သတင်းများ

ဟင်္သာတမြို့နယ်မှ ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေ

ဟင်္သာတ  ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ်မှ သရက်သီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် ဒေသထွက် စိန်တလုံးသရက်သီးများ ဈေးကွက်တွင် ယခုနှစ် ဧပြီလ ပထမပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ် ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင် သရက်သီးအလုံးရေ ၄၅၀၀၀ မှ ၅၅၀၀၀ ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါသရက်သီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“ဒီဘက်ကနေထွက်တဲ့ သရက်သီးတွေကို အခြားမြို့နယ်တွေက ဝယ်ယူမှုအားကောင်းနေပါတယ်။ အခုအရောင်းအဝယ်ကောင်းနေတဲ့ သရက်သီးတွေက အရည်အသွေးကောင်းပြီး လတ်ဆတ်ပါတယ်။ ဒေသထွက်ကုန်ဖြစ်တာကြောင့် ဈေးသက်သာပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို စားသုံးနိုင်မှာဖြစ်ပါတယ်။ အခြားဒေသတွေက ဒီဘက်ကနေတင်ပို့တဲ့ စိန်တလုံးသရက်သီးတွေကို အဝယ်လိုက်နေပါတယ်။ အခုလို ဒေသထွက်ကုန် သရက်သီးတွေ ဝယ်ယူအားကောင်းလာတော့ သရက်စိုက်ပျိုးတဲ့ တောင်သူတွေ ပိုမို အဆင်ပြေလာပါတယ်” ဟု ဟင်္သာတမြို့နယ်မှ သရက်သီး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် လက်ရှိ စိန်တလုံးသရက်သီးများအပါအဝင် ဒေသထွက်သရက်သီးများ ပေါ်နေသည့် အချိန်ဖြစ်ကြောင်း၊ အဆိုပါ ဒေသထွက်သရက်သီးများ ဝယ်ယူအားကောင်းအရောင်းသွက်လာခြင်း၊ ဒေသထွက်ကုန်များကိုသာ အရောင်းအဝယ်ပြုလုပ်ရခြင်း၊ ကုန်စည်များ သယ်ယူရသည့် ကုန်ကျစရိတ် သက်သာခြင်း၊ ကုန်ပစ္စည်းလတ်ဆတ်ခြင်းစသည့် အကျိုးကျေးဇူးရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ဂျပန်နိုင်ငံဝန်ကြီးချုပ် Ishiba ဗီယက်နမ်နိုင်ငံ၊ Hanoi မြို့သို့ သွားရောက်လည်ပတ်

ဂျပန်နိုင်ငံဝန်ကြီးချုပ် Ishiba သည် ဗီယက်နမ်နိုင်ငံ၊ Hanoi မြို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် ကုန်စည်များလွတ်လပ်စွာ ကုန်သွယ်နိုင်မှုအပေါ် စည်းမျဉ်းများထုတ်ပြန်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ဖော်ပြပါ နှစ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အကောက်ခွန် တိုးမြှင့်ကောက်ခံမှုများမှ ကင်းလွင့်ခွင့်ရရှိရန် အမေရိကန်နိုင်ငံနှင့် ဆွေးနွေး ပြောဆိုလျက်ရှိပါသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် Ishiba ၏ ဗီယက်နမ်နိုင်ငံသို့ ပထမအကြိမ် သွားရောက်လည်ပတ်ခြင်းနှင့် ဖိလစ်ပိုင်သို့ ဆက်လက် လည်ပတ်ခဲ့ခြင်းသည် အမေရိကန်၏ အကောက်ခွန်နှုန်းများကြောင့် စီးပွားရေးမသေချာမရေရာမှုများအကြား အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည့် အရှေ့အာရှနိုင်ငံတွင် ကျင်းပခဲ့သည့် အစည်းအဝေးဖြစ်ခဲ့ပါသည်။ 

ကမ္ဘာ့စီးပွားရေးအခြေအနေတည်ငြိမ်မှုမရှိခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအပေါ် အကျိုးသက်ရောက်မှုကြီးမားကြောင်း ဂျပန်ဝန်ကြီးချုပ် က ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး နောက်သတင်းထောက်များထံ ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်အပတ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထိပ်တန်းတောင်ကိုရီးယားဝန်ကြီးများ ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်လည်း ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား သုံးနိုင်ငံ မျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့မှုများ ရှိပါသည်။ 

