နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသား အရာရှိများအား တွေ့ဆုံအမှာစကားပြောကြား
News Image

နေပြည်တော် မတ် ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၄ ရက်၊ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများအား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ် Conference Hall ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။