ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး အမေရိကန်က ဟားမက်နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး

ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားဓားစာခံများအား ပြန်လည် လွှတ်ပေးရေးနှင့်ပတ်သက်၍ ဓားစာခံများပြန်လည်လွတ်မြောက်ရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Adam Boehler နှင့် ဟားမက်အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တို့ Doha မြို့၌ ပြီးခဲ့သည့်သီတင်းပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အမေရိကန်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် ဟားမက်စစ်သွေးကြွအဖွဲ့နှင့် ယခုကဲ့သို့တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းမှာ မကြုံစဖူး ထူးခြားသည့် လုပ်ဆောင်ချက်ဖြစ်သည်။

တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးဧရိယာပြင်ပ၌ ဗုံးများ မတော်တဆပြုတ်ကျ

News Image

တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေး ဧရိယာ ပြင်ပ၌ ဗုံးများ မတော်တဆပြုတ်ကျ

တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီးသည် လေ့ကျင့်ရေးဧရိယာပြင်ပ၌ မတော်တဆ ဗုံး(၈)လုံး ပြုတ်ကျခဲ့ရာ အဆောက်အဦများပျက်စီးခဲ့ပြီး အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယား တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါဖြစ်စဉ်သည် မတ်လ (၆) ရက် ဒေသစံတော်ချိန် (၁၀:ဝဝ) နာရီကျော်ခန့်တွင် ဆိုးလ်မြို့၏ အရှေ့မြောက်ဘက်၊ ၄၀ ကီလိုမီတာခန့်အကွာ Pocheon မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေး ဆွေးနွေးပွဲများကို ဩဂုတ်လတွင် ပြန်လည် ကျင်းပသွားမည်

News Image

ကုလသမဂ္ဂ၏ ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချရေး ဆွေးနွေးပွဲများကို ဩဂုတ်လတွင် ပြန်လည် ကျင်းပသွားမည်

ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချနိုင်မည့် ပထမဆုံးအပြည်ပြည်ဆိုင်ရာစာချုပ်(မူကြမ်း) တစ်ရပ်ကို အတူတကွပူးပေါင်းဖော်ဆောင်နိုင်ရန်အတွက် ယခုနှစ်ဩဂုတ်လအတွင်း ဆွေးနွေးပွဲများပြန်လည် စတင် မည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP)က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညှိနှိုင်းရေးကော်မတီ အစည်းအဝေးများကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ရေးအတွက် ယူရိုဘီလီယံ ၈၀၀ အသုံးပြုမည့် အစီအစဉ်ကို အီးယူအကြီးအကဲ အဆိုပြု

News Image

ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ရေးအတွက် ယူရိုဘီလီယံ ၈၀၀ အသုံးပြုမည့် အစီအစဉ်ကို အီးယူအကြီးအကဲ အဆိုပြု

ဘရပ်ဆဲလ်၊ မတ် ၅ ရက် 

ဥရောပသမဂ္ဂတလွှား ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်သည့်အနေဖြင့် ယူရိုဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၄၄.၆ ဘီလီယံ) အသုံးပြုမည့် အစီအစဉ်အား ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က မတ် ၄ ရက်၌ ကြေညာခဲ့သည်။