ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်များအရ ယခင်က $ ၁၀၀၀ ဝန်းကျင် သာရှိသော iPhone တစ်လုံး၏စျေးနှုန်းသည် US တွင်ထုတ်လုပ်ပါက $ ၃၅၀၀ သို့ရောက်ရှိနိုင်သည် ဟု CNN သတင်းကဖော်ပြပါသည်။
ကိုးကား-CNN

ဥရောပသမဂ္ဂကောင်စီက အမေရိကန်မှ ဥရောပသို့ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ်ပထမအကြိမ်အဖြစ် အခွန်စည်းကြပ်ရန် စာရင်းကို အတည်ပြုလိုက်ပြီး လာမည့် ဧပြီလ ၁၅ ရက်မှစတင် ကျင့်သုံးမည် ဖြစ်ကြောင်း ကောင်စီက သတင်းထုတ်ပြန်ထားပါသည်။
ဥရောပ၏ သံမဏိနှင့်အလူမီနီယမ်များအပေါ် အမေရိကန်၏ အခွန် စည်းကြပ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဥရောပကော်မရှင် အကြံပြုချက် အရ ကုန်သွယ်ရေးအရေးယူမှုများ ပြုလုပ်ရန် ဥရောပအဖွဲ့ဝင်နိုင်ငံများက မဲပေးအတည်ပြုခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသေးစိတ်အချက်အလက်များကို မဖော်ပြထားသော်လည်း Bloomberg သတင်းဌာနအပါအဝင် မီဒီယာများ၏ ယခင်က ဖော်ပြချက်အရ ယင်းအခွန် များမှာ ၂၅ ရာခိုင်နှုန်းအထိရှိနိုင်ပြီး အမေရိကန်မှ တင်သွင်းလာမည့် ၂၁ ဘီလီယံ ယူရိုတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် အကျိုးသက်ရောက်စေမည် ဖြစ်သည်။ ထိုအခွန်စည်းကြပ်မည့်ပစ္စည်းများတွင် စိုက်ပျိုးရေးနှင့် စက်မှု ထုတ်ကုန်များအပါအဝင် အမေရိကန်၏ နာမည်ကြီးထုတ်ကုန်များ ဖြစ်သည့် မော်တော်ဆိုင်ကယ်နှင့် ဂျင်းဘောင်းဘီများ ပါဝင်နေပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်းကို ၁၀၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးခေါင်းဆောင် ကာရိုလိုင်းလီဗစ်ကသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား အတည်ပြု ပြောကြား လိုက်ပါသည်။
“ဧပြီ ၉ ရက် ညသန်းခေါင်ယံမှာ တရုတ်နိုင်ငံအပေါ် ၁၀၄% အခွန် စည်းကြပ်မှု အကျိုးသက်ရောက်မှု စတင်မည်ဖြစ်ပါသည်” ဟု လီဗစ်က ပြောကြားခဲ့သည်။
ကိုးကား- TASS/CNN

တရုတ်ကုန်ပစ္စည်းအပေါ် ဒေါ်နယ်ထရမ့်က အခွန် ၁၀၄ % အထိ စည်း ကြပ်မည့် အရေးယူမှုအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရှိသူ Lin Jian က ပြောကြားလိုက်ပါသည်။
“မိမိတို့၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ပြင်းထန်သည့် အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း” Lin Jian က သတင်းစာရှင်းလင်းပွဲတွင် ထရမ့်၏ အခွန်မူဝါဒများအပေါ် မှတ်ချက်ပြု ပြောကြားလိုက်ပါသည်။

ဧပြီ ၂ ရက်က ဒေါ်နယ်ထရမ့်သည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ တင်သွင်း လာသည့်ကုန်ပစ္စည်းများအပေါ် အနည်းဆုံး အခြေခံအခွန် ၁၀ % စည်း ကြပ်ရန် ကြေညာလိုက်ပါသည်။ ထို့အပြင် တရုတ်နိုင်ငံအပေါ် အထူး သီးသန့် အခွန်အဖြစ် ၃၄ % ချမှတ်ထားကြောင်း အတည်ပြု ပြောကြား ထားပါသည်။
ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် ဧပြီ ၁၀ ရက်မှစ၍ အမေရိကန်ကုန်ပစ္စည်းအားလုံးအပေါ် အခွန်စည်းကြပ်ကန့်သတ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။
ထို့နောက် ဒေါ်နယ်ထရမ့်က တရုတ်နှင့် အမေရိကန်အကြား ဆောင်ရွက်မည့် ကုန်သွယ်ရေး သဘောတူညီမှု မချုပ်ဆိုမီအထိ တရုတ်ပစ္စည်းများအပေါ် ၁၀၄ % အထိ အခွန်စည်းကြပ်မှု ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ကိုးကား- TASS/ Reuters

