(၅၈)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး က နှုတ်အားဖြင့် အစီရင်ခံတင်ပြရန်ရှိခြင်း
(၅၈)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။
အဆိုပါအစည်းအဝေးအစီအစဉ်(၁)၏ အမှတ်စဉ်(၂) “ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ နှစ်စဉ်အစီရင်ခံစာနှင့် မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့၏ အစီရင်ခံစာများကဏ္ဍ”တွင် “မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ”နှင့်စပ်လျဉ်း၍
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သည့် အချက်အလက် ရှာဖွေရေးအဖွဲ့၏ အကြံပြုချက်များအပေါ် လေ့လာစောင့်ကြည့်ပေးရေးနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့အတွက် လူ့အခွင့်အရေး ကောင်စီမှ မဟာမင်းကြီးအား တိုက်တွန်းတောင်းဆိုခြင်း။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာအခြေအနေများအပေါ် နှုတ်အားဖြင့် အစီရင်ခံတင်ပြခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်း စသည့်အချက်များ ဖော်ပြပါရှိကြောင်း UNHCR ၏ သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- https://www.mofa.gov.mm
Photo: ISHR