တရုတ်လျှပ်စစ်ကားများ ပြည်ပဈေးကွက်တွင် အဆက်မပြတ် အရောင်းသွက်နေ
၂၀၂၄ ခုနှစ်အတွင်း တရုတ်လျှပ်စစ်ကားများသည် ပြည်ပဈေးကွက်၌ ရလဒ်ကောင်းများ ဆွတ်ခူးရရှိခဲ့သည်။ အချို့သောနိုင်ငံမှ လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၏ လွန်ခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်လျှပ်စစ်ကားများသည် ပြည်ပတွင် အဆက်မပြတ် အရောင်းသွက်လျက်ရှိကြောင်းသိရသည်။ Norwegian Road Federation (OFV) က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် နော်ဝေ နိုင်ငံ၌ ကားအသစ်အစီးရေ စုစုပေါင်း ၁၂၈,၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီး ၎င်းအနက် အစီးရေ ၁၁၄,၀၀၀ ကျော်မှာ လျှပ်စစ်ကားများဖြစ်သည်။ BYD၊ XPeng၊ MG စသည့် အမှတ်တံဆိပ်များက အရောင်း