ထိုင်းနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုများ အောင်မြင်စေရန်နှင့် ဘတ်ငွေ ၂ ဘီလီယံအထိ မှာယူ တင်ပို့မှုများ ရရှိစေရန် ရည်ရွယ်၍ ထိုင်းဆန်ညီလာခံ-၂၀၂၅(Thailand Rice Convention 2025) ကို မေလ နောက်ပိုင်းပတ်တွင် ကျင်းပရန် စီစဉ်နေပါသည်။

ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေများကို စောင့်ကြည့်ရန်နှင့် ထိုင်းဆန်၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်၊ တောင်အမေရိက၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ ဆန်တင်သွင်းသူ အသစ်များနှင့် ချိတ်ဆက်ရန်၊ အနည်းဆုံး ဆန် ၁၀၀,၀၀၀ တန် (ဘတ် ၂ ဘီလီယံကျော်) မှာယူတင်ပို့မှုများ ရရှိလာစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၊ The Ritz-Carlton ဟိုတယ်၌ ကျင်းပသွားရန် လျာထားပါသည်။
အဆိုပါညီလာခံတွင် နိုင်ငံတကာဆန်လုပ်ငန်းရှင်များ၊ ထိုင်းလယ်သမားများနှင့် တိုက်ရိုက် ဆွေးနွေးနိုင်မည့် Networking Session ၊ ကမ္ဘာ့ဆန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေး အနာဂတ် အလားအလာများကို ဆန်းစစ်သည့် ဆွေးနွေးပွဲများ၊ ဖိလစ်ပိုင်၊ ဂျပန် အပါအဝင် အဓိက ဆန်တင်သွင်းသည့်နိုင်ငံများနှင့် တင်ပို့ နိုင်ရေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ကုန်သွယ်ရေးဝန်ကြီး ဒေါက်တာ ဖီချိုင်းနာရီပထာပန် က ကမ္ဘာ့နေရာအနှံ့ဖြစ်ပွားနေသော နိုင်ငံရေး တင်းမာမှုများကြောင့် ဆန်ဈေးကွက် အခြေအနေကို အထူးစောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအား ယုံကြည်စိတ်ချရသော စားနပ်ရိက္ခာထောက်ပံ့သူနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အားထုတ်မည်ဟု ပြောကြား ခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် မကြာသေးမီက “ဈေးနှုန်းချိုသာသော မြေဩဇာအစီအစဉ်” ပြုလုပ်ခဲ့ပြီး ထိုအစီအစဉ်မှ အပြုသဘောဆောင်သော တုံ့ပြန်မှုများ ရရှိခဲ့ပါကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။
ထိုမြေဩဇာအစီအစဉ် စတင်ချိန်မှစ၍ မြေဩဇာအိတ် ၁ သန်းကျော်မှာယူခဲ့ပြီး လယ်သမားများ ဘတ်ငွေ သန်း ၃၀ ချွေတာနိုင်ရေး ပံ့ပိုးပေးခဲ့ပါသည်။ လယ်သမားများအနေဖြင့် အရည်အသွေးပြည့်မီသည့် မြေဩဇာ များကို တစ်အိတ်လျှင် ဘတ် ၅၀ အထိ လျှော့ဈေးဖြင့် ဝယ်ယူနိုင်ခဲ့ကြပါသည်။ မတူညီသည့် မြေဩဇာ ဖော်မြူလာ ၇၉ မျိုးကျော်ကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အရေးရရှိခဲ့ကြပါသည်။ လယ်သမားများသည် ဤလျှော့ဈေး ဖြင့် မြေဩဇာများကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူနိုင်ပါသည်။ တစ်နိုင်ငံလုံးရှိ မြေဩဇာရောင်းချသူ ၂၆ ဦးမှ စုစုပေါင်း မြေဩဇာအိတ် ၁၀.၁ သန်း ပံ့ပိုးပေး ခဲ့ကြပါသည်။ ထို့ပြင် ထိုင်းဆန်ကုန်သည်ငယ် ၁၆ ဦးအား မေလ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် Thaifex-Anuga Asia 2025 ပြပွဲသို့ ခေါ်ဆောင်ကာ ဘတ် ၅၀၀ သန်းကျော်တန်ဖိုးရှိ ဆန်မှာယူတင်ပို့ နိုင်မှုများ ရရှိရန် မျှော်မှန်းထားပါကြောင်း ထိုင်းဆန်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားထားပါသည်။
ယခုကျင်းပမည့် ထိုင်းဆန်ညီလာခံသည် ထိုင်းဆန်၏ ကမ္ဘာ့ဈေးကွက်ရှာဖွေ ထိုးဖောက်နိုင်ရေးနှင့် လယ်သမားများ၏ ဝင်ငွေတိုးတက်ရေးအတွက် အရေးပါသော အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက မီးမောင်းထိုးပြောကြားထားပါသည်။

စပါးစတင်ထွက်ရှိသည့်အဆင့်မှ ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချသည့် အဆင့်အထိ ကုန်သွယ်ပုံအဆင့်ဆင့်ကို တင်ပြရမည်ဖြစ်ကြောင်း မြန်မာ ဆန်စပါးအသင်းအဖွဲ့ချုပ် (Myanmar Rice Federation) က ထုတ်ပြန်ထားပါသည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရန်ကုန်မြို့ရှိ လယ်ယာစီးပွားရေးကုမ္ပဏီ ၏ခန်းမ၌ မြန်မာ ဆန်စပါးအသင်းအဖွဲ့ချုပ်နှင့် ဆန်ကုန်သည်များအဖွဲ့မှ ကိုယ်စားလှယ်များက စပါးဒိုင်ပိုင်ရှင်များ၊ ပွဲစားများနှင့် တွေ့ဆုံကာ ဒေသတစ်ခုနှင့်တစ်ကြားဆန်ကုန်သွယ်မှုများအကြောင်း ဆွေးနွေးပြောဆိုခဲ့ကြပါသည်။

အစည်းအဝေးတွင် ဆန်ရည်ညွှန်းဈေးနှုန်းအလိုက် ဈေးနှုန်းရရှိမှုအခြေအနေနှင့် မြန်မာဆန်အွန်လိုင်းမှတ်ပုံတင်ပလက်ဖောင်း (Myanmar Rice Online) ကို အသုံးပြု၍ မှတ်ပုံတင်နိုင်သည့် အခြေအနေများကို ဆွေးနွေးပြောဆိုခဲ့ကြပါသည်။ ထို့အပြင် ဆန်သိုလှောင်ရာတွင် လက်ကျန်စာရင်း၊ ကုန်လှောင်ရုံများ၊ ရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်မှု အခြေအနေနှင့်ဆန်စိုက်ပျိုးရာမှ ရောင်းချသည်အထိ ကုန်သွယ်ပုံအဆင့်ဆင့်အကြောင်းတို့ကိုလည်းဆွေးနွေးခဲ့ကြပါသည်။
လက်ရှိတွင် ဆန်လက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ဈေးကွက် ပေါက်ဈေး၏ ၈ ရာခိုင်နှုန်းထက်ကျော်လွန်သော အမြတ်ယူဆောင်၍မရကြောင်း ထုတ်ပြန်ကြေညာထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း သတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမပြုပါက တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃
ကိုးကား - Digital News

ဟောင်ကောင်မြို့မှ ကုန်သည်များမှာ ၎င်းတို့၏ ကုန်ပစ္စည်းများကို အမေရိကန်သို့ ဆက်တိုက်တင်ပို့နေသည့်အတွက် လာမည့်နှစ်လအတွင်း ဟောင်ကောင်မြို့၏ ကုန်စည်တင်ပို့မှုသည် တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြပါသည်။ အမေရိကန်နှင့်တရုတ်တို့အကြား ကုန်သွယ်ရေး စစ်ပွဲပြင်းထန်ပြီး သင်္ဘောဖြင့် အမေရိကန်သို့ ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံမှုအား ရက်ပေါင်း ၉၀ အတွင်း ခေတ္တ ရပ်ဆိုင်းပေးထားမှုကာလအတွင်းမှာပင် သယ်ပို့စရိတ်များ ကြီးမြင့်နေ သော်လည်း ထိုကဲ့သို့ ခန့်မှန်းပြောဆိုနေကြပါသည်။

အမေရိကန်နှင့် တရုတ်အကြား အကောက်ခွန်နှုန်းအပေါ် ဆွေးနွေးပြောဆိုပြီးနောက် အမေရိကန်ဖက်က ဧပြီလအတွင်း အကောက်ခွန်နှုန်း များကို ၉၁ ရာခိုင်နှုန်း လျှော့ပေးခဲ့ပြီး လာမည့် ရက်ပေါင်း (၉၀) အတွင်း ၂၄ ရာခိုင်နှုန်း ဆက်လက်လျှော့ပေးမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ထိုညှိနှိုင်းဆွေးနွေးမှုများကြောင့် တရုတ်ကုန်စည်များအပေါ် အကောက်ခွန်ကောက်ခံမှုမှာ လက်ရှိတွင် ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိနေ ပါသည်။
ထို ရက်ပေါင်း ၉၀ ကာလ တရုတ်နှင့်အမေရိကန်အကြား အကောက်ခွန် ကုန်သွယ်ရေးစစ်ပွဲ ရပ်တန့်သည့်အချိန်ကို ထုတ်လုပ်သူများနှင့် တင်ပို့သူများက အခွင့်အရေးကောင်းအဖြစ် အသုံးချမည်ဖြစ်ကြောင်း ဟောင်ကောင် သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်း၏ ဥက္ကဋ္ဌက ပြောကြားထားပါသည်။
ကိုးကား - South China Morning Post
ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ဘိုကလေး မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ မတ်လအတွင်းက သွေးခုံးပိဿာချိန် ၅၇၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် သွေးခုံး ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
“ဧပြီလအတွင်း သွေးခုံးတွေကို ရန်ကုန်ဘက်က ဝယ်ယူမှုကောင်းခဲ့ပါတယ်။ ဒေသထွက် ရေထွက်ကုန်တွေကို ရန်ကုန်ဘက်ကိုပဲ တင်ပို့ရောင်းချခဲ့တာပါ။ ပြည်တွင်းမှာကို သွေးခုံးတွေက ဝယ်ယူမှုများနေပါတယ်။ ဧပြီလတစ်လအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ သွေးခုံးအပါအဝင် ဒေသထွက် ရေထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်ဘက်က အဝယ်လိုက်နေပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။
ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ သွေးခုံးများတင်ပို့ရောင်းချနိုင်သည့်အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း၊ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ သွေးခုံးများအပါအဝင် အခြားရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ယခုအရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံနှင့် ကာတာနိုင်ငံတို့သည် ဒေါ်လာ ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၂၀၀ ဘီလီယံ) တန်ဖိုးရှိ စီးပွားရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါသည်။

အဓိကသဘောတူညီချက်များအနက် ကာတာအနေဖြင့် အမေရိကန်ထံမှ ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိ ခေတ်မီမော်ဒယ် Boeing 787 Dreamliner နှင့် 777X လေယာဉ် ၁၆၀ စီး၊ General Atomics ကုမ္ပဏီမှ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ MQ-9B ဒရုန်းစနစ် လေယာဉ်၈ စီး၊ Raytheon ကုမ္ပဏီ မှ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိဒရုန်းတိုက်ဖျက်ရေးစနစ်များ ဝယ်ယူခြင်း တို့ ပါဝင်ပါသည်။
ထို့ပြင် အမေရိကန်နှင့် ကာတာတို့၏ နှစ်နိုင်ငံစစ်ရေးဆက်ဆံရေး ပိုမို ခိုင်မာစေရန် သဘောတူညီခဲ့ပြီး ဒေါ်လာ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ငွေအနက်မှ အချို့ကို အရှေ့အလယ်ပိုင်းရှိ ကာတာတွင် တည်ရှိသော အမေရိကန်၏ အကြီးဆုံးလေတပ် Al Udeid အခြေစိုက်စခန်း အတွက် အသုံးပြုမည်ဖြစ်ပါသည်။
ကိုးကား- TASS
Photo: Arab News

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ စိန်တလုံးသရက်သီးများကို တင်ပို့နိုင်ခြင်းမရှိပါက မြန်မာစိန်တလုံးဈေးကွက်ပျောက်ဆုံးနိုင်ကြောင်း မန္တလေးမြို့မှ “ခွာညို” သစ်သီးဒိုင်ဆိုင်များက ပြောကြားထားပါသည်။
မြန်မာစိန်တလုံးသရက်များသည် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိသော်လည်း စိုက်ပျိုးမှုမှာ ပြည်တွင်းစားသုံးမှုလိုအပ်ချက်ထက် များစွာ ပိုလျှံလျက်ရှိနေသည့်အပြင် ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စိန်တလုံး သရက် စားသုံးမှုသည် ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းလျက်ရှိပါသည်။

လက်ရှိတွင် စိန်တလုံးသရက် အဓိက ဝယ်ယူသည့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရမည့် ကုန်သွယ်မှုလမ်းကြောင်း မရှိသည့်အပြင် အဆိုပါ သရက်သီးရာသီချိန်အတွင်း တရုတ်နိုင်ငံသို့ အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိပါက သရက်သီးစိုက်ပျိုးသူများ အရှုံးပေါ်မည့်အခြေအနေမှာ ပိုမိုဆိုးရွားနိုင်ပါသည်။
စိန်တလုံးသရက် စပေါ်သည့်အချိန်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ စိုက်ပျိုးသူများအတွက် စိုက်ပျိုးစရိတ်ပင် ပြန်လည်မရရှိကြောင်း သိရှိရပါသည်။ ပြည်တွင်း၌ စိုက်ပျိုးရေးစရိတ်များ များပြားလာခြင်းနှင့် သရက်သီး အရည်အသွေးနိမ့်ပါးခြင်းကြောင်း ဈေးကောင်းမရခြင်းကလည်း သရက်စိုက်ပျိုးသူများအတွက် အခက်အခဲဖြစ်စေလျက်ရှိပါသည်။
မြန်မာပြည်တွင် စိုက်ပျိုးသည့် သရက်သီးအမျိုးအစားပေါင်း ၂၀၀ ကျော် ရှိသည့်အနက် ပြည်ပဈေးကွက်ကြိုက် အမျိုးအစားမှာ စိန်တလုံး သရက်သီးအမျိုးအစားဖြစ်သော်လည်း ယခုအခါ သရက်သီးတင်ပို့သူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃
ကိုးကား- The Global New Light of Myanmar

ရေဦး မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၅၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒီပဲယင်းမြို့နယ်တွင် နေကြာ ၅၁၆၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုလက်ရှိ နေကြာစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေများ ထွန်ယက်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ဒီပဲယင်းမြို့နယ် မိုးသီနှံစိုက်ပျိုးရာသီမှာ နေကြာ ဧက ၅၀၀၀ ကျော် စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်ပေးသွားမယ်။ ပြည်ပကနေတင်သွင်းတဲ့ စားအုန်းဆီကို လျှော့ချနိုင်ဖို့အတွက် ဆီထွက်သီးနှံဖြစ်တဲ့နေကြာကို တိုးချဲ့စိုက်ပျိုးဖို့ ဆောင်ရွက်ပေးသွားမယ်။ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာဟာ တစ်ဧက ဆီထွက်ရှိမှုက ကျန်တဲ့ မြေပဲ၊ နှမ်းတွေထက်များတယ်” ဟု ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြသည်။
ယခုနှစ် ဒီပဲယင်းမြို့နယ်တွင် နေကြာစိုက်တောင်သူများကို မျိုးစေ့များပံ့ပိုးပေးနိုင်ရေး၊ ယူရီးယားဓာတ်မြေဩဇာများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးစီမံထားခြင်း၊ ထွက်ရှိလာသော နေကြာမျိုးများကို တောင်သူမှ တောင်သူဖလှယ်သည့် နည်းစနစ်များဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေကြာကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေးကြိုးပမ်းကြရမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြ၍ သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီအာရေဗျနှင့် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို လုပ်ဆောင်နိုင်ခဲ့သည်။ အဆိုပါဝယ်ယူမှု သဘောတူညီချက်တွင် အမေရိကန်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများအား ဝယ်ယူမှုမှာ အများဆုံး ဖြစ်သည်။

ထရမ့်က အိမ်ရှေ့မင်းသား Mohammed bin Salmanနှင့် မြို့တော်ရီယက်တွင် မတ်လ ၁၄ ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ထိုသို့ဆွေးနွေးစဉ် အမေရိကန်၌ တိုက်ခိုက်ရေးလေယာဉ်များ၊ ဒုံးကျည်များ၊ လက်နက် စနစ်များစသည့် အကောင်းဆုံးစစ်လက်နက်ပစ္စည်းများ ရှိသည့်အနက်မှ လက်နက်အမျိုးအစား များစွာကို ဝယ်ယူခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။
အိမ်ဖြူတော်က ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် အမေရိကန်နှင့် ဆော်ဒီအာရေဗျ တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက်ဖြစ်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် သဘောတူညီခဲ့ကြကြောင်းနှင့် အမေရိကန်၌ ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကိုလည်း ဆော်ဒီအာရေဗျထံမှ ကတိကဝတ် ရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။ အဆိုပါ ၆၀၀ ဘီလီယံရင်းနှီးမြှုပ်နှံမှုတွင် ဒေါ်လာ၁၄၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများကို ဝယ်ယူမည့်အစီအစဉ်လည်းပါဝင်သည်။ ထို့အပြင် အမေရိကန်အနေဖြင့် ဒုံးလက်နက် ကာကွယ်ရေး၊ ရေကြောင်းလုံခြုံရေးနှင့် ခေတ်မီတပ်မတော်ဖြစ်ရေးနှင့် ဆက်စပ်သည့်ပစ္စည်းကိရိယာများကိုလည်း ရောင်းချ သွားမည် ဖြစ်ပါသည်။
ဆော်ဒီခေါင်းဆောင်ပိုင်းများအနေဖြင့်လည်း ဒေသအတွင်း သာလွန်ကောင်းမွန်သော တပ်မတော်အဖြစ် ရပ်တည် နိုင်ရန် အဆိုပါပစ္စည်းများကို ဝယ်ယူခွင့်ရရှိရေး မျှော်လင့်လျက်ရှိသည်။
ထရမ့်အနေဖြင့် ဆော်ဒီအာရေဗျမှ မထွက်ခွာမီ မေလ ၁၄ ရက်နေ့တွင် ဆီးရီးယားကြားဖြတ်သမ္မတ Ahmed al-Sharaa နှင့် တွေ့ဆုံရန်စီစဉ်ထားပြီး ဆီးရီးယားအပေါ်ထားရှိသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား ဖယ်ရှားပေးသည့် အမိန့်တစ်ရပ်ကိုလည်း ထုတ်ပြန်သွားရန် စီစဉ်ထားရှိသည်။ ထို့နောက် ထရမ့်သည် ကာတာနှင့် ယူအေအီးနိုင်ငံ များသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက-၄

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်များအပေါ် ကြိုဆိုကြောင်း၊ ယင်းက ကမ္ဘာ့စီးပွားရေးအတွက်“အလွန်အပြုသဘောဆောင်သော” အချက်ပြမှုတစ်ခုဖြစ်သည်ဟု ယူဆကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုသည် “အလွန်ကောင်းမွန်သော အစပြုခြင်းတစ်ခုဖြစ်သည်မှာ သိသာ”ကြောင်း၊ ယင်းက ကမ္ဘာ့စီးပွားရေးအတွက် “အလွန် အပြုသဘော ဆောင်သော” အချက်ပြမှုတစ်ခုဖြစ်ကြောင်း၊ “ကမ္ဘာကြီးအတွက် ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြှင့်ရန် မလိုအပ်ပါ၊ လိုအပ်သည်က ဆွေးနွေးရေးလုပ်ရန်ဆိုသည်ကို မိမိတို့အနေဖြင့် အမြဲအလေးပေးပြောပါသည်”၊ ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေးအုပ်စုနှစ်ခုက အပြုသသောဆောင်သော၊ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ခြင်းသည် လူအားလုံးအပေါ် အကျိုးရှိကြောင်း Stephane Dujarric က အဆိုပါနေ့တွင် သတင်းထောက်များ၏ မေးမြန်းမှုဖြေကြားရာတွင် ပြောကြားခဲ့သည်။
ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်အပေါ် ဂူတာရက်စ်က ၎င်း၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ “စီးပွားရေး ချိတ်ဖြုတ်ခြင်း” ဟူသည်ကို ဆန့်ကျင်သလို “ကုန်သွယ်ရေးစစ်ပွဲမှ အနိုင်ရသူဟူ၍မရှိနိုင်ကြောင်း” အလေးအနက်ပြောကြားခဲ့သည်ဟု Stephane Dujarric က ထပ်မံပြောကြားခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးပွဲကို မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ တွင် ကျင်းပခဲ့ရာ နှစ်ဖက်သည် ရိုးသားပွင့်လင်းမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိသော ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး စီးပွားရေး၊ ကုန်သွယ်ရေးကဏ္ဍတွင် အရေးကြီးသော သဘောတူညီမှုများစွာ ရရှိခဲ့ကြောင်း၊ နှစ်ဖက်က “တရုတ်-အမေရိကန် ဂျီနီဗာ စီးပွားရေးနှင့်ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးမှု ပူးတွဲကြေညာချက်” ကို မေ ၁၂ ရက် တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကိုးကား- Xinhua
Photo: Daily Excelsior

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံကြားစီးပွားရေး သဘောတူညီချက်များအတွက် ၎င်း၏ ဒုတိယသက်တမ်း ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် မေလ ၁၃ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများသို့ လေးရက်ကြာခရီး သွားရောက်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံသို့ ပထမဆုံးရောက်ရှိခြင်းဖြစ်သည်။ ယင်းနောက်တွင် ၎င်းသည် ကာတာနှင့် ယူအေအီးနိုင်ငံတို့သို့ဆက်သွားမည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်အနေဖြင့် ရီယတ်မြို့၌ ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သို့တက်ပြီး မိန့်ခွန်းပြောရန် စီစဉ်ထားသည်။ ၎င်းနှင့်အတူ အီလွန်မတ်အပါအဝင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါသွားသည်။
ထရမ့်က ၎င်း၏ပထမဆုံး ခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများကို ရွေးချယ်ခြင်းသည် ဒေသတွင်း၌ ယင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေး အခန်းကဏ္ဍ၌ အရေးပါလာမှုကို ဖော်ပြနေကြောင်း သိရသည်။
Source: https://myawady.net.mm/