၁၀ နှစ်အတွင်းနှလုံးဖောက်နိုင်ခြေ ရှိ၊ မရှိကို ရိုးစင်းသည့် မျက်လုံးစစ်ဆေးနည်းဖြင့် ခန့်မှန်းနိုင်
အီဒင်ဘာ့ဂ် ဇူလိုင် ၂၁
ရိုးစင်းသည့်မျက်လုံးစစ်ဆေးနည်းတစ်မျိုးသည် လာမည့် ၁ဝ နှစ်အတွင်း နှလုံးရုတ်တရက် ဖောက်နိုင်ခြေ သို့မဟုတ် လေဖြတ် နိုင်ခြေ ရှိ၊ မရှိကို ခန့်မှန်းနိုင်ကြောင်း ဇူလိုင် ၂၀ ရက် သတင်း များအရ သိရသည်။
မျက်လုံးနောက်ဘက်အတွင်း အာရုံခံလွှာ သွေးကြောများ၏ ဓာတ်ပုံများကို လူ့ဉာဏ်ရည်တု နည်းပညာ (Al) အကူအညီသုံး၍ လေ့လာဆန်းစစ်ခြင်းဖြင့် လာမည့် ၁၀ နှစ်အတွင်း နှလုံးရုတ်တရက် ဖောက်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို ကြိုတင်ခန့်မှန်းနိုင်သည်ဟု စကော့တလန် သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။
အလင်းအာရုံခံလွှာ သွေးကြောများ ပျက်စီးနေခဲ့ပါက သို့မဟုတ် ကျဉ်းမြောင်းနေပါက လာမည့် ၁ဝ နှစ်အတွင်း လေဖြတ်နိုင်ခြေနှင့် နှလုံးရုတ်တရက်ဖောက်နိုင်ခြေတို့ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။
လက်တွေ့စမ်းသပ်မှုမှပေါ်ထွက်လာသည့် ရလဒ်များအရ မိမိတို့၏ AI နည်းပညာသုံး မျက် လုံးစစ်ဆေးနည်းသည် လာမည့် ၁ဝ နှစ်အတွင်း နှလုံးရုတ်တရက် ဖောက်နိုင်ခြေနှင့် လေဖြတ်နိုင် ခြေ ရှိ၊ မရှိကို ၂၀ ရာခိုင်နှုန်း တိကျစွာ ခန့်မှန်းနိုင်သည်ဟု စကော့တလန် သုတေသနပညာ ရှင်များက ပြောကြားကြောင်း သိရသည်။
ရတနာပုံသတင်းစာ
Photo: Yahoo Finance