ရုရှားနိုင်ငံ၏စီးပွားရေးကို မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်သည့် အနောက် အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း လွန်ခဲ့သည့် နှစ်တွင် ရုရှားဘီလျံနာအရေအတွက်မှာ တိုးလာခဲ့ကြောင်း Forbes World's Billionaires စာရင်းအရသိရသည်။ ထို့ပြင် (၂၀၂၅) ခုနှစ်၏ နှစ်စဉ်ဘီလျံနာအဆင့်သတ်မှတ်ချက်တွင် ရုရှားနိုင်ငံသားအသစ် (၁၅) ဦး၏ နာမည်များပါဝင်လာခဲ့ပြီး စုစုပေါင်း ရုရှားဘီလျံနာ (၁၄၆) ဦးဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။

ရုရှား၏ ဘီလျံနာအသစ်များသည် မတူညီသောနောက်ခံများမှလာကြပြီး ကိုယ်တိုင်ဆန်းသစ်တီထွင်သူ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမွေဆက်ခံ သူများပါဝင်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့၏လုပ်ငန်းများသည် ကျောက်မီးသွေး၊ ငွေကြေး၊ IT၊ ဆေးဝါးများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ အစားအစာထုတ်လုပ်ရေး၊ အိမ်ရာ၊ ကုန်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင်တို့ကို ကိုယ်စားပြုထားကြောင်း ဖော်ပြ ချက်များအရ သိရသည်။
ဘီလျံနာအဆင့်သတ်မှတ်ချက်တွင် အသစ်ဝင်ရောက်လာသူများ၌ ဆေးဝါး ကုမ္ပဏီ Pharmasyntez ၏ တည်ထောင်သူ အိန္ဒိယနွယ်ဖွား ဗစ်ခရမ်ပူနီရာသည် အချမ်းသာဆုံးဖြစ်ပြီး ၎င်း၏ချမ်းသာကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ (၂ ဒသမ ၁) ဘီလီယံရှိကြောင်းသိရသည်။ အခြား ဘီလျံနာများတွင် Lyudmila Kogan ကအမေရိကန်ဒေါ်လာ(၁ ဒသမ ၃) ဘီလီယံ၊ Miratorg ကုမ္ပဏီ၏ တည်ထောင်သူညီအစ်ကိုဖြစ်သည့်အလက်ဇန်းဒါးနှင့်ဗစ်တောလင်းနစ်သည် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃) ဘီလီယံ၊ဆော့ဖ်ဝဲလ်ကုမ္ပဏီ 1C တည်ထောင်သူ Boris Nuraliev သည် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃ ဘီလီယံ)တို့ပါဝင်ကြောင်း သိရသည်။ အဆိုပါဘီလျံနာအသစ်များနှင့်အတူ ဘီလျံနာအသစ်အဆင့် သတ်မှတ်ချက် တွင် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာအဆင့်(၅)နေရာတွင် ရပ်တည်လျက် ရှိကြောင်းသိရသည်။
ကိုးကား-NP News

ဥရောပမှ သံမဏိနှင့်အလူမီနီယမ်များအပေါ် အမေရိကန်က အခွန် စည်းကြပ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ တင်ပို့သော စိန်၊ ရွက်လှေ၊ သစ်သီးဖျော်ရည်နှင့် အခွံမာသီးများအပေါ် ဥရောပက အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် လုပ်ဆောင်နေကြောင်း RMF FM ရေဒီယိုဌာနက ပြောကြားထားပါသည်။

ထိုအခွန်စည်းကြပ်မှုကို မေလ ၁၆ ရက်တွင် စတင်မည်ဖြစ်ပါသည်။ ထို့ပြင် မေလ ၉ ရက်တွင် ဥရောပနိုင်ငံများမှ ကိုယ်စားလှယ်များသည် အမေရိကန်၏ အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်ခဲ့မှုကြောင့် နောက်ထပ် အမေရိကန်၏ အခြားကုန်ပစ္စည်းများအား အခွန်စည်းကြပ်ရန် မဲခွဲဆုံးဖြတ်ကြမည်ဟု အဆိုပါရေဒီယို ထုတ်လွှင့်ချက်အရ သိရပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

