၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစာရင်းတွင် ချန်လှပ်ထားမှုကို စိတ်ပျက်မိကြောင်း ရုရှားဘောလုံး အကြီးအကဲ ပြောကြား
“၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားရမည့်စာရင်းတွင် ရုရှားဘောလုံးအသင်းကို ချန်လှပ်ထားခြင်းကို စိတ်ပျက်မိကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ကတည်းက FIFA က ရုရှားကို မည်သည့် နိုင်ငံတကာပွဲများတွင်မဆို ပါဝင်ထည့်သွင်းခြင်းမရှိတော့ကြောင်း” ရုရှားဘောလုံးအသင်းဥက္ကဌ Alexander Dyukov က ပြောကြားလိုက်သည်။
နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည့် FIFA ၏ ကြေညာချက်အရ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် ခြေစစ်ပွဲကစားရမည့်စာရင်းတွင် ရုရှား ဘောလုံး အသင်း ပါဝင်လာခြင်း မရှိချေ။ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲခြေစစ်ပွဲကစားရန် အုပ်စုခွဲ မဲနှိုက်မည့်အစီအစဉ်ကို လာမည့် ဒီဇင်ဘာ ၁၃ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ FIFA ရုံးချုပ်၌ ပြုလုပ်သွားရန် စီစဉ်ထားပါသည်။
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကို နှင့် အမေရိကန်တို့က ပူးတွဲအိမ်ရှင်များအဖြစ် မြို့ကြီး ၁၈ မြို့တွင် ကျင်းပမည်ဖြစ်ပါသည်။
ကိုးကား - TASS