အမေရိကန်က နေတိုးအဖွဲ့ကနေ နှုတ်ထွက်သင့်ကြောင်းပြောဆိုခဲ့သည့် သမ္မတအကြီးတန်းအကြံပေး၏စကားကို အီလွန်မက် ထောက်ခံ

News Image

  • အမေရိကန်က နေတိုးအဖွဲ့ကနေ နှုတ်ထွက်သင့်ကြောင်းပြောဆိုခဲ့သည့် သမ္မတအကြီးတန်းအကြံပေး၏စကားကို အီလွန်မက် ထောက်ခံ

အမေရိကန်နိုင်ငံသည် နေတိုးအဖွဲ့မှ နှုတ်ထွက်သင့်သည်ဟု ကမ္ဘာကျော် ဘီလျံနာ အီလွန်မက်က ပြောဆိုခဲ့ပြီး ဥရောပ၏ကာကွယ်ရေးအတွက် အမေရိကန်နိုင်ငံသားများက ပေးဆောင်မှုများ လုပ်ဆောင်နေရခြင်းသည် အဓိပ္ပါယ်မရှိကြောင်း ပြောခဲ့ပါသည်။

အမေရိကန်သည် နေတိုးအဖွဲ့မှ ချက်ချင်းနှုတ်ထွက်သင့်သည်ဟု ပြောဆိုခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးတန်း အကြံပေး တစ်ဦး၏ ပြောဆိုချက်များကို အီလွန်မက်ကလည်း ထောက်ခံခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် အမေရိကန်သည် ကုလသမဂ္ဂအဖွဲ့မှ နှုတ်ထွက်သင့်ကြောင်း ပြောဆိုခဲ့သည့် အမေရိကန် အကြီးတန်းအကြံပေးတစ်ဦး၏ အကြံပြုချက်များကို ၎င်းက သဘောတူကြောင်း မတ်လ ၃ ရက်တွင် အီလွန်မက်က X ၌ ရေးသားဖော်ပြခဲ့ပါသည်။

လာမည့်ဧပြီလတွင် တည်ထောင်မှု (၇၆) နှစ် ပြည့်မည့် နေတိုးအဖွဲ့၏ အနာဂတ်သည် ဟန်ချက်မညီမှုများရှိနေသည့်အချိန်တွင် ၎င်း၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ကိုးကား-NP News