အမေရိကန်ထောက်ပံ့မှုမရှိပါက EU လုံခြုံရေး စိုးရိမ်ရ

News Image

အမေရိကန်ထောက်ပံ့မှုမရှိပါက EU လုံခြုံရေး စိုးရိမ်ရ

ဒုတိယကမ္ဘာစစ်အပြီး EU ၏လုံခြုံရေးအာမခံနိုင်မှုသည် အမေရိကန်၏ ထောက်ပံ့မှုမရှိပါက အချိန်မရွေးပြိုလဲနိုင်ကြောင်း EU ခေါင်းဆောင်များက စိုးရိမ်နေကြသည်ဟု မတ်လ ၅ ရက်(ဗုဒ္ဓဟူး)နေ့တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် အရေးကြီး ထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပ ထိပ်တန်းအရာရှိများ၏ သုံးသပ်ချက်ကို ကိုးကား၍ Politico က ဖော်ပြခဲ့ သည်။

အမေရိကန်သမ္မတ Donald Trump က Kiev သို့ လက်နက်ပေးပို့မှု အားလုံးကို ရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ဥရောပရှိ ယူကရိန်းထောက်ခံသူများကြားတွင် မသေချာမရေရာမှုနှင့် စိုးရိမ်မှုများ ပိုမိုများပြားလာခဲ့သည်။

ပြည်ပအကူအညီ ဒေါ်လာနှစ်ဘီလီယံခန့်ကို ရပ်ဆိုင်းထားရန် သမ္မတ ဒေါ်နယ်ထရမ့်၏ကြိုးပမ်းမှုကို နိုင်ငံတော်တရားရုံးက ပယ်ချ

News Image

ပြည်ပအကူအညီ ဒေါ်လာနှစ်ဘီလီယံခန့်ကို ရပ်ဆိုင်းထားရန် သမ္မတ ဒေါ်နယ်ထရမ့်၏ကြိုးပမ်းမှုကို နိုင်ငံတော်တရားရုံးက ပယ်ချ

သဘောထားကွဲနေသော နိုင်ငံတော်တရားရုံးချုပ်က မတ် ၅ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်ကို တရားဥပဒေအရ ရှုံးနိမ့်စေခဲ့ပြီး ပြည်ပအကူအညီ အမေရိကန်ဒေါ်လာနှစ်ဘီလီယံခန့်ကို ထိန်းချုပ်ရန် ထရမ့်၏ ကြိုးပမ်းမှု ကို ပယ်ချလိုက်သည်။

ထရမ့်အစိုးရအဖွဲ့ကို ဥပဒေကြောင်းအရ စိန်ခေါ်ရာတွင် ထင်သာမြင်သာ ရှိသော ပထမဆုံး စီရင်ဆုံးဖြတ်မှု၌ နိုင်ငံတော်တရားရုံးက ပြည့်စုံနေပြီ ဖြစ်သောအကူအညီ ကန်ထရိုက်များအတိုင်း ငွေပေးချေမှုများကို ပေးရန် လိုအပ်သည်ဟူသော အောက်တရားရုံးအမိန့်ကို ထောက်ခံမဲ ငါးမဲ၊ ကန့်ကွက်မဲ လေးမဲဖြင့် အတည်ပြုခဲ့သည်။

ထရမ့်က ဟားမက်ကို နောက်ဆုံးသတိပေးချက်ထုတ်ပြန်

News Image

ထရမ့်က ဟားမက်ကို နောက်ဆုံးသတိပေးချက်ထုတ်ပြန်

ဟားမက်အနေဖြင့် ကျန်ရှိနေသော ဓားစာခံများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ထိုကဲ့သို့မဟုတ်ပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု ထရမ့်က သတိပေးလိုက်ကြောင်း သိရှိရပါသည်။

အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့အကြား နောက်ထပ်အကျဉ်းသား လဲလှယ်ရေးဆွေးနွေးမှုများ ရပ်တန့်သွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက ယခုကဲ့သို့သတိပေးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်ပြောကြား

News Image

တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်ပြော

အမေရိကန်၏အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု တရုတ်အစိုးရဘက်မှ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်၏ ပြောဆိုချက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။