အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်ဘာသာအား နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်သည့်အမိန့်ကို ထရမ့်လက်မှတ်ထိုး

News Image

အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်ဘာသာအား နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်သည့်အမိန့်ကို ထရမ့်လက်မှတ်ထိုး

နယူးယောက်၊ ယဉ်ကျေးမှု

အမေရိကန်ပြည်ထောင်စုတွင် အင်္ဂလိပ်ဘာသာအား နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်သည့်အမိန့်တစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ထရမ့်သည် အဆိုပါအမိန့်ကို မတ်လ ၁ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားအား   နိုင်ငံ၏တရားဝင်ဘာသာစကားအဖြစ်သတ်မှတ်ခြင်းသည် အမေရိကန်နိုင်ငံ၏  သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်လာခဲ့သည်။

ရုရှားအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးက ညွှန်ကြား

News Image

ရုရှားအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးက ညွှန်ကြား

ဝါရှင်တန်၊ ဆိုက်ဘာတိုက်ခိုက်မှု

ရုရှားနိုင်ငံအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ပစ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အမေရိကန်ဆိုက်ဘာတပ်ဖွဲ့အား  အမိန့်ပေးညွှန်ကြားလိုက်ကြောင်း မီဒီယာတစ်ခုက ဖော်ပြသည်။

AI နည်းပညာဆိုင်ရာလုံခြုံရေး အခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှ ရှောင်ရှားကြရန် တရုတ်အစိုးရတိုက်တွန်း

News Image

AI နည်းပညာဆိုင်ရာလုံခြုံရေး အခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှ ရှောင်ရှားကြရန် တရုတ်အစိုးရတိုက်တွန်း

နည်းပညာဆိုင်ရာ လုံခြုံရေးအခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှရှောင်ရှားကြရန် နိုင်ငံအတွင်းရှိ   AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအား တရုတ်အာဏာပိုင်အဖွဲ့က   တိုက်တွန်းထားကြောင်း  သိရသည်။

PKK အဖွဲ့က တူကီယဲ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲဟုဆို

News Image

PKK အဖွဲ့က တူကီယဲ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲဟုဆို

တူကီယဲနိုင်ငံရှိ ကာ့အလုပ်သမားပါတီ (PKK)၏လက်နက်ကိုင်အဖွဲ့သည် တူကီယဲ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲလိုက်ကြောင်း  ဒေသတွင်းမီဒီယာတစ်ခုက မတ်လ ၁ ရက်တွင် ဖော်ပြသည်။

PKK ၏ လက်နက်ကိုင်အဖွဲ့အနေဖြင့် တူကီယဲအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည့်  ၎င်းတို့၏ခေါင်းဆောင်တစ်ဦးဖြစ်သူ အဗ္ဗဒူလာ အိုကာလန်၏ တောင်းဆိုချက်အရ အပစ်အခတ်ရပ်စဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့အနေဖြင့် တိုက်ခိုက်ခံရခြင်းမှအပ  အခြားစစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်မည်မဟုတ်ကြောင်း အဆိုပါအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီက ကြေညာထားသည်။