ဂျပန်နှင့် ဗီယက်နမ်နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့မှုတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (၂) စောင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကုန်သွယ်မှုများမှာ များသောအားဖြင့် စွမ်းအင်ကဏ္ဍသုံးပစ္စည်းများနှင့် လျှပ်ကူးပစ္စည်းများ ကုန်သွယ်မှု ဖြစ်ပါသည်။ 

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ကိုးကား-The Straits Times

အမေရိကန် အကောက်ခွန် မရေရာမှုများကြောင့် Adidas ကုမ္ပဏီ ၂၀၂၅ ဘဏ္ဍာရေးခန့်မှန်းချက် မြှင့်တင်ရန် ရွှေ့ဆိုင်း

ကမ္ဘာ့ထိပ်တန်း အားကစားဝတ်စုံထုတ်လုပ်ရေး ကုမ္ပဏီကြီး Adidas သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဈေးကွက်ခန့်မှန်းချက်နှင့် အစီအစဉ်များ ရေးဆွဲရန် ယခုအချိန်တွင် ရွှေ့ဆိုင်းထားကြောင်း အင်္ဂါနေ့ (ဧပြီ ၂၉) က ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဓိကအကြောင်းရင်းမှာ အမေရိကန် ပြည်ထောင်စု၏ ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာမူဝါဒများနှင့် ပတ်သက်၍ မရေရာမှုများ ရှိနေသဖြင့် ဖြစ်ပါသည်။

“ပုံမှန်အားဖြင့် မိမိတို့၏ ပထမလေးလပတ် ကောင်းမွန်သော ရလဒ်များအရ ဝင်ငွေနှင့် အမြတ်ငွေခန့်မှန်းချက်များ ခန့်မှန်းတွက်ချက်နိုင်ခဲ့မည် ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် အကောက်ခွန်ဆိုင်ရာ မရေရာမှုများက ထိုသို့ပြုလုပ်ရန် အခက်အခဲဖြစ်စေသည်” ဟု Adidas ၏ အမှုဆောင် အရာရှိချုပ် Bjørn Gulden က ရှင်းပြခဲ့ပါသည်။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အမေရိကန်၏ အကောက်ခွန် မြှင့်တင်မှုများကြောင့် Adidas ထုတ်ကုန်များ၏ ဈေးနှုန်းများကို တက်လာစေမည်ဟု ခန့်မှန်းထားသော်လည်း ယခုအချိန်တွင် မည်မျှဈေးတက်မည်၊ အမေရိကန် ၏ ဝယ်လိုအားအပေါ် မည်သို့သက်ရောက်မည်ကို တိကျစွာ ခန့်မှန်း၍ မရသေးကြောင်း ဖော်ပြထားသည်။

Gulden က Adidas သည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်ပို့မှုကို အနည်းဆုံးအဆင့်သို့ လျှော့ချထားပြီ ဖြစ်သော်လည်း အမေရိကန်၏ မြင့်မားသော အကောက်ခွန် နှုန်းထားများကြောင့် အနည်းငယ်ထိခိုက်နိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

“အမေရိကန်နှင့် အခြားကုန်တင်ပို့သည့် နိုင်ငံများအကြား ဆက်လက် ဖြစ်ပေါ်နေသော ညှိနှိုင်းမှုများနှင့်ပတ်သက်၍ မရေရာမှုများရှိနေသဖြင့် နောက်ဆုံးအကောက်ခွန်နှုန်းထားများ မည်သို့ဖြစ်မည်ကို မိမိတို့ အတိအကျ မသိရသေးပါ။ ထို့ကြောင့် မိမိတို့၏ နောက်ဆုံး ဆုံးဖြတ်ချက်များကို ချမှတ်၍မရနိုင်သေးပါ” ဟု Gulden က ထပ်လောင်းရှင်းပြခဲ့သည်။

Adidas ၏ အဆိုပါဆုံးဖြတ်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်တွင် မရေရာမှုများ တိုးပွားလာနေသည့် အခြေအနေကို ထင်ဟပ်စေပြီး အခြားသော နိုင်ငံတကာကုမ္ပဏီများအတွက်လည်း သတိပေးချက် တစ်ရပ်အဖြစ် ရှိနေပါသည်။

ကိုးကား- Reuters

Photo: Yahoo Finance

ရုရှား၏ ကမ်းလှမ်းမှုအရ မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များ တင်ပို့ရန် တောင်သူများနှင့်ချိတ်ဆက်ဆောင်ရွက်နေဟုဆို

မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များကို ဝယ်ယူလိုကြောင်း ရုရှား နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များမှ ကမ်းလှမ်းမှုများ ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရုရှားနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိန်တလုံး သရက်သီး အပါအဝင် မြန်မာ့ဒေသထွက်သရက်သီးနှင့် သရက်သီးခြောက်များကိုယခုနှစ်မှစတင်ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားခြင်းဖြစ်သဖြင့် သရက်သီး ရောင်းဝယ်ရေးလုပ်ကိုင်နေကြသူများ၊ သရက်သီးစိုက်ပျိုးသည့် တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

သို့ဖြစ်၍ တင်ပို့ရောင်းချလိုသည့် သရက်သီးစိုက်ပျိုးရောင်းချသူများနှင့် သရက်သီးအဓိကရောင်းချသည့် လုပ်ငန်းကုမ္ပဏီများအနေဖြင့် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်နိုင်ကြောင်းသိရသည်။

ကိုးကား-MHT

Photo: Tridge

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ယခုနှစ်တွင် တိုးတက်မှု နှေးကွေးလာ နိုင်ခြေရှိပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။ ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်မှု အနှောင့်အယှက်များနှင့် ပြည်တွင်းစက်မှု လုပ်ငန်း များကို ပြည်ပပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးသည့် ကျင့်ထုံးများ မြင့်တက် လာမှုကို ကိုးကားပြီး (IMF) က ယခုကဲ့သို့ သတင်းထုတ်ပြန် ပြောဆို ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ခဲ့သော အခွန်စည်းကြပ်မှုများသည် ဥရောပသမဂ္ဂနှင့် တရုတ်တို့ အ

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ယခုနှစ်တွင် တိုးတက်မှု နှေးကွေးလာနိုင်ခြေရှိပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။ ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်မှု အနှောင့်အယှက်များနှင့် ပြည်တွင်းစက်မှု လုပ်ငန်း များကို ပြည်ပပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးသည့် ကျင့်ထုံးများ မြင့်တက် လာမှုကို ကိုးကားပြီး (IMF) က ယခုကဲ့သို့ သတင်းထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ခဲ့သော အခွန်စည်းကြပ်မှုများသည် ဥရောပသမဂ္ဂနှင့် တရုတ်တို့ အပါအဝင် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် အကွဲအပြဲများကို သိသ

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ယခုနှစ်တွင် တိုးတက်မှု နှေးကွေးလာနိုင်ခြေရှိပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။ ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်မှု အနှောင့်အယှက်များနှင့် ပြည်တွင်းစက်မှု လုပ်ငန်း များကို ပြည်ပပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးသည့် ကျင့်ထုံးများ မြင့်တက် လာမှုကို ကိုးကားပြီး (IMF) က ယခုကဲ့သို့ သတင်းထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ခဲ့သော အခွန်စည်းကြပ်မှုများသည် ဥရောပသမဂ္ဂနှင့် တရုတ်တို့ အပါအဝင် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် အကွဲအပြဲများကို သိသိသာသာ ဖြစ်ပေါ် စေခဲ့ကြောင်း သိရသည်။ ထို့ပြင် အရေးပေါ် ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အသစ်ပြန်လည် ပြုလုပ်ရန် IMF အဖွဲ့ မန်နေးဂျင်းဒါရိုက်တာ Kristalina Georgieva က တောင်းဆိုခဲ့ ကြောင်းလည်း သိရသည်။ Kristalina Georgieva က “ငွေကြေး မတည် ငြိမ်မှုများက သိသိသာသာမြင့်တက်နေပြီး ကုန်သွယ်ရေးမူဝါဒများကလည်း အပြောင်းအလဲ ဖြစ်နေပါကြောင်း၊ အမေရိကန်၏ ထိရောက်သည့် အခွန် စည်းကြပ်မှုနှုန်းများသည် ယခင်က နောက်ဆုံး မြင်တွေ့ရခဲ့သည့်အကြိမ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့ပါကြောင်း” ပြောခဲ့သည်။ ထို့ပြင် အမေရိကန်အစိုးရ၏ သွင်းကုန်အားလုံးအပေါ် အကောက်ခွန် (၁၀) ရာခိုင်နှုန်းနှင့် တရုတ်ကုန်ပစ္စည်းများအပေါ် မြင့်မားသော နှုန်းထားများ အပါအဝင် ဒေါ်နယ်ထရမ့်အစိုးရ၏ ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုများ မြင့်တက်လာခြင်းကြောင့် အချို့သောကုန်ပစ္စည်းများသည် အမြင့်ဆုံး ၁၄၅ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မှုများနှင့်ရင်ဆိုင်နေရကြောင်း Kristalina Georgieva က ပြောကြားခဲ့သည်။ အဆိုပါလုပ်ရပ်များကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် အမေရိကန်၏သွင်းကုန် အားလုံးအပေါ် အခွန်ကောက်ခံမှုကို ၈၄ ရာခိုင်နှုန်းမှ ၁၂၅ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး လက်ရှိအချိန်အထိ အသိသာအထင်ရှားဆုံး လက်တုံ့ပြန်မှု တစ်ခု ဖြစ်ခဲ့ကြောင်း Kristalina Georgieva က ပြောခဲ့သည်။

