အမေရိကန်ဝင်ထွက်မှုကို ပိတ်ပင်တားဆီးမည်ဟု ကနေဒါအတိုက်အခံ ခေါင်းဆောင်က ကတိပြု ပြောကြား
ကနေဒါ အတိုက်အခံကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် Pierre Poilievre သည် ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက အာတိတ်ဒေသ အပါအဝင် ကနေဒါ နယ်နိမိတ်လုံခြုံရေးအတွက် အမေရိကန် ဝင်ထွက်မှုကိစ္စကို ပိတ်ပင်တားဆီးမည်ဟု ကတိပြုပြောကြားလိုက်သည်။
ကနေဒါသည် မည်သည့်အခါမျှ ၅၁ ပြည်နယ် ဖြစ်လာမည်မဟုတ်ကြောင်း၊ ယခုအခါ၌ မိမိတို့ နိုင်ငံသည် ကြီးကျယ်ခမ်းနားပြီး လွတ်လပ်သည့် အချုပ် အခြာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထိုအနေအထားကို ဆက်လက် စောင့်ရှောက်ထိန်းသိမ်း ကာကွယ်ရန် အတွက် မိမိတို့အနေဖြင့် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း၊ နောင် ကနေဒါနိုင်ငံ၏ နယ်စပ်လုံခြုံရေးကိစ္စကို အသေ အချာ လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ၎င်း၏ X လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။
၎င်းအနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါက စစ်တပ်ကို ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး ကနေဒါနိုင်ငံ ရော အမေရိကန်နိုင်ငံပါ နယ်စပ်လုံခြုံစေရန်အတွက်ပြန်လည်ထိန်းချုပ်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ထို့အပြင် အာတိတ်ဒေသမှ ရုရှားနှင့်တရုတ်တို့ ထွက်ခွာသွားစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုပြောကြားလိုက်ပါသည်။
လက်ရှိဝန်ကြီးချုပ် Justin Trudeau သည် ယခု အချက်များကို အလေးထားဆောင်ရွက်ရန် ပျက်ကွက်နေကြောင်း ၎င်းက စွပ်စွဲလိုက်ပါသည်။
ကိုးကား- TASS
Photo- The Telegraph