ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံး ရေးသားနည်း သင်ကြားပေး

News Image

  • ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံး ရေးသားနည်း သင်ကြားပေး

ကျောက်ဆည်၊ဇွန်-၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေးစွမ်းရည် မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ဇွန်(၂၅)ရက်နံနက်(၉)နာရီ အခမဲ့ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊  အားလပ်ချိန်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်နှင့် ရေးသားမှုစွမ်းရည်မြင့်မားရေး ကောင်းမွန် ပြည့်စုံသည့် စာစီစာကုံး တစ်ပုဒ်ရရှိရန် စာများများဖတ်ပြီး လေ့ကျင့်မှုများပြုလုပ်ထားရန်လိုကြောင်းနှင့် နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် အင်္ဂါရပ်များနှင့်အညီ အချက်အလက်ရေးသားတင်ပြပုံလှပရန်လိုကြောင်း  နိဂုံးသည် ခေါင်းစဉ်နှင့်လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်းရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် စာရေးဆရာမ ဒေါ်ခင်ချို သီတဂူ(ကျောက်ဆည်)က စာစီစာကုံးရေးသားရာတွင် သရုပ်ဖော်ရေးသားခြင်း၊ အကြောင်းအကျိုး ဖော်ပြ ရေးသားခြင်း၊ အတွေးအခေါ်ဖြင့်ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံးရေးသားနည်းများအကြောင်း သင်ကြား ပေးခဲ့သည်။

အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန် (၂၅) ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၂)ရက်အကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက်  အခြေခံ စာစီစာကုံး ရေးသားနည်းများအပြင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းများ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်၊ကျောက်ဆည်