သတင်းများ

ရန်ကုန် ဇွန် ၂၉

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၅)နှစ် မြောက် ဂုဏ်ပြုအထိမ်းအမှတ် လူငယ်ပဒေသာ အနုပညာဖျော်ဖြေရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်-တရုတ်ယဉ်ကျေးမှုစင်တာ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ LEHUA INTERNATIONAL EDUCATION CENTER မှ ELECTRIC DRAM တီးခတ်၍ Remix တရုတ်သီချင်းဖြင့်လည်းကောင်း၊ အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)မှ စံတော်ချိန်နှစ်ပါးသွားအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ယနေ့ကျင်းပပြုလုပ် သည့် အထိမ်းအမှတ်ပွဲသည် သမိုင်းရင်းမြစ်များကို သတိရစေသည့်အပြင် အနာဂတ်ကာလ၌ ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးများ တိုးတက်လာစေရန်အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတစ်လျှောက်တွင် တရုတ်နိုင်ငံအနေဖြင့် မိတ်ဖက်အဖြစ် ထောက်ခံမှုများ ပြုလုပ်ပေးခဲ့ပြီး စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေးမှု၊ လူငယ်ချင်းဖလှယ်မှု အစရှိသည့်ကဏ္ဍများတွင် ဦးဆောင်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယဉ်ကျေးမှုကဏ္ဍတွင်လည်း နှစ်နိုင်ငံသဘောတူညီချက်အရ တရုတ်မြန်မာယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အနုပညာဖျော်ဖြေပွဲများနှင့် လူငယ်ဖလှယ်ရေးအစီ အစဉ်များသည် နှစ်နိုင်ငံတွင်ရှိကြသည့် နိုင်ငံသားအချင်းချင်းနားလည်မှုကို တိုးမြှင့်စေခဲ့ကြောင်း ပြောကြားသည်။

ယင်းနောက် အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ Brain Works-Total School, Bowen School, Eastern Language and Business Centre (ELBC),Golden Education Sharing Centre (GESC), Lehua International Education Center, Myanmar International Education Center (MIEC) တို့မှ ကျောင်းသား ကျောင်းသူလေးများက ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOI

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံး ရေးသားနည်း သင်ကြားပေး

ကျောက်ဆည်၊ဇွန်-၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေးစွမ်းရည် မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ဇွန်(၂၅)ရက်နံနက်(၉)နာရီ အခမဲ့ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊  အားလပ်ချိန်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်နှင့် ရေးသားမှုစွမ်းရည်မြင့်မားရေး ကောင်းမွန် ပြည့်စုံသည့် စာစီစာကုံး တစ်ပုဒ်ရရှိရန် စာများများဖတ်ပြီး လေ့ကျင့်မှုများပြုလုပ်ထားရန်လိုကြောင်းနှင့် နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် အင်္ဂါရပ်များနှင့်အညီ အချက်အလက်ရေးသားတင်ပြပုံလှပရန်လိုကြောင်း  နိဂုံးသည် ခေါင်းစဉ်နှင့်လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်းရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် စာရေးဆရာမ ဒေါ်ခင်ချို သီတဂူ(ကျောက်ဆည်)က စာစီစာကုံးရေးသားရာတွင် သရုပ်ဖော်ရေးသားခြင်း၊ အကြောင်းအကျိုး ဖော်ပြ ရေးသားခြင်း၊ အတွေးအခေါ်ဖြင့်ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံးရေးသားနည်းများအကြောင်း သင်ကြား ပေးခဲ့သည်။

အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန် (၂၅) ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၂)ရက်အကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက်  အခြေခံ စာစီစာကုံး ရေးသားနည်းများအပြင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းများ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်၊ကျောက်ဆည်

ကျောက်ဆည်မြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက  ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတပြည့်ဝပြီး စာဖတ်ရှိန် မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသပွဲ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဘက်စုံထူးချွန် ထက်မြတ်စေရန်၊ လူငယ် နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်ဒေါ်ခင်ချို (သီတဂူကျောက်ဆည်)က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသ ထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

တံတားဦး ၊ ဇွန် - ၂၄

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာ အပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ဇွန်လ(၂၃)ရက်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် ကျင်းပကြောင်းသိရသည် ။

