ရုရှားပို့ဆောင်ရေးဝန်ကြီးဌာနသည် ဘရာဇီး၊ မလေးရှား နှင့်ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်း ပျံသန်းမှု စတင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီးဝန်ကြီး Roman Starovoyt က TASS နှင့် အင်တာဗျူးတွင် ပြောကြားသွားပါသည်။

“မလေးရှားနှင့် ဘရာဇီးကို လေကြောင်းလိုင်းပြေးဆွဲရန် စဉ်းစားနေကြောင်း၊ ပါကစ္စတန်နှင့်လည်း မကြာခင် ကပဲ ဆက်သွယ်ထားကြောင်း၊ ယခုကိစ္စအတွက် အဆက်မပြတ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ ယခုညှိနှိုင်းမှုမှာ ခရီးသွားလုပ်ငန်းက ကိုယ်စားလှယ် များလည်း ပါဝင်ရန် လိုကြောင်း၊ ရုရှားသည် မိတ်ဖက် နိုင်ငံများ၏ လေကြောင်းလိုင်းများနှင့် ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်နေကြောင်း၊ မိမိတို့လေကြောင်းကွန်ရက်မှာ အဆက်မပြတ် ပြောင်းလဲနေကြောင်း၊ နိုင်ငံတကာ စည်းမျဉ်းများနှင့်အညီ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားလိုက်နာမှုတို့အပေါ် အခြေခံ၍ လုပ်ဆောင် သွားရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း” ဝန်ကြီးက ပြောကြားထားပါသည်။
ကိုးကား- Donat Sorokin/TASS

ပြီးခဲ့သည့်လက ကျောင်းသားတစ်ဦး ဓားထိုးအသတ်ခံရပြီးနောက် ကလေးများအပေါ် လူမှုမီဒီယာ လွှမ်းမိုးလာခြင်းနှင့်ပတ်သက်၍ ကြောက်ရွံ့မှုမြင့်တက်လာသည့်အတွက် Tik Tok ကို တစ်နှစ်ပိတ်ပင်ရန် ရည်ရွယ်ထားကြောင်း အယ်လ်ဘေးနီးယားဝန်ကြီးချုပ် Edi Rama က ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာလိုက်ပါသည်။

အယ်လ်ဘေးနီးယားအစိုးရ၏ Tik Tok ကို ပိတ်ပင်တားမြစ်ရန် အဆိုပြုချက်နှင့်စပ်လျဉ်း၍ အရေးတကြီး ရှင်းလင်းချက်များ လိုက်လံတောင်းခံနေကြောင်း Tik Tok က ဆိုထားပါသည်။ ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်သည့် ထို Tik Tok ပိတ်ပင်ရန်ကိစ္စကို လာမည့်ဇန်နဝါရီတွင် စတင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားထားပါသည်။
Tik Tok တားမြစ်ပိတ်ပင်ရန်ဖြစ်ပေါ် လာရသည့် အကြောင်းအရင်းမှာ ပြီးခဲ့သည့်လက လူမှုမီဒီယာပေါ်တွင် ကျောင်းသားအချင်းချင်း ရန်စောင်ကြရင်း အယ်လ် ဘေးနီးယားနိုင်ငံ၊ တီရန်နာမြို့တောင်ပိုင်းရှိစာသင်ကျောင်းအနီးတွင် အသက် ၁၄ နှစ်အရွယ်ကျောင်းသားတစ်ဦး ဓါးဖြင့်ထိုးသတ်ခံရပြီး အခြားသူများ ဒဏ်ရာရရှိသွားသည့်တိုက်ခိုက်မှုဖြစ်စဉ်က စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ကိုးကား - BBC/Thomas Mackintosh

အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည့် ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လွတ်လပ်စွာ သွားလာနိုင်ရေးတို့အတွက် ဂရင်းလန်းကျွန်းကို ဝယ်ယူရန် လိုအပ်သည်ဟု ခံစားနေရကြောင်း ပြောလာသည်ဟု သိရသည်။
ထရမ့်က ၂၀၁၉ ခုနှစ်တွင်လည်း အလားတူစကားမျိုးကို ပြောခဲ့ဖူးသောကြောင့် ဂရင်းလန်းကျွန်းကို ဝယ်ယူမည်ဟူသော ယခုပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်လာသည်။

သို့သော် ဂရင်းလန်းကျွန်းသည် ရောင်းကုန်မဟုတ်ကြောင်း၊ မည်သည့်အခါမျှ ကျွန်းကိုရောင်းချသွားမည် မဟုတ်ကြောင်းနှင့် ကာလရှည်ကြာ တိုက်ပွဲဝင်နေရသည့် လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါကျွန်း၏ ဝန်ကြီးချုပ်က ပြောထားသည်။
ဒိန်းမတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်ပေါင်း ၆၀၀ ကျော်ကြာတည်ရှိနေခဲ့သည့် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သောဂရင်းလန်းကျွန်းသည် အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသတို့ကြား အလွန်အရေးပါသည့် မဟာဗျူဟာမြောက်နေရာ တစ်ခုဖြစ်လာသည့်အပြင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးမဟာဗျူဟာအတွက် အချက်အချာကျသော နေရာတစ်ခုဖြစ်လာကြောင်း သိရသည်။
Source: Myawady Webportal

နေပြည်တော် ဒီဇင်ဘာ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြို့တော်ဝန်ဦးဗိုလ်ဌေးက မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်များဖြင့် တည်ဆောက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဦးဝိစာရလမ်း မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခဲ့မှုနှင့်ပတ်သက်သည့် Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက မြေအောက်လမ်းကူးလူသွားဥမင် (Underpass)ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Underpass တည်ဆောက်ရေးလုပ်ငန်းတွင်ပါဝင်ခဲ့သည့် အင်ဂျင်နီယာများအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်မြို့တော်ဝန်တို့က မြေအောက်လမ်းကူးလူသွားဥမင် (Underpass)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အဆောက်အဦဝင်ပေါက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင်ပါဝင်ခဲ့သည့်ဘင်ခရာနှင့်ပန်းပွားအကအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်နေရာသည် ရွှေတိဂုံစေတီတော်သို့ ဝင်ရောက်ဖူးမြော်မှု များပြားသည့်နေရာတစ်ခုဖြစ်သဖြင့် ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာစွာဖြင့် ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားရောက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာဖြတ်သန်းသွားလာနိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေအောက်လမ်းကူးလူသွားဥမင် (Underpass)အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျားစုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦးခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အတွင်းရွေ့လျားစက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၂ စင်း ထည့်သွင်းတည်ဆောက်ထားခြင်းကြောင့် သက်ကြီးရွယ်အိုများအတွက်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့မြေအောက်လမ်းကူး လူသွားဥမင်ဖွင့်လှစ်ခဲ့ခြင်းကြောင့် အများပြည်သူများ၊ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့်သွားလာနိုင်မည်ဖြစ်ပြီး ဦးဝိစာရလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့မှုကိုအထိုက်အလျောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်ခဲ့သည့် မြေအောက်လမ်းကူး လူသွားဥမင်(Underpass)သည် အများပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သောအဆောက်အဦဖြစ်ရုံသာမက ရန်ကုန်မြို့၏ တိုးတက်သောမြို့အင်္ဂါပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm

Honda နှင့် Nissan ကုမ္ပဏီတို့သည် ကမ္ဘာ့နံပါတ် ၃ အဆင့်ရှိ မော်တော်ကားထုတ်လုပ်သူနေရာသို့ ရောက်ရှိ ရန်နှင့် တရုတ်ကားထုတ်လုပ်သူများ၏ ကြီးမားလာသော ခြိမ်းခြောက်မှုအန္တရာယ်များကို ယှဉ်ပြိုင်နိုင်ရန် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် အစီအစဉ်ကို လာမည့်ခြောက်လအတွင်း ဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့ကြသည်။

Nissan ၏ စီးပွားရေးမိတ်ဖက်ဖြစ်သည့် Mitsubishi လည်း အဆိုပါ ပူးပေါင်းရေးဆွေးနွေးပွဲအစီအစဥ်တွင် ပါဝင်မည် ဖြစ်သည်။ ထိုသို့ ကုမ္ပဏီ ၃ ခု ပူးပေါင်းဆောင်ရွက် နိုင်ပါက ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှု အများဆုံး ဖြစ်သည့် Toyota (TM) နှင့် ဒုတိယအများဆုံး Volkswagen တို့၏နောက် တတိယနေရာသို့ ရောက်ရှိလာမည်ဖြစ်ပါ သည်။
မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းများတွင် ယခုကဲ့သို့ ပေါင်းစည်းဆောင်ရွက်ခြင်းမှာ အသစ်အဆန်း မဟုတ်ပေ။ ၂၀ ရာစု၏ ပထမဆယ်စုနှစ်ကတည်းက ကားထုတ်လုပ် သည့် အမှတ်တံဆိပ်အမျိုးမျိုးကို ပေါင်းစပ်ထုတ်လုပ်ခဲ့ ခြင်းကြောင့် General Motors (GM) ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
သို့ရာတွင် ကားထုတ်လုပ်သူများ အတူတကွ ပေါင်းစည်း ဆောင်ရွက်ရာတွင် အခက်အခဲများလည်း ရှိတတ်ပါသည်။ဂျာမန်ကားထုတ်လုပ်သည့် Daimler-Benz သည် Chrysler ကော်ပိုရေးရှင်းကို ၁၉၉၈ ခုနှစ်တွင် ဝယ်ယူ၍ မော်တော်ကားများအား ပူးပေါင်းထုတ်လုပ်ခဲ့ရာ ဆယ်စုနှစ်တစ်စုအကြာတွင် Chrysler ကော်ပိုရေးရှင်း သည် သီးခြားခွဲထွက်လိုက်ပြီးနောက် ဒေဝါလီခံသွားရပြီး နှစ်နှစ်အတွင်း အထောက်အပံ့ရန်ပုံငွေများ လိုအပ်ခဲ့သည်။
ကိုးကား - CNN

ဝါရှင်တန် ဒီဇင်ဘာ ၂၂
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ပနားမားတူးမြောင်းကို “အမေရိကန်အတွက် အရေးကြီးသော အမျိုးသားပိုင်ဆိုင်မှုတစ်ခု” ဟု ယူဆကာ တူးမြောင်းကို ပြန်လည် သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောကြားသည်။
ပနားမားတူးမြောင်းသည် အမေရိကန်သင်္ဘောများအား မတန်မဆ ဈေးကောက်ခံခြင်းအပေါ် ကိုးကား၍ ထရမ့်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ပနားမားတူးမြောင်းသည် ၎င်း၏ ရေလမ်းကိုဖြတ်သန်းသည့် အမေရိကန်ရေတပ်နှင့် ကူးသန်းရောင်းဝယ်ရေးရေယာဉ်များကို မတန်မဆဈေးဖြင့် ဖြတ်သန်းနှုန်းများ ကောက်ခံလျက်ရှိကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက်ပို့စ်တွင် ရေးသားခဲ့ကြောင်း သိရသည်။
၁၉၇၇ ခုနှစ်တွင် ပနားမားနိုင်ငံသားများ၏ဖိအားပေးမှုအောက်တွင်လက်မှတ်ရေးထိုးခဲ့သည့် Torrijos-Carter စာချုပ်အရပနားမားတူးမြောင်းကို ၁၉၉၉ ခုနှစ်တွင် ပနားမားနိုင်ငံ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ပနားမားတူးမြောင်းသည် ပစိဖိတ်နှင့်အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသည့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်သည်။
၁၉၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် တူးမြောင်းဖောက်လုပ်ရန်အတွက် ပနားမားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီးနောက် ပနားမားတူးမြောင်းဇုန်ဟု လူသိများသော ပနားမားတူးမြောင်းနှင့် ၎င်း၏ အနီးတစ်ဝိုက်ရှိဒေသအချို့ကို အမေရိကန်တရားစီရင်ပိုင်ခွင့်အောက်တွင် စီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ

ဟနွိုင်း ဒီဇင်ဘာ ၂၂
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်းကို ယနေ့စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ မြေအောက်ရထားလမ်း၏ အကျိုးကျေးဇူးကြောင့် ဟိုချီမင်းမြို့၏ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို ပိုမိုသက်သာစေမည်ဖြစ်သည်။ ကီလိုမီတာ ၂၀ (၁၂ မိုင်) အရှည်ရှိ မြေအောက်ရထားလမ်းသည် မြို့လယ်နှင့် ၎င်း၏ ဆင်ခြေဖုံးများကို ချိတ်ဆက်ပေးထားကြောင်း သိရသည်။

မြေအောက်ရထားလမ်း စီမံကိန်းသည် ဂျပန်နှင့် ဗီယက်နမ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ နည်းပညာပေါင်းစပ်မှုနှင့် ၎င်း၏ စီမံခန့်ခွဲမှုပုံစံ အောင်မြင်ကြောင်း ပြသခြင်းပင်ဖြစ်သည်ဟု ဗီယက်နမ်အရာရှိတစ်ဦးက ပြောကြားသည်။
ပထမ ရထားထွက်ချိန်တွင် ပြည်သူအများအပြားသည် မြေအောက်ရထားတွဲဆိုင်းများအတွင်း၌ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး အီတိုနာယိုကီက ရထားလမ်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတအသစ်တစ်ခုဖြစ်ကြောင်း ပြောသည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) သည် အဆိုပါ မြေအောက်ရထားစီမံကိန်းအတွက် ချေးငွေများထုတ်ပေးခဲ့ပြီး ဂျပန်ကုမ္ပဏီအများအပြားကလည်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့ညနေပိုင်းက ဂျာမနီနိုင်ငံ အရှေ့ဘက်၊ Magdeburg မြို့၏ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့်ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဥ်ကြောင့် လူ ၅ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ဒီဇင်ဘာ ၂၁ ရက်နေ့အထိ လူ ၄၀ ခန့်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်အတွက် သံသယရှိသူမှာ အသက် ၅၀ အရွယ်၊ Taleb al-Abdulmohsen အမည်ရှိ၊ ဆော်ဒီအာရေဗျနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောကြားထားပါသည်။ ၎င်းသည် ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသူ တစ်ဦးဖြစ်ပါသည်။
အဆိုပါတိုက်ခိုက်သူ၏ လူမှုကွန်ယက်တွင် တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်သည့်အစွန်းရောက်အမြင်များ ရေးသားထားသည်ကို ဆော်ဒီအာရေဗျနိုင်ငံက တွေ့ရှိပြီးနောက် ဂျာမနီနိုင်ငံရှိ တာဝန်ရှိသူများကို သတိပေးခဲ့ကြောင်း ဆော်ဒီသတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသို့ ပြောကြားထားသည်။
ဂျာမနီဝန်ကြီးချုပ် Olaf Scholz က သူငယ်ချင်းများ၊ မိသားစုများနှင့် ခရစ်စမတ်ဈေးပွဲတော်လောက် အေးချမ်းမှုရှိပြီး ပျော်ရွှင်စရာကောင်းသည့် ပွဲတော် မရှိပါကြောင်း၊ ယခုကဲ့သို့ လူသေစေသည့် တိုက်ခိုက်မှုမှာ ပြင်းထန်ဆိုးရွားပြီး ရူးနှမ်းသည့်လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ပြောဆိုလိုက်ပါသည်။
ကိုးကား(The Guardian)

ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ယူကရိန်း၏ တစ်ဆင့်ခံ transit ပို့လွှတ်မှုစနစ်ကို ၂၀၂၅ ခုနှစ် ဇန်ဝါရီ ၁ ရက်တွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ၊ ဥရောပကော်မရှင်၏ တောင်းဆိုချက်အရ ရုရှားဓာတ်ငွေ့များမှလွဲ၍ ကျန်သည့်ဓာတ်ငွေ့ပို့ဆောင်ရေးများအတွက် ယူကရိန်းတစ်ဆင့်ခံ ဓာတ်ငွေ့ပို့ဆောင်ရေး စနစ်များကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ယူကရိန်း ဝန်ကြီးချုပ်က ပြောကြားလိုက်ပါသည်။

ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ယူကရိန်းတစ်ဆင့်ခံ transit ဓာတ်ငွေ့ပို့လွှတ်မှုစနစ် လုပ်ကိုင်ရန် ၂၀၁၉ ဇန်ဝါရီ ၁ ရက်တွင် ၅ နှစ်သက်တမ်းရှိ သဘောတူ စာချုပ်ကို ရုရှားနှင့် ယူကရိန်းကြား နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ကြပါသည်။ လာမည့်၂၀၂၅ ခုနှစ် ဇန်ဝါရီ ၁ ရက် ဒေသစံတော်ချိန် ၀၇:၀၀ နာရီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ ရုရှား၏ဓာတ်ငွေ့ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံပို့လွှတ်မှုစနစ်ကို ယူကရိန်းက ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား - TASS

Foxconn ဟုလူသိများသော Hon Hai Precision Industry သည် ဂျပန်နိုင်ငံ၏ Nissan Motor ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူရန်အတွက် ပြင်သစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာတစ်ခုက ဖော်ပြထားပါသည်။
၎င်းလုပ်ငန်း၏ အဓိကတာဝန်ရှိသူ ၂ ဦးကို ကိုးကားပြီး ဗဟိုသတင်းအေဂျင်စီ (CNA) က ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် အဆိုပါသတင်းကို ဖော်ပြခဲ့ပါသည်။

Nissan ၏ ရှယ်ယာများကို ဝယ်ယူရန် Hon Hai ၏ အဆိုပြုချက်ကို Nissan ကုမ္ပဏီက ပယ်ချပြီးနောက် Hon Hai က Renault နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း CNA က ဖော်ပြထားပါသည်။
ပြင်သစ်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေသည့် Hon Hai ၏ အဖွဲ့ကို လျှပ်စစ်ကား လုပ်ငန်းဆိုင်ရာ နည်းဗျူဟာ အကြီးအကဲ Seki Jun က ဦးဆောင်ကြောင်း CNA က ဖော်ပြထားပါသည်။ Seki Jun သည် Nissan တွင် အကြီးတန်း အမှုဆောင်တစ်ဦး အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်။
Hon Hai က စတော့ဝယ်ယူခြင်း သို့မဟုတ် အခြားနည်းလမ်းများအသုံးပြုပြီး Nissan ၏ စီမံခန့်ခွဲမှုတွင် ပါဝင်နိုင်ရန် နောက်ကွယ်တွင် စဉ်းစားနေခဲ့သည်ဟု သတင်းရင်းမြစ်များစွာက ဖော်ပြထားကြသည်။
Nissan သည် လတ်တလောတွင် ဖြစ်နိုင်ချေရှိသည့် ပေါင်းစည်းမှုတစ်ခုအတွက် ဂျပန်ကုမ္ပဏီ Honda Motor နှင့်ဆွေးနွေးနေပါသည်။၎င်းတို့အနေဖြင့် လာမည့်သီတင်းပတ်အစောဆုံးထားပြီး အခြေခံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ကြောင်းဖော်ပြထားပါသည်။
ကိုးကား-NHK World