွေ့နေရသည့်အပြင်ဂျိုးဖြူရေမှ သုံးရေပြတ်တောက်ခြင်းမျိုးပါကြုံနေရကြောင်း မြို့ခံများက ပြောသည်။
လတ်တလောတွင် ရန်ကုန်မြို့တွင်း မြို့နယ်များ၌ ယခင်က ပုံမှန်မီးပေးသည့်အချိန်များတွင်ပါ လျှပ်စစ်မီးပြတ်တောက်နေပြီး ဂျိုးဖြူရေမလာသောကြောင့်လည်း တိုက်ခန်းနေသူများစုပြီး ရေဝယ်သုံးနေရသည်ဟု သိရသည်။
ထို့ပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စမ်းချောင်းမြို့နယ်တွင်လည်း ရေစက်မော်တာအငှားတင်စနစ်ဖြင့် ရေလိုက်တင်ပေးနေရသည့် လုပ်ငန်းများလည်း ရှိလာနေသည်။

“ရုံးကိုဖုန်းဆက်မေးရင် ဝန်အားလျှော့လို့ ဆိုပြီးပြောတယ်။ နောက်ထပ်ပြန်ရမယ့် အချိန်ကျလည်း မလာဘူး။ ရေလာပြန်တော့ မီးမလာလို့ မတင်ရနဲ့” ဟု စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု အလွန်လျော့ကျနေသည့်အတွက် ရှေ့လာမည့်လများ၌လည်း မီးပြတ်ချိန်ပိုများလာမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ထုတ်ပြန်ထားသည်။
Source- Popular Journal

နေပြည်တော် ဒီဇင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့်ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ကာလ်မီးကီယာပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကျင်းပသွားမည့်အခြေအနေများနှင့် ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာနိုင်ငံမှကူညီ ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ကိုးကွယ်ယုံကြည်မှုအရ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်ဖက်တာဝန်ရှိသူများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm

ဆော်ပိုလို ဒီဇင်ဘာ ၉
ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီ ဒိုဆူပြည်နယ်၌ လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး နေအိမ်တစ်သိန်းနီးပါး ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။ ပြည်နယ်အတွင်း မြစ်ရေလျှံမှုနှင့် ရေကြီးမှုတို့ကြောင့် လူပေါင်း ၁ ဒသမ ၄၅ သန်းခန့် ထိခိုက်ခံစားရပြီး ဒေသခံနှစ်သိန်းခန့်မှာ ဘေးလွတ်ရာပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကတ်တာရီနာ ပြည်နယ်ရှိ မြို့ပေါင်း ၂၂ မြို့တွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခြင်းတို့ဖြစ်ပေါ်ခဲ့သည့်အတွက် ပြင်းထန် သည့် မုန်တိုင်းသတိပေးချက်ထုတ်ပြန်ထားဆဲဖြစ်ကြောင်း နိုင်ငံ၏ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့က ပြောသည်။
ဆန်တာကတ်တာရီနာ ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် ဂျိုအင်ဗဲလ်သည် ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ ရေကြီးမှုဒဏ်ကိုခံစားခဲ့ရပြီး ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ဒီယိုနီရှိုဆာခီရာမြို့သည် လွန်ခဲ့သည့် ၄၈ နာရီအတွင်း မိုးရေချိန် ၁၈၆ ဒသမ ၄ မီလီမီတာစံချိန်တင်ခဲ့ပြီး ဆိုးရွားသည့် မြေပြိုမှု အန္တရာယ်ဖြစ်ပေါ်နိုင်ခြေများလာကြောင်း အဆိုပါဌာနက ပြောသည်။
ဘရာဇီးနိုင်ငံ၌ မေလမှ ဇွန်လအတွင်း မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အိမ်နီးချင်း ရီယိုဂရန်ဒီဒိုဆူပြည်နယ်၌ ရေကြီးမှုဖြစ်ပွားသဖြင့် လူ ၁၈၃ ဦးသေဆုံးခဲ့ပြီး ယင်းဒေသ၏ ၉၀ ရာခိုင်နှုန်းကျော် ထိခိုက်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ
Sorce- မြန်မာ့အလင်းသတင်းစာ

မြန်မာလူမျိုးတို့၏ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယူနက်စကို ၏လူသားမျိုးနွယ်နှင့်သက်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် အတည်ပြုသတ်မှတ်လိုက် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါသည်။
အဆိုပါဆုံးဖြတ်ချက်ကို ပါရာဂွေးနိုင်ငံတွင် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပနေသည့် ၁၉ ကြိမ်မြောက် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေး အတွက် အစိုးရများဆိုင်ရာကော်မတီက ချမှတ်လိုက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက်အတာသင်္ကြန်ပွဲတော်နှင့်ပတ်သက်သည့် အဆိုပြုစာတမ်းကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကော်မတီသို့ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တွင် ပေးပို့ တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
ကိုးကား - ဆင်ဟွာ