ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် တောမီးဆက်လက်လောင်လျက်ရှိ

News Image

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် တောမီးဆက်လက်လောင်လျက်ရှိ

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် လောင်ကျွမ်းနေသည့်  တောမီးကိုလက်ရှိအချိန်အထိငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း NHK သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ဖော်ပြသည်။ တောမီးသည်  ယာမာနာရှီစီရင်စုအတွင်းရှိ ကိုဖူမြို့နှင့် ဖူဖူကူးမြို့တို့တွင်ဇန်နဝါရီလ ၁၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က   စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ တောမီးလောင်ကျွမ်းရာဒေသများသို့ အာဏာပိုင်အဖွဲ့က ရဟတ်ယာဉ်များစေလွှတ်၍ မီးကိုထိန်း ချုပ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း   မီးကိုအပြီးသတ်ငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သတင်းဌာနကဆက်လက်ဖော်ပြသည်။

အစ္စရေးသည် တောမီးအန္တရာယ်ကာကွယ်ပေးမည့် FIREDOME စနစ်ကို တီထွင်နေ

၁။ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် တောမီးများလောင်ကျွမ်း၍ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီးနောက် အစ္စရေးအခြေစိုက်ကုမ္ပဏီတစ်ခုသည် တောမီးများကို လျင်မြန်စွာငြိမ်းသတ်နိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။ အစ္စရေးအခြေစိုက်ကုမ္ပဏီဖြစ်သော FireDome သည် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီး မီးလောင်ကျွမ်းမှုထိန်းချုပ်ရာတွင်ထိရောက်မှုရှိသည့် ဆန်းသစ်သောတောမီးကာကွယ်ရေးစနစ်အား တီထွင်ထုတ်လုပ်လျက်ရှိသည်။ မူပိုင်ခွင့်စောင့်ဆိုင်းဆဲဖြစ်သော အဆိုပါစနစ်သည် ကုမ္ပဏီ၏ဝဘ်ဆိုက်တွင်ဖော်ပြထားသည့်အတိုင်း ထိရောက်သော တောမီးလောင်ကျွမ်းမှုရှာဖွေထောက်လှမ်းခြင်း၊ ကာကွယ်ခြင်းနှ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

News Image

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

ညောင်ဦး ၊ ဇန်နဝါရီ ၁၇

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သူများအား ညောင်ဦးမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

ကြက်ဥကပေးသည့် ကျန်းမာရေးကောင်းကျိုးများ

၁။ လူတိုင်း ကြက်ဥကြော်၊ ကြက်ဥချက်၊ ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာအမျိုးမျိုးပြုလုပ်ကာ စားသုံးတတ်ကြပါသည်။ ကြက်ဥထဲတွင် အကာအဖြူပိုင်းနှင့် အနှစ်အဝါရောင်ဟူ၍ နှစ်မျိုးပါရှိသည်။ ကြက်ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျိုးစုံပါဝင်သည်။ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီတူး၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက် စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဇင့်ဓာတ်များ ပါဝင်နေသည်။ ကြက်ဥသည် အခြားအစားအစာများနှင့်မတူဘဲ ခန္ဓာကိုယ်ထဲရောက်သည်နှင့် ချက်ချင်းစုပ်ယူနိုင်သည့် အစားအစာဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရ