အီရန်၏ နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းစွာဖြေရှင်းနည်းကို ထောက်ပံ့ပေးရန် အဆင်သင့်ရှိသည်ဟု ရုရှားအစိုးရပြော
ရုရှားနိုင်ငံသည် အီရန်၏ နျူကလီးယားပြဿနာအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ထောက်ပံ့ပေးရန် အဆင်သင့်ရှိသည်ဟု ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူမှ အတည်ပြုပြောကြားခဲ့သည်။
ရုရှားသမ္မတပူတင်သည် နျူကလီးယားလက်နက်ဆိုင်ရာ ဆွေးနွေးပွဲများ တွင် အမေရိကန်နှင့် အီရန်ကြား ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင် ပေးရန် သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံ၌ အမေရိကန်-ရုရှား ကိုယ်စားလှယ် အဖွဲ့များ အကြား တွေ့ဆုံမှုတွင် အီရန်အရေးကိုလည်း ဆွေးနွေးခဲ့ပြီး သီးခြားဆွေးနွေးမှုများလုပ်ဆောင်ရန် နှစ်ဘက်စလုံးမှ သဘောတူညီခဲ့သည်ဟု သတင်းရရှိသည်။
ကိုးကား : NP New
MM-News-Category