သတင်းများ

နော့ထရီဒမ် ဘုရား‌ကျောင်းပြန်လည်ဖွင့်လှစ်သည့် အခမ်းအနား ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်

ပါရီ  ဒီဇင်ဘာ ၈

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ‌ဒေါ်နယ်ထရမ့်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် ပြင်သစ်နိုင်ငံရှိ နော့ထရီဒမ် ဘုရားကျောင်းပြန်လည်ဖွင့်လှစ်သည့် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဘုရားကျောင်းသည် လွန်ခဲ့သည့် ငါးနှစ်က မီးဘေးသင့်ကာ ပျက်စီးခဲ့ရသည်။ ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

ယင်းဘုရားကျောင်းမှာ ၂၀၁၉ ခုနှစ်က မီးဘေးကြောင့် ပျက်စီးခဲ့ရပြီးနောက် ပြန်လည် ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘာတစ်ဝန်းမှ ထင်ရှား‌ကျော်ကြားသူများ တက်ရောက်ခဲ့ကြသည်။ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့်အတွက် နိုဝင်ဘာလ ရွေး‌ကောက်ပွဲအပြီးတွင် ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးခရီးစဉ် သွားရောက်ခြင်းလည်းဖြစ်သည်။

ရာသီဥတုဆိုးရွားမှုကြောင့် အခမ်းအနားကို ပြန်လည်ပြင်ဆင်ခဲ့ရပြီး ဘုရားကျောင်းအတွင်း ပွဲကျင်းပခဲ့ရသည်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က မိန့်ခွန်းပြောကြားပြီး နယ်ပယ် အသီးသီးမှ လက်မှုပညာဆရာများ အပါအဝင် လူပေါင်း ၂၀၀၀ ကျော် ပါဝင်ခဲ့သည့် ငါးနှစ်ကြာ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းကို ကြည့်ရှုခဲ့ကြသည်။

အင်န်အိတ်ချ်ကေ

Source- မြန်မာ့အလင်းသတင်းစာ

တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်

ပေကျင်း  ဒီဇင်ဘာ ၈

တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြမ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ဒီဇင်ဘာ ၄ ရက်က ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း ဂလိုဘယ်တိုင်းစ်သတင်းစာ သတင်းအရ သိရသည်။

ပါရာဂွေးနိုင်ငံ မြို့တော်အာဆွန်စီယွန်တွင် ကျင်းပခဲ့သည့် ယူနက်စကိုအဖွဲ့၏ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာအစိုးရများအကြား ကော်မတီ၏ အမြဲတမ်းအစည်းအဝေးတွင် အထက်ပါအတိုင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယူနက်စကို၏ ယခုကဲ့သို့ အသိအမှတ်ပြုမှုကြောင့် တရုတ်နိုင်ငံ၏ ရိုးရာဓလေ့ထုံးတမ်းများသည် အနာဂတ်တွင် ကမ္ဘာတစ်ဝန်းရေပန်းစားလာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ကို ယူနက်စကိုက ဒြမ်မဲ့ယဉ်ကျေးမှုအဖြစ် သတ်မှတ်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ လင်ဂျန်းက ပြောကြားသည်။

နွေဦးပွဲတော်သည် တရုတ်နိုင်ငံတွင် မိသားစုများ ပြန်လည်ဆုံတွေ့သည့် အရေးကြီးသည့် ပွဲတော်ဖြစ်ပြီး ပွဲတော်ကျင်းပချိန်တွင် ကံကောင်းခြင်းကိုဖော်ပြသည့် ဖူဟု အမည်ရသည့် စာတန်းကို ရေးဆွဲခြင်း၊ ပေါက်စီပြုလုပ်ခြင်း၊ နဂါးအကနှင့် ခြင်္သေ့အကများ ကခြင်းတို့ကို တရုတ်လူမျိုးများက ဆောင်ရွက်ကြကြောင်း သိရသည်။

နွေဦးပွဲတော်သည် တရုတ်နိုင်ငံသားများ တန်ဖိုးထားသည့် ငြိမ်းချမ်းရေး၊ ချစ်ခင်ရင်းနှီးမှုနှင့် သဟဇာတဖြစ်မှုကို ဖော်ညွှန်းကြောင်း သိရသည်။

ကိုးကား- ဂလိုဘယ်တိုင်းစ်၊ ဘာသာပြန်- စိုးသူရ

Source- ကြေးမုံသတင်းစာ

ရှုံးပွဲမရှိစံချိန်ကို ဘိုင်ယန်မြူးနစ်အသင်း ဆက်လက်ထိန်းထားနိုင်ခဲ့ပြီ

ဘိုင်ယမ်မြူးနစ်အသင်းဟာ ဟေဒင်ဟိမ်းအသင်းနဲ့ ဒီဇင်ဘာ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ် (၁၃)မှာ လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပွဲစဉ် (၁၃)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ၁၀ ပွဲနိုင်၊ သုံးပွဲသရေရလဒ်ထွက်ပေါ်ထားကာ ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာက ဖရန့်ဖက်အသင်းကို ‌ခြောက်မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းအတွက် အားထားရတဲ့ ကစားသမားတွေ ဖြစ်တဲ့ ဟယ်ရီကိန်း၊ နျူအာ၊ မက်သီတဲလ်၊ ဂျီနာဘရီ စတဲ့ကစားသမားတွေ ဒဏ်ရာ ပြဿနာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဟေဒင်ဟိမ်းကို အနိုင်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။

သွင်းယူ

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဟေဒင်ဟိမ်းအသင်းတို့ပွဲစဉ်မှာ အက်ပါမီကာနိုက တစ်ဂိုး၊ မူစီယယ်လာက နှစ်ဂိုး၊ ဂိုရက်ဇ်ကာက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ ဟေဒင်ဟိမ်းအသင်းအတွက် ချေပဂိုးနှစ်ဂိုးကိုတော့ ဟွန်ဆက်နဲ့ ဒေါ့ရှ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အမည်မသိရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံး

ကင်ရှာဆာ   ဒီဇင်ဘာ ၅

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မကြာသေးမီရက်သတ္တပတ်များအတွင်း အမည်မသိရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ပျံ့နှံ့လျက်ရှိ

တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများဖြစ်ပွားစေသည့် အဆိုပါရောဂါသည် အောက်တိုဘာ ၂၄ ရက်မှစပြီး အနောက်တောင်ပိုင်း ကွန်ဂိုပြည်နယ်၌ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ အတည်ပြုလူနာ ၃၇၆ ဦးရှိပြီး ၇၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ သေဆုံးသူအများစုမှာ ဆယ်‌ကျော်သက်အရွယ်များဖြစ်ကြောင်း သိရသည်။

ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် သွေးအားနည်းခြင်းတို့ ပါဝင်သည်။

ကွန်ဂိုအစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကူအညီများရယူကာ ရောဂါဖြစ်ပွားမှု၏ အကြောင်းရင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေစုဆောင်းရန် ကျွမ်းကျင် ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ညွှန်ကြားထားကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်

အစာစားနေစဉ် ဖုန်းမသုံးဖို့ သိပ္ပံပညာရှင်များ သတိပေး

လူမှုကွန်ရက်များ ထွန်းကားလာပြီးနောက် အိမ်တွင်ဖြစ်ဖြစ်၊ စားသောက်ဆိုင်တွင်ဖြစ်ဖြစ် ထူးထူးခြားခြား တစ်ခုခု စားသောက်ပြီဆိုလျှင် လူမစားခင်ဖုန်းက အရင်စားခြင်းမှာ ယနေ့ခေတ်၏ အလေ့အထတစ်ခုလို ဖြစ်နေပါပြီ။

ယခုတွင် သိပ္ပံပညာရှင်များက ထိုသို့ အစာစားနေစဉ် ဖုန်းသုံးခြင်းသည် ယဉ်‌ကျေးမှုမရှိရုံသာမကဘဲ ဖုန်းတွင် ကပ်ပါလာသည့် ရောဂါပိုးမွှားများကြောင့် ဘေးသင့်စေနိုင်ကြောင်း သတိပေးနေပြီဖြစ်သည်။

ချက်စတာ တက္ကသိုလ်မှ ခန္ဓာဗေဒပညာရှင် ဒေါက်တာ ဂါရက်သ်နေးက “အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှောလို၊ အော့အန်တာလို၊ အစာအိမ်အောင့်တာလို အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ လူတွေမှာ ရောဂါခုခံနိုင်စွမ်းအား အထိုက်အလျောက်ရှိတယ်ဆိုပေမယ့် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ သွေးအဆိပ်တက်တာလို၊ အဆုတ်ရောင်လို ရောဂါပိုးတွေ ဝင်သွားရင် အန္တရာယ်ကြီးပါတယ်” ဟုဆိုသည်။

လူ၏ လက်သည် နေ့စဉ် အရာဝတ္ထု အမျိုးပေါင်း ၁၅၀ နီးပါးထိတွေ့နေရပြီး ဟိုဟိုဒီဒီ သွားလာနေရသူများဆိုလျှင် ထို့ထက်ပိုများနိုင်ကြောင်း လေ့လာမှုများက ချပြထားသည်။ ထိုသို့ ထိတွေ့နေသလို ဖုန်းနှင့်လည်း အစဉ်အမြဲနီးပါး ထိတွေ့နေကြရာ ဖုန်းများတွင် ဗက်တီးရီးယားများ ကပ်ပါလာနိုင်ခြေ အလွန်များသောကြောင့် အစာစားနေစဉ် ဖုန်းကို ဝေးဝေးထားရန် ပညာရှင်များက သတိပေးလာကြခြင်းဖြစ်သည်။

အစာစားနေစဉ် ဖုန်းသုံးခြင်းသည် လူမှုဆက်ဆံ‌ရေး ထိခိုက်နိုင်စေခြင်း၊ စိတ်ကျန်းမာရေးထိခိုက်နိုင်စေခြင်း၊ ကလေးများအပေါ်တွင် ထိရောက်မှုကြီးမားခြင်း၊ စိတ်ပါလက်ပါ မစားသောက်ခြင်းကြောင့် အာဟာရကျဆင်းနိုင်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းလာခြင်းတို့ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားခဲ့ပြီး ယခုအချိန်တွင် ကူးစက်ရောဂါများပါ ဖြစ်နိုင်ကြောင်း အရေးတကြီး သတိပေးလာခြင်းလည်းဖြစ်သည်။

Ref: Daily Mail

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၁

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်ပြခန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်ပြခန်း ၂၀၂၃ ခုနှစ်အတွက် ဆုရရှိသူများ၏ အတ္ထုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များ၊ စာအုပ်စာစောင်များနှင့် အင်းဝခေတ်မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုပြခန်း၊ စာပေဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၏ “စိန်ရတုမှသည်ရာထောင်ချီ” စာပေဆုနှင်းသဘင်ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို စာပေဂုဏ်ဖြင့်မြှင့်တင်မည်” မှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်တွင် မိမိနိုင်ငံနှင့် အများပြည်သူတို့၏ ကောင်းကျိုးအဖြာဖြာကို စာပေကလောင်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုလျက် စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်မှစတင်ပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုအဖြစ် ကျင်းပလာကြခြင်းဖြစ်ကြောင်း။

မြန်မာစာပေသမိုင်းကို ပြန်ကြည့်မည်ဆိုပါက ပုဂံခေတ်ကစပြီး ယနေ့ခေတ်ကာလအထိ နှစ်ပေါင်းထောင်ချီဖြတ်သန်းလာခဲ့ပြီဖြစ်ကြောင်း၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်များမှ ယနေ့ခေတ်ကာလအထိ မြန်မာ့ယဉ်ကျေးမှုအနုပညာအဖြာဖြာ၏ ပင်စည်မဏ္ဍိုင်ကြီးဖြစ်သည့် စာပေနယ်ပယ်ကြီး ဖွံ့ဖြိုးတိုးတက်ခဲ့သည့် အစဉ်အလာကောင်းကို ပိုမိုခိုင်မာတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသဖြင့် လေးစားဂုဏ်ယူပါကြောင်း။

စာပေသည် လူ့အဖွဲ့အစည်း၏ အကြံအစည်၊ အပြုအမူ၊ အနေအထိုင်၊ ဓလေ့ထုံးစံ၊ ဘာသာတရား၊ ပေါင်းသင်းဆက်ဆံရေးစသည့်ကိစ္စများအပြင် ယဉ်ကျေးမှုအနုပညာအပေါင်းတို့၏ အစပြုရာဖြစ်ကြောင်း၊ စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံများပင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ်ဝင့်ကြွားလာမည်ဖြစ်ကြောင်း၊ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ထင်ဟပ်နေခြင်းဖြစ်သဖြင့် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ စာပေနှင့်ပတ်သက်သည့် အစဉ်အလာကောင်းများကို စာပေပညာရှင်များ၊ စာပေကို တန်ဖိုးထားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် မျိုးဆက်သစ်များက ဆက်လက်ပြီး လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း မှာကြားလိုကြောင်း။

နိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုးအတွက် အားထုတ်ရေးဖွဲ့ထုတ်ဝေခဲ့ကြသည့် စာဆိုကြီးများ၏ စာကောင်းပေမွန်လက်ရာများကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းသည် နိုင်ငံ၏ကောင်းမြတ်သည့် အစဉ်အလာပင်ဖြစ်ကြောင်း၊ ထိုသို့ ကောင်းမွန်သည့် အစဉ်အလာကောင်းကို ၁၉၄၈ ခုနှစ်က စတင်ကျင်းပခဲ့သည်မှာ ယခုဆိုပါက (၇၅) ကြိမ်မြောက်ရှိပြီဖြစ်သဖြင့် စိန်ရတုသက်တမ်းသို့ ရောက်ခဲ့ပြီဖြစ်ကြောင်း။

နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင်တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာဗဟုသုတတိုးပွားရေးအတွက် ဘာသာပြန်စာပေများ ထုတ်ဝေခဲ့သကဲ့သို့ မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို စတင်ချီးမြှင့်ခဲ့ကြောင်း။

“စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို “စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်ကို အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မယ့်ဘာသာရပ်များ၊ ဆုငွေများကိုလည်း အခါအားလျော်စွာ တိုးချဲ့၊ တိုးတက်ချီးမြှင့်ခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ်(၁၉)မျိုးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေခြင်း မပြုဖြစ်သေးသည့် ကလောင်ရှင်တို့၏ ကောင်းမွန်သည့်လက်ရာစာမူများကို စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိနိုင်ရန်ရည်ရွယ်ပြီး “စာပေဗိမာန်စာမူဆု” ကိုလည်း နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ယခုနှစ်အတွက် စာပေဗိမာန်စာမူဆုတွင် ဘာသာရပ် ၁၃ မျိုး ဆုချီးမြှင့်မည်ဖြစ်ကြောင်း။

ထို့ပြင် မိမိတို့ မြန်မာနိုင်ငံတွင် မြန်မာစာပေနှင့် နိုင်ငံနှင့်လူမျိုးအကျိုးကို တစ်သက်တာလုံးစာအုပ်စာပေများ အားထုတ်ရေးသားပြုစုခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ တာဝန်ကျေခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း။

ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်နိုင်ခဲ့ကြောင်း၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း။

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များ၊ စာမူများကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်များပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင်များကို ထင်ဟပ်ဖော်ကျူးပြီး စေတနာစိတ်နှင့် စာနာစိတ်ထားများ ပွားများစေနိုင်သည့် ရသစာပေများ၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ဖြည့်ဆည်းသင့်သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီနည်းပညာများ၊ သိပ္ပံပညာရပ်များကို လူအများနားလည်လွယ်အောင် ရေးသားထားသည့် သုတစာပေများကို စာပေအဆင့်အတန်းမီစွာ ရေးသားထားကြသည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားကြောင်း။

အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက်တစ်နှစ်အရေအတွက်တိုးပြီး ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ စတင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်နှစ်လျှင်(၁)ဦးသာ ချီးမြှင့်ပြီးနောက်ပိုင်းတွင် တစ်နှစ်ကို (၂) ဦး၊ (၃) ဦး ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ စာပေပညာရှင်ကြီးများအားလုံးကို အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် နိုင်ငံတော်က ထိုက်တန်စွာ ချီးမြှောက်ခွင့်ရသည့်အတွက် အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို ကြိုးစားတည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စာပေပညာရှင်ကြီးများ၏အားသည် အလွန်အရေးပါပြီး ကောင်းကျိုးများစွာရရှိနိုင်မည်ဟုလည်း ယုံကြည်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စာပေအနုပညာကဏ္ဍအသီးသီးမှ ပညာရှင်များ မိမိတို့၏ အနုပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်ရေးတတ်စွမ်းသမျှ အားပေးကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုအခါ စာပေပညာရှင်များနှင့် စာပေလောကအကျိုးကို ဖြည့်ဆည်းပေးမည့် “စာဆိုဗိမာန်” အဆောက်အအုံကြီးကိုလည်း အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း။

စာအုပ်စာပေထုတ်ဝေရေးကဏ္ဍတွင်လည်း နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး စာပေယဉ်ကျေးမှုအပြန်အလှန်ဖလှယ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ စာပေဆိုင်ရာ ထူးချွန်ဆုများသာမက စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သည့် ပုဂ္ဂိုလ်များကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း။

မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း၊ တိုင်းရင်းသားညီညွတ်မှုကိုလည်း ပျက်စီးစေနိုင်ကြောင်း၊ မိမိတို့ အားလုံးမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း။

အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် အနာဂတ်၏အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် အာဟာရမှာ စာပေလေ့လာဖတ်ရှုခြင်းဖြစ်ပြီး စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသိုမှီးကြရမည်ဖြစ်ကြောင်း။

စာအုပ်စာပေဟူသည်မှာ မည်မျှပင်ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်သည့်အတွက် ယခင်ကထုတ်ဝေခဲ့သည့် စာကောင်းပေမွန်များကို မျိုးဆက်သစ်လူငယ်များ လေ့လာနိုင်ရန်အတွက် ပြန်လည်ထုတ်ဝေသင့်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီးက ထုတ်ဝေခဲ့သည့် လူထုသိပ္ပံကျမ်းတွဲများနှင့် အခြားပြန်လည်ထုတ်ဝေဖြန့်ချိသင့်သည့် စာအုပ်စာပေများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ပြန်လည်ထုတ်ဝေရန်လမ်းညွှန်မှာကြားထားကြောင်း၊ မြဝတီစာပေတိုက်ကလည်း ထုတ်ဝေလျက်ရှိကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ပြည်သူများ လိုလားချက်နှင့်အညီ တည်ဆောက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ပေးရန်လိုအပ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် စာအုပ်စာပေများ၏ အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း။

မြန်မာ့သမိုင်းတစ်လျှောက် စာပေစွမ်းအားနှင့် မြန်မာ့ဂုဏ်မြင့်မားအောင်၊ အကျိုးစီးပွားတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆို၊ စာဆိုတော်ပညာရှင်ကြီးများကို ချီးကျူးပူဇော်ဂုဏ်ပြုခြင်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာအစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အစဉ်အလာကောင်းကို ဝါရင့်စာပေပညာရှင်ကြီးများက ထိန်းသိမ်းပြီး မျိုးဆက်သစ်ကလောင်ရှင်များကို လက်ဆင့်ကမ်းပေးကြရန် တိုက်တွန်းလိုကြောင်း၊ မျိုးဆက်သစ်ကလောင်ရှင်များကလည်း စာပေဆိုင်ရာကျင့်ဝတ်၊ နီတိများကိုထိန်းသိမ်းပြီး ခေတ်ကိုထင်ဟပ်စေသည့်၊ အမျိုးဘာသာသာသနာ ကောင်းကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့်၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်သည့်၊ စာဖတ်ပရိသတ်အတွက် စာဖတ်မှုအရည်အသွေးတိုးမြှင့်စေပြီး ကောင်းကျိုးပြုစေသည့် စာကောင်းပေမွန်များကို ရေးသားဖွဲ့ဆိုနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းမှာကြားလိုကြောင်းနှင့် မြန်မာစာပေလောကခိုင်မြဲစည်ပင်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂၀၂၃ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ဆရာကြီး ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှ၊ စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆုရရှိသူများနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးကျော်ဝင်း သမိုင်းပါမောက္ခ(ငြိမ်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက “စာပေစေတနာစာပေဆန္ဒ” ယိမ်းအကဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “စာပေဂုဏ်ရောင် ထွန်းပြောင်တန်ဆောင်ဆီမီး” ကဇာတ်ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစာရင်းတွင် ချန်လှပ်ထားမှုကို စိတ်ပျက်မိကြောင်း  ရုရှားဘောလုံး အကြီးအကဲ ပြောကြား

“၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားရမည့်စာရင်းတွင် ရုရှားဘောလုံးအသင်းကို ချန်လှပ်ထားခြင်းကို စိတ်ပျက်မိကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ကတည်းက FIFA  က ရုရှားကို မည်သည့် နိုင်ငံတကာပွဲများတွင်မဆို ပါဝင်ထည့်သွင်းခြင်းမရှိတော့ကြောင်း” ရုရှားဘောလုံးအသင်းဥက္ကဌ Alexander Dyukov က ပြောကြားလိုက်သည်။ 

နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည့် FIFA ၏ ကြေညာချက်အရ  ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် ခြေစစ်ပွဲကစားရမည့်စာရင်းတွင် ရုရှား ဘောလုံး အသင်း ပါဝင်လာခြင်း မရှိချေ။ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲခြေစစ်ပွဲကစားရန် အုပ်စုခွဲ မဲနှိုက်မည့်အစီအစဉ်ကို လာမည့် ဒီဇင်ဘာ ၁၃ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ FIFA ရုံးချုပ်၌ ပြုလုပ်သွားရန် စီစဉ်ထားပါသည်။ 

၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကို နှင့် အမေရိကန်တို့က ပူးတွဲအိမ်ရှင်များအဖြစ်  မြို့ကြီး ၁၈ မြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ 

ကိုးကား - TASS 

လာအိုနိုင်ငံအတွင်းသို့ ယခုနှစ်ပထမ ၁၀ လအတွင်း ပြည်ပခရီးသွား ၃ ဒသမ ၃ သန်း ဝင်ရောက်

ဗီယင်ကျန် နိုဝင်ဘာ ၂၈

လာအိုနိုင်ငံအတွင်းသို့ ယခုနှစ် ပထမ ၁၀ လအတွင်း ပြည်ပခရီးသွား ၃ ဒသမ ၃ သန်းဝင်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် အရေအတွက်အားဖြင့် ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် လာအိုနိုင်ငံပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွာလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။

ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံမှခရီးသွားများ လာအိုနိုင်ငံအတွင်းသို့ အများဆုံးလာရောက်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။

၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် လာအိုခရီးသွားနှစ်အတွင်း လာအိုအစိုးရသည် ပြည်ပနိုင်ငံ အများအပြားမှ ခရီးသွားများကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး နိုင်ငံအတွင်းသို့ လာရောက်ရန် ဆွဲဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် လာအိုခရီးသွားနှစ်ဆိုင်ရာ ကြိုးပမ်းမှုအဖြစ် ခရီးသွားလုပ်ငန်းတာဝန်ရှိသူများသည် ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များအပါအဝင် ခရီးသွားနေရာများကို အဆင့်မြှင့်တင်ခဲ့ကြောင်း သိရသည်။

လာအိုအစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍကိုမြှင့်တင်ရာတွင် ကဏ္ဍပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်မည်ဟု လာအိုနိုင်ငံ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်ဆိုနီဆေးဆီဖန်ဒုံးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

Source- ‌ကြေးမုံသတင်းစာ

ဩစတြေးလျ၌ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ လူမှုမီဒီယာအသုံးပြုခွင့် တားဆီးရေးဥပဒေကို စတင်ရန် နီးကပ်လာ

ကင်ဘာရာ နိုဝင်ဘာ ၂၇

ဩစတြေးလျ၌ အသက် ၁၆ နှစ်အောက် ကလေးငယ်များ လူမှုမီဒီယာအသုံးပြုခွင့် တားဆီးရေးဥပဒေကို စတင်ရန် နီးကပ်လာပြီဖြစ်သည်။ အောက်လွှတ်တော်သည် အဆိုပါ ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂၇ ရက်က အတည်ပြုခဲ့သော်လည်း အထက်လွှတ်တော်၏ အတည်ပြုချက် ဆက်လက်လိုအပ်နေသေးကြောင်း သိရသည်။

အောက်လွှတ်တော်အမတ် ၁၀၂ ဦးက ၁၆ နှစ်အောက်က‌လေးသူငယ်များ လူမှုမီဒီယာ အသုံးပြုခွင့်တားဆီးရေး ဥပဒေမူကြမ်းကို ထောက်ခံမဲပေးခဲ့သော်လည်း ၁၃ ဦး က ဆန့်ကျင် ခဲ့သည်။ အဆိုပါဥပဒေမူကြမ်းကို အတည်ပြုခဲ့မည်ဆိုပါက လူမှုမီဒီယာ အော်ပရေတာများသည် ကလေးသူငယ်များအကောင့်လုပ်ခြင်းကို တားဆီးနိုင်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ကြရမည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်သော နည်းပညာကုမ္ပဏီများကို ဩစတြေးလျ ဒေါ်လာ ၄၉ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၃၂ သန်း)ခန့် ဒဏ်ရိုက်မည်ဖြစ်သည်။ ကလေးသူငယ်များ သို့မဟုတ် ၎င်းတို့၏ မိဘများအတွက် ပြစ်ဒဏ်များ မရှိပါ။

အဆိုပါဥပဒေသည် အင်စတာဂရမ်၊ တစ်တော့ခ်၊ ဖေ့ဘွတ်ခ်နှင့် အိတ်စ်တို့ကို ရည်ရွယ်သည်။ အကောင့်မလိုအပ်သော  ယူကျုနှင့် အခြားဝက်ဘ်ဆိုက်များကို ကင်းလွတ်ခွင့်ပေးထားသည်။ ဩစတြေးလျနိုင်ငံ၌ ကလေးငယ်များ လူမှုမီဒီယာအသုံးပြုခွင့်တားဆီးရေးကို လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့် ထောက်ခံကြသည်။

သို့သော်လည်း အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မထိခိုက်စေဘဲ သုံးစွဲသူများ၏ အသက်အရွယ်စိစစ်ရေးနည်းလမ်းများကို ဖော်ဆောင်ရန် တစ်နှစ် အချိန် ရမည်ဖြစ်သည်။

ASEAN Cup ပြိုင်ပွဲလက်ခံကျင်းပမည့်ကွင်းများ အတည်ပြုထုတ်ပြန်

ရန်ကုန် နိုဝင်ဘာ ၂၆

အာဆီယံ‌ဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ၂၀၂၄ ASEAN Cup ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများလက်ခံကျင်းပမည့် ကွင်းများကို အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံအရ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် လက်ရှိချန်ပီယံ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု (B) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် လာအိုအသင်းတို့ပါဝင်နေသည်။ ပြိုင်ပွဲဝင်အသင်းများအနက် တီမောအသင်းသာ အိမ်ကွင်းပွဲများကို ဗီယက်နမ်နိုင်ငံရှိ Hang Day ကွင်း၌ လက်ခံကစားမည်ဖြစ်ပြီး ကျန်ကိုးသင်းမှာမူ မိမိနိုင်ငံတွင်သာ လက်ခံကစားမည်ဖြစ်သည်။ အုပ်စု (A) တွင်ပါဝင်သည့်အသင်းများအနက် ထိုင်းအသင်းက ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၊ မလေးရှားအသင်းက ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း၊ စင်ကာပူအသင်းက အမျိုးသားအားကစားကွင်း၊ ကမ္ဘောဒီးယားအသင်းက ဖနောင်ပင်မြို့ရှိ အိုလံပစ်အားကစားကွင်း၊ တီမောအသင်းက ဗီယက်နမ်နိုင်ငံရှိ Hang Day ကွင်း၊ အုပ်စု (B) တွင် ပါဝင်သည့် အသင်းများအနက် ဗီယက်နမ်အသင်းက ဖူသိုမြို့ရှိ Viet Tri ကွင်း၊ အင်ဒိုနီးရှားအသင်းက ဂျကာတာမြို့ရှိ ဘွန်ကာနိုကွင်း၊ ဖိလစ်ပိုင်အသင်းက မနီလာမြို့ရှိ ရီဇယ်လ်မန်မိုရီရယ်ကွင်း၊ မြန်မာအသင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ လာအိုအသင်းက ဗီယန်ကျင်းမြို့ရှိ အမျိုးသားအားကစားကွင်းတို့တွင် လက်ခံကစားမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုပွဲများအနက် အင်ဒိုနီးရှား၊ လာအိုတို့နှင့်ပွဲများကို အိမ်ကွင်းလက်ခံကစားရမည်ဖြစ်ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်အသင်းတို့နှင့်ပွဲများကို အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်သည်။

ကိုညီလေး