မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်လ်ထရမ့် က ပြောကြား

News Image

  • မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်လ်ထရမ့် က ပြောကြား

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်က ဇန်နဝါရီ ၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ 

မက္ကဆီကိုမှ အမေရိကန်သို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် များပြားလာခြင်းနှင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုတွင် အမေရိကန်ဖက်၌ လိုငွေ အများအပြားရှိနေခြင်းတို့နှင့်ဆက်စပ်၍ ဒေါ်နယ်ထရမ့် က အဆိုပါကိစ္စကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 

၎င်းက "အမေရိကန်ပင်လယ်ကွေ့ဟု ခေါ်တွင်ခြင်းသည် သင့်တော်သောအမည်ဖြစ်ပြီး မက္ကဆီနိုင်ငံအနေဖြင့် အမေရိကန်သို့ သန်းပေါင်းများစွာသော နိုင်ငံသားများဝင်ရောက်လာခြင်းကို ရပ်တန့်သင့်ပြီ" ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

"မက္ကဆီကိုနိုင်ငံမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အကောက်ခွန်နှုန်း ၂၅ ရာခိုင်နှုန်း ကောက်ခံမည်" ဟု ထရမ့်ကမကြာသေးမီက ကြေညာထားပါသည်။ လေ့လာသူများ က "ထရမ့် အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကိစ္စများနှင့် ကုန်သွယ်ရေးရာကိစ္စရပ်များကို မက္ကဆီကို က ကိုင်တွယ်ဆောင်ရွက်နေမှုများအပေါ် ကျေနပ်မှုမရှိသဖြင့် ယခုကဲ့သို့မှတ်ချက်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း" သုံးသပ်ထားကြပါသည်။

ကိုးကား - NHK World