လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော
News Image

ဝါရှင်တန်၊ စစ်ရေး
အမေရိကန်ပြည်ထောင်စုအနေဖြင့် လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟတ်ဆက်က ပြောကြားခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံက အမေရိကန်နှင့်မည်သည့် စစ်ပွဲမျိုးကိုမဆို ဆင်နွှဲရန်အသင့်ရှိသည်ဟု အမေရိကန်ရှိ တရုတ်သံရုံးက ပြောကြားခဲ့ပြီးနောက် ပိဟတ်ဆက်က Fox သတင်းဌာနနှင့် မတ်လ ၅ ရက် အစောပိုင်းက လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။