တနင်္လာနေ့ (ဧပြီ ၇) က အမေရိကန်စတော့ဈေးကွက် ဆိုးရွားစွာ ကျဆင်းခဲ့ပြီးနောက် အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ သမ္မတ Trump က တင်သွင်းကုန်အားလုံးကို အကောက်ခွန်တိုးမြှင့်ခြင်းအပြင် တရုတ် နိုင်ငံပေါ် ပိုမိုမြင့်မားသည့် အခွန်စည်းကြပ်မှုများ ချမှတ်ရန် ခြိမ်းခြောက် လိုက်ခြင်းကြောင့် ကုန်သွင်းရေးစစ်ပွဲ ရှည်လျားလာမည့် အရေးကို စီးပွားရေးဆိုင်ရာကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိကြသည်။

ဒေါင်းဂျုန်းအညွှန်းကိန်း (Dow Jones) သည် တနင်္လာနေ့ (ဧပြီ ၇) ၌ တစ်ရက်အတွင်း ၁,၂၀၀ ပွိုင့် (သို့) ၃% အထိ ကျဆင်းခဲ့ပြီး၊ လွန်ခဲ့သောသီတင်းပတ်က ဆက်တိုက် ၁,၅၀၀ ပွိုင့်ကျဆင်းမှုနှင့်အတူ သမိုင်းတလျှောက် ပထမဆုံးအကြိမ် နှစ်ရက်ဆက် အဆိုးရွားဆုံး ကျဆင်းမှုကို ရင်ဆိုင်ခဲ့ရပါသည်။ Standard & Poor's 500 Index သည် ၄.၇% အထိ ကျဆင်းကာ Nasdaq သည်လည်း ၃% ကျဆင်းပြီး Bear market အတွင်းသို့ ခေတ္တမျှကျဆင်းသွားခဲ့ပါသည်။
ယင်းနေ့ နေ့လယ်ပိုင်း၌ စတော့များ အနည်းငယ်ပြန်တက်လာပြီး အစောပိုင်း ဆုံးရှုံးမှုများကို ပြန်ဖြည့်နိုင်ခဲ့ပါသည်။ ဒေါင်းဂျုန်းသည် ၃၄၉ ပွိုင့်နိမ့်ကျပြီး ဈေးပိတ်ခဲ့ကာ၊ S&P 500 နှင့် Nasdaq သည် သုည အမှတ်နှင့် အနည်းငယ်တက်ပြီး ဈေးပိတ်ခဲ့ပါသည်။
စနေနေ့(ဧပြီ ၆)က Trump ၏ တဖက်သတ် ၁၀% အကောက်ခွန်သစ် စတင်အသက်ဝင်လာခဲ့ပြီး၊ ထိုရက်ပိုင်းအတွင်း ညှိနှိုင်းဆွေးနွေးမှုများ တိုးတက်မှုလာမည်ဟု မျှော်လင့်ထားသူများ စိတ်ပျက်ခဲ့ရသည်။ တရုတ် အစိုးရကလည်း ပြန်လည်တုန့်ပြန်ခဲ့ပြီး Trump က ပိုမိုပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်မည်ဟု ပြောဆိုခဲ့ပါသည်။
“တရုတ်နိုင်ငံသည် ၎င်းတို့၏ရေရှည်ကုန်သွယ်ရေး အလွဲသုံးစားမှုများ အပေါ် ၃၄% တိုးမြှင့်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့အထိ ရုပ်သိမ်းခြင်းမရှိပါက အမေရိကန်ပြည်ထောင်စုက ဧပြီလ ၉ ရက်နေ့၌ ၅၀% အပိုအကောက်ခွန်များ ထပ်မံကျင့်သုံးမည်” ဟု Trump က တနင်္လာနေ့ (ဧပြီ ၇) က Truth Social ပေါ်၌ ရေးသားခဲ့ပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မြန်မာနိုင်ငံ၌ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်လုပ်ငန်း များတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံ များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့ပါသည်။
ဧပြီ ၄ ရက်နေ့ကပြုလုပ်သည့် (၆) ကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးစဥ် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အတွက် ကောင်းမွန်သည့် ရေ၊ မြေ၊ ရာသီဥတုကို ပိုင်ဆိုင်ထားခြင်းကြောင့် နည်းပညာရှိသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ခေတ်မီ စိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များနှင့် လက်တွေ့ပေါင်းစပ် ကျင့်သုံးသွားမည် ဆိုပါက မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက်ပါ အကျိုးရှိသောရလဒ်များ ခံစားရမည်ဆိုသည်ကို အပြည့်အဝ ယုံကြည်ကြောင်း လည်း ဆိုပါသည်။
ကိုးကား-MHT