အခမ်းအနားတွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၊ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းက အမှာစကားပြောကြားပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်  လူငယ်များ အချင်းချင်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးတတ်စေရန် ၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆို တတ်စေရန် ၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန် ၊ မိမိတို့ သိထားသင့်သော ဗဟုသုတများကို အချင်းချင်း ပြန်လည် မျှဝေတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade -10 မှ ကျောင်းသား မောင်အောင်မျိုးက လူငယ်နှင့် နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊  Grade -7 မှ ကျောင်းသူ မရွှေစင်ထက်က  လူငယ်နှင့်ဥပဒေခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade -10မှ ကျောင်းသား မောင်ကျော်လင်းထွန်းက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade - 7 ကျောင်းသူ မအိမွန်ကျော်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့ သိရှိ လိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား ၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြသည် ။

ထို့နောက် ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ ကလေး အလုပ်သမား ပပျောက်ရေးအကြောင်းအရာများနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ အရောင်အသွေး စုံလင်စွာဖြင့် ပြသထားသော နံရံကပ် ပိုစတာဘုတ် များကိုလည်းကောင်း သုတ ၊ ရသ စာအုပ်စာစောင်များကိုလည်းကောင်း အသီးသီး ပြသထားရာ ဆရာ/မများနှင့် ကျောင်းသား ၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ ကြကြောင်းသိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

ဘရာဇီးနိုင်ငံတွင် ၇ ကြိမ်မြောက် BRICS လူငယ်စွမ်းအင် ထိပ်သီး အစည်းအဝေးကျင်းပ

ဘရာဇီးနိုင်ငံသည် ယခုသီတင်းပတ်အစောပိုင်းက မြို့တော် Brasilia တွင် BRICS အဖွဲ့၏ ၇ ကြိမ်မြောက် လူငယ်စွမ်းအင်ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ထိုအရေးပါသော စုဝေးပွဲတွင် BRICS နိုင်ငံများမှ လူငယ်ပညာရှင်များ၊ အစိုးရအရာရှိများနှင့် အကြီးတန်း စွမ်းအင်ကျွမ်းကျင်သူများ အပါအဝင် ပါဝင်သူ ၁၀၀ ကျော် တက်ရောက် ခဲ့ကြသည်။

အဆိုပါထိပ်သီးအစည်းအဝေးသည် BRICS အဖွဲ့၏ တရားဝင် လူငယ် ပလက်ဖောင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် ၁၀ နိုင်ငံ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အင်ဒိုနီးရှား) ပါဝင်သည်။ ၎င်းသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် အစောပိုင်း အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် မူဝါဒချမှတ်သူများကို ဆက်သွယ်ပေးသည်။

BRICS လူငယ်စွမ်းအင်အေဂျင်စီ၏ ခေါင်းဆောင် Aleksandr Kormishin က “အဆိုပါထိပ်သီးအစည်းအဝေးသည် ‘တောင်ကမ္ဘာမှ လူငယ်များအတွက် အဓိကပလက်ဖောင်း’ အဖြစ် ရပ်တည်လာခဲ့ပြီး BRICS နှင့် အခြားနိုင်ငံများမှ လူငယ်ခေါင်းဆောင်များသည် စွမ်းအင်ကဏ္ဍတွင် ပိုမို ကောင်းမွန်သော အနာဂတ်တည်ဆောက်ရန် လက်တွေ့ကျသည့် နည်းလမ်း များကို ဆွေးနွေးနိုင်ကြသည်” ဟု RT သို့ ပြောကြားခဲ့သည်။

၎င်းက “စွမ်းအင်ဝန်ကြီးဌာနများ၊ အဓိကကော်ပိုရေးရှင်းများနှင့် စွမ်းအင် ကဏ္ဍရှိ အကျိုးသက်ဆိုင်သူများမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အဆိုပါ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ ပံ့ပိုးနိုင်မည်ကို အစီအစဉ်များ ချမှတ်ခဲ့ကြသည်” ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ဘရာဇီး၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကျင်းပသည့် အဆိုပါ အခမ်းအနားတွင် လူငယ်ကိုယ်စားလှယ်အဖွဲ့များ၊ ပညာရေး ခေါင်းဆောင်များနှင့် အဓိကစွမ်းအင်ကုမ္ပဏီများ ပါဝင်ခဲ့သည်။ ရေရှည် ပါတနာဖြစ်သော ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း Rosatom က စွမ်းအင်ကဏ္ဍတွင် လူငယ်ဖွံ့ဖြိုးရေး၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့သည်။

