မျိုးဗီဇစမ်းသပ်မှုပုံစံသစ် ဦးနှောက်ကင်ဆာလူနာ၏ ကင်ဆာဆဲလ်ဖယ်ရှားရာတွင် အထောက် အကူပေးနိုင်
နယူးယောက် မတ် ၅
မျိုးဗီဇစမ်းသပ်မှု ပုံစံသစ်တစ်ရပ်သည် ဦးနှောက်ကင်ဆာရောဂါလူနာများ၏ ကင်ဆာ ဆဲလ်များကို ခွဲစိတ်ဖယ်ရှားရာတွင် များစွာ အထောက်အကူပေးနိုင်ကြောင်း မတ် ၄ သတင်း များတွင် ရေးသားဖော်ပြထားသည်။
အဆိုပါ မျိုးဗီဇစမ်းသပ်မှုနည်းသည် တစ်ရှူးနမူနာတစ်ခုအတွင်းရှိ ကင်ဆာဆဲလ်များပါဝင်မှု အဆင့်ကို ၁၅ မိနစ်အတွင်း တိုင်းတာဖော်ထုတ်ပေးနိုင်ကြောင်း နယူးယောက်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန်သုတေသနပညာရှင်များ၏ မျိုးဗီဇစစ်ဆေးနည်းသည် တစ်ရှူးနမူနာ တစ်စတုရန်း မီလီမီတာတွင် အနည်းဆုံးကင်ဆာဆဲလ်ငါးခုထိ ရှာဖွေဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။
မိမိတို့၏ မျိုးဗီဇစစ်ဆေးနည်းသည် ဦးနှောက်ခွဲစိတ်မှုပြုလုပ်နေချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကင်ဆာဆဲလ်များကို ထောက်လှမ်းဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။
ကင်ဆာခွဲစိတ်မှု အောင်မြင်ရေး၊ ကင်ဆာဆဲလ်များ တစ်ကျော့ပြန်လည်ပေါ်ထွက်မှုကို တားဆီးရေးတို့မှာ ကင်ဆာဆဲလ်များကို မည်မျှ ဖယ်ရှားပေးနိုင်သည်ဟူသော အချက်ပေါ် မူတည်ကြောင်း၊ ၎င်းတို့၏ မျိုးဗီဇစစ်ဆေးမှုပုံစံသစ်ကို Ultra-Rapid droplet digital PCR ဟူ၍ အမေရိကန်သုတေသနပညာရှင်များက အမည်ပေးထားကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