ရုရှားနိုင်ငံနှင့် အမေရိကန်အကြား ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး နှင့် စီးပွားရေးဆက်ဆံရေးတို့မှာ လက်ရှိအချိန်မှာ လုံးဝနီးပါး မရှိတော့ ပါကြောင်း၊ အမေရိကန်၏ အခွန်စည်းကြပ်မှုစည်းမျဉ်းများ အောက်တွင် ထိခိုက်ခံရသည့်နိုင်ငံများစာရင်းတွင် ရုရှားမပါဝင်သည်မှာ အထူးအဆန်း မဟုတ်ကြောင်း ကရင်မလင်ပြောခွင့်ရ Dmitry Peskov က TASS သတင်းဌာနမေးခွန်းကို ဖြေကြားလိုက်ပါသည်။

“အမေရိကန်၏ အခွန်စည်းကြပ်မှုများက မိမိ(ရုရှား)တို့အတွက် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပါ၊ ကမ္ဘာ့စီးပွားရေးကတော့ အဆိုပါ အဆုံး အဖြတ်များကြောင့် အလွန်အမင်း ထိတ်လန့်မှုများနှင့် တုံ့ပြန်နေကြသည် ကို တွေ့ရပါကြောင်း၊ ရုရှားသမ္မတနှင့်အစိုးရတို့၏ ကျွမ်းကျင်သည့် လုပ်ဆောင်မှုများကြောင့် ယခုအချိန်မှာတော့ မိမိတို့၏ စီးပွားရေးသည် တည်တည်ငြိမ်ငြိမ်ဖြင့် သိသိသာသာ တိုးတက်နေပါကြောင်း” ၎င်းက ဖြေကြားထားပါသည်။
ဧပြီလ ၂ ရက်က ဒေါ်နယ်ထရမ့်သည် အမေရိကန်သို့ တင်သွင်းလာသော ကုန်စည်များအပေါ် ၁၀ % အခြေခံအခွန်အဖြစ် ချမှတ်ရန် ကြေညာခဲ့ပြီး ထိုအခွန်သည် နိုင်ငံတော်တော်များများအတွက် ပိုမိုမြင့်မားသော အခွန် နှုန်းထားများ ဖြစ်လာနိုင်ပြီး တန်ပြန်တုံ့ပြန်မှု ပြုလုပ်ရန် လုပ်ဆောင်နေ ကြပါသည်။
ကိုးကား- ကရင်မလင်

အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြားတွင် နိုင်ငံရေးတင်းမာမှုများ ဆက်တိုက် ဖြစ်ဖော်နေသည့်အချိန်၌ အီရန်ငွေကြေး ရီယယ်က စံချိန်တင် ကျဆင်းမှုများဖြစ်နေပါသည်။ ဧပြီ ၅ ရက် က ပေါက်ဈေးဆိုရင် ကန် ၁ ဒေါ်လာကို ရီယယ် ၁,၀၄၃,၀၀၀ အထိဖြစ်ခဲ့ပါသည်။

ပါရှန်နှစ်သစ်ကူးကာလတွင် ရီယယ်သည် ၁ သန်းကျော် ကျဆင်းသွားခဲ့ပြီး ငွေကြေးဆိုင်များပိတ်ကာ လမ်းများပေါ်တွင်သာ အလွတ်သဘော ရောင်းဝယ် ဖောက်ကားမှုများကြောင့် စျေးကွက်အပေါ် ထပ်လောင်း ဖိအားများ ဖြစ်ပေါ်စေခဲ့ပါသည်။ သို့သော် ကုန်သည်များသည် ဧပြီ ၅ ရက်တွင် အလုပ်ပြန်စသည်နှင့်အမျှ နှုန်းထားသည် တစ်ဒေါ်လာလျှင် ၁,၀၄၃,၀၀၀ သို့ ပို၍ကျဆင်းသွားပြီး အနိမ့်ဆုံးသို့ ရောက်ရှိသွားပါသည်။
အီရန်နိုင်ငံ၏ ငွေကြေးဖလှယ်မှု၏ ဗဟိုချက်ဖြစ်သော တီဟီရန်မြို့ရှိ ဖာဒိုးဆီလမ်းတွင် အချို့သော ကုန်သည်များသည် ရီယယ် မည်မျှအထိ ကျဆင်းနိုင်သည်ကို မသေချာသဖြင့် ငွေလဲ နှုန်းထားပြသသည့် အီလက်ထရွန်နစ် ဆိုင်းဘုတ်များကိုပင် ပိတ်လိုက်ကြပါသည်။
ကိုးကား-အင်တာနက်စာမျက်နှာ