ကျောက်ဆည်မြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတပြည့်ဝပြီး စာဖတ်ရှိန် မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသပွဲ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဘက်စုံထူးချွန် ထက်မြတ်စေရန်၊ လူငယ် နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်ဒေါ်ခင်ချို (သီတဂူကျောက်ဆည်)က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသ ထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)