MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲ
တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တရားဝင်အပစ်အခတ်ရပ်စဲရေးရရှိသွားပြီဖြစ်ကြောင်း၊ နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ၇ ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ပါကြောင်း၊ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်၍ ဇန်နဝါရီလ ၁၈ ရက်နေ့၊ ပေကျင်း စံတော်ချိန်၊ နေ့လယ် ၁၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားခဲ့ပါသည်။
“တရုတ်အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံနယ်စပ်တစ်လျှောက် စစ်ပွဲများ၊ တင်းမာမှုများကိုလျှော့ချလိုပြီး နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားစေလိုပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာအောင် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း” သူမက ဆက်လက်ပြောကြားခဲ့ပါသည်။
MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးကို ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၁၅ ရက်နေ့က ပထမအကြိမ် ဆွေးနွေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ထပ်မံဆွေးနွေးရန်ရှိကြောင်းကို သိရှိရပါသည်။
ကိုးကား -Global Times