“အင်အားစုစည်းခြင်းဖြင့် မိမိတို့သည် ပူးပေါင်းသုတေသနများ ဆောင်ရွက်နိုင်ပြီး ကျွမ်းကျင်မှုများဖလှယ်ကာ ကမ္ဘာ့စျေးကွက်အတွက် အရေးပါသော အဖြေရှာမှုများ ဖန်တီးနိုင်မည်” ဟု Rosatom ၏ CEO Alexey Likhachev က ပြောကြားခဲ့သည်။ “မိမိတို့၏ Obninsk Tech hub သည် ကမ္ဘာအရပ်ရပ်မှ အဆင့်မြင့်နျူကလီးယားပညာရှင်လူငယ်များကို စုစည်း ထားသည်” ဟု ပြောကြားခဲ့သည်။

Kaluga ဒေသရှိ Obninsk မြို့သည် ၁၉၅၄ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး နျူကလီးယားစွမ်းအင်စက်ရုံ စတင်လည်ပတ်ခဲ့သော နေရာဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် အဆင့်ဆင့်ရပ်စဲခဲ့ပြီး ယခုအခါ ပြတိုက်တစ်ခုဖြစ်သော အဆိုပါစက်ရုံသည် ခေတ်ပြိုင်နျူကလီးယားနည်းပညာများအတွက် စမ်းသပ်မြေတစ်ခုအဖြစ် တစ်ချိန်က အသုံးပြုခဲ့သည်။

အဆိုပါ အစည်းအဝေး၏ အဓိကအချက်မှာ BRICS နိုင်ငံများမှ လူငယ် သုတေသီ ၅၀ ကျော်ဖြင့် ပြုစုထားသော နှစ်စဉ်အစီရင်ခံစာ “BRICS လူငယ်စွမ်းအင်အလားအလာများ” ကို အသိပေးမိတ်ဆက်ခြင်း ဖြစ်သည်။ အစီရင်ခံစာတွင် ကာဗွန်နည်းစနစ်များ၊ ရေရှည်တည်တံ့သောလောင်စာ၊ စွမ်းအင်သုံးစွဲနိုင်မှုနှင့် အရေးကြီးသော သတ္တုရိုင်းများ ကဲ့သို့သော အဓိက အကြောင်းအရာများကို ဖော်ပြထားသည်။ ၎င်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တွင် ဘရာဇီးနိုင်ငံ Belem မြို့၌ ကျင်းပမည့် COP30 တွင် တရားဝင် မိတ်ဆက်မည်ဖြစ်သည်။

ထိပ်သီးအစည်းအဝေးတွင် ဘရာဇီး၏ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန၊ အိန္ဒိယ၏ စွမ်းအင်ဝန်ကြီးဌာန အပါအဝင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးတန်းကိုယ်စားလှယ်များ မိန့်ခွန်းများ ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသည် BRICS လူငယ်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်ကိုလည်း ကျင်းပခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ ရေရှည်တည်တံ့သော စွမ်းအင်ဆွေးနွေးပွဲများအတွက် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို ဘရာဇီးသတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန၊ အမျိုးသားလူငယ်အတွက်ကော်မတီတို့က BRICS လူငယ်စွမ်းအင် အေဂျင်စီနှင့် Rosatom တို့နှင့် ပူးပေါင်း၍ စီစဉ်ကျင်းပခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဖိလစ်ပိုင်လူငယ်များ HIV ကူးနှုန်းအဆမတန်မြင့်တက်လာ၍အရေးပေါ်အခြေအနေသတ်မှတ်ထား

မနီလာ၊ဇွန် ၃

ဖိလစ်ပိုင်လူငယ်များအကြား၌ HIV ရောဂါကူးစက်မှုနှုန်းသည် ၅၀၀ ရာခိုင်နှုန်းအထိရှိလာနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါကို နိုင်ငံတော်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာရန် အကြံပြုထားကြောင်းသိရသည်။

ကျန်းမာရေးဌာနအတွင်းဝန်ကမူ ရောဂါကူးစက်မှုသည် အသက် ၁၅ မှ ၂၅ ကြားလူငယ်များအတွင်း၌ ပိုမိုမြန်ဆန်များပြားနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိကာလအတွင်း နေ့စဉ် HIV ကူးစက်နှုန်းသည် ၅၇ ဦးအထိဖြစ်ခဲ့ပြီး အနောက်ပစိဖိတ်ဒေသတွင် အမြင့်ဆုံးဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

ကျန်းမာရေးဌာန၏ ကိန်းဂဏန်း အချက်အလက်များအရ အသစ်ထပ်မံတွေ့ရှိရသည့် HIV ကူးစက်မှုများသည် ပြီးခဲ့သည့်ဆယ်နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်းသိရပြီး ၂၀၁၄ ခုနှစ်အထိ နေ့စဉ်ရောဂါကူးစက်မှုသည်တစ်ရက်လျှင် ၂၁ ဦးသာရှိခဲ့ရာမှ ၂၀၂၄ တွင် တစ်နေ့လျှင် ၄၈ ဦးအထိကူးစက်မှုမြင့်မားလာသည်ဟုသိရသည်။

“၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ နေ့စဉ်ကူးစက်မှုနှုန်းက ၅၆ ဦးအထိရှိလာပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင်ပင် ၄၄ ရာခိုင်နှုန်းခန့် အထိပိုများလာသည်” ဟုလည်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား- Popular Myanmar

နေပြည်တော် မေ ၂၁

နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ မွေးမြူနေချိန်တွင် မောင်တို့မယ်တို့အနေဖြင့် သင်ယူခဲ့သည့်ပညာရပ်များ၏ အခြေခံသဘောတရားများမှတစ်ဆင့် စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီး တိုးတက်အောင်မြင်အောင် ထပ်မံကြိုးစားသွားကြရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း (၁/၂၀၂၅) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/70226

၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံပြိုင်ပွဲများပြုလုပ်၊ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) နှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းများမှ ထူးချွန်ဆုရ သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါ ပျံသန်း

တပ်မတော်(ရေ)က ၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၂ ရက်တွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော် (ရေ)၊ လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ စခန်းပေါင်းစုံ ရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လှေလှော်ရွက် တိုက်ပြိုင်ပွဲများကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်း

တပ်မတော်(ရေ)က ၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၂ ရက်တွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော် (ရေ)၊ လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ စခန်းပေါင်းစုံ ရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လှေလှော်ရွက် တိုက်ပြိုင်ပွဲများကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်း အုပ်ချုပ်သူများက တက်ရောက် ကြည့်ရှုအားပေးကြသည်။

ထို့နောက် သင်တန်းအလိုက် လက်ရိုက်အလံအချက်ပြပို့ / ဖမ်းခြင်း လက်တွေ့ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်လှေဝမ်းပြား မီတာ (၅ဝဝ) ပြိုင်ပွဲနှင့် Optimist ရွက်လှေပြိုင်ပွဲတို့အား နေပြည်တော် စခန်းတန်းခွဲ (၁) ၊ နေပြည်တော်စခန်းတန်းခွဲ (၂) ၊ အင်းယားစခန်း၊ ကိုကိုးကျွန်းစခန်း၊ ဟိုင်းကြီးကျွန်းစခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းစသည့် ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခုတို့မှ သင်တန်းသား၊ သင်တန်းသူများက အသင်းလိုက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါ ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း၊ အမှတ်စဉ် (၁/၂ဝ၂၅) ကို သင်တန်းစခန်း ၁၁ ခုတွင် သင်တန်းသား၊ သင်တန်းသူ (၈ဝဝ) ဦးဖြင့် ဧပြီလ ၂၂ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အလားတူ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်း များမှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် လေယာဉ်/ ရဟတ်ယာဉ်များ လိုက်ပါပျံသန်းရန်၊ ပြိုင်ပွဲများကျင်းပရန်၊ လေ့လာရေး ခရီးစဉ်များ ဆောင်ရွက်ရန်၊ စုပေါင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရန်နှင့် တပ်မတော်အကြီးအကဲ၏ ဩဝါဒခံယူရန်အတွက် မေ ၁၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိကြသည်။

အဆိုပါသင်တန်းသားများအနက် သင်တန်းစခန်းအလိုက်မှ ထူးချွန်ဆုရ သင်တန်းသားများသည် မေ ၁၂ ရက်တွင် နေပြည်တော်လေတပ်စခန်း၌ လေယာဉ်/ ရဟတ်ယာဉ်များ လိုက်ပါမပျံသန်းမီ အထွေထွေကျန်းမာရေးစစ်ဆေးခြင်းနှင့် ကြိုတင်လေ့ကျင့်သင်ကြားဆွေးနွေးခြင်းများဆောင်ရွက်ပြီး လေယာဉ်မောင်းသင်ကျောင်းမှ နည်းပြလေသူရဲများနှင့်အတူ အမောင်းသင် လေယာဉ်/ ရဟတ်ယာဉ်များအား လက်တွေ့ လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုးကား- MNP

ဂျပန်နိုင်ငံ၌ ကလေးငယ်များ အင်တာနက်အသုံးပြုမှု ပိုမိုများပြားလာ

တိုကျို  မေ ၄

ဂျပန်နိုင်ငံ၌ နှစ်စဉ်ကောက်ယူလျက်ရှိသည့် စစ်တမ်းတစ်ခုအရ ကလေးငယ်များသည် အင်တာနက်ပိုမိုအသုံးပြုကာ ယခင်ကထက် အင်တာနက်တွင် ပိုမိုအချိန်ကုန်ဆုံးလာကြကြောင်း သိရသည်။

ကလေးသူငယ်နှင့် မိသားစုအေဂျင်စီက အသက်ကိုးနှစ်အထိ ကလေးငယ်များ၏ အင်တာနက်အသုံးပြုမှုနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် အသက် ကိုးနှစ်အထိ ကလေးငယ်များ၏ မိဘ ၃၀၀၀ ခန့်ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ၁၉၆၄ ဦး ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်း သိရသည်။

အင်တာနက်အသုံးပြုမှု နှစ်စဉ်မြင့်တက်

ကလေးငယ်များအနက် ၇၈ ဒသမ ၅ ရာခိုင်နှုန်းမှာ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းအပါအဝင် အင်တာနက်ကို အသုံးပြုကြသည်ဟု ဆိုသည်။ ဂျပန်နိုင်ငံ၌ ကလေးငယ်များ အင်တာနက်အသုံးပြုမှုနှစ်စဉ် မြင့်တက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်က မှတ်တမ်းတင်ထားသည့် ၅၆ ဒသမ ၉ ရာခိုင်နှုန်းထက် ၂၀၂၄ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်း ပိုများလာကြောင်း သိရသည်။

အသက်အရွယ်အလိုက် အင်တာနက်အသုံးပြုမှုနှုန်းကို လေ့လာကြည့်ရာတွင် အသက်တစ်နှစ်အောက် ကလေးငယ် ၆၉ ဦးမှာ ၁၀ ဒသမ ၁ ရာခိုင်နှုန်း အင်တာနက်အသုံးပြုကြောင်း တွေ့ရသည်။ ထို့အပြင် အသက်တစ်နှစ်အရွယ် ကလေးငယ် ၁၂၆ ဦးမှာ ၄၂ ဒသမ ၉ ရာခိုင်နှုန်း အင်တာနက်အသုံးပြုကြောင်းနှင့် အသက်နှစ်နှစ်အရွယ် ကလေးငယ် ၁၃၃ ဦးမှာ ၅၆ ဒသမ ၄ ရာခိုင်နှုန်း အင်တာနက်အသုံးပြုကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

စိတ်စွဲလမ်းမှုများကို ဖြစ်ပေါ်စေနိုင်

အင်တာနက်ကို ပိုမိုရင်းနှီးလာသည်နှင့်အမျှ ကလေးငယ်များသည် အင်တာနက်ကို အချိန်ကြာမြင့်စွာ အသုံးပြုလာသည်ဟု ဟိုဂိုတက္ကသိုလ်ပါမောက္ခ တာကေယုချီ ကာဇူအိုက မှတ်ချက်ပြုပြောသည်။ ထို့အပြင် စမတ်ဖုန်းနှင့် အခြားအင်တာနက်ကိရိယာများက ကလေးများကို ပြုစုပျိုးထောင်ရာတွင် အထောက်အကူဖြစ်နိုင်သော်လည်း အချိန်ကြာမြင့်စွာ အသုံးပြုမည်ဆိုပါက စည်းကမ်းမဲ့သည့် နေထိုင်မှုပုံစံများနှင့် စိတ်စွဲလမ်းမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

Source: မြန်မာ့အလင်းသတင်းစာ 

တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုကို ရှေ့ဆက်ဖော်ဆောင်ရာ၌ လူငယ်များအနေဖြင့် တက်တက်ကြွကြွ တာဝန်ယူကြရန် သမ္မတရှီ တိုက်တွန်း

တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုကို ရှေ့ဆက်ဖော်ဆောင်ရာ၌ မျိုးဆက်သစ် လူငယ်များအနေဖြင့် ရဲရဲဝံ့ဝံ့ တာဝန်ယူကြရန် အားပေး တိုက်တွန်းထားသော တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်၏ ဆောင်းပါးအား မေ ၁ ရက်၌ ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ် ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီ ရေးသားထားသော အဆိုပါ ဆောင်းပါးအား CPC ဗဟိုကော်မတီ၏ အထင်ကရ မဂ္ဂဇင်းဖြစ်သော Qiushi Journal ၏ ယခုနှစ်အတွင်း ကိုးကြိမ်မြောက် ထုတ်ဝေသည့် မဂ္ဂဇင်းတွင် ဖော်ပြသွားမည်ဖြစ်သည်။

ကိုးကား- Xinhua

Photo: CGTN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