ညအိပ်ပျော်ရန် အခက်အခဲရှိသူများ၌ နာတာရှည်ရောင်ရမ်းမှုပြဿနာရှိနေပါက စိတ်ကျဝေဒနာ ခံစားရနိုင်ခြေ မြင့်တက်နိုင်
နယူးယောက် ဇူလိုင် ၂၀
ညပိုင်းအိပ်ပျော်ရန် အခက်အခဲရှိသူများအနေဖြင့် နာတာရှည် ရောင်ရမ်းမှုပြဿနာရှိနေပါက စိတ်ကျဝေဒနာခံစားရနိုင်ခြေ ပုံမှန်ထက် မြင့်မားနေတတ်ကြောင်း ဇူလိုင် ၁၉ ရက် သတင်းများတွင် ဖော်ပြထားသည်။
ညပိုင်းအိပ်ပျော်ရန် အခက်အခဲရှိသူ သက်ကြီးပိုင်းများအနေဖြင့် ရောင်ရမ်းမှုပြဿနာရှိခဲ့ပါက စိတ်ကျရောဂါခံစားရနိုင်ခြေ ပုံမှန်ထက် သုံးဆမြင့်တက်လာနိုင်ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်(လော့စ်အိန်ဂျလိစ်)မှ အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန် သုတေသနပညာရှင်များသည် ညဘက်အိပ်မပျော်နိုင်မှုပြဿနာရှိသူ ၅၃ ဦးပါဝင်သည့် အသက် ၆ဝ အထက် လူပေါင်း ၁၆၀ ကို လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
လက်တွေ့စမ်းသပ်မှုတွင် ပါဝင်သော လူနာများကို ရေတို ကိုယ်တွင်းရောင်ရမ်းမှုဖြစ်စေတတ်သော Endoxin ခေါ် ဆေးဝါးတစ်မျိုး တိုက်ကျွေး၍ စောင့်ကြည့်ခဲ့သည်။
စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ ညပိုင်းအိပ်မရမှုပြဿနာရှိနေသူများ၌ ကိုယ်တွင်းရောင်ရမ်းမှုပြဿနာရှိခဲ့ပါက စိတ်ကျရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် သုံးဆမြင့်တက်လာသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
ရတနာပုံသတင်းစာ
Photo: Technology Networks