ကိုးကား-NP News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ငါးဖယ်ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ကျိုက်လတ်  ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မတ်လအတွင်း ငါးဖယ်ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာဌေးက ပြောပြ၍ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရေထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ငါးဖယ်များကို စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ငါးဖယ်ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ် ၁ ရက်မှ ၃၁ ရက်ထိ ငါးဖယ်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့မတ်လ ပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို ငါးဖယ်တွေတင်ပို့ရောင်းချအားကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ငါးဖယ်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ဒီလထဲမှာလဲ ငါးဖယ်တွေ မှာယူမှုအားကောင်းနေပါတယ်။ အခုလို ငါးဖယ်တွေ ကုန်ချိန်များများ တင်ပို့လာရတာကြောင့် ငါးလုပ်ငန်းနဲ့ ဆက်စပ်သူတွေအကုန်လုံး အဆင်ပြေလာတာတွေ့ရပါတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ရောင်းရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာဇာဌေးက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့်ဒေသထွက် ငါးဖယ်တစ်ပိဿာလျှင် ငွေကျပ် ၁၅၅၀၀ မှ ၂၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနေရခြင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ရေထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေကြောင်း သိရသည်။

ကျော်ကျော်လင်း

လွတ်လပ်စွာကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဗီယက်နမ်ဝန်ကြီးချုပ်တိုက်တွန်း

ဗီယက်နမ်နိုင်ငံအနေဖြင့်   ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အဓိကစီးပွားရေးဒေသများအတွင်း၌ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဝန်ကြီးချုပ် ဖန်မင်းချင်က  တိုက်တွန်းလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဧပြီလ ၂၆ ရက်တွင် ဖော်ပြသည်။

လွတ်လပ်စွာကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ခြင်းသည် ကုန်ပစ္စည်းများကို ဖြန့်ချိရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ၏ရပ်တည်မှုကို ပိုမိုအားကောင်းလာစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဖန်မင်းချင်က ဆက်လက်ပြောကြားသည်။

ဗီယက်နမ်နိုင်ငံသည် လက်ရှိဒစ်ဂျစ်တယ်ခေတ်တွင် ဒေသတွင်းကုန်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် အဓိကကျသည့် ဒေသတစ်ခုဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

အစိုးရသည် နိုင်ငံအတွင်းရှိ တောင်ပိုင်း ဒွန်နိုင်ပြည်နယ်၊ အလယ်ပိုင်း ဒါနန်းမြို့နှင့် မြောက်ပိုင်းဗင်ဖူပြည်နယ်ရှိ ဒေသအများအပြား၌ လွတ်လပ်စွာကုန်သွယ်ရေးဇုန်များတည်ထောင်ရန် အဆိုပြုထားကြောင်းသိရသည်။                     

Ref: Xinhua

Source: https://myawady.net.mm/

နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် အခွန်ညှိနှိုင်းမှု ချောမွေ့စေရေး လမ်းပြမြေပုံ ထရမ့်အစိုးရအဖွဲ့ ရေးဆွဲ

အမေရိကန်သည် ကုန်သွယ်ရေးညှိနှိုင်းမှုများအတွက် မူဘောင်သစ်တစ်ရပ်ကို ရေးဆွဲနေပြီး ထိုမူဘောင်တွင် ကနေဒါ၊ တရုတ်၊ မက္ကဆီနိုင်ငံတို့သည် ပါဝင်နိုင်ခြေနည်းပါးနိုင်ကြောင်း သတင်းအရင်းမြစ်များကို ကိုးကား၍ The Wall Street Journal (WSJ) က ပြောကြားထားပါသည်။

အမေရိကန်အရာရှိများသည် သမ္မတ ဒေါ်နယ်ထရမ့်၏ “တန်ပြန် အကောက်ခွန်” မူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းမှုများကို ပိုမိုထိရောက်စေရန် ရည်ရွယ်ကာ ဘုံအခြေခံသဘောတူညီချက်များပါဝင်သည့် စံနမူနာသစ် ကို အသုံးပြု၍ အဆင့်ဆင့်ညှိနှိုင်းသွားရန် စီစဉ်နေကြောင်း WSJ က ဖော်ပြသည်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) မှ ပြင်ဆင်ထားသော မူဘောင်တွင် အကောက်ခွန်နှင့် ကုန်သွယ်မှုကန့်သတ်ချက်များ၊ အမေရိကန် ကုန်ပစ္စည်းများအပေါ် စည်းမျဉ်းကန့်သတ်ချက်ကဲ့သို့သော အကောက်ခွန် မဟုတ်သည့် ကုန်သွယ်ရေးအဟန့်အတားများ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး၊ ကုန်ပစ္စည်းများ၏ မူလထုတ်လုပ်ရာနိုင်ငံစည်းမျဉ်း (Rules of Origin) ၊ စီးပွားရေးလုံခြုံရေးနှင့် အခြားစီးပွားရေးဆိုင်ရာကိစ္စရပ်များ ပါဝင်သည် ဟု မူဘောင်မူကြမ်းနှင့် ရင်းနှီးသူများထံမှ သိရသည်။

ထရမ့်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်မတိုင်မီတွင် အဓိက ကုန်သွယ်ဖက်နိုင်ငံ ၁၈ နိုင်ငံနှင့် တန်ပြန်အကောက်ခွန် သဘောတူညီချက်များ ရရှိရန် မျှော်မှန်းထားပါသည်။

ကိုးကား- TASS

Photo: Investing.com

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်သည် အကောက်ခွန်နှုန်းထားသစ်များကြောင့် ဘဏ္ဍာရေးလိုငွေပြမှု အနည်းငယ်လျှော့ချနိုင်မည်ဟု IMF အစီရင်ခံစာ ခန့်မှန်း

၂၀၂၅ ခုနှစ်တွင် အမေရိကန်သည် အကောက်ခွန်များမှ အခွန်ဝင်ငွေများတိုးလာမှုကြောင့် ဘဏ္ဍာရေးလိုငွေပြမှု အနည်းငယ်ကျဆင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစီရင်ခံစာမှ ခန့်မှန်းချက်အရ သိရပါသည်။ သို့ရာတွင် အခွန်တိုးမြှင့်ကောက်ခံမှုကြောင့်ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာသဖြင့် စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ ပိုမိုဆိုးရွားလာမည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ ၂၀၂၄ ခုနှစ်တွင် GDP ၏ ၇.၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင်မူ ၆.၅ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု မျှော်မှန်းထားပါသည်။ ထို့နောက် ၅.၆ ရာခိုင်နှုန်းတိုင်အောင် ဆက်လက်ကျဆင်းမည်ဟု ဖော်ပြထားပါသည်။ ထိုသို့ လိုငွေပြမှုကျဆင်းရသည့်အကြောင်းအရင်းမှာ ဒေါ်နယ်ထရမ့်၏ အကောက်ခွန် တိုးမြှင့်မှုကြောင့် အခွန်ဝင်ငွေတိုးတက်လာခြင်း ဖြစ်ပါသည်။ 

တစ်ဖက်တွင်လည်း ကုန်သွယ်ရေးစစ်ပွဲများကြောင့် အမေရိကန်စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှုကို သက်ရောက်စေမည်ဖြစ်သောကြောင့် ဈေးနှုန်းတက်လာပြီး ကုန်ထုတ်လုပ်မှုများလည်း နှေးကွေးလာနိုင်ကြောင်း ဆိုထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဧပြီ ၂ ရက်က နိုင်ငံပေါင်း ၁၈၅ နိုင်ငံအပေါ် အကျိုးသက်ရောက်မည့်အကောက်ခွန်နှုန်းထားသစ်ကိုကြေညာခဲ့သည်။

အကောက်ခွန်များသည် အစိုးရဘဏ္ဍာရေးကို ယာယီ ထောက်ပံ့ပေးနိုင်သော်လည်း ကုန်သွယ်ရေးစစ်ပွဲများကြောင့် ရေရှည်တွင် အကျိုးဆက်များက စီးပွားရေးကို ပိုမိုထိခိုက်စေနိုင်လာပါသည်။

ကိုးကား- CNBC

တရုတ်နိုင်ငံက အမေရိကန်ထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductors) များအတွက် အပြန်အလှန်အခွန် (၁၂၅%) ကို တိတ်တဆိတ် ရုပ်သိမ်း

တရုတ်နိုင်ငံ၊ ရှန်ကျန့်မြို့ရှိ သွင်းကုန်အေဂျင်စီ ၃ ခုမှ သောကြာနေ့ (ဧပြီ ၂၅) က ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် အမေရိကန်ထုတ် တစ်ပိုင်းလျှပ်ကူး ပစ္စည်း (semiconductors) နှင့် အိုင်စီချစ်ပ်များ အတွက် စည်းကြပ်ထားသည့် အပြန်အလှန်အခွန် ၁၂၅% ကို လျှော့ချပေးခဲ့ကြောင်း သိရသည်။ ထို ပြောင်းလဲမှုကို တရုတ်အစိုးရက တရားဝင်ကြေညာခြင်းမရှိသော်လည်း၊ အေဂျင်စီများက ကြာသပတေးနေ့ (ဧပြီ ၂၄) က ယင်းအချက်ကို သတိပြု မိခဲ့သည်။

ဧပြီ ၁၂ ရက်က တရုတ်နိုင်ငံသည် အမေရိကန်ထုတ် ကုန်ပစ္စည်းအားလုံးအတွက် အခွန်နှုန်း ၁၂၅% အထိ တိုးမြှင့်ခဲ့သော်လည်း ယခုအခါတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အိုင်စီချစ်ပ်များအတွက် ထိုအခွန်ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ နည်းပညာလုပ်ငန်းများသည် အမေရိကန်ထုတ် တစ်ပိုင်း လျှပ်ကူးပစ္စည်းများအပေါ် များစွာမှီခိုနေရသဖြင့် အဆိုပါလုပ်ဆောင်ချက် သည် ကုန်သွယ်ရေးစစ်ပွဲ၏ ဆိုးကျိုးများကို လျှော့ချရန် ရည်ရွယ်ဟန် ရှိသည်။

၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံသည် အမေရိကန်မှ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အမေရိကန်ဒေါ်လာ ၁၁.၇ ဘီလီယံ တင်သွင်းခဲ့ပြီး၊ ယင်းသည် ၎င်း၏ နည်းပညာလုပ်ငန်းအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်ထုတ်ကုန်များအတွက် အခွန်နှုန်း ၁၄၅% အထိ တိုးမြှင့်ခဲ့ပြီးနောက်၊ တရုတ်နိုင်ငံကလည်း အပြန်အလှန်အားဖြင့် အမေရိကန်ထုတ်ကုန်များအတွက် အခွန်များ တိုးမြှင့်ခဲ့သည်။

သို့သော် တရုတ်နိုင်ငံသည် မိမိတိုင်းပြည်တွင် မထုတ်လုပ်နိုင်သော (သို့မဟုတ်) အခြားနေရာများမှ အစားထိုးဝယ်ယူ၍ မရနိုင်သော ပစ္စည်းများအတွက် အခွန်လျှော့ချပေးရန် လိုအပ်နေသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည် အီလက်ထရွန်းနစ်ပစ္စည်းအားလုံး၏ အခြေခံဖြစ်သော်လည်း၊ ၎င်းတို့ထုတ်လုပ်ရန်အတွက် မြင့်မားသော နည်းပညာစွမ်းရည်နှင့် ငွေကြေးအရင်းအနှီး လိုအပ်သဖြင့်၊ ကမ္ဘာပေါ်တွင် ထုတ်လုပ်နိုင်သည့် ကုမ္ပဏီအနည်းငယ်သာ ရှိသည်။

တရုတ်နိုင်ငံသည် မိမိ၏တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကို ဖွံ့ဖြိုးအောင် အားထုတ်နေသော်လည်း အမေရိကန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် နယ်သာလန်တို့မှ ချစ်ပ်များနှင့် ချစ်ပ်ထုတ် စက်များကို ဆက်လက်မှီခိုနေရဆဲဖြစ်သည်။

“တရုတ်နိုင်ငံသည် ကုန်သွယ်ရေးစစ်ပွဲတွင် ခိုင်မာသည်ဟု အမြဲပြသသော်လည်း၊ အဓိကနည်းပညာပစ္စည်းများအတွက် အမေရိကန်အပေါ် မှီခိုနေရမှုကို ငြင်းဆို၍မရကြောင်း အဆိုပါအခွန်လျှော့ချမှုက ဖော်ပြနေသည်” ဟု စီးပွားရေးပညာရှင်များက မှတ်ချက်ပြုထားသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