ဂရင်းလန်းနှင့် ပနားမား တူးမြောင်းတို့ကို ပိုင်ဆိုင်ထိန်းချုပ်နိုင်ရေးအတွက် ခြိမ်းခြောက်မှုများကို ထရမ့် အရှိန်မြှင့်

News Image

  • ဂရင်းလန်းနှင့် ပနားမား တူးမြောင်းတို့ကို ပိုင်ဆိုင်ထိန်းချုပ်နိုင်ရေးအတွက် ခြိမ်းခြောက်မှုများကို ထရမ့် အရှိန်မြှင့်

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းအား ရယူပိုင်ဆိုင်ခွင့်ကို လက်လျှော့မည်မဟုတ်ဘဲ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့်အတွက် ဝယ်ယူရန် လိုအပ်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

“ဒိန်းမတ်နိုင်ငံပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကျွန်း သို့မဟုတ် ပနားမားနိုင်ငံပိုင်ပနားမားတူးမြောင်းကို ရယူပိုင်ဆိုင်ရန်အတွက် စစ်ရေးအရ သို့မဟုတ် စီးပွားရေးအရ အကြပ်ကိုင်မည်လား” ဟု မေးမြန်းရာတွင် ထရမ့်က “နှစ်ခုလုံးကို အာမ မခံနိုင်ကြောင်း" တုံ့ပြန်ပြောကြားခဲ့သည်။

ထရမ့်က “စီးပွားရေးနှင့် လုံခြုံရေးအတွက် ဂရင်းလန်း ကျွန်းနှင့် တူးမြောင်းကို လိုအပ်ပါတယ်” ဟု ဖလော်ရီဒါ ရှိ ၎င်း၏ Mar-a-Lago အိမ်ရာတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒိန်းမတ်နှင့် ပနားမားနှစ်နိုင်ငံလုံးသည် နယ်မြေစွန့်လွှတ်ရေးနှင့်ပတ်သက်သည့် တောင်းဆိုချက်မှန်သမျှ ကို ပယ်ချခဲ့သည်။

ကိုးကား-